ချစ်သူရည်းစားထားတော့မယ်ဆိုရင် လက်ထပ်ဖို့အထိ တွေးပြီးမှထားတာမျိုးဖြစ်သင့်တယ်နော်။ရွေး
ချယ်ပြီးသားချစ်သူရှိနေရင်လဲ အသက်ထက်ဆုံးတစ်ယောက်ကို တစ်ယောက် နားလည်မှုမပြည့်နဲ့ လက်တွဲသွားသင့်တယ်....
ကျွန်တော်တို့နေထိုင်ရာကမ္ဘာတွင်ဟန်ဆောင်မှုများပြားလွန်းလှသည်။မင်းသားခေါင်းဆောင်းထား သော ဘီးလူးများ များပြားလှသည်။အမှားသည်ပင်အမှန်ပုံစံဖြင့် သက်ဝင်လှုပ်ရှားနေကြသည်။ ၄င်းတို့အားသေချာခွဲခြားမှုမပြုနိုင်လျှင် မိမိဘ၀တလျှောက်လုံးနောင်တများစွာပိုင်ဆိုင်နေမည်။
သာမန်လှုပ်ရှားသွားလာမှုတွင်ဟန်ဆောင်မှုသည်အရေးမပါလှသော်လည်းဘ၀နှင့်ရင်နှီးလုပ်ကိုင် ရသောအခါ လူတစ်ယောက်(သို့မဟုတ်) အဖွဲ့အစည်းတစ်ခုခုကို များစွာဒုက္ခရောက်စေနိုင်ပါသည်။ လူသည်စိတ်ကွယ်ရာတွင်မိမိတို့၏အတွင်းစိတ်တွင်ရှိသောအလုပ်ကိုလုပ်တတ်ကြသည်မှာသဘာဝ ပင်ဖြစ်သည်။ စိတ်ကွယ်ရာတွင် မိမိ၏ အတွင်းစိတ်အတိုင်းလုပ်ကိုင်ဆောင်ရွက်ကြသည်က များပြားပေသည်။ ဒီလိုဟန်ဆောင်မှုတွေကတော့နေရာတိုင်းမှာ ရှိနေသာပါ။ ဒါပေမယ့် လူငယ်တွေအများစု ကြုံတွေ့နေရတဲ့နှလုံးသားရေးရာ ကိစ္စတစိတ်သဒေသကို ဖော်ပြချင်သည်။
ယောကျာ်းလေးဘဲဖြစ်ဖြစ်မိန်းကလေးဘဲဖြစ်ဖြစ်ချစ်သူရှိလာလျှင်ချစ်သူကြိုက်အောင်ဟန်ဆောင် တတ်ကြသည်။ ကားမောင်းသမားကကားပိုင်ရှင်ဟန်ဆောင်သည်။ အိမ်ဖော်က သူဌေးတူမဟန် ဆောင်သည်။ပျက်ဆီးနေသောမိန်းကလေးက အပျိုစင်လေးကဲ့သို့ ဟန်ဆောင်သည်။ ပကတိအနေအထားတိုင်းဆိုလျှင်ချစ်သူမချစ်မည်စိုး၍ဖြစ်သည်။ အသိဥာဏ်မရှိတဲ့ လူမိုက်က
စာပေးဗဟုသုတပြည့်စုံတဲ့ ပညာရှိယောင် ဆောင်သည်။ ရက်စက်ကြမ်းကြုတ်တတ်တဲ့လူက
လူလိမ္မာပုံဟန်ဆောင်သည်။ ပကတိအခြေအနေကို မပြဘဲ၊ ဟန်ဆောင်သည့်အငှားအသွင်ကိုပြ၍ အချစ်ကိုရယူတတ်ကြသည်။နောင်အခြေအနေတွေလွန်ကုန်မှသူစရိုက်ကိုယ့်စရိုက်ကိုတွေ့ပြီး စိတ်ဒုက္ခရောက်တဲ့သူများလည်းများသည်။ချစ်သူမိမိအားချစ်ကြိုက်လာမည်ဆိုပါကမည်သို့ ဟန် ဆောင်ရဟန်ဆောင်ရဟန်ဆောင်ကြသည်။ ရုပ်ဝတ္ထု ဟန်ဆောင်ခြင်းမှာ အပြစ်မကြီးလှသော်လည်း
စိတ်ထားကိုဟန်ဆောင်ခြင်းမှာ အင်မတန် အရုပ်ဆိုးလှပေသည်။ အဆိုးဆုံးမှာတကယ်မချစ်ဘဲ ချစ်ဟန်ဆောင်၍ အပျော် ရည်းစားထားခြင်းပင်ဖြစ်သည်။
အချစ်လောကတွင်ဟန်ဆောင်မှုမကင်းသည်မှာသဘာဝကျပါသည်။သို့သော် တစ်ဖက်သားနစ်နာ လောက်အောင် လိမ်လည် ဟန်ဆောင်ခြင်းမျိုးကိုတော့ ဆင်ခြင်သင့်ပါသည်။
တိတိကျကျပြောဆိုရမည်ဆိုလျှင် ၀ဋ်ဆိုတာလည်တတ်သည် ။ထို့ကြောင့် မိမိတကယ်မချစ်ဘဲ ဟန်ဆောင်ချစ်ခြင်းသည် သံသရာတွင်ပြန်ခံစားရမည်သာ ဖြစ်သည်။ ဤသို့မဖြစ်အောင်လည်း ကာယကံရှင်များအနေဖြင့်သေချာစိစစ်ပြီး ရွေးချယ်သင့်ပါသည်။ အထူးသဖြင့် မိန်းကလေးများ၏ အရှက်သည်အသက်ဖြစ်သည်။ ထို့ကြောင့်မိမိ၏ ချစ်သူသည် မိမိအား တကယ့်ချစ်မေတ္တာဖြင့်
ချစ်နိုင်မှသာလျှင် ဘ၀အတွက်စိတ်ချရမည်ဖြစ်သည်။ သို့မဟုတ်ပါကမေတ္တာအတုဖြင့် ကြုံတွေ့ရပြီး ဘယ်အချိန်ငါ့ကို ပြစ်သွားမလဲဆိုတဲ့စိုးရိမ်စိတ်ကိုသာ ပိုင်ဆိုင်ထားရမည်ဖြစ်သည်။ ဒီတော့ ကျွန်တော့်ကိုယ်တွေ့မဟုတ်သော်လည်း ကျွန်တော့်ပတ်ဝန်းကျင်တွင် တွေ့နေရသော အဖြစ်အပျက်များကို
ဥပမာယူနိုင်ရန် ဖော်ပြလိုက်ပါသည်။
လွန်ခဲ့သော် (၂) နှစ်ခန့်မှစ၍ ယနေ့ထိကျွန်တော်ကြုံခဲ့ဖူးသောအဖြစ်အပျက်များကို ဖောက်သည် ချပြရမလိုဖြစ်နေသည်။ကျွန်တော်ဘွဲ့လွန်သင်တန်းစတတ်တုံးကကွန်ပျူတာလေးတစ်လုံးကိုဝယ် ယူသုံ
းစွဲခဲ့ရပါသည်။
ကွန်ပျူတာဆိုတော့လည်း အင်တာနက်လေး ချိတ်ထားမှ မဟုတ်လား။ နို့မဟုတ်ရင်ကွန်ပျူတာ က ကက်ဆက်နားထောင်ဖို့နဲ့ ဗွီစီဒီကြည့်ဖို့သက်သက်လိုပါဘဲဖြစ်နေတာလေ။ ကွန်ပျူတာရှိတော့ ဘာဘဲဖြစ်ဖြစ်အဆင်ပြေတယ်မဟုတ်လား။စာလုပ်ချင်
ရင်လုပ်ပေါ့။အပျင်းပြေဂိမ်းကစားချင်ရင် လည်း ကစားပေါ့။ နောက်ဆုံး တစ်နေရာကနေ တစ်နေရာ ဆက်သွယ်ရာမှာဖုန်းအစား ချက် (ခ့အေ) ကိုအသုံးပြုးပြီးအဆက်အသွယ်လုပ်လို့လဲရသေတယ်လေ။ဒီတော့ပေါင်းအသင်းလည်း စုံသာပေါ့။သူငယ်ချင်းတွေက ချက် (ခ့အေ)ထဲကတွေလိုပါဘဲ တော်တော်များတယ်။ ကျွန်တော့် သူငယ်ချင်းတွေကယောကျာင်္းလေးတွေရှိကြသလို မိန်ကလေးတွေလဲ ရှိကြပါသည်။ ဒီလိုပါဘဲ
မြန်မာနိုင်ငံက သူငယ်ချင်းတွေရှိကြသလို အမေရိကာ၊ အင်္ဂလန်၊ ထိုင်ဝမ်၊စင်္ကာပူ၊ အော်စတြေးလျ စတဲ့နိုင်ငံပေါင်းစုံကသူငယ်ချင်းတွေနဲ့လည်းပြောဖြစ်တယ်လေ။ဆော်ဒီအာရေဗျမှာတောင် သူငယ်ချင်းရှိသေးတယ်။
မည်သို့ပင်ဖြစ်စေကာမူအပြင်မှာမမြင်ဘူးပေမဲ့အင်တာနက်ပေါ်တွင်တော်တော်ကို ရင်နှီးခဲ့ကြသည်။ တချို့ဆို ကိုယ့်ညီအကို၊ မောင်နှမလိုဘဲ တော်တော်ကို ရင်နှီးကြတယ်လေ။ ဒီတော့သူတို့ ကြုံတွေ့နေတဲ့ဘ၀အခက်အခဲတွေကိုလည်း ကျွန်တော်ကိုတိုင်ပင်ကြသလို ဘာဆက်လုပ်သင့်သလဲ
ဆိုတာကိုလည်း မေးလေ့ရှိပါသည်။ ဒီတော့ ကျွန်တော့်ဖြတ်သန်းလာခဲ့ရတဲ့ဘ၀ကရလာတဲ့ အတွေ့အကြုံလေးတွေကိုကိုးကားပြီးဘာလုပ်ရင်တော့အဆင်ပြေလိမ့်မယ်ဆိုပြီးအကြံဥာဏ်ပေး ဖြစ်ပါသည်။ ဒီတော့ သူတို့ ပြဿနာတွေထဲကအများဆုံး အဖြစ်များတဲ့ နှလုံးသားရေးရာလေးဘဲ ထုတ်နုတ်တင်ပြလိုက်ရပါသည်။
အပျော်တမ်း ရီးစားထားတယ်ဆိုတာကြာဖူးသလား။‘‘
ရီးစားတစ်ထောင်၊လင်ကောင်းတစ်ယောက်
‘‘ဆိုတဲ့စကားပုံကိုပင်မိန်းကလေးများကတစ်မျိုးတွေးကြသည်။ ရီးစားအယောက်တစ်ထောင်ထား၊ပြီးရင်လင်းေ
ကာင်းတစ်ယောက်ရမယ် ဆိုတဲ့လွဲမှားတဲ့အတွေးတွေ ရှိနေကြသည်။ အမှန်မှာ ရီးစားအယောက် တစ်ထောင်ထားဦးတော့
လင်ကောင်းတစ်ယောက်ရဖို့မလွယ်ဘူးဆိုတာကိုသိသင့်ပါသည်။ တကယ်တမ်းစဉ်းစားကြည့်ရင်တော့ အပျော်ရီးစားထားတယ်ဆိုတာ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ။
မိန်းကလေးတွေ အတွက်ဆိုပိုလို့တောင် မဖြစ်သင့်တဲ့ကိစ္စပါ။ ဘာဘဲဖြစ်ဖြစ်မိန်းမဆိုတာ မိမိကိုယ်ကို ထိန်းသိမ်းနိုင်မှ တော်ရာကြမယ်မဟုတ်လား။
အခုတော့အွန်လိုင်း(သညူငညန)မှာ အပျင်းပြေ ရီးစားထားနေတဲ့ မိန်းကလေးတော်တော်များများကို တွေ့နေရတော့ တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်။ရှေးရှေး
တုန်းက မြန်မာအမျိုးသမီးဆိုတာ
လမ်းလျှောက်ရင်တောင် ဆင်မယဉ်သာ လျှောက်ကြတာလေ။ မိန်းမတို့ဘုန်းဆံထုံဆိုတာလဲ ဒီလိုပါဘဲ။ဒါပေမယ့်ခေတ်ကာလတွေပြောင်းလဲသွားတာကြောင့်ဆင်မယဉ်သာလမ်းမလျှောက်နိုင် တော့ဘူး။ ဆံထုံကိုရှည်ရှည်မထားနိုင်တော့ဘူး။ ဒါတွေကို နားလည်ပေးလို့ ရပေမယ့် အပျော်တမ်း
ရီးစားထားတယ်ဆိုတာတော့ ဘယ်လိုမှကို နာလည်းပေးလို့ မရဘူးလေ။ မိန်းမဣနြေ္ဒလေးကိုတော့ ထိန်းသိမ်းသင့်ပါသည်။ရီးစားအေပ်
ာ်တမ်းထားတဲ့မိန်းကလေးတွေနဲ့ ကျွန်တော်စကားပြောဖူးပါတယ်။ကျွန်တော်အဲ့ဒီမိန်းကလေးကိုဘာလို့ရီးစားတွေအများကြီးထား တာလည်းဆိုပြီး မေးတော့‘‘နားငြီးလို့တဲ့။ ‘‘
‘‘ချစ်တယ်ချစ်တယ်ဘဲ လာလာပြောနေတော့ နားငြီးလာတာနဲ့ချစ်တယ်လို့ပြန်ဖြေလိုက်တယ်တဲ့။
‘‘ကျွန်တော့်က ချစ်သူထားတယ်ဆိုတာအားလုံးကို ချိန်ကိုက်ရတယ်ဆိုတဲ့ အကြောင်းရယ်။ ပြီတော့ နောက်မှအဆင်မပြေဖြစ်ရင် ဘာဘဲဖြစ်ဖြစ် နာမည် ပျက်မည်လို့ပြောခဲ့ပါသေးတယ်။
ဒါပေမယ့် သူပြောပုံလေးက ရှင်းရှင်းလေးပါ။‘‘ကောင်းလေးက ခက်မိုက်မိုက်လေးမဆိုးပါဘူးတဲ့။ ပျက်သွားတော့လည်းဘာဖြစ်လဲအပျင်းပြေထားသာဘဲတဲ့။‘‘ကဲစဉ်းစာ
းကြည့်ပါဦး မြန်မာအမျိုးသမီးလေးချစ်သူရွေးချယ်ပုံက ဒေါင့်စေ့တယ်နော်။ ကိုယ့်ဘ၀ နဲ့ ကိုယ့်သိက္ခာကို
သူတို့မလို့တန်ဖိုးမထားတတ်တယ်။ဘ၀မှာအမဲစက်ကြီးကျန်ခဲ့မယ်ဆိုတာသူတို့တကယ်မသိလို့ လား။ ဒါမှမဟုတ် သိသိကြီးနဲ့ဘဲ ဆက်မိုက်နေတာလားစဉ်းတော့စဉ်းစား စရာတွေကြီးပါဘဲ။ နောင်တ ချိန် သူတကယ် နှစ်သက်တဲ့ယောကျာင်္းလေးနဲ့တွေ့ရင် အဲ့ဒီလူက ဒီမိန်းကလေး ရီးစားဒီလောက်အများကြီးထားခဲ့တယ်ဆိုတာခွင့်လွတ်နိုင်မလား။ ကျွန်တော်တော်တော်လေးစဉ်းစားမိသည်။တချို့လည်း ရှိပါသေးသည်။ အပြင်တွင် လက်ရှိချစ်သူ ရှိနေပါလျှက်နှင့်သစ္စာမဲ့စွာ ချစ်သူ ထားတတ်ကြခြင်းဖြစ်သည်။ တချို့ဆိုလျှင်အပြင်ကချစ်သူကိုပင် အကြောင်း အမျိုးမျိုးပြ၍ စွန့်ခွာကြသည်။
တချို့ဆိုလျှင် အပြင်တွင်မိဘများ သဘောတူထားပြီဖြစ်သည်။ ဘာကြောင့်အဲ့လိုလုပ်တာလဲ မေးတော့ အခုသူချစ်သူက အရင်ချစ်သူထက် အစစအရာရာသာတယ်တဲ့။ကဲစဉ်းစားကြည့်ပါဦး။ တော်တော် ကြောက်စရာ ကောင်းပေသည်။ တစ်ခါတစ်လေစဉ်းစားမိသည် သစ္စာတရားဆိုတာ အစစအရာပြည့်စုံတဲ့လူတွေအတွက်ဘဲလာလို့ပေါ့နော်။ဘာလို့လဲဆိုတော့ယောင်္ကျားလေးဘဲဖြစ် ဖြစ်
မိန်းကလေးဘဲဖြစ်ဖြစ်ကိုယ်ရဲ့ချစ်သူအဖြစ်ရွေးချယ်ကြတော့မယ်ဆိုရင်လူမှာရှိတဲ့အရည်အချင်း တွေကို မကြည့်တတ်ကြတော့ဘူး။ ရုပ်ရည်လှပရဲ့လား။
မိဘတွေကကော ချမ်းသာရဲ့လား။ စသည့် အရေးမပါတဲ့ ရုပ်ဝတ္တု ဥစ္စာတွေကိုကြည့်ပြီး ရွေးချယ်မှုတွေလုပ်ကြတယ်။ နောက်ဆုံးတော့ စိတ်မချမ်းသာစရာတွေဘဲကြုံတွေ့ရတာဘဲလေ။
နောက်ဖြစ်စဉ်လေးတစ်ခုရှိပါသေးတယ်။မိန်းကလေးက စင်္ကာပုကပါ။ သူ့ဘယ်လိုလုပ်သင့်သလဲလို့ ကျွန်တော့်ကို မေးဘူးပါသေးတယ်။ ဖြစ်ပုံကဒီလိုပါ။
ကောင်းလေးနဲ့ကောင်းမလေးအင်တာနက်ချက်ထဲမှာတွေ့ကြတယ်။ ကောင်းလေးရဲ့ဓါတ်ပုံကိုတော့ ကောင်းမလေးကာ မြင်ဖူးတယ်။ ကောင်းမလေးရဲ့ ဓါတ်ပုံကိုတော့ကောင်းလေးကမမြင်ဖူးဘူး။ ဒီတော့ အချိန်တွေကြာလာတော့ သံယောဇဉ်တွေဖြစ်လာတယ်။
ကောင်လေးက ကောင်းမလေး ဖြူသမားမဲသလားဆိုတာ မသိဘဲနဲ့ ချစ်ရေးဆိုတယ်။
တကယ်ချစ်ခဲ့တာပေါ့။ ဘာကြီးဖြစ်ဖြစ် ချစ်မယ်ဆိုပြီ။ နောက်တော့ကောင်မလေးကလည်း သူ့ကိုတကယ်ချစ်သာဘဲနေမှာပါဆြို
ပီးလက်ခံခဲ့တယ်။နောင်ဆုံးကောင်းမလေးရဲ့ဓါတ်ပုံလည်းမြင်ရောကောင်းလေးက ကောင်းမလေးကို
အဆက်အသွယ်မလုပ်တော့ဘူး။ကျွန်တော်လည်းအသက်နိုင်ဆုံးကူညီပြီးကောင်လေးဆီဖုန်းဆက် ပေးပါသေးတယ်။ ဒါပေမယ့် ဘယ်လိုမှကိုကြိုးစားပေးလို့မရခဲ့ဘူး။ စဉ်းစားကြည့်ပါဦးနော်။ လူတွေဘယ်လောက် အပေါ်ယံတွေကိုမက်မောလဲဆိုတာ။ ကောင်းမလေးရဲ့ အတွင်းစိတ်ထား ကောင်းသာလေးတွေကို
သူမကြည့်ဘဲ။ ဘ၀ပေးကုသိုလ်ကံနည်းခဲ့တဲ့ အပေါ်မှာ ဒီကောင်လေးဒီလိုအနိုင်ယူသွားတာတော့ ကျွန်တော် တော်တော်လေး စိတ်နာမိတယ်။ အစထဲကမချစ်နိုင်ဘူးဆိုရင်ဘာလို့ ချစ်တယ်လို့ ပြောခဲ့ရတာလဲ။ နောက် မိန်းကလေးကရိုးသားစွာနဲ့ သူအခြေအနေမှန်ကို ဖော်ပြတော့မှ အဆက်အသွယ်မလုပ်ဘဲဘာလို့နေရတာလဲ။ စဉ်းစားကြည့်ပါ ကိုယ်ချင်းစာကြည့်ပါ။ ဒါမျိုးတွေက
မလုပ်သင့်တဲ့ ကိစ္စတွေပါ။ ဒီတော့ မိမိကိုယ်ကို တန်ဖိုးထားတတ်သလိုသူများကိုလည်း တန်ဖိုးထားတတ်ဖို့လိုသည်။
ဒီလို အပေါ်ယံတွေကို နှစ်သက်ပြီး ချစ်သူအဖြစ်ရွေးချယ်နေကြတဲ့ထဲမှ
ာတစ်ဦးကတော့ ထူးထူးခြားခြား စိတ်ထားကိုကြည့်ပြီး
မှန်ကန်သောရွေးချယ်မှုကိုလုပ်ခဲ့
သည်။ အဲ့ဒီလူကတော့ တခြားသူမဟုတ်ပါဘူး။
ကျွန်တော့်ကို အကိုအရင်း တစ်ယောက်လိုခင်တဲ့ အင်တာနက်ထဲက ညီမလေးပါ။
ကျွန်တော်သူပြောသော စကားလုံးတွေကို ကြားယောင်မိတိုင်း ကျက်သီးထမိသည်။ပြီတော့ လေးစားမိသည်။ အထင်ကြီးမိသည်။ ဘာကြောင့်လည်းဆိုတော့ သူရဲ့ဖြူစင်ရိုးဖြောင့်တဲ့ စိတ်ထားကြောင့်ဖြစ်သည်။ သူက သူနဲ့သူ့ချစ်သူအကြောင်းကို ခဏခဏပြောပြတတ်တယ်။ သူက အမေရိကမှာနေသည်။ သူ့ ချစ်သူ ကောင်လေးကအင်္ဂလန်မှာ ဆန်းတော့ ဆန်းသည်။ သမုဒ္ဒရာတွေ ခြားနေတာ ချစ်သူဖြစ်ရတယ်လို့ဆိုရင် ယုံတောင် မယုံကြည်စရာပါဘဲ။ ဒါပေမယ့် အခုကျွန်တော်ပြောခဲ့တာတွေကတကယ်ဖြစ်ရပ်တွေပါ။ သူမြန်မာနိုင်ငံမှာရှိစဉ်ထဲက သူချစ်သူနှင့်
သူသိခဲ့သည်။ နောက်သူ အမေရိကရောက်တော့ သူ့ ချစ်သူကသူ့ကိုချစ်ခွင့်တောင်သည်။ နောက်ဆုံး သူ့ကိုတကယ်ချစ်ခဲ့တာသေချာမှအဖြေပေးခဲ့သည်ဟုဆိုသည်။ တကယ်တမ်းက ဒါတွေကအရေးအကြီးပါဘူး။ အရေးကြီးပြီးအတုယူချင်စရာလေး တစ်ခုကိုပြောပြပါမည်။ သူက အမှန်တိုင်းဝန်ခံသည်။
သူ့ချစ်သူက သိပ်အချောအလှထဲကမဟုတ်ဟုဆိုသည်။ အစကတော့ စိတ်ညစ်တယ် သူ့ချစ်သူကိုချစ်ရမှာကိုပေါ့နော်။ ဒါပေမယ့်သူ အရမ်းချစ်တယ်တဲ့။သူချစ်သူလောက် သူ့အပေါ်ချစ်တဲ့လူ ဒီကမ္ဘာပေါ်မှာ မရှိနိုင်တော့ဘူးတဲ့။
ဒီတော့သူက ဘာပြောတယ်ထင်လဲ။ ညီမကတဲ့ ညီမချစ်သူဓါတ်ပုံလေးဆိုရင် နံနက်ထရင်တစ်ခါကြည့်တယ်။ ကျောင်းကပြန်လာရင် တစ်ခါကြည့်တယ်။ အိပ်ယာဝင်ခါနီးရင်
တစ်ခါကြည့်တယ်တဲ့ပြီတော့ဒါငါ့ချစ်သူလေးပါလားဆြို
ပီးပီတိလဲဖြစ်တယ်တဲ့။နောက်ကြာလာတော့ သူချစ်သူလေးကို အလှဆုံးလို့တောင်ထင်လာတယ်တဲ့။ ပြီးတော့သူချစ်သူထက် အစ၁၀၀ လှတဲ့သူ သူ့ကို ချစ်ခွင့်တောင်ခဲ့မယ်ဆိုရင်တောင်သူစိတ်မယိုင်သွားဘူးတဲ့။ ကဲ စဉ်းစားကြည့်နော်။ ဘယ်လောက်သစ္စာရှိတဲ့မိန်းကလေးလဲ။ ဖြူစင်တဲ့မိန်းကလေး တစ်ယောက်လဲ။ ခုထိသူတို့
အစဉ်ပြေနေကြတုန်းပါဘဲ။သူတို့နှစ်ယောက်လက်ထက်ဖို့ပြင်ဆင်နေကြပြီလေ။ဒီတော့စဉ်စားစေ ချင်ပါသည်။ အချစ်သည် ရုပ်ပိုင်းဆိုင်ရာနှင့် ဓနဥစ္စာပေါ်မှာအခြေခံမှာလား။ စိတ်ချမ်းသာမှုနဲ့ သစ္စာတရားပေါ်မှာ အခြေခံမှာလာဆိုတာသေချာခွဲခြားသိစေချင်ပါသည်။ ထို့ကြောင့် စိတ်ချမ်းသာမှု လိုချင်ရင်တော့
သစ္စာတရားနဲ့ အခြေခံတည်ဆောက်မှဖြစ်ပါမည်။ချစ်သူတို့ ဘ၀တသက်တာမှာ အချစ်ခိုင်မြဲဖို့ သစ္စာရှိဖို့လိုအပ်ပါသည်။အချစ်ကိစ္စတွင် အခုချစ်လိုက် အခုမုန်းလိုက်။ တစ်ယောက်နှင့် အဆင်မပြေလို့နောင်တစ်ယောက်ပြောင်ချစ်ဖို့ မလုပ်သင့်ပေ။ တစ်ခါချစ်မိလျှင် တသက်တာ
ချစ်မိဖို့ ရည်ရွယ်ရမည်။ အချစ်ကို ပျော်ပါးစရာ ကာလအခိုက်အတန့်အားဖြင့်စိတ်သာယာမှုရရန် မလုပ်သင့်ပေ။ မိန်းကလေးများ အတွက်ဆို ပို၍ပင်အရေးကြီးပါသည်။ မိန်းကလေးတွေ၏ ချစ်သူအပေါ်ယုံကြည်မှု ကိုယ်စားမှုသည်တစ်ခါတစ်ခါ အဆိပ်ဖြစ်တတ်သည်။ ထို့ကြောင့် သမီးရည်းစားဘ၀တွင်မိန်းကလေး၏စိတ်လွင့်မှုနှင့်ယောကျာင်္လေး၏ စိတ်လိုကြောင့်အမှောက်အမှားများဖြစ်တတ်သည်။ ထိုအခါနစ်နာရမည်သူမှာ မိန်းကလေးပါ။ လူယုတ်မာသစ္စာမဲ့သူတစ်ဦးကြောင့်အချစ်ကိုယုံစားမိသောမိန်းကလေးသည်ဘ၀ပျက်နိုင်ပါသည်။ အွန်လိုင်း(သညူငညန)တွင်လည်းချစ်သူများစိတ်မထိန်းနိုင်ဝပ်ကမ်ပြ၍အလွန်အကျွံဖြစ်ခဲ့သည်များ လည်းရှ
ိသည်။
မည်သို့ပင်ဖြစ်စေကာမူ အင်တာနက် နှင့် အပြင်လက်တွေ့ ဘ၀သည်အတူတူပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်လူစိတ်ဓါတ်ကိုမျက်ဝါးထင်ထင်တွေ့နိုင်သောကြော
င့်ဖြစ်သည်။ ထို့ကြောင့် အင်တာနက်(သညူငညန)အွန်လိုင်းတွင်ရော အပြင်လောကတွင်ရော တတ်နိုင်သမျှ စိတ်ထိန်းရန်
လိုအပ်ပါသည်။ဒီနေရာမှာ‘‘ယောကျာင်္းကောင်းမောင်
းမတစ်ထောင်‘‘ဆိုသည့်စကားပုံလေးကို
ရှင်းပြချင်ပါသည်။ ယောင်္ကျားကောင်းဟာ မိန်းမတစ်ထောင်ယူရမှာ မဟုတ်ပါဘူး။အမှန်က ယောင်္ကျားကောင်းယောကျာင်္းမြတ်ဟာအလုပ်လုပ်ရင်မိန်းမတွေအယောက်တစ်ထောင်အလုပ်လုပ် သည်နှင့်ညီသည်။တနည်းဆိုရလျှင်ယောကျာင်္းကောင်း၊ယောကျာင်္မြတ်သည်မိန်းမအယောက်တစ် ထောင်အားရှာဖွေကျွေးမွေနိုင်သည့် စွမ်းရည်ရှိသည်ဟု ဆိုနိုင်သည်။ယောကျာင်္းကောင်းဟာ
မိန်းမတစ်ထောင်ယူလို့ ရသည်ဟူသော လွဲမှားသည့် အတွေးအခေါ်မျိုး မ၀င်သင့်ပေ။ထို့ကြောင့် မိန်းကလေးတွေ အနေဖြင့် မိမိရွေးချယ်ကြိုက်နှစ်သက်ရမည့်
သူသည်ယောကျာင်္ကောင်း မောင်းမတစ်ထောင် ယောကျာင်္းမျိုး မဟုတ်ခဲ့ရင်တောင်မှမိမိအပေါ်သစ္စာရှိရှိချစ်နေမည့် ချစ်သူဖြစ်သင့်သည်။မိမိချစ်သူသည်စာရိတ္တကောင်းမကောင်းသူ၊ ယုတ်မာရက်စက်သူ၊ ရာဇ၀တ်မကင်းသူ၊နောက်ကြောင်းမရှင်းသူ၊ မလွတ်မလပ်သူ မဖြစ်ရန်လိုအပ်သည်။ ထို့ကြောင့်
ချစ်သူဖြစ်ထိုက်၊ ရွေးထိုက်သော ချစ်သူ၏ ပဓာနဂုဏ်ရည်သည် မည်သည့်အရာဖြစ်သည်ကို စဉ်းစားသင့်သည်။ရုပ်ရည်ရူပကာ၊စည်စိမ်ဥစ္စာကအဓိကလား။စာရိတ္တကောင်းပြီးအရည်အချင်းရှိရမှာ အဓိကလားဆိုတာစာဖတ်သူတို့ကိုယ်တိုင် ခွဲခြားစေချင်ပါသည်။ထို့ကြောင့် စာဖတ်သူများ အနေဖြင့် အယောင်ဆောင် ချစ်သူကို ချစ်နေမည့် အစားတကယ့်အရည်အချင်းရှိသော သစ္စာရှိသော ချစ်သူများ ရရှိနိုင်ပါစေလို့ဆန္ဒပြုလိုက်ပါသည်။




0 comments:

Post a Comment

thank you for your comment