ဘုရားသခင် ကျီစားသန်ခဲ့တယ်
Today at 8:51pm
ရည်းစားများတဲ့ ကောင်မလေးကိုယ်တိုင်က
သစ္စာတရားကို ဖွဲ့နွဲ့တယ်
ဘုရားသခင်က ကျီစားတယ်။

သန်းကြွယ်သူဌေးတွေကန်တဲ့ ကမ္ဘာ့ဘောလုံးပွဲကို
ဆင်းရဲသားတွေက လက်ဖက်ရည်ဆိုင်မှာ တိုးကြည့်ကြတယ်
ဘုရားသခင်က ကျီစားတယ်။

တနေ့လုပ်မှ တနေ့စား စားစရာမရှိတဲ့ မရှိသူတွေအတွက်
ငါးထောင်တန် ထုတ်တယ်
ဘုရားသခင်က ကျီစားတယ်။

ကိုယ့်ဖဲထုပ် ကိုယ်ချိုး ကိုယ်လူနဲ့ကိုယ် ရိုက်တဲ့ ဖဲဝိုင်းမှာ
အခြေခံဥပဒေကို ၁၄ နှစ်ကြာအောင် ဆွဲတယ်
ဘုရားသခင်က ကျီစားတယ်။

ပြည့်တံဆာခေါင်းတွေက ခပ်တည်တည်နဲ့
တည်းခိုခန်းကြီးတွေ ဖွင့်တယ်
ဘုရားသခင်က ကျီစားတယ်။

တိုင်းတပါးကျွန် မခံချင်လို့ တိုက်ယူခဲ့တဲ့ လွတ်လပ်ရေး
အောက်ဈေးနဲ့ရတဲ့ အလုပ်သမားအဖြစ် ဖန်ဆင်း
အိမ်နီးချင်းနိုင်ငံတွေမှာ အော်ရောင်းတယ်
ဘုရားသခင်က ကျီစားတယ်။

ဒီမိုကရေစီ ကိုမယုံကြည်သူတွေ ကိုယ်တိုင်က
ဒီမိုကရေစီတရားတွေ ပို့ချတယ်..
ဘုရားသခင်က ကျီစားတယ်။

စာသင်ကျောင်းလေးတွေရဲ့ ဈေးတန်းလေး
ဆရာတွေ ဆရာမတွေ ၀င်ရောင်းတယ်.
ဘုရားသခင်က ကျီစားတယ်။

ဗိုလ်ချူပ်တွေ ပေါပြီး
အကြွေရှားခြင်းနဲ့ ကောက်ညှင်းထုပ်သည်လေးကို
ဘုရားသခင်က ကျီစားတယ်။

ခုကဗျာကို ၇ ရက်အတွင်း ဘယ်သူမှ မပြပါနှင့်
၇ ရက် အတွင်း ဖြန့်ဝေခဲ့သော်
ကဗျာရေးသူကို
ဘုရားသခင်က ကျီစားမည်။

ဘုရားသခင်ကတော့
ဘုရားသခင်ကို ဘယ်တုန်းကမှ ပြန် မကျီစားခဲ့လို့
ဒီည …
ကျနော့်ကို ကျနော် ပြန် ကျီစားတယ်။ ။
မိုးစဲနေ
ဟုတ်ကဲပါတစ်ချို့ဒီပုံလေးကိုအပြင်မှာတွေ့ဘူးမှာပါ ဒီပုံလေးရဲ့အကြောင်းကိုကြားဘူးကြပေမယ့် ဘယ်လိုဆိုတာတော့သိသူတွေရှားလောက်မယ်ထင်လို့တင်ပေးလိုက်တာပါ
အောက်မှာလဲ ဒီပုံးလေးနဲ့ပတ်သတ်တာတွေကိုလဲဆရာတော်ဘဒ္ဒန္တ တိလောကသာရ-ဘာသာရေးပြဿနာ စာအုပ် စာမျက်နှာ-၄၅-၄၆ မှာရှင်းပြထားတာတွေကိုလဲထည့်ပေးထားပါတယ်.....


အထက်ကပုံလေးကလူခြောက်လူခြောက်လိ
ု့ပြောပြောနေတဲ့ပုံလေးပါ
အဲလူခြောက်ဆိုတာကတော့ဘုံဘ၀တမျို
းမှ သတ္တ၀ါမဟုတ်ပါ၊ ခန္ဓာငါးပါးရှိသည့် လူ့ဘ၀၌ပင် ဇလာဗုဇ ပဋိသန္ဓေနေကြသူများ ဖြစ်ပါသည်။ ဗုဒ္ဓစာပေအရဆိုသော် ပထမံ ကလလံ သောတိ၊ ကလလာ ဟောတိ အဗ္ဗုဒံ၊ စသော သံယုတ်ပါဠိတော်လာအတိုင်း

* အမိဝမ်းတွင်း ကလကရေကြည် တစ်သတ္တာဟ (ခုနစ်ရက်တပတ်)။
* အမြှုပ် တစ်သတ္တာဟ။
* သားတစ် တစ်သတ္တာဟ။
* အခဲ တစ်သတ္တာဟ။
* ဦးခေါင်း ခြေလက် ခက်မငါးဖြာ တစ်သတ္တာဟ ဖြစ်၍
* ၄င်းငါးသတ္တာဟ (ခုနစ်ရက် ငါးလီ) အလွန် သတ္တာဟ အနည်းငယ်မျှ ရင့်မာခဲ့ပြီး အမိဝမ်းတွင် ကွယ်လွန်ခဲ့ပါသည်။

၎င်း၏အသက်ဝိညာဉ်သည် ပဋိသန္ဓေအစ ကလကရေကြည် တည်စကပင် ဖြစ်ခဲ့သော်လည်း ဖော်ပြပါ ငါးသတ္တာဟအလွန် ၁၀၊ ၁၂- သတ္တာဟ အတွင်း သေဆုံး၍ သန္ဓေ ၂-လကျော် ၃-လနီးပါးအရွယ် လူသားလောင်း ရုပ်ကြွင်းသာ အမိဝမ်းတွင်ကျန်ခဲ့ပြီး ကံအားလျော်စွာ ပေတဘ၀ (ဂန္ဓဗ္ဗ ဝေမာနိကပြိတ္တာ) မျိုးတွင် ဖြစ်လေသည်။ (ရှေးဘ၀ ကောင်မှုအကျိုးကြောင့် သုဂတိဘုံကို ပဋိသန္ဓေတော့ နေခွင့်ရသည်။ ရှင်သန်ခံစားခွင့်မရဘဲ သေသွားရရှာသည်။)

အသက်ဝိညာဉ်မဲ့သော သန္ဓေသားမှာ ပျက်ကျရမည်ဖြစ်သော်လည်း တစုံတခုသော အကြောင်း ( ဥပမာ-တေဇောဓာတ် လွန်ကဲမှု) ကြောင့် ပျက်ကျမသွားဘဲ တဖြည်းဖြည်း ခြောက်သွားရပါသည်။ ၄င်း ခြောက်သွားသည်နှင့် ၂-၃ လအရွယ် ကြီးနေသော အမိဝမ်းသည်လည်း ပြန်လည်ပိန်ကြုံ၍ သွားကာ နေ့စေ့ချိန် (၄၂-သတ္တာဟခန့် )တွင် ဖွားမြင်သည်။ ထိုအခါ မရင့်မာမီ အမိဝမ်းတွင်းမှာပင် သေဆုံးခြောက်ကပ်သွားရ၍ မကြီးပြင်းနိုင်ဘဲ ခက်မငါးဖြာ မျက်စိ နား နှာခေါင်း အရာပါရုံမျှ ရှိသည့် လူသားလောင်း အခြောက်ကလေး ( ၄-လက်မအရွယ် ) မျှသာ မွေးဖွားလာခဲ့ရသည်။

ထိုအခါ၌ ၄င်းလူသားလောင်းကလေးမှ ဘ၀ပြောင်း၍ ဖြစ်နေသော ဂန္ဓဗ္ဗ (သို့မဟုတ်) ဝေမာနိကပြိတ္တာမှာ လေချွန်နတ်သူငယ် ကဲ့သို့ အသင့်အတင့်တန်ခိုးရှိသဖြင့် ၄င်း၏ရုပ်ကြွင်း လူခြောက်ကလေးကို တွယ်တာစွဲဝင်၍ နေလာလေသည်။ ထို့ကြောင့် ဆိုင်ရာ မိဘစသည်တို့အား အိပ်မက်ပေးခြင်း၊ အရိပ်အရောင်ပြခြင်း စသည် ပြုလုပ်နိုင်လေသည်။

အထက်ပါတို့ကို ထောက်၍ လူခြောက်သည် အသက်ရှင်ခြင်း၊ အာဟာရမှီဝဲခြင်း၊ ကျင်လည်လှုပ်ရှားခြင်း မရှိ၊ ၄င်းအား မှီတွယ်စွဲဝင်နေသော ဝေမာနိက ပေတ၊ ဂန္ဓဗ္ဗ၏ သဘောသဘာဝ အတိုင်းသာလျှင် ဖြစ်ကြောင်း မှတ်သားသင့်ပါသည်။ ( အမိဝမ်းတွင်းတွင် သေဆုံးပြီး ဝေမာနိကပေတ ဂန္ဓဗ္ဗ မဖြစ်၊ သို့မဟုတ် မှီတွယ် စွဲကပ်မှု မရှိ၍ မထူးမခြား အသေအတိုင်း မွေး၍ စွန့်ပစ်ရသော လူခြောက်များလည်း ရှိသေးကြောင်း သိရပါသည်။ ၄င်းလူခြောက်ပြဿနာကို ဆေးပညာ ရှုထောင့်မှလည်း လေ့လာသင့်သေးသည်။)

*မိန်းမများနှင့်တူသော အားကစား*

15 & 20 ကြား ဘောလုံး 22 ယောက် ၀ိုင်းလုသည်
20 & 25 ကြား ဘတ်စကတ်ဘော 12 ယောက်ဝိုင်းလုသည်
25 & 30 ကြား စားပွဲတင် တင်းနစ် 2 ယောက်သာကျန်သည် ဟိုဖက်ပုတ်ထုတ်
ဒီဖက်ပုတ်ထုတ်
30 & over ဂေါက်သီး ဝေးသထက်ဝေးအောင် ရိုက်ထုတ်ကြ သည်


*
အဖတ်မှားကြပုံများ*
ကျား။ ။ မိန်းမ မင်းခုဘာလုပ်နေလဲ?
မ ။ ။ စာဖတ်နေတယ်လေ...
ကျား ။ ။ ဘာစာလဲ
မ ။ ။ ဘာလုပ်မလို့လဲ...တရားစာပေါ့...
ရှင်ကဖတ်ချင်လို့လား
ကျား ။ ။ ဟင့်အင်း...ဒါပေမဲ့ ဖက်တော့ဖက်ချင်တယ်...
မ ။ ။ ဒါများဖတ်ပေါ့...
ကျား ။ ။ လာလေ...ဖက်မယ်...
မ ။ ။ ရော့ ဖတ်လေ....ကျုပ်တော့ သားနဲ့သွားအိပ်တော့မယ်...

*တတိယ*
ကျား ။ ။ မင်းငါ့တတိယ မယားနဲ့တူတယ်
မ ။ ။ ရှင်ဘယ်နှစ်ခါ လက်ထပ်ဖူးလဲ
ကျား ။ ။ ၂ ခါ

*အားသလား*
ကျား ။ ။ ဒီထိုင်ခုံ အားနေသလား။
မ ။ ။ အားပါတယ်။ ရှင် ထိုင်ချရင် နောက် ထိုင်ခုံ တစ်ခုလည်း အားသွားပါလိမ့်မယ်။

*လက်ဆောင်*
ကျား ။ ။ ကျွန့်တော့်ကိုယ်ကို ခင်ဗျားဆီ လှူချင်ပါတယ်။
မ ။ ။ ၀မ်းနည်းပါတယ်။ ကျွန်မ လက်ဆောင် အပေါစား လက်မခံပါဘူး။

*သွားမလား*
ကျား ။ ။ မင်းနေရာ သွားမလား၊ ကျူပ်နေရာ သွားမလား။
မ ။ ။ရှင်က ရှင့်နေရာသွား၊ ကျွန်မက ကျွန်မနေရာသွားမယ်။

*မင်းတို့သိရဲ့လား*
နွားသိုးခြံတစ်ခုမှာ ပေါ့
နွားသိုး က ၃ကောင်ရှိတယ် နွားမက ၁၀၀ ရှိတာပေါ့....နွားသိုး ၃ကောင်က
ခွဲတန်နဲ့နွားမတွေကိုပိုင်ကြတယ် အကြီးဆုံးကောင်က ၅၀ ပိုင်တယ်ူ
အလတ်ကောင်က ၃၀ . အငယ်ဆုံးကောင်က ၂၀ ပေါ့
တစ်နေ့မှာ ခြံရှင်က နွားပေါက်နုန်းနည်းလိုဆိုပြီးနွ
ားသိုတစ်ကောင်ထပ်ဝယ်တော့
နဂိုရှိတဲ့ ၃ ကောင်က မကျေနပ်ဘူး သူတိုရဲနွားမတွေခွဲပေးရမှာဆိုေ
တာ့..
သူတို ၃ ကောင်တိုင်ပင်တာပေါ့ အကြီးဆုံးကောင်က စပြီးပြောတယ် "
ငါကတော့တစ်ကောင်မှမခွဲပေးနိုင်
ဘူးကွ " အလတ်ကောင်ကလည်း "ငါလည်းမပေးနိုင်ဘူး"
ဒေါသတွေထွက်နေကြတာပေါ့ ၃ကောင်စလုံး.....
ခဏနေတော့ ခြံရှင်ဝယ်လိုက်တဲ့နွားသိုးအသစ်
က ရောက်လာရော ၁၀ ဘီးကားနဲခြံထဲဝင်လာတယ်
ကားပေါ်ကနေ နွားသိုးကြီးလည်းဆင်းလာရော ၁၀ဘီးကားက ခေါင်းတောငထောင်သွားတယ်
နွားသိုး ၃ကောင်လန့်သွားတာပေါ့ ဒါနဲအကြီးဆုံးကောင်က "ငါတော့ ၂၀
ကောင်လောက်ခွဲပေးလိုက်တော့မယ်ကွ
ာ အလတ်ကောင်ကလည်း အေငါလလည်း ၁၀
ကောင်လောက်တော့ခွဲပေးမှဖြစ်မယ်
ကွ"
အငယ်ဆုံးကောင်ကဘာမှမပြောဘူး နှာမှုတ်လိုက် ခွာယှက်လိုက်ပဲလုပ်နေတယ်.....ဒါ
နဲ့
အကြီး ၂ ကောင်ကမေးတာပေါ့ "ဟဲကောင်မင်းလဲနဲနဲခွဲပေးလိုက်ေ
လကွာ မင်းနာအုံးမယ်"
ပေါ့ဒါနဲ့အငယ်ကောင်ကပြန်ပြောတယ်
" အေးငါသိတယ်ကွ
ငါ့ကိုအထီးမှန်းသိအောင်ငါလုပ်ြ
ပနေတာ မင်းတို့သိရဲ့လားတဲ့"

**လူမှားလို.*
*
အလွန်အေးတဲ့ဆောင်းတမနက်မှာ ကိုရီးယားသားတယောက်ဟာ ထုံးစံအတိုင်း
နှင်းလျှောစီးဘို.
မိန်းမကိုနှုတ်ဆက်ပြီး ထွက်ခဲ.တယ်။လမ်းရောက်မှ ရာသီဥတုက အရမ်းဆိုးလာတော့
လှည့်ပြန်လာပြီး
'အားးးးးးးးးး ဒီနေ.ရာသီဥတုကတော်တော်ဆိုးတာပ'ဲ
လို.ပြောပြီးမိန်းမဘေ
းပြန်ဝင်အိပ်ချိန်မှာ မိန်းမက လှည့်မကြည့်ပဲပြန်ပြောလိုက်ပုံက
'ဒါတောင်အိမ်ကကောင်ကြီးက နှင်လျှောစီးဖို.သွားသေးတယ်' တဲ့။

**ပစ်တာလည်းပစ်ပေါ့ နည်းနည်းတော့သတိထား**

မြို့မှာ တက္ကသိုလ်သွားတက်တဲ့သားပြန်လာတော့ တောမှာနေတဲ့
အဖေက(ရိုးရိုးအအ)ဒိလိုပြောတယ်
အဖေ။ ။''ငါ့သား မြို့မှာကျောင်းသွားတက်တာ ပညာကိုကြိုးစားသင်နော်။
အပျော်အပါးတို့ လောင်းကစားတို့မလုပ်နဲ့ ကြားလား''
သား။ ။ ''မလုပ်ပါဘူးအဖေရယ်။ တစ်ခါတစ်ရံပိုကာလေးဘာလေးတော့ ပစ်တာပေါ့။''
အဖေ။ ။ ''အေး အေး။ ပိုကာပစ်ရင်လည်း သေချာကြည့်ပစ်။ မျက်စိမျက်နှာ မှန်ဦးမယ်။''

*
* *အိုဆေး*
အမျိုးသမီးတစ်ဦးသည် အိမ်တစ်အိမ်၏ဆင်ဝင်အောက်တွင်
လှုပ်ကုလားထိုင်တစ်လုံးဖြင့်ငြိ မ့်နေသောလူကောင်သေးသေး
အဖိုးအိုတစ်ဦးကိုမြင်သဖြင့်စကား
သွားပြောသည်။
" ဒီလောက်ပျော်နေတာကိုမြင်တော့ဂရု
မထားပဲမနေနိုင်တော့လို့
ပါ။ ဒီလိုပျော်ပျော်ကြီးအသက်ရှည်ဖို
့လျှို့ဝှက်ချက်ကဘာပါလဲရှင့်"
" တစ်နေ့ကိုစီးကရက်သုံးဘူးသောက်
တယ်။တစ်ပတ်ကို
ဝီစကီတစ်သေတ္တာကုန်တယ်။ အဆီများတဲ့အစားအသောက်တွေကိုစာြး
ပီး
လေ့ကျင့်ခန်းမလုပ်ဘူး "
" အံ့သြစရာပါလား။အသက်ဘယ်လောက်ရှိ
သွားပြီလဲ"
" နှစ်ဆယ့်ခြောက်နှစ်.."

*ကောင်းရော....*
တစ်ခါက လူတစ်ယောက်ဟာ မိတ်ဆွေတစ်ဦးရဲ့ အဘွားနေမကောင်းတာကို
သတင်းမေးဖို့ ရောက်သွားခဲ့တယ်။ သတင်းမေးနေတုန်းမှာ သူက စားပွဲခုံပေါ်
တင်ထားတဲ့ မြေပဲဆံတွေကို ယူစားတော့တယ်။ သတင်းမေးပြီး အိမ်ပြန်ခါနီး
အဘွားကို မြေပဲဆံတွေအတွက် ကျေးဇူးတင်ကြောင်းပြောတော့ အဘွားက
"အေး.. အဘွားလဲ အသက်ကြီးတော့ မ၀ါးနိုင်တော့တာနဲ့ အဲဒီမြေပဲဆံ အပြင်က
ကပ်ထားတဲ့ ချောကလက်တွေလောက်ပဲ စုပ်စားနိုင်တော့တယ်ကွဲ့" ဟူတည်း။

*ဖြစ်ရလေကွယ်....*
ဆရာမတစ်ဦးကမူကြိုကလေးတွေကိုအိမ်
မွေးတိရိစ္ဆာန်အခေါ်အဝေါ်တွေ
သင်ပေးနေတယ်။ဆရာမ " ခြေနှစ်ချောင်းနဲ့ အိမ်မှာမွေးတဲ့ အကောင်တစ်မျိုးရှိတယ်။
မနက်မိုးလင်း နေထွက်တာနဲ့ အိမ်ရာထတော့လို့ ကလေးတို့ကို ထခိုင်းတတ်တယ်။
မထမချင်းလည်း အော်နေတတ်တယ်။ အဲတာ ဘာအကောင်လဲ သိလား"
ကလေးတွေက ဘာအကောင်မှန်း မသိလို့ တစ်ယောက်မျက်နှာ တစ်ယောက်
ကြည့်နေကြတယ်။ အဲဒီအချိန်မှာ ကလေးတစ်ယောက်ကထအော်လိုက်တယ်"မေေ
မ"တဲ့။

*တီဗွီတစ်လုံး မြန်မြန်ပေးပါ*
ခရစ်စမတ် တစ်ကျော့ရောက်ပြန်ပါပြီ.. ဒီခရစ်စမတ်မှာ တီဗွီတစ်လုံး ဝယ်ပေးဖို့
ကောင်လေးကအမေကိုပူဆာတယ်။ ကောင်လေးကဆိုးပေပြီးစာလည်းမကြို
းစားတဲ့အတွက်
အမေက ဝယ်မပေးချင်ဘူး။ ဒါနဲ့ အမေက ကောင်လေးကို "ကောင်လေး ဘုရားသခင်ကို
စာတစ်စောင်ရေးလိုက်ပါ။ ဒီနှစ်အတွင်းမှာ ကိုယ်လုပ်ခဲ့တဲ့
ကောင်းမှုတွေကိုရေးလိုက်..
ဘုရားသခင်က တီဗွီတစ်လုံးလက်ဆောင်ပေးလိမ့်
မယ်"လို့ပြောလိုက်တယ်။
ဒါနဲ့ကောင်လေးကဘုရားသခင်ထံစာရေး
တော့တယ်။
"ချစ်လှစွာသော ဘုရားသခင်၊ ဒီနှစ်အတွင်းမှာ ကျွန်တော် ကောင်းတာတွေ
အများကြီးလုပ်ခဲ့ပါတယ်။ အခုဆိုခရစ်စမတ်ရောက်တော့မှာမို့ သင်၏ချစ်လှစွာသော
သားတပည့်ကို တီဗွီတစ်လုံး လက်ဆောင်ပေးပါ" လို့ ရေးလိုက်တယ်။
ကောင်လေးကစာကိုရေးပြီး ပြန်ဖြစ်ကြည့်တယ်။ သိပ်သဘာဝမကျတာနဲ့
ဒုတိယတစ်စောင်ကိုကောက်ရေးလိုက်ြ
ပန်တယ်။
"ဘုရားသခင်.. ဒီနှစ်အတွင်း ကျွန်တော် မကောင်းတာတွေလုပ်ဖြစ်တယ်။
ကျွန်တော် မှားသွားပါတယ်။ ဘုရားသခင် ကျွန်တော့်ကို တီဗွီတစ်လုံး ပေးမယ်လို့
မျှော်လင့်ပါတယ်"
လို့ ပြင်ရေးလိုက်တယ်။
ကောင်လေးကစာကိုတစ်ခေါက်ပြန်ဖြစ်
ကြည့်ပြီးမကြိုက်လို့တတိယတစ်စောင်ကိုရေးလိုက်ပြန်တယ်။
"ဘုရားသခင်.. ကျွန်တော် မကောင်းတာတွေ တော်တော်များများ လုပ်ခဲ့တယ်။
ဒါပေမယ့် တီဗွီတစ်လုံးတော့ လိုချင်သေးတယ်" လို့ ပြင်ရေးပြီး
ဘုရားကျောင်းကိုသွားခဲ့တယ်။
ဘုရားကျောင်းမှာ Mary and Jesus ရဲ့ ရုပ်တုကိုတွေ့တော့
ကောင်လေးကစတုတ္ထမြောက်စာကိုရေြး
ပီး
မယ်တော်မာရီရဲ့ ရုပ်တုကို အိမ်ယူပြန်လာခဲ့တယ်။
နောက်တစ်နေ့မှာ ဘုရားကျောင်းက ဖာသာက ဘုရားသခင် Jesus ရဲ့ ခြေရင်းမှာ
စာတစ်စောင်ကျနေတာကို
တွေ့လို့ ကောက်ဖတ်ကြည့်လိုက်တော့...
"ဘုရားသခင်.. သင့်အမေ ကျွန်တော်လက်ထဲမှာ သင့်အမေကိုတွေ့ချင်ရင် ကျွန်တော့်ကို
တီဗွီတစ်လုံး မြန်မြန်ပေးပါ" ဟူတည်း။

*မစားချင်ဘူးလား*
စိတ္တဇဆေးရုံတွင်ဆေးရုံအုပ်ကြီး
ကလူနာများအား
ပြောကြားသည်မှာ...
" မနက်ဖြန်လူကြီးတစ်ယောက်ဆေးရုံမှ
ာလာဟောပြောမယ်
သူဟောပြောပြီးလို့ ငါချောင်းဟန့်တာနဲ့အားလုံး
လုပ်ခုပ်တီးကြပါ။ဒါဆို မင်းတို့ကိုကြက်သားဟင်းနဲ့
ထမင်းကျွေးမယ်။ "
ဟောပြောသောနေ့သို့ရောက်သောအဆင်ေ
ပြစွာ
ဟောပြောပြီးဆုံးသောကြောင့်လူကြီ
းကလွန်စွာကျေနပ်
လေ၏။ထိုအခါဆေးရုံအုပ်ကြီးကချော
င်းဟန့်လိုက်၏
ထင်ထားသည့်အတိုင်းအားလုံးက၀မ်းေ
မြာက်စွာ
လက်ခုပ်တီးကြလေသည်။ သို့သော်မထင်မှတ်သော
အဖြစ်တစ်ခုလည်းဖြစ်သွားသည်။ထို
သည်ကား
လူနာတစ်ယောက်သည် ရုတ်တရက်လူကြီးဖြစ်သူအား
ပါးချလိုက်ခြင်းဖြစ်သည်။အားလုံး
မင်တတ်နေစဉ်
သူပြောလိုက်သောစကားသည်ကား
" အရူး..မင်းကလက်ခုပ်တီးရမယ်ဆိုတာ
မသိဘူးလား
ကြက်သားဟင်းမစားချင်ဘူးလား။ "

*ဟွန်း..မလိုရင်ကူပြီ*
ရထားတစ်စီးပေါ်တွင်ပိန်ပိန်ပါးပါ
းအသက်ခပ်ကြီးကြီး
အမျိုးသားကြီးတစ်ယောက်ပုံကားအလွ
န်အားနည်းပုံပေါက်သည်။
သူဆင်းမည့်ဘူတာရောက်သောအခါတိုက်
ရိုက်တည့်တည့်မဆင်း
နိုင်ပဲတံခါးပေါက်မှလက်ကိုင်သံ
တန်းကိုဖြည်းဖြည်းဆင်းနေသည်။
ကံကောင်းထောကမစွာဖြင့်ကူညီတတ်ေ
သာအစောင့်
တစ်ယောက်ရောက်လာပြီးသူကိုကျောမှ
ထိန်းပေးသည်။သို့သော်
ရထားပေါ်တတ်ရန်းကြိုးစားနေသည်ဟု
ထင်၍ရထားပေါ်ပြန်တွန်းတင်
လိုက်သည်။တံခါးပေါက်ချက်ချင်းပိ
တ်သွားပြီးရထားကဆက်ထွက်
လာခဲ့သည်။အဘိုးအိုမှာနောက်ဘူတာေ
ရာက်သည်အထိသူ့အဖြစ်ကို
မကျေမနပ်ဖြင့်မည်တွန်တောက်တီးလာ
ပါတော့သည်။

*စိုးရိမ်တတ်တယ်..*
ခွေးများကိုသန့်ရှင်းရေးလုပ်ပေး
ရသူအဖြစ်လုပ်ပေးရသော
အမျိုးသမီးတစ်ယောက်အားခွေးကကို
က်လိုက်သည်။ထိုအခါနာကျင်
မှုကိုသတိပြုမိသွားသောအလုပ်ရှင်
ထံမှစိုးရိမ်ပူပန်သောအသံထွက်
လာသည်။
" ညည်းဘာပဲလုပ်လုပ်အဖြုရောင်ခွေးေ
ပ်ါမှာတော့သွေးမပေ
စေနဲ့ "


*ကွာရှင်းလိုကြောင်း*
ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းလိုကြောင်း လျှောက်ထားသော
အမျိုးသမီးတစ်ဦးအား စိတ်ပြောင်းရန် တရားသူကြီးက ကြိုးစားလျက် ရှိသည်။
"ခင်ဗျားက အသက် 92 နှစ်။ ခင်ဗျား ယောက်ျားက 94 နှစ်။ အိမ်ထောင်သက် 73
နှစ်ရှိပြီ။ ခုမှ ဘာကြောင့်ကွဲချင်ရတာလဲ" အမျိုးသမီးက ရှင်းပြသည်မှာ
"ကျွန်မတို့ အိမ်ထောင်ရေးက အဆင်မပြေတာကြာပါပြီရှင့်။ ဒါပေမယ့် ကလေးတွေ
သေတဲ့ ထိစောင့်ဖို့ ကျွန်မတို့ ဆုံးဖြတ်ထားကြလို့ပါ"

*တယ်ဟုတ်ပါလား*
ကားမောင်းသင်ဆရာက အလွန်အကျွံကြောက်တတ်သူ တစ်ဦးအား ကားမောင်းသင်ပေးလျက်
ရှိသည်း သူမမှာ နှစ်လမ်းမောင်းလမ်းပေါ်တွင် တစ်ဖက်မှ ကားတစ်စင်း
ချဉ်းကပ်လာတိုင်း ကြောက်လန့် တကြားဖြစ်တတ်သည်။
" ဒီတစ်ခါ တယ်ဟုတ်ပါလား" အမောင်းသင်ဆရာက ပြောလိုက်သည်။ အမောင်းသင်
အမျိုးတစ်မီးက " ဟုတ်ကဲ့၊ ကျွန်မက ဟိုဘက်က ကားတစ်စီးလာ တာမြင်ရင်
မျက်စိမှိတ်ထားတာကိုး"
*
နိုင်ငံရေး သတင်းထောက်*
လူ တစ်ယောက်သည် နိုင်ငံရေး သမားတစ်ဦး၏ သတင်းထောက်အဖြစ်
လျှောက်ထားလိုက်သည်။ လျှောက်လွှာတင်ပြီး မကြာမီ နိုင်ငံရေးသမား၏ ရုံးမှ
ပြန်ကြားစာကို သူရသည်။ " လူကြီးမင်း၏ ကိုယ်ရေးမှတ်တမ်းသည်
ပုံကြီးချဲ့မှု၊ သဘာဝ မဆန်မှု၊ အမှန်တစ်ဝက် မုသားတစ်ဝက် ဖြစ်မှု များ
ပြည့်နေပါသည်။ လူကြီး မင်း တနလာင်္နေ့တွင် အလုပ်စတင် ၀င်ရောက်နိုင်ပါသလား
သူငယ်ချင်းရေ
ရောင်းအား မကောင်းတော့တဲ့
ဈေးကွက် တစ်ခုအတွက်တော့
စိတ်မလေနဲ့
Baiyoke အပေါ်က Bar မှာတောင်
လူမရှိတာ ကြာပြီဟ။

သူငယ်ချင်းရေ
ဒီနေ့ အရင်လို ဟင်းမစုံလို့
မစားချင် ဘူးမလုပ်နဲ့
ထမင်းရည် သောက်နေတဲ့ သူတွေ
ပိုပို များလာတာ မမေ့နဲ့ဟ။

သူငယ်ချင်းရေ
ရှိစုမဲ့စုတွေ ရောင်ခိုင်းပြီး
Abroad Study တော့ မလုပ်ပါနဲ့ကွာ
မင်းတတ်တဲ့ A B C D
ဟိုမှာ တတ်ချင် လွန်းလို့
မြေပေါ်မှာ အရေးကျင့်တဲ့
သူတွေရှိတယ် ဟ။

သူငယ်ချင်းရေ
ဒီအလုပ်က မမိုက်ပါဘူးကွာ
ပင်ပန်းလို့ စိတ်ပျက်ပ လို့တော့
ဂဂျီ ဂဂျောင် မလုပ်နဲ့
မင်းနောက်မှာ အဲဒါလိုချင်လို့
တန်းဆီနေတဲ့
အလုပ်လက်မဲ့တွေ
အများကြီးပဲ ဟ။

သူငယ်ချင်းရေ
မိဘ စကားတတွတ်တွတ်ကြားလို့
ကျဉ်းကျပ်တယ် မထင်နဲ့
မိဘမဲ့ ကလေးကျောင်း
တစ်ရက်လောက်သွားကြည့်
မေတ္တာ ငတ်တဲ့
မျက်ဝန်းဆိုတာ မြင်ဖူးအောင်လို့ဟ။

သူငယ်ချင်းရေ
မင်း Boyfriend , Girlfriend ( Wife, Husband )
ရဲ့ မေတ္တာစစ် ကို မစော်ကားမိစေနဲ့
မင်းအားကျတဲ့ အနောက်တိုင်း
ယဉ်ကျေးမှုမှာ
၂ ပွေတွဲ ၃ ပွေတွဲ
၁ ချီစား ၂ ချီစား
အရင် Fancy နောက် Fancy
အရင် Hubby နောက် Hubby
ရဲ့ ဇယားတချို့ရှိနေလေရဲ့ဟ။

သူငယ်ချင်းရေ
မင်းကို အမှန်အတိုင်းခင်းပြရင်
စကားလမ်း ကြမ်းချင်ကြမ်းမယ်
မင်းဘေးမှာ
ချို သကာပျားနဲ့
လိုရာစားမယ့်
ဂွင် တချို့ မ၀င်မိစေနဲ့ဟ။

ဒီခေတ်မှာက
ဇွဲရှိဖို. ကြိုးစားဖို.
စိတ်ရှည်ဖို့တော့လိုတယ်
အဲ တချို့က အဲဒီလို ကြိုးစားရင်း
လက်ရှိနေရာရဲ့ တန်ဖိုးကို
မေ့သွားလေရဲ့။

နေရာတိုင်းမှာတော့
နေရာလိုက်တန်ဖိုး
ရှိနေ လေရဲ့။
ခေတ်သစ် ကြေးမုံမှာ
မြင်အောင်ကြည့်ပေါ့ ကွာ...။ ။

ယနေ့ ကာလမှာ လူ အများစု ဟာ အချိန်ကြာကြာ တီဗီ ကြည့်တယ် ... ကွန်ပျူတာ ရှေ့မှာ ထိုင်တယ်။ ဂိမ်းဆော့ ကြတယ်။ ဒါတွေ လုပ်တာ မျက်စိ ထိခိုက် သလား။ မျက်စိ အန္တရာယ် မဖြစ်အောင် ဘယ်လို ပြုမူ နေထိုင် သင့်သလဲ။
မျက်စိ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးဇော်ထွန်းလင်း M.B.B.S, M.Med.Sc (OpHTH) ကို တွေ့ဆုံပြီး မေးမြန်း ထားပါတယ်။

မေး။ ။ တီဗီ ကြာကြာ ကြည့်ရင်။ ကွန်ပျူတာ ဂိမ်း စခရင် ကြာကြာ ကြည့်ရင် မျက်စိ ထိခိုက် သလား။
ဖြေ။ ။ တီဗီ ကြာကြာ ကြည့်လို့ ကွန်ပျူတာ စခရင် ကြာရှည် ကြည့်လို့ စက္ခု အာရုံ ကုန်ခန်း သွားတယ် လို့တော့ မရှိဘူး။ ဒါပေမယ့် ခရီးရှည် လမ်းလျှောက်ရင် ခြေထောက် ညောင်းသလိုပဲ။ တီဗီကို ဆက်တိုက် ကြာရှည် ကြည့်ရင် မျက်စိ ညောင်းတာ။ မျက်ရည် ကျတာ၊ မျက်ရည်ပူ ကျတာ၊ မျက်ရိုး ကိုက်တာ၊ ခေါင်းကိုက် ဇက်ကြော တက်တာ မျိုး တွေ တော့ ဖြစ်နိုင် ပါတယ်။

မေး။ ။ အဲဒါ တီဗီ ကြောင့် မဟုတ် ဘူးလား။
ဖြေ။ ။ တီဗီ မော်နီတာ ကို ကြည့်တာ ကြာ လေလေ မျက်လုံး ဖွင့်ထားတဲ့ ကာလ ကြာ လေလေ မျက်လုံးပေါ်က မျက်ရည် ခန်းခြောက်မှု များ လေလေ ပဲ။ မျက်ကြည်လွှာ ရဲ့ အပြင်လွှာမှာ မျက်ရည် စိုစွတ် နေဖို့ လိုတယ်။ မျက်ရည် ခန်းခြောက် သွားရင် မျက်ကြည်လွှာ မှာ ပုံရိပ် မထင်ရှား တော့ဘူး။ ပုံရိပ် မထင်ရှား ရင် မျက်စိ အားစိုက် ရတဲ့ အတွက်ကြောင့် ဇက်ကြော တက်တာတို့၊ မျက်ရိုး ကိုက်တာ တို့ ခဏခဏ အဖြစ် များတယ်။ အဲကွန်းခန်း ထဲမှာ ဆိုရင် မျက်ရည် ခန်းခြောက်နှုန်း ပိုများ ပါတယ်။ ကွန်ပျူတာ ကြည့်တာ ကြာလို့ မျက်ရည် ခန်းခြောက်ရင် computer eye drops, RENU eye drops, Cooleye eye drops တွေ ခပ်ရင် ပိုကောင်း ပါတယ်။ မျက်ရည် အင်အား ကို ဆောင်းပေးတဲ့ သဘောပါ။

မေး။ ။ ဒီလိုဆိုရင် အချိန် ဘယ်လောက် ကြာကြဲာ အများဆုံး ကြည့်ရှု သင့်သလဲ။
ဖြေ။ ။ တီဗီ မော်နီတာ၊ ကွန်ပျူတာ ဂိမ်းတွေကို တစ်နာရီ ထက် ပိုပြီး တောက်လျှောက် မကြည့် သင့်ဘူး။ တစ်နာရီ ကြည့်ပြီးရင် မျက်လုံး ကို ခေတ္တ အနား ပေးပါ။ မျက်လုံး စွတ်စို အောင်ပေါ့။ ဗီဒီယိုဂိမ်း၊ ကွန်ပျူတာဂိမ်း တစ်နာရီ ကျော် ကြာကြာ ကြည့်ပြီးရင် ကစားပြီးရင် ဆယ်မိနစ် လောက် နားပြီး အဝေးကြည့် မြင်ကွင်းကို ကြည့်ပေး သင့်တယ်။ ကွန်ပျူတာ ကြာကြာ ကြည့်ဖို့ ဂိမ်း ကြာကြာ ကစားဖို့ လိုရင် ကိုယ့်မျက်စိ နဲ့ ကိုက်ညီတဲ့ ပါဝါ မျက်မှန် ကို လိုအပ်ရင် တပ်ထားဖို့ သတိ ပေးချင် ပါတယ်။ နည်းနည်း ကြာကြာ ထိုင်ကြည့်ရင် အဆင် မပြေ ဘူးထင်ရင် မျက်စိ ပါဝါစစ်၊ လိုအပ်ရင် မျက်မှန် တပ်သင့် ပါတယ်။

မေး။ ။ တီဗီ အမျိုးအစား အရည်အသွေး က မျက်လုံး ထိခိုက်မှုမှာ တစ်ခု နဲ့ တစ်ခု ကွာ သလား။
ဖြေ။ ။ ကွာပါတယ်။ Resolution ခေါ်တဲ့ ပုံဖော် အစက် အပြောက် တွေ ကြဲရင် ၊ resolution ညံ့တဲ့ တီဗီ ကြည့်ရင် မျက်လုံး ပို ထိခိုက် တယ်။ အရုပ် ပီသ ထင်ရှားမှု မရှိရင် တီဗီ ကြည့်ပြီး ဒါမှမဟုတ် ကြည့်နေဆဲ မှာပဲ ခေါင်းကိုက်၊ မျက်ရိုး ကိုက်တာ ဖြစ်လာ နိုင်တယ်။ အရုပ် ပီသပေမဲ့ အလင်းရောင် ကစား နေတာ။ အရုပ်တွေ သိပ်လှုပ်ရှား နေတာ ရှိရင်လည်း အဲသည် ဝေဒနာတွေ ဖြစ်တတ်တယ်။ နောက် တစ်ခု ကတော့ ဓါတ်ရောင်ခြည် ပေါ့။ အလင်းရောင် ထုတ်လွှင့်တဲ့ ပစ္စည်းတွေမှာ ဓါတ်ရောင်ခြည်ရှိတယ်။

ဥပမာ လျှပ်စစ် မီးချောင်း မှာလည်း ရှိတယ်။ မွေးကင်းစ ကလေးတွေ အသည်းရောင် အသားဝါ ရင် မီးချောင်း ပြရတယ်။ ဓါတ် ရောင်ခြည် သုံးတာပေါ့။ ခေတ် သိပ်မမီတဲ့ တီဗီတွေ၊ မော်ဒယ် နိမ့်တဲ့ တီဗီ တွေက ဓါတ်ရောင်ခြည် ပိုထွက်တယ်။ တန်ဆေး လွန်ဘေးပဲ။ ယခုအခါ ကြိုတင် စစ်ဆေး ကန့် သတ် ပြဋ္ဌာန်းချက် တွေနဲ့ အညီ ထုတ်လုပ် ရောင်းချတာ များလား လို့ အန္တရာယ်တော့ နည်းပါတယ်။ နယ်စပ်က ဝင်လာတဲ့ တီဗီ တွေကို သုံးရင် သတိထား သင့်တယ်။ တစ်နာရီကို ၀.၅ မီလီရွန်ဂျင် ထက် မပိုဘဲ ရောင်ခြည် ထွက်မှ စိတ်ချ ရတယ်။ မျက်စိ ရောဂါ ရှိလို့၊ အတွင်းတိမ် ခွဲထုတ် ထားရလို့ နေကာ မျက်မှန် အမြဲ တပ်ထား ဖို့ လိုတဲ့သူ တွေ ကတော့ တီဗီ ကြည့်ရင် ခပ်ခွာခွာ ကကြည့်ရပြီး နေကာ အမြဲ တပ်ထား နိုင်တယ်။

မေး။ ။တီဗီ ကြည့်ရာမှာ ရှေ့တည့်တည့် က ထိုင်ရမယ်။ ဘေး ခပ်စောင်းစောင်း ထိုင်သင့်တယ် ဆိုတဲ့ သက်မှတ်ချက် မျိုးတွေ ရှိသလား။
ဖြေ။ ။ သက်တောင့် သက်သာ မညောင်းမညာ ကြည့်နိုင်တဲ့ အနေအထား က တီဗီ မှန်သားပြင်ရဲ့ ရှေ့တည့်တည့် ဖြစ်တယ်။ မှန်သားပြင် နဲ့ မျက်စိ အနိမ့်မမြင့် တစ်တန်းတည်း ဖြစ်နေ ရမယ်။ ကိုယ်က မြင့်နေရင် ငုံ့ကြည့် ရမယ်။ ကလေး တွေလို ကိုယ်က ကြမ်းပေါ်က ထိုင် ကြည့်ရင် မော့်ကြည့် ရမယ်။ ဒါမှမဟုတ် ဘေး ရောက်နေရင် စောင်း ကြည့်ရလို့ ဇက်ညောင်း၊ ဇက်ကြောတက်၊ ခေါင်းမူး၊ ခေါင်းကိုက် မျက်ရိုးကိုက် ဖြစ်မယ်။

မေး။ ။ တီဗီ ကြည့်နေစဉ်မှာ အခန်းကို ရုပ်ရှင်ရုံလို အမှောင် ချထားရင် ပိုကောင်း သလား။
ဖြေ။ ။ မကောင်းဘူး။ အခန်းတွင်း အလင်းရောင်က မမှောင်လွန်း၊ မလင်းလွန်း မျှတရမယ်။

မေး။ ။ တီဗီကြည့် ကွန်ပျူတာ ရှေ့ ထိုင် ဂိမ်းကစား တာတွေဟာ မျက်စိ ထိခိုက် စေတာ တွေပဲလို့ ပြောရင် ရသလား။
ဖြေ။ ။ ဒါတွေ ရှောင်ဖယ် နေရင် ခေတ် နောက်ကျ ကျန်ရစ်မှာပဲ။ အသုံး ပြုရာမှာ မျက်စိ မထိခိုက်အောင် သတိနဲ့ ဆင်ခြင်ပြီး သုံးစွဲရမှာပဲ။




(၁)။ ။လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သောနေရာမှ ရွှေ.ပြောင်းသယ်မခြင်း မပြုရပါ။ ထိုသို့ချက်ခြင်းရွှေ.ပြောင်းသယ် ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော လှုပ်ရှားခြင်းဒဏ်များကြောင့် ဦးနှောက် သွေးကြောငယ်များကို လျှင်မြန်စွာပေါက်ကွဲစေပြီး လူနာ၏အခြေအနေကို ပိုဆိုးစေပါသည်။ ထို.ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။

(၂)။ ။လူနာကိုဖြစ်သည့်နေရာတွင်ပင် အသာထူမပေးပြီး ပြန်လဲမကျအောင်
အသာမှေးပြီး ထိုင်စေရပါမည်။ လူနာကိုယ်တိုင်မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။
ပြီးနောက် ပိုးသတ်ထားသော ဆေးထိုးအပ် (သို.) လက်အပ်ဖြင့် လူနာ၏ လက်ချောင်း ဆယ်ချောင်းထိပ်ဖျားများကို (ပဲစေ့ခန်.) သွေးတစ်စက်စီထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့် သွေးမထွက်ပါက လက်ဖြင့် ညှစ်ထုတ်ပေးပါ။ ထိုသို. သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည်သတိရလာပါလိမ့်မည်။

(၃)။ ။လူနာပါးစပ်ရွဲ.သွားပါက လူနာ၏နားရွက်နှစ်ဖက်ကို နီလာသည်အထိလက်ဖြင့် ပွတ်သပ်ပေးပါ။ နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့်နေရာ) ကို ပိုးသတ်ထားသောအပ်ဖြင့် တစ်ဖက်လျှင် နှစ်ပေါက်စီဖောက်ပေးပါ။ နားရွက်နှစ်ဖက်လုံးမှ (ပဲစေ့ခန်.) သွေးနှစ်စက်စီထွက်လာပြီး မိနစ်ပိုင်းအတွင်း ရွဲ.နေသောပါးစပ် ပြန်တည့်သွားပါလိမ့်မည်။

(၄)။ ။ထိုအခြေအနေရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို.
ခေါ်သွားစေလိုပါသည်။ ထိုအခြေအနေရောက်အောင်စောင့်ပြီးမှ ဆေးကုသခံစေပါက (၁)အကြောသေခြင်း
(၂)ကိုယ်တစ်ခြမ်းသေခြင်း
(၃)ခြေလက်လှုပ်မရခြင်း (၄)စကားမပီသခြင်း စသည်တို.လုံးဝမဖြစ်နိုင်တော့ပါ။

လက်တွေ.ပျောက်ကင်းသက်သာစေသောနည်းဖြစ်ပါသည်။ လေဖြတ်ခြင်းဝေဒနာမှ ကင်းဝေးစေရန်အတွက် ကုသိုလ်ပြု လိုက်ပါသည်။



တရုတ်ပြည်မှပေးပို.သော တရုတ်ရိုးရာဆေးကျမ်းမှ တိုက်ရိုက်ဘာသာပြန်ဆိုထားပါသည်။




လူတစ်ယောက် သစ်တောထဲက ဖြတ်လျှောက်လာတုံး ရုတ်တရက် အစာရေစာငတ်မွတ်နေတဲ့
ကျားကြီးတစ်ကောင်နဲ့တိုးမိတယ်။ ကျားကြီးကတစ်ချက်ဟိန်းပြီး
ခုန်အုပ်လိုက်တယ်။ သူကအမြန်ဆုံးနှုန်းနဲ့ လှည့် ပြေးပါတော့တယ်။
အစွမ်းကုန်ပြေးနေပေမဲ့ ကျားကလည်း ထက်ချပ်မကွာပြေးလိုက်လာနေတယ်။
နောက်ဆုံးမှာတော့ တောင်ကမ်းပါးအစပ်နားထိ ရောက်လာ တယ်။
ပြေးစရာမြေမရှိတော့ဘူး။
" ဒီကျားရဲ့ အဖမ်းခံရရင် အရှင်လတ်လတ်အစားခံရမယ်။
ချောက်ထဲခုန်ချလိုက်တာကမှ ကံကောင်းရင် ရှင်နိုင် သေးတယ်" လို့တွေးပြီး
တောင်ကမ်းပါးကနေ လွှားကနဲခုန်ချလိုက်တော့တယ်။ သိပ်ကိုကံကောင်းသွားတယ်။
သစ်ပင်တစ်ပင်ပေါ်မှာ သွားတင်နေတယ်။ ဒီအပင်က ကမ်းပါးပြတ်တစ်နေရာမှာ
ပေါက်နေတဲ့ ဆီးပင်။ ဆီးသီးတွေ ပင်လုံးပြည့် သီးနေလေရဲ့။
ဝမ်းမြောက်ဝမ်းသာ အားရအားတက်နေဆဲမှာပဲ ကမ်းပါးပြတ်အောက် ဟိုးအဝေးဆီက
ခြင်္သေ့တစ်ကောင်ရဲ့ ဟောက်သံကိုကြားလိုက်ရတယ်။ ငုံ့ကြည့်လိုက်တော့ အောက်က
သူ့ကိုမော့ကြည့်နေတာ အတိုင်းသား မြင်လိုက်ရတယ်။ ရင်ထဲ "ဖိုကနဲ"
တုန်သွားတယ်။ တစ်ချက်ပြန်တွေးကြည့်ပြန်တော့ ကျားပဲဖြစ်ဖြစ်၊
ခြင်္သေ့ဘဲဖြစ်ဖြစ် သားရဲတိရိစ္ဆာန်ဘဲ။ ဘယ်အကောင်ရဲ့ အစားခံရခံရ အတူတူဘဲ
ဘာမှမထူးဘူးလို့ တွေးမိသွားပြန်တယ်။
စိတ်နှလုံး ဒုံးဒုံးချလိုက်နိုင်ချိန်မှာဘဲ အသံတချို့ ကြားရပြန်တယ်။
ကြွက်နှစ်ကောင်က ဆီးကိုင်းကို ကိုက်နေတဲ့ အသံဘဲ။ ရုတ်တရက်
တစ်ချက်ပြာသွားပေမဲ့ ချက်ခြင်းပြန်ပြီး ငြိမ်သက်သွားတယ်။ သစ်ကိုင်းကို
ကြွက်ကိုက်လို့ အကိုင်းကျိုးကျပြီးသေတာက ခြင်္သေ့ကိုက်စားလို့သေတာထက်တော့
တော်သေးတယ်လို့တွေးမိ သွားတာကိုး။
စိတ်ပြန်လည်ငြိမ်သက်သွားတော့ ဘေးပတ်ပတ်လည်မှာ
ဆီးသီးမှည့်တွေချည်းပဲဆိုတာ သေချာမြင်မိတော့ တယ်။
ဒါနဲ့ဆီးသီးတွေကိုခူးပြီး စားနေတော့တယ်။ သူ့တစ်သက်မှာ ဒီလောက်အရသာရှိတဲ့
ဆီးသီးမျိုး မစားခဲ့ဖူးဘူးလို့ သူခံစားမိတယ်။ သုံးထောင့်သဏ္ဍာန်ရှိတဲ့
သစ်ပင်ခွကြားကောင်းကောင်းတစ်ခု
ရှာပြီး သေချာ ထိုင်တွေးရင်း စဉ်းစားတယ်။
" အနှေးနဲ့အမြန် သေရတော့မဲ့အတူတူ မသေခင် တစ်ရေးတစ်မော
ကောင်းကောင်းအိပ်ပစ်လိုက်မယ်"
ဒါနဲ့ သစ်ကိုင်းကိုမှီပြီး တခေါခေါ အိပ်မောကျသွားတော့တယ်။
အိပ်ရာကနိုးလာတော့ ကြွက်အဖြူနဲ့အမဲနှစ်ကောင်းလုံး
ကိုမတွေ့ရတော့ဘူး။
ကျားနဲ့ခြင်္သေ့ကိုလည်း မတွေ့ရတော့ဘူး။ သူက သစ်ကိုင်းတွေကို အသာအယာဆွဲရင်း
ကမ်းပါးထိပ်ကို ခဲရာခဲဆစ် တဖြည်းဖြည်းချင်း တွယ်တက်လာခဲ့တယ်။
နောက်ဆုံးတော့ အသက်အန္တရာယ်ဘေးက သီသီလေးလွဲလာခဲ့တော့တယ်။
ဖြစ်ပုံက သူအိပ်ပျော်သွားတုံး ဆာလောင်လွန်းတဲ့ ကျားက
ဘယ်လိုမှမအောင့်မစောင့်နိုင်တော
့တဲ့အဆုံး ကမ်းပါးပေါ်က ဟိန်းဟောက်ရင်း
လိုက်ပြီးခုန်ချသွားတယ်။ ကြွက်အဖြူနဲ့အမဲနှစ်ကောင်က ကျားဟိန်းသံကြောင့်
ကြောက်လန့်ပြီးထွက်ပြေးကုန်ြ
ကတယ်။ ကမ်းပါးပေါ်က ခုန်ချလိုက်တဲ့ကျားနဲ့
ကမ်းပါးအောက်က ခြင်္သေံ့တို့ တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားပြီး နှစ်ကောင်လုံး
ဒဏ်ရာဒဏ်ချက်တွေနဲ့ မောဟိုက် ထွက်ခွာသွားကြပြီ။
လူတွေက အမိဝမ်းက ကျွတ်တဲ့အချိန်ကစပြီး
အကျပ်အတည်းအခက်အခဲတွေဟာ ကျားကြီးလိုဘဲ တစ်ကောက်ကောက်
နောက်ကမပြတ်လိုက်နေတယ်။ ခြင်္သေ့နဲ့တူတဲ့ သေခြင်းတရားဟာလည်း ကမ်းပါးအောက်က
လည်တဆန့်ဆန့်နဲ့ မျှော်ကြည့်နေတယ်။ နေ့လယ်နေခင်းနဲ့
ညဥ့်နက်သန်းကောင်တို့နဲ့တူတဲ့ ကြွက်အဖြူနဲ့အမဲတို့ဟာ ခဏတာဘ၀ရဲ့
ခန္ဒာကိုယ်ကို တစ်လှည့်စီကိုက်ဖြတ်နေတယ်။ တနေ့နေ့မှာတော့ ခြင်္သေ့ကြီး
ခံတွင်းထဲ ကျရောက်မှာကတော့ ဧကန်ပါဘဲ။
လူ့ဘ၀ရဲ့ အဆိုးဆုံးအခြင်းအရာဟာ သေခြင်းဘဲဆိုတာ သိနေမှတော့
တစ်နည်းဘဲရှိတယ်။ သောကကင်းကင်းနဲ့ သစ်ပင်ပေါ်က အသီးကို ဇိမ်ခံတတ်ဖို့ဘဲ။
ပြီးတော့ သောကကင်းကင်းနဲ့ တစ်ရေးဝအောင် အိပ်ပစ်လိုက်ဖို့ဘဲ။
အဲဒီလိုရှုတ်ထွေးမှုကင်းတဲ့စိတ်မျ
ိုးထားနိုင်မှသာ ဘ၀ရဲ့ ချိုမြိန်တဲ့
"ဆီးသီး"ရဲ့ အရာသာ ချဉ်ပြုံးပြုံးကို ခံစားရမှာပါ။

Monitor - ငါ့ဘဝက ဆိုးတယ်ကွာ .. လူတွေက ငါ့ကိုပဲ ကြည့်နေကြတာ၊ နေရထိုင်ရ မလွတ်လပ်ဘူး။
Keyboard - ငါက ပိုဆိုးသေး တစ်ချိန်လုံး ရိုက်နှက်ပီး နှိပ်ခံနေရတယ်။
Mouse - အဲလိုပြောကြေးဆို ငါ့ကျဘယ့်နှာလုပ်မတုန်း .. ကိုင်ပီး ဟိုရွှေ့ဒီရွှေ့နဲ့ ခေါင်းခေါက်တာက ခံရသေး။
USB port(HUB)- အော် ... ငါကျတော့ ဟိုကောင်က ထိုးထဲ့ ဒီကောင်က ထိုးထဲ့နဲ့ ဒီထက်ဆိုးတဲ့ဘဝ ရှိသေးလား။
Thumb drive-ငါကျတော့ တစ်မျိုးကွ ဟိုအပေါက်သွားထဲ့ခံရ ဒီအပေါက်သွားထဲ့ခံရနဲ့ ကံဆိုးတဲ့အလှည့်ဆို ပိုးကပါလာသေးတယ် ... ဘဝများဆိုးပါ့။
System Unit - ငါသာလျှင်အဆိုးဆုံးကွ ... ငါ့အပေါက်တွေထဲကိုကွာ မင်းတို့အားလုံးလာထိုးထဲ့တယ်။ ဒါပေမယ့် ထဲ့ပီးရင် တော်တော်နဲ့ မထွက်တော့ဘူး ... ။

(သိုးဆောင်း ဟာသ တစ်ခုကို ဆီလျှော်သလို ပြန်ထားတာပါ။ ရှိပီးသားဆိုရင်လည်း ခွင့်လွှတ်ကြပါဗျာ။)





































အထက်ဖော်ပြပါ သတင်းများနဲ့ ပတ်သက်ပြီး အကောင်းဖက်မှနေ ရိုးရှင်းစွာ သုံးသပ်တင်ပြခွင့်ပေးပါ။ေ အထက်ဖော်ပြပါ အကြောင်းအရာများမှ သတင်းအချို့ မှန်ပါသော်လည်း မပြည့်စုံပါ။ အကြောင်းရင်းမှာ ကိုယ်တွေ့ သေသေချာချာ မလေ့လာမသုံးသပ်ပဲ တစ်ဦးတစ်ယောက်တည်း၏ အဖြေစကားပေါ် မူတည်ထားသောကြောင့်ဖြစ်ပါသည်။ ကျွန်တော်သည် မည့်သည့်အဖွဲ့အစည်း မည်သည့်ခံယူချက် များစသည့်တို့ တွင်ပါဝင်သော သူတစ်ဦးမဟုတ်ပါ။ လူမှုရေးကူညီမှုတစ်ခုအရ အကြောင်းတိုက်ဆိုင်စွာပင် အထက်ဖော်ပြပါ မြန်မာများ ဖမ်းဆီးထိမ်းသိန်းခံကြရသော ကန့်များစွာအနက်မှ အဆိုပါ လန်ကပ်ကန့်၊ ထိုင်းနယ်စပ်နားရှိ ဘလန်တစ်ကန့်၊ ပီနန်းမြို့ အနီးရှိ ဂျူရုကန့်များသို့ မြန်မာများ လွတ်မြောက်ရေးအတွက် သွားရောက်ကူညီ လုပ်ဆောင်ခွင့် ရရှိခဲ့ပါသည်။ ယခု ရေးသားနေသောပို့ ကို ရေးနေချိန်တွင်လည်း ဘလန်တစ်ကန့်မှ ၄၈၄၇ ကို သန်း ...၊ ၆၉၃၉ ကိုစိန် ...၊ ၇၂၅၀ ကိုဖိုး ....၊ ၆၈၀၇ မမိ...၊ ၇၁၅၃ မမာ၊ ၇၀၀၅ မအေး (ကလေးကိုယ်ဝန် ၄ လ) အစရှိသူတို့ ရေးသားဖြည့်စွက်ထားသော (၁၅၊၁၀၊၂၀၀၉) ရက်စွဲရှိသော ကိုယ်ရေးအချက်အလက် လျှောက်လွှာများအား ဓာတ်ပုံကပ်နေသောအချိန်ဖြစ်ပါသည်။ အချိန်မှာ ည ၃ နာရီရှိနေပြီဖြစ်သော်လည်း ဖော်ပြပါ သတင်းအား ဖတ်ရှုရသော ကျွန်တော် ကျွန်တော်သိသလောက် အတွေ့အကြုံများကို စာရေးသားလိုက်ရခြင်းဖြစ်ပါသည်။
ကန့်တွင်းရှိသူများ၏ နံပါတ်များကို ကျွန်တော်သိခွင့်ရခြင်းမှာလည်း သံရုံးတွင် အလုပ်လုပ် သောကြောင့် ကျွန်တော်သိရခြင်းမဟုတ်ပါ။ လူမှုရေး ကူညီမှုအရ သွားရောက်ကူညီရင်း အ၀တ်အစားနွမ်းစုတ်စုတ်၊ ညစ်ညစ်ပေပေနှင့် ခြင်ကိုက် ကြမ်းပိုကိုက်အစရှိသည် ဒုက္ခ များကို ခံစားနေရင်း မျှော်လင့်ခြင်းရောင်ခြည်လေးမျာ
းဖြင့် ရေးသားပေးကြသော လျှောက်လွှာများကို ဆိုင်ရာသို့ တင်ပို့ပေးနိုင်ရန်အတွက် လုပ်ကိုင်ပေးရခြင်းကြောင့်ဖြစ်ပါသည်။
ကျွန်တော်တင်ပြထားသော ကန့် ၃ ကန့်မှ ရှေးဦးစွာ မြန်မာပြည်သို့ ကျွန်တော်တို့ အမေ့လက်ရာ လူမှုရေးကူညီမှုမှ ပို့ဆောင်ခွင့်ရခဲ့သည်မှာ ဂျူရုကန့်ဖြစ်ပါသည်။ လေယာဉ်တစ်စီး၊ လေကြောင်းခရီးစဉ် တစ်ခေါက်အတွက် အမ်အေအိုင်မှ ၅၀ ဦးခွင့်ပြုချက်ရခဲ့ပါသည်။ ပထမဆုံး အုပ်စု ၉ လပိုင်း လဆန်း ၂၀၀၉ တွင် ပြန်ခွင့်ရခဲ့ကြရာ ကျွန်တော်ကိုယ်တိုင် ကေအန်လေဆိပ်သို့ လိုက်ပါပို့ဆောင်ခွင့်ရခဲ့ပါသည်
။ ကျွန်တော်မိတ်ဆွေ တစ်ဦးမှာမှု အဆိုပါလေယာဉ်ဖြင့်ပင် မြန်မာပြည်သို့ လိုက်ပါသွားပြီး ပြန်လည်ရောက်ရှိသူများကို မည်သို့ ကြိုဆိုဆောင်ရွက်ပေးသည်ကို သိရှိရန် လိုက်ပါသွားပါ သည်။ အကြောင်းမှာ ကျွန်တော်တို့မှ လှုမှုရေးကူညီမှု အဖြစ်ဆောင်ရွက်ပေး နေသော်လည်း ပြန်သွားသူများ မြန်မာပြည်ဖက်တွင် အဆင်မပြေလျှင် ကျွန်တော်တို့ အပြစ်လည်း ကင်းမည် မဟုတ်သောကြောင့် ဖြစ်ပါသည်။ ဖော်ပြပါ ပြန်သွားသူများအား မြန်မာပြည်ရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ လက်ခံကြိုဆိုကြပြီး နေ့ချင်းပင် လေဆိပ်သို့ လာကြိုကြသော မိဘ ဆွေမျိုးများဖြင့် မိမိတို့အိမ်ယာသို့ ပြန်ခွင့်ရရှိသွားပါ သည်။ အပြန်လမ်းစရိတ်မရှိသူများအားလည်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးမှတဆင့် သက်ဆိုင်ရာများနှင့် အိမ်အရောက် လိုက်ပါပို့ဆောင်ပေးသည်ကို သိရှိရပါသည်။ လေဆိပ်တွင်လည်း လူကြီးများရှိသဖြင့် မည်သူမျှ လက်ဖက်ရည်ဖိုး မတောင်းရဲကြပါ။
မြန်မာပြည်သည်လည်း အခြားနိုင်ငံအချို့နည်းသူ လက်ဖက်ရည်ဖိုး ပေးကြသည့် အစဉ်အလာရှိပါသည်။ သို့သော် ယခုကဲ့သို့ အခက်အခဲ များစွာနှင့် ပြန်ရောက်လာသူများကို အခက်အခဲဝန်ပိုစေရန် လက်ဖက်ရည်ဖိုးတောင်းသူများ ကို သိရှိပါက နာမည်၊ ရာထူးနှင့် တကွ သက်ဆိုင်ရာသို့ တိုင်တန်းပါက ချက်ချင်း အရေးယူပေးနေချိန်ဖြစ်ပါသည်။ နောက်ဆုံး သတင်းရရှိချက်အရ မြန်မာ စကား စကား ပြောရင်း ပြောရင်း ကား ကား သွားသဖြင့် စကားသည် ကားသွားကာ မင်္ဂလာဒုံရဲစခန်းတွင် ဖမ်းဆီးပြီး မည်သူက မည်သည့်လမ်းကြောင်းမှ ပိုဆောင်ပေးသည်၊ မည်မျှကြာ အလုပ်လုပ်ခဲ့သည်၊ မလေးအကျဉ်းစခန်းတွင် မည်မျှကြာခဲ့သည်၊ မြန်မာနိုင်ငံတွင် ထပ်မံကျခံရန် မလေးအစိုးရမှ အပ်လိုက်ကြောင်း ခြိမ်းခြောက်ကာ ပိုင်ဆိုင်မှုမည်မျှမှ အခွန်မည်မျှ ပေးဆောင်ရမည် .... အစရှိသည့် အောက်တိုဘာ ၂၀၀၉ ခုနှစ် အတွဲ ၁၊ အမှတ် ၄ ဂျာနယ်တွင် ရေးသားထားသဖြင့် ဟုတ်တာ မဟုတ်တာ အသာထားပြီး မင်္ဂလာဒုံရဲစခန်းတွင် တာဝန်ရှိသူများ အား ချက်ချင်း စစ်ဆေးမေးမြန်းနေသဖြင့် အလုပ်ရှုတ်ရပါသည်။
အမှန်မှာ သတင်း တစ်ခုသည်
မှန်သည် မှားသည် မည်သို့ပင်ဖြစ်စေ
ပထမဦးဆုံး စောစောထွက်သော သတင်းကြောင့် သက်ဆိုင်သူများ အလုပ်ရှုတ်ရသည်မှာ အမှန်ပင်။
အမှန်တကယ်တွင် ၁ မည်သူက မည်သည့်လမ်းကြောင်းမှ ပို့ဆောင်ပေးသည်ကို လ၀ကရုံးအနေဖြင့် မေးကို မေးရမည်ဖြစ်သည်။ သူ့အလုပ်ဖြစ်သည်။ နိုင်ငံတကာတွင် ဒီထက် အတွင်းကျကျမေးသည်။ ၂၊ မည်မျှကြာကြာလုပ်ခဲ့သည်ကိုလည်း မေးရမည်ဖြစ်သည်။ (မကြာသေးပါဘူး လိမ်ဖြေလို့လည်းရသည်)၊ ၃၊ အကျဉ်းစခန်းတွင် မည်မျှကျခဲ့သည် (ခံစားခဲ့ရသော ဒုကများအား ရင်ဖွင့်ပြောပြခွင့်ရမည်)
နောက်ဆုံး ငွေတောင်းသည် ဆိုသည့်အတွက် တောင်းသည်သူအား ချက်ချင်းပင် အရေးယူနိုင်ရန် အတွက် စီစဉ်ပေးထားခြင်းဖြစ်သည်။ တိုင်ကြားနိုင်သည်။
သို့သော် အချိုမှာ တောင်းသည့်သူ ရှိခြင်းကြောင့် နည်းနည်း များများ ပေးလိုက်ရသော်လည်း သက်ဆိုင်ရာသို့ မတိုင်ကြားပဲ ငြိမ်နေကာ ပတ်ဝန်းကျင်မှ မေးမြန်းမှ ချဲ့ကားချဲ့ထွင်း ပြောဆိုနေ သည်ကို သေချာမသိသော သတင်းသမား များက ချဲ့ထွင်းရေးသားလျှင် ထောင်ထဲတွင် ရှိသော သူများ ပိုမိုဒုက္ခ ရောက်ကြရ လိမ့်မည်ဖြစ်သည်။

ကျွန်တော် ဆွေးနွေးတင်ပြချင်သည်က
အဖမ်းခံရသော သူများကို ကျွန်တော်တို့ လှုမှုရေးအရ ပြန်ခွင့်ရရန် လုပ်ဆောင်ပေးနေသော လှုမှုရေးအဖွဲ့အစဉ်းအမြင်ဖြင့် တင်ပြပေးပါမည်။

၁ အဖမ်းခံရသူများသည် မလေးရှားသို့ တရားမ၀င် လာရောက်အလုပ်လုပ်ကိုင်ရသောကြောင့် အောက်လမ်းမှ လာလျှင် ၅ သိန်း နှင့် ၁၀ သိန်းကြား ပေးမှ လာခွင့်ရပါသည်။
ယခု ပြန်ရန်အတွက် လမ်းစရိတ်ကို ကိုင်တိုင်ပေးဆောင်ရပါမည်။
မလေး ၅၅၀ ဆိုလျှင် ယနေ့ငွေပေါက်ဈေးဖြင့် ၂ သိန်း မပြည့်ပါ။ အလာတုန်းက ၅ သိန်းကျော် အကုန်ခံပြီးမှ အပြန်တွင် ၂ သိန်း မတတ်နိုင်သည်မှာ မဖြစ်နိုင်ပါ။ အမှန်မှာမှု သူတို့သည် ထောင်ထဲတွင် အဖမ်းခံနေရသောကြောင့် အိမ်ရှိလူများ၊ သူငယ်ချင်းဖုန်းနံပါတ်များ မမတ်မိ ဆက်သွယ်မရသောကြောင့်သာ ငွေကြေးချက်ချင်းမရ ခြင်းဖြစ်ပါသည်။ ထိုပြင် အလုပ်ဆက်တိုက် အဆင်မပြေခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ အဖမ်းခံရသူ ၁၀၀ တွင် ၉၀ မှာ အဆက်အသွယ်ရပြီး လေယာဉ်လက်မှတ်ဝယ် ပြန်သွားကြသည်ကို ကျွန်တော့်အတွေ့အကြုံ မှတ်တမ်းအရ သိရပါသည်။ အခြားသူများ လေယာဉ်လက်မှတ် ၈၅၀ ကို အအမ်အေအိုင်မှ သူတို့ အတွက် ၄၅၀ ဖြင့် လျော့ထားခြင်း၊ စီအိုင် လျှောက်ခြင်း ပုံမှန် ၆၂၀ ကို သံရုံးမှ ၅၀ ဖြင့် ဆောင်ရွက်ပေးခြင်းတို့မှာ လျော့ပေါ့ပေးသော သက်ညာခွင့်များဖြစ်ပြီး ပြန်ခွင့်ရသူတို့၏ အပြန်ခရီးမှာ ခိုးကြောင်ခိုးဝှက် ဟိုတိုး ဒီထွက် တောလမ်းမှ ပြန်ရသည် မဟုတ်ပဲ လေယာဉ်ကြီးစီးပြီး ပြန်ခွင့်ရသည် ဖြစ်သည်။
ပြင်ပတွင် ပြန်ခွင့်ရသူများ ဘာဖြစ်သည် ညာဖြစ်သည်များကို ဝေဖန်လေကန်နေကြသော်လည်း ကန့်များထဲတွင် အဆိုပါ ပြန်ခွင့်ရရန်အတွက် လျှောက်လွှာတင်ကာ စောင့်ဆိုင်းရသည်က တစ်ဖက်၊ လေယာဉ်လက်မှတ်ဖိုး ၅၅၀ လာသွင်းပေးရန် သူငယ်ချင်းဖြစ်သူ၊ အိမ်သို့ ဖုန်းဆက်ရသည်က တစ်ဖက်၊ သံရုံးမှသူများ လျှောက်လွှာဖြည့်ရန် လာရောက်ရသည်ကို စောင့်နေရသည်က တစ်ဖက်၊ ကန့်ထဲမှ ကူးစက်ရောဂါပိုးကြောင့် ပလပ်စတစ်ဖြင့် ထုတ်ပြီး သေသူများကို သယ်သွားသည်များအတွက် ကြောက်လန့်ရသည်က တစ်ဖက်၊ ပြန်ရန် မျှော်လင့်ချက်နည်းချိန် စိတ်ကရောက်ချောက်ခြားဖြင့် ရူးနေကြသူများကြောင့် စိတ်အနှောက်အယှက် ဖြစ်နေရသည်က တစ်ဖက် တို့ကြောင့် စိတ်ညစ်စရာ များချည်းဖြစ်သည်။
သူတို့အတွက် ပြန်ခွင့်ရသည်မှာ ထီပေါက်သကဲ့သို့ ၀မ်းသာကြခြင်းဖြစ်သည်။ အချိုဆိုလျှင် မိမိနိုင်ငံသို့သာ အမြန်ဆုံး ပြန်ရောက်ချင်ကြသည်။

သိုသော်
ပြင်ပမှ အခြေမကျ မတိကျ အကောင်းမမြင်သော သတင်းများသည် အဆိုပါ အထဲတွင်ကျန်ရှိသော (ကန့်တွင်းမှ သူများအတွက် ပိုပြီး စိတ်ညစ်ဖွယ်ဖြစ်သည်) အမှန်မှာ အဆိုပါ သတင်းများ သည် ကောင်းကြိုးကို ပေးသလို၊ ဆိုးကျိုးကိုလည်း များစွာပေးနိုင်သည်။
ယခင် ထိုင်းနယ်စပ်သို့ သွားရောက်စွန့်ပစ်စဉ်အချိန်က ထိုင်းပွဲစားများက ငွေမပေးနိုင်သောသူများအား ငါးဖမ်းသင်္ဘောများတွင် ရောင်းစားပြီး ၃ နှစ်မှ အထက် ရောင်းစားပြီး အလုပ်ကြမ်းလုပ်ရင်း ပြန်ရောက်လာသော သူတစ်ဦးနှင့် ကျွန်တော်တွေ့ခဲ့ဖူးသည်။ သူများနိုင်ငံ သူများယဉ်ကျေးမှုတွင်မှ ပိုပြီး ဒုက္ခရောက်ရတာဖြစ်ပြီး ကိုယ့်နိုင်ငံတွင် ဒုက္ခရောက်ရ တာက ကိုယ့်ဆွေမျိုးများနှင့် အဆက်အသွယ် ရသေးသည်။ ပိုကောင်းသည်။
ယခု ပြန်ခွင့်ရသူများကို အမှန်တကယ် ကူညီပေးချင်သည့် လုပ်ငန်းများ အဖွဲ့အစည်းများ ရှိပါက အကောင်းမြင်ပြီး
၁ ပြန်ရန် လေယဉ်လက်မှတ်အခက်အခဲရှိသူများအာ
း အလှူခံပြီး ကူညီနိုင်သည်။
၂ un ယူအန် သို့လျှောက်ထားသော်လည်း ချင်းလူမျိုး ခရစ်ယာန်များသာကြီးစိုးပြီး မြန်မာဗုဒဘာသာများအား ယူအန်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်မပေးသော မလေးရှား ယူအန် အောက်ခြေမှ အဖွဲ့အစည်းများကိစ ဖြေရှင်းပေးခြင်း
၃ မိမိတို့ သူငယ်ချင်း များ ကန့်ထဲတွင်ရှိပါက မြန်မာပြည်ကဲ့သို့ ကန့်အတွင်းသို့ အစားအသောက် များ သွားရောက်ပို့ဆောင်ပေးကာ အားပေးစကားပြောခြင်း
၎။ ပြန်ချင်သူများအား အမြန်ဆုံးကူညီဆောင်ရွက်ပေးခြင်း (မပြန်ချင်သော သူများအား မိမိစိတ်တိုင်းကျ နေထိုင်နိုင်သည်။ သို့သေသ်ာအချိုမှ ယူအန်လျှောက်မရစိတ်ညစ်နေကြသည်။
၅ သတင်းအမှန်အား သိရန်အတွက် မြန်မာပြည်ပြန်သွားသော လူ ၁၀ ဦးခန့်အား သေသေချာချာ စစ်ဆေးမေးမြန်းပြီးမှ ကောက်ချက်ချ လျှင် ပိုအဆင်ပြေနိုင်သည်။
မြန်မာများ အားလုံး ကန့်များအတွင်းမှ အမြန်ဆုံး ပြန်နိုင်ကြပါစေ၊ ခံစားရသော ဒုက္ခ များကို ကျွန်တော် နားလည်ပါသည်။ အကြောင်းမှာ ကျွန်တော်လည်း မလေးရှားကန့်တွင် ပါမစ်လွဲမှုဖြင့် ထောင်ကျခဲ့ဖူးသောကြောင့် နေပူပူမြေပြင်တွင်ထိုင်ကာ သေးငယ်လှသော ငါးကြော်လေးနှင့် အိမ်သာနံဘေး မြေပြင်လေးတွင် စားခဲ့ဖူးသောကြောင့် ဖြစ်ပါသည်။
ကျန်တာများ ဆက်ရေးချင်သော်လည်း
၎ နာရီ ခွဲပြီ
အိပ်ချင်ပြီ။
ကျွန်တော့်အား အိပ်ခွင့်ပြုပါ။
အားလုံး စိတ်ချမ်းသာကြပါစေ၊ ကိုယ်ကျန်းမာကြပါစေ။