အထက်ဖော်ပြပါ သတင်းများနဲ့ ပတ်သက်ပြီး အကောင်းဖက်မှနေ ရိုးရှင်းစွာ သုံးသပ်တင်ပြခွင့်ပေးပါ။ေ အထက်ဖော်ပြပါ အကြောင်းအရာများမှ သတင်းအချို့ မှန်ပါသော်လည်း မပြည့်စုံပါ။ အကြောင်းရင်းမှာ ကိုယ်တွေ့ သေသေချာချာ မလေ့လာမသုံးသပ်ပဲ တစ်ဦးတစ်ယောက်တည်း၏ အဖြေစကားပေါ် မူတည်ထားသောကြောင့်ဖြစ်ပါသည်။ ကျွန်တော်သည် မည့်သည့်အဖွဲ့အစည်း မည်သည့်ခံယူချက် များစသည့်တို့ တွင်ပါဝင်သော သူတစ်ဦးမဟုတ်ပါ။ လူမှုရေးကူညီမှုတစ်ခုအရ အကြောင်းတိုက်ဆိုင်စွာပင် အထက်ဖော်ပြပါ မြန်မာများ ဖမ်းဆီးထိမ်းသိန်းခံကြရသော ကန့်များစွာအနက်မှ အဆိုပါ လန်ကပ်ကန့်၊ ထိုင်းနယ်စပ်နားရှိ ဘလန်တစ်ကန့်၊ ပီနန်းမြို့ အနီးရှိ ဂျူရုကန့်များသို့ မြန်မာများ လွတ်မြောက်ရေးအတွက် သွားရောက်ကူညီ လုပ်ဆောင်ခွင့် ရရှိခဲ့ပါသည်။ ယခု ရေးသားနေသောပို့ ကို ရေးနေချိန်တွင်လည်း ဘလန်တစ်ကန့်မှ ၄၈၄၇ ကို သန်း ...၊ ၆၉၃၉ ကိုစိန် ...၊ ၇၂၅၀ ကိုဖိုး ....၊ ၆၈၀၇ မမိ...၊ ၇၁၅၃ မမာ၊ ၇၀၀၅ မအေး (ကလေးကိုယ်ဝန် ၄ လ) အစရှိသူတို့ ရေးသားဖြည့်စွက်ထားသော (၁၅၊၁၀၊၂၀၀၉) ရက်စွဲရှိသော ကိုယ်ရေးအချက်အလက် လျှောက်လွှာများအား ဓာတ်ပုံကပ်နေသောအချိန်ဖြစ်ပါသည်။ အချိန်မှာ ည ၃ နာရီရှိနေပြီဖြစ်သော်လည်း ဖော်ပြပါ သတင်းအား ဖတ်ရှုရသော ကျွန်တော် ကျွန်တော်သိသလောက် အတွေ့အကြုံများကို စာရေးသားလိုက်ရခြင်းဖြစ်ပါသည်။
ကန့်တွင်းရှိသူများ၏ နံပါတ်များကို ကျွန်တော်သိခွင့်ရခြင်းမှာလည်း သံရုံးတွင် အလုပ်လုပ် သောကြောင့် ကျွန်တော်သိရခြင်းမဟုတ်ပါ။ လူမှုရေး ကူညီမှုအရ သွားရောက်ကူညီရင်း အ၀တ်အစားနွမ်းစုတ်စုတ်၊ ညစ်ညစ်ပေပေနှင့် ခြင်ကိုက် ကြမ်းပိုကိုက်အစရှိသည် ဒုက္ခ များကို ခံစားနေရင်း မျှော်လင့်ခြင်းရောင်ခြည်လေးမျာ
းဖြင့် ရေးသားပေးကြသော လျှောက်လွှာများကို ဆိုင်ရာသို့ တင်ပို့ပေးနိုင်ရန်အတွက် လုပ်ကိုင်ပေးရခြင်းကြောင့်ဖြစ်ပါသည်။
ကျွန်တော်တင်ပြထားသော ကန့် ၃ ကန့်မှ ရှေးဦးစွာ မြန်မာပြည်သို့ ကျွန်တော်တို့ အမေ့လက်ရာ လူမှုရေးကူညီမှုမှ ပို့ဆောင်ခွင့်ရခဲ့သည်မှာ ဂျူရုကန့်ဖြစ်ပါသည်။ လေယာဉ်တစ်စီး၊ လေကြောင်းခရီးစဉ် တစ်ခေါက်အတွက် အမ်အေအိုင်မှ ၅၀ ဦးခွင့်ပြုချက်ရခဲ့ပါသည်။ ပထမဆုံး အုပ်စု ၉ လပိုင်း လဆန်း ၂၀၀၉ တွင် ပြန်ခွင့်ရခဲ့ကြရာ ကျွန်တော်ကိုယ်တိုင် ကေအန်လေဆိပ်သို့ လိုက်ပါပို့ဆောင်ခွင့်ရခဲ့ပါသည်
။ ကျွန်တော်မိတ်ဆွေ တစ်ဦးမှာမှု အဆိုပါလေယာဉ်ဖြင့်ပင် မြန်မာပြည်သို့ လိုက်ပါသွားပြီး ပြန်လည်ရောက်ရှိသူများကို မည်သို့ ကြိုဆိုဆောင်ရွက်ပေးသည်ကို သိရှိရန် လိုက်ပါသွားပါ သည်။ အကြောင်းမှာ ကျွန်တော်တို့မှ လှုမှုရေးကူညီမှု အဖြစ်ဆောင်ရွက်ပေး နေသော်လည်း ပြန်သွားသူများ မြန်မာပြည်ဖက်တွင် အဆင်မပြေလျှင် ကျွန်တော်တို့ အပြစ်လည်း ကင်းမည် မဟုတ်သောကြောင့် ဖြစ်ပါသည်။ ဖော်ပြပါ ပြန်သွားသူများအား မြန်မာပြည်ရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ လက်ခံကြိုဆိုကြပြီး နေ့ချင်းပင် လေဆိပ်သို့ လာကြိုကြသော မိဘ ဆွေမျိုးများဖြင့် မိမိတို့အိမ်ယာသို့ ပြန်ခွင့်ရရှိသွားပါ သည်။ အပြန်လမ်းစရိတ်မရှိသူများအားလည်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးမှတဆင့် သက်ဆိုင်ရာများနှင့် အိမ်အရောက် လိုက်ပါပို့ဆောင်ပေးသည်ကို သိရှိရပါသည်။ လေဆိပ်တွင်လည်း လူကြီးများရှိသဖြင့် မည်သူမျှ လက်ဖက်ရည်ဖိုး မတောင်းရဲကြပါ။
မြန်မာပြည်သည်လည်း အခြားနိုင်ငံအချို့နည်းသူ လက်ဖက်ရည်ဖိုး ပေးကြသည့် အစဉ်အလာရှိပါသည်။ သို့သော် ယခုကဲ့သို့ အခက်အခဲ များစွာနှင့် ပြန်ရောက်လာသူများကို အခက်အခဲဝန်ပိုစေရန် လက်ဖက်ရည်ဖိုးတောင်းသူများ ကို သိရှိပါက နာမည်၊ ရာထူးနှင့် တကွ သက်ဆိုင်ရာသို့ တိုင်တန်းပါက ချက်ချင်း အရေးယူပေးနေချိန်ဖြစ်ပါသည်။ နောက်ဆုံး သတင်းရရှိချက်အရ မြန်မာ စကား စကား ပြောရင်း ပြောရင်း ကား ကား သွားသဖြင့် စကားသည် ကားသွားကာ မင်္ဂလာဒုံရဲစခန်းတွင် ဖမ်းဆီးပြီး မည်သူက မည်သည့်လမ်းကြောင်းမှ ပိုဆောင်ပေးသည်၊ မည်မျှကြာ အလုပ်လုပ်ခဲ့သည်၊ မလေးအကျဉ်းစခန်းတွင် မည်မျှကြာခဲ့သည်၊ မြန်မာနိုင်ငံတွင် ထပ်မံကျခံရန် မလေးအစိုးရမှ အပ်လိုက်ကြောင်း ခြိမ်းခြောက်ကာ ပိုင်ဆိုင်မှုမည်မျှမှ အခွန်မည်မျှ ပေးဆောင်ရမည် .... အစရှိသည့် အောက်တိုဘာ ၂၀၀၉ ခုနှစ် အတွဲ ၁၊ အမှတ် ၄ ဂျာနယ်တွင် ရေးသားထားသဖြင့် ဟုတ်တာ မဟုတ်တာ အသာထားပြီး မင်္ဂလာဒုံရဲစခန်းတွင် တာဝန်ရှိသူများ အား ချက်ချင်း စစ်ဆေးမေးမြန်းနေသဖြင့် အလုပ်ရှုတ်ရပါသည်။
အမှန်မှာ သတင်း တစ်ခုသည်
မှန်သည် မှားသည် မည်သို့ပင်ဖြစ်စေ
ပထမဦးဆုံး စောစောထွက်သော သတင်းကြောင့် သက်ဆိုင်သူများ အလုပ်ရှုတ်ရသည်မှာ အမှန်ပင်။
အမှန်တကယ်တွင် ၁ မည်သူက မည်သည့်လမ်းကြောင်းမှ ပို့ဆောင်ပေးသည်ကို လ၀ကရုံးအနေဖြင့် မေးကို မေးရမည်ဖြစ်သည်။ သူ့အလုပ်ဖြစ်သည်။ နိုင်ငံတကာတွင် ဒီထက် အတွင်းကျကျမေးသည်။ ၂၊ မည်မျှကြာကြာလုပ်ခဲ့သည်ကိုလည်း မေးရမည်ဖြစ်သည်။ (မကြာသေးပါဘူး လိမ်ဖြေလို့လည်းရသည်)၊ ၃၊ အကျဉ်းစခန်းတွင် မည်မျှကျခဲ့သည် (ခံစားခဲ့ရသော ဒုကများအား ရင်ဖွင့်ပြောပြခွင့်ရမည်)
နောက်ဆုံး ငွေတောင်းသည် ဆိုသည့်အတွက် တောင်းသည်သူအား ချက်ချင်းပင် အရေးယူနိုင်ရန် အတွက် စီစဉ်ပေးထားခြင်းဖြစ်သည်။ တိုင်ကြားနိုင်သည်။
သို့သော် အချိုမှာ တောင်းသည့်သူ ရှိခြင်းကြောင့် နည်းနည်း များများ ပေးလိုက်ရသော်လည်း သက်ဆိုင်ရာသို့ မတိုင်ကြားပဲ ငြိမ်နေကာ ပတ်ဝန်းကျင်မှ မေးမြန်းမှ ချဲ့ကားချဲ့ထွင်း ပြောဆိုနေ သည်ကို သေချာမသိသော သတင်းသမား များက ချဲ့ထွင်းရေးသားလျှင် ထောင်ထဲတွင် ရှိသော သူများ ပိုမိုဒုက္ခ ရောက်ကြရ လိမ့်မည်ဖြစ်သည်။

ကျွန်တော် ဆွေးနွေးတင်ပြချင်သည်က
အဖမ်းခံရသော သူများကို ကျွန်တော်တို့ လှုမှုရေးအရ ပြန်ခွင့်ရရန် လုပ်ဆောင်ပေးနေသော လှုမှုရေးအဖွဲ့အစဉ်းအမြင်ဖြင့် တင်ပြပေးပါမည်။

၁ အဖမ်းခံရသူများသည် မလေးရှားသို့ တရားမ၀င် လာရောက်အလုပ်လုပ်ကိုင်ရသောကြောင့် အောက်လမ်းမှ လာလျှင် ၅ သိန်း နှင့် ၁၀ သိန်းကြား ပေးမှ လာခွင့်ရပါသည်။
ယခု ပြန်ရန်အတွက် လမ်းစရိတ်ကို ကိုင်တိုင်ပေးဆောင်ရပါမည်။
မလေး ၅၅၀ ဆိုလျှင် ယနေ့ငွေပေါက်ဈေးဖြင့် ၂ သိန်း မပြည့်ပါ။ အလာတုန်းက ၅ သိန်းကျော် အကုန်ခံပြီးမှ အပြန်တွင် ၂ သိန်း မတတ်နိုင်သည်မှာ မဖြစ်နိုင်ပါ။ အမှန်မှာမှု သူတို့သည် ထောင်ထဲတွင် အဖမ်းခံနေရသောကြောင့် အိမ်ရှိလူများ၊ သူငယ်ချင်းဖုန်းနံပါတ်များ မမတ်မိ ဆက်သွယ်မရသောကြောင့်သာ ငွေကြေးချက်ချင်းမရ ခြင်းဖြစ်ပါသည်။ ထိုပြင် အလုပ်ဆက်တိုက် အဆင်မပြေခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ အဖမ်းခံရသူ ၁၀၀ တွင် ၉၀ မှာ အဆက်အသွယ်ရပြီး လေယာဉ်လက်မှတ်ဝယ် ပြန်သွားကြသည်ကို ကျွန်တော့်အတွေ့အကြုံ မှတ်တမ်းအရ သိရပါသည်။ အခြားသူများ လေယာဉ်လက်မှတ် ၈၅၀ ကို အအမ်အေအိုင်မှ သူတို့ အတွက် ၄၅၀ ဖြင့် လျော့ထားခြင်း၊ စီအိုင် လျှောက်ခြင်း ပုံမှန် ၆၂၀ ကို သံရုံးမှ ၅၀ ဖြင့် ဆောင်ရွက်ပေးခြင်းတို့မှာ လျော့ပေါ့ပေးသော သက်ညာခွင့်များဖြစ်ပြီး ပြန်ခွင့်ရသူတို့၏ အပြန်ခရီးမှာ ခိုးကြောင်ခိုးဝှက် ဟိုတိုး ဒီထွက် တောလမ်းမှ ပြန်ရသည် မဟုတ်ပဲ လေယာဉ်ကြီးစီးပြီး ပြန်ခွင့်ရသည် ဖြစ်သည်။
ပြင်ပတွင် ပြန်ခွင့်ရသူများ ဘာဖြစ်သည် ညာဖြစ်သည်များကို ဝေဖန်လေကန်နေကြသော်လည်း ကန့်များထဲတွင် အဆိုပါ ပြန်ခွင့်ရရန်အတွက် လျှောက်လွှာတင်ကာ စောင့်ဆိုင်းရသည်က တစ်ဖက်၊ လေယာဉ်လက်မှတ်ဖိုး ၅၅၀ လာသွင်းပေးရန် သူငယ်ချင်းဖြစ်သူ၊ အိမ်သို့ ဖုန်းဆက်ရသည်က တစ်ဖက်၊ သံရုံးမှသူများ လျှောက်လွှာဖြည့်ရန် လာရောက်ရသည်ကို စောင့်နေရသည်က တစ်ဖက်၊ ကန့်ထဲမှ ကူးစက်ရောဂါပိုးကြောင့် ပလပ်စတစ်ဖြင့် ထုတ်ပြီး သေသူများကို သယ်သွားသည်များအတွက် ကြောက်လန့်ရသည်က တစ်ဖက်၊ ပြန်ရန် မျှော်လင့်ချက်နည်းချိန် စိတ်ကရောက်ချောက်ခြားဖြင့် ရူးနေကြသူများကြောင့် စိတ်အနှောက်အယှက် ဖြစ်နေရသည်က တစ်ဖက် တို့ကြောင့် စိတ်ညစ်စရာ များချည်းဖြစ်သည်။
သူတို့အတွက် ပြန်ခွင့်ရသည်မှာ ထီပေါက်သကဲ့သို့ ၀မ်းသာကြခြင်းဖြစ်သည်။ အချိုဆိုလျှင် မိမိနိုင်ငံသို့သာ အမြန်ဆုံး ပြန်ရောက်ချင်ကြသည်။

သိုသော်
ပြင်ပမှ အခြေမကျ မတိကျ အကောင်းမမြင်သော သတင်းများသည် အဆိုပါ အထဲတွင်ကျန်ရှိသော (ကန့်တွင်းမှ သူများအတွက် ပိုပြီး စိတ်ညစ်ဖွယ်ဖြစ်သည်) အမှန်မှာ အဆိုပါ သတင်းများ သည် ကောင်းကြိုးကို ပေးသလို၊ ဆိုးကျိုးကိုလည်း များစွာပေးနိုင်သည်။
ယခင် ထိုင်းနယ်စပ်သို့ သွားရောက်စွန့်ပစ်စဉ်အချိန်က ထိုင်းပွဲစားများက ငွေမပေးနိုင်သောသူများအား ငါးဖမ်းသင်္ဘောများတွင် ရောင်းစားပြီး ၃ နှစ်မှ အထက် ရောင်းစားပြီး အလုပ်ကြမ်းလုပ်ရင်း ပြန်ရောက်လာသော သူတစ်ဦးနှင့် ကျွန်တော်တွေ့ခဲ့ဖူးသည်။ သူများနိုင်ငံ သူများယဉ်ကျေးမှုတွင်မှ ပိုပြီး ဒုက္ခရောက်ရတာဖြစ်ပြီး ကိုယ့်နိုင်ငံတွင် ဒုက္ခရောက်ရ တာက ကိုယ့်ဆွေမျိုးများနှင့် အဆက်အသွယ် ရသေးသည်။ ပိုကောင်းသည်။
ယခု ပြန်ခွင့်ရသူများကို အမှန်တကယ် ကူညီပေးချင်သည့် လုပ်ငန်းများ အဖွဲ့အစည်းများ ရှိပါက အကောင်းမြင်ပြီး
၁ ပြန်ရန် လေယဉ်လက်မှတ်အခက်အခဲရှိသူများအာ
း အလှူခံပြီး ကူညီနိုင်သည်။
၂ un ယူအန် သို့လျှောက်ထားသော်လည်း ချင်းလူမျိုး ခရစ်ယာန်များသာကြီးစိုးပြီး မြန်မာဗုဒဘာသာများအား ယူအန်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်မပေးသော မလေးရှား ယူအန် အောက်ခြေမှ အဖွဲ့အစည်းများကိစ ဖြေရှင်းပေးခြင်း
၃ မိမိတို့ သူငယ်ချင်း များ ကန့်ထဲတွင်ရှိပါက မြန်မာပြည်ကဲ့သို့ ကန့်အတွင်းသို့ အစားအသောက် များ သွားရောက်ပို့ဆောင်ပေးကာ အားပေးစကားပြောခြင်း
၎။ ပြန်ချင်သူများအား အမြန်ဆုံးကူညီဆောင်ရွက်ပေးခြင်း (မပြန်ချင်သော သူများအား မိမိစိတ်တိုင်းကျ နေထိုင်နိုင်သည်။ သို့သေသ်ာအချိုမှ ယူအန်လျှောက်မရစိတ်ညစ်နေကြသည်။
၅ သတင်းအမှန်အား သိရန်အတွက် မြန်မာပြည်ပြန်သွားသော လူ ၁၀ ဦးခန့်အား သေသေချာချာ စစ်ဆေးမေးမြန်းပြီးမှ ကောက်ချက်ချ လျှင် ပိုအဆင်ပြေနိုင်သည်။
မြန်မာများ အားလုံး ကန့်များအတွင်းမှ အမြန်ဆုံး ပြန်နိုင်ကြပါစေ၊ ခံစားရသော ဒုက္ခ များကို ကျွန်တော် နားလည်ပါသည်။ အကြောင်းမှာ ကျွန်တော်လည်း မလေးရှားကန့်တွင် ပါမစ်လွဲမှုဖြင့် ထောင်ကျခဲ့ဖူးသောကြောင့် နေပူပူမြေပြင်တွင်ထိုင်ကာ သေးငယ်လှသော ငါးကြော်လေးနှင့် အိမ်သာနံဘေး မြေပြင်လေးတွင် စားခဲ့ဖူးသောကြောင့် ဖြစ်ပါသည်။
ကျန်တာများ ဆက်ရေးချင်သော်လည်း
၎ နာရီ ခွဲပြီ
အိပ်ချင်ပြီ။
ကျွန်တော့်အား အိပ်ခွင့်ပြုပါ။
အားလုံး စိတ်ချမ်းသာကြပါစေ၊ ကိုယ်ကျန်းမာကြပါစေ။
































0 comments:

Post a Comment

thank you for your comment