သောဝစဿတာ=ကောင်းစွာပြောဆိုအပ်ေ
သာ စကားရှိခြင်းဟာလဲ မင်္ဂလာ ။ ( မင်္ဂလသုတ် )
စကားအင်္ဂါ ( ၄ ) တန်
( ၁ ) ကောင်းမွန်ခြင်း ( ၂ ) မှန်ကန်ခြင်း ( ၃ ) ဓမ္မက္ခန်ကျခြင်း ( ၄ )
နားဝင်ပီယံရှိခြင်း ။
ဆောင် = ကောင်းမွန် ၊ မှန်ကန် ၊ ဓမ္မက္ခန် ၊ နားဝင်ပီယံရှိ ။

စကားကြီး ( ၆ ) ခွန်း
( ၁ ) ဟုတ်မှန် ၊ ကျိုးရှိ ၊ နာလိုသည့်စကား ။
( ၂ ) ဟုတ်မှန် ၊ ကျိုးရှိ ၊ မနာလိုသည့်စကား ။
( ၃ ) ဟုတ်မှန် ၊ ကျိုးမရှိ ၊ မနာလိုသည့်စကား ။
( ၄ ) ဟုတ်မှန် ၊ ကျိုးမရှိ ၊ မနာလိုသည့်စကား ။
( ၅ ) မဟုတ်မှန်၊ ကျိုးမရှိ ၊ နာလိုသည့်စကား ။
( ၆ ) မဟုတ်မှန်၊ ကျိုးမရှိ ၊ မနာလိုသည့်စကား ။

ထိုစကား ၆ ခွန်းအနက် ( ၁ + ၂ )သာလျှင် သုဘာသိတာဝါစာ ဖြစ်၍ ၊
ကျန် ( ၄ ) ခွန်းမှာ
မဖြစ်ပါ ။
စကား ခြောက်ခွန်း ၊ လူ၌ထွန်း ၊ လေးခွန်းကိုပယ် ၊ နှစ်ခွန်းထယ် ။
စကားခြောက်ခွန်း ၊ လူ၌ထွန်း ၊ လေးခွန်းကိုမျှော၊ နှစ်ခွန်းပြော ။

သမ္မာဝါစာ =ကောင်းစွာ ( ပြော ) ဆိုခြင်း ။ ( ဦးဗုဒ် - နိဿယ )
ဝစီဒုစရိုက် ( ၄ ) ပါးမှရှောင်လျှင် ၊ သမ္မာဝါစာဖြစ် ။ သို့သော်--------
ဥာဏ်ဖြင့်မစိစစ် မသက်ဝင်မူ၍ မချီးမွမ်းထိုက်သူ၏ဂုဏ်ကို
ချီးမွမ်းပြောဆို၏ ။
ဥာဏ်ဖြင့် မစိစစ် မသက်ဝင်မူ၍ ချီးမွမ်းထိုက်သူ၏ကျေးဇူးကို
ကဲ့ရဲ့ပြောဆို၏ ။
မှားယွင်းသော ပြောဆိုခြင်းလည်းရှိ၏ ။ ဤစကားများသည်လည်း မိစ္ဆာဝါစာဖြစ် ။
အင်္ဂုတ္ထိုရ်ပါဠိတော် ၊
ပဉ္စကနိပါတ် ၊
တတိယ ပဏာသက ၊ အန္မ၀ိန္ဒ၀က်၊
မိစ္ဆာဝါစာသုတ် ။
အကောင်းပြောသော်လည်း ၊ မကောင်းထင်တတ်ခြင်း
( ၁ ) သဒ္မါတရားကင်းမဲ့သူအား သဒ္မါတရားနှင့်စပ်သော စကားသည် မကောင်းသောစကား
ဖြစ်၏ ။
( ၂ ) သီလမရှိသူအား သီလနှင့်စပ်သောစကားသည် မကောင်းသောစကားဖြစ်၏ ။
( ၃ ) အကြားအမြင်နည်းပါးသူအား အကြားအမြင်များမှုနှင့်စပ်သောစကာ
းသည် မကောင်း
သောစကားဖြစ်၏ ။
( ၄ ) ၀န်တိုသောသူအား စွန့်ကြဲမှုနှင့်စပ်သောစကားသည် မကောင်းစကားဖြစ်၏ ။
( ၅ ) ပညာမဲ့သူအား ပညာနှင့်စပ်သောစကားသည်မကောင်းေ
သာစကားဖြစ်၏ ။
ရဟန်းတို့ သဒ္မါတရားမရှိသူအား
သဒ္မါနှင့်စပ်သောစကားကိုပြောဆို
အပ်သည်ရှိသော်
သဒ္မါတရားမရှိသူသည် စိတ်နှလုံး၌ငြိ၏ ၊ အမျက်ထွက်၏ ၊ ဖောက်ပြန်၏ ၊ အမျက်ထား၏ ၊
အမျက်ထွက်ခြင်းကိုလည်းကောင်း ၊ မနှစ်သက်ကိုလည်းကောင်း ထင်ရှားပြု၏ ၊
ထိုသို့ပြုခြင်း
သည်အဘယ်အကြောင်းကြောင့်နည်း ။ ရဟန်းတို့ ထိုသူသည် ထိုသဒ္မါတရားလျှင်အကြောင်း
ရှိသောနှစ်သက်ဝမ်းမြောက်မှုကို မရ ၊ ထို့ကြောင့် သဒ္မါတရား မရှိသောသူအား
သဒ္မါတရားနှင့်
စပ်သောစကားသည်မကောင်းသောစကာြး
ဖစ်၏ ။
အင်္ဂုတ္ထိုရ်ပါဠိတော် ၊ ပဉ္စကနိပါတ်
၊ စတုတ္ထပဏာသက ၊ သဒ္မမ္မ၀ဂ် ၊
ဒုက္ကထာသုတ် ။


0 comments:

Post a Comment

thank you for your comment