လူ့ဘ၀ဟာ ပေါင်းပင်လိုပဲ
အကောင်းမြင်နေရုံနဲ့ မပြီးပါ-တဲ့။

အရှုပ်အထွေး
အပုပ်အဆွေး တွေလဲ
ရှိသေးတယ်ဆိုတာ အသိအမှတ် ပြုရမှာပေါ့-တဲ့။

မှန်တာပေါ့ အဆွေ
လောဘမြေ ဒေါသမြေမှာ စိုက်တဲ့အပင်
ဘယ်သန့်စင် နိုင်ပါ့မလဲ။

ဒါပေမယ့်-လူဆိုတဲ့ အံ့စရာသတ္တ၀ါမှာ
ဥာဏ်ဆိုတာ ပါလာတယ်လေ။
သူက ကောင်းဆိုးနှစ်တန်
အမှားနဲ့ အမှန်
ဝေဖန်ပိုင်းခြား နိုင်တယ်လေ။

ဒီတော့ သူ့အမှား သူပြင်
သူ့ကိုယ်သူ သန့်စင်မှာမို့
အကောင်းမြင် မြင်မိခြင်းပါ။

လူကို အထင်သေးလို့ မရပါချေ။ ။

မူရင်း-တင်မိုး၏ ကဗျာပေါင်းချုပ် စာအုပ်ထဲမှတစ်ဆင့်

0 comments:

Post a Comment

thank you for your comment