အလင်္ကာ အတတ်နဲ့
ငတ်နေတဲ့ နှလုံးသားရဲ့ အလိုကို
ချိုအေးအောင် ဖြည့်တင်း
အလင်းစက်ကလေး ပြက်ခနဲဝင်း။
ဆာမွတ်နေတဲ့ အလင်္ကာ
လျှာကို ဖျာလိုသိမ်း
ထိန်းမရ သိမ်းမရ အငမ်းမရ
အဓမ္မ မျိုချပြီးနောက်
ခံစားမှု ရေတံလျောက်က
ဒိုးယိုပေါက် စီးဆင်း။
ကာရန်မြင်းတွေကလဲ ကဆုန်ပေါက်
ခွာထောက်သံ ခပ်ပြင်းပြင်း
ခြေနင်းကွင်းကိုလဲ နင်းတုံ မနင်းတုံ
ခုန်ပျံ တက်ဆင်း
အမှောင်နဲ့ အလင်းကမ္ဘာ
လူးလာပျံသန်း ဘုံခန်း ငရဲခန်းအတွင်း
သက်ပြင်းတရှိုက် ရင်မှာပိုက်
ဆိုက်ကပ်လာတဲ့ အနုပညာ စမ်းရေတွင်း။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
thank you for your comment