ဝါကျွတ်အမှီ........................အစွံထုတ်ရန်ရှိသည်........။
တစ်ခုသောအခါက ကျွန်ုပ်သည် ခုနှစ်ရက်သားသမီးများအကျိုးအတွက် အဓိဌာန်ဝင်မည်ဟုလူကြားကောင်းအောင် သတင်းလွှင့်ပြီး မြို့ အစွန်အဖျားတွင်ရှိသော စေတီတစ်ဆူ၏ ဇရပ်သို့ သွားကာ ကောင်းကောင်းနှပ်နေသော အခါသမယတွင်ဖြစ်သည်။
နေ့ လည်စာစားပြီး အိပ်နေသော နေ့ ခင်းတစ်ခုတွင် ကျွန်ုပ်၏ အိပ်မက်ထဲသို့ မကြာသေးမီက ဘ၀တစ်ခုသို့ transfer လုပ်သွားသောကျွန်ုပ်၏မိတ်ဆွေဟောင်းတစ်ဦးဖြစ်သည့် ဘိုးတော်ယောင်ယောင် ဇော်ဂျီယောင်ယောင်
ဟိုယောင်ယောင် သည်ယောင်ယောင်နှင့် အားတိုင်းဖိုထိုးနေလေ့ရှိသော ထွန်းဇော်ဦးသည်ဘိုးတော်တွေ ၀တ်ဆင်လေ့ရှိသော ပိတ်ဖြူဝတ်စုံ တစ်ပတ်နွမ်းကို ၀တ်ဆင်လျှက်
ညောင်နာနာနှင့် ရောက်လာလေသည်။
ကျွန်ုပ် ရုတ်တရက် မမှတ်မိဘဲ ရှိနေစဉ် သူကစတင်၍*

*TZO* ဟေ့ကောင်.... ငါ့ကို မမှတ်မိဘူးလားကွ.....ငါ..... ထွန်းဇော်ဦးလေ.......
*ME* ဟာ.......သူငယ်ချင်း......မှတ်
မိပြီ.....ဒါနဲ့ .....မင်းကသေသွားပြီ
မဟုတ်လားကွ.....မင်းအသုဘတုန်းကေ
တာင်
ငါဖဲလာရိုက်တာ ငွေ ၄၀၀၀၀ လောက်ရှုံးသွားသေးတယ်လေ......ဒါ
နဲ့ 
ငါလည်းအိမ်ပြန်ခါနီး မင်းအခေါင်းကိုပုတ်ပြီး
သေတာတောင် အကျိုးမပေးတဲ့ကောင်လို့  ပြောခဲ့သေးတာ.......
ဘာလဲ.....မင်းကအဲဒါကိုမကျေနပ်လိ
ု့ 
အခုလာတာလားကွ.......ဟေ
*(ခေတ်လူငယ်များမြင်ဖူးစေရန် ကျွန်ုပ်ထံတွင် ရှိသော အနှီ ထွန်းဇော်ဦး(ယခု သူ
့ကိုယ်သူ ဘိုးတော်ဟုဆိုသော)၏ပုံကို ဖော်ပြလိုက်ပေသည်။ ဤကား စကားချပ်တည်း။)*

*TZO* အာ......မဟုတ်ပါဘူးကွ.........
ငါ က အသေထွက်...
ထွက်သွားတာကွ...........အခု ငါ ဘိုးတော်ဖြစ်နေပြီလေ..

*ME* ဘာအသေထွက်လဲကွ.........မင်းဖို
ထိုးရင်း အမောဆို့ လို့ ပါးစပ်ဟပြီး
အသက်ရှုနေတုန်းနေတုန်း
ခေါင်မိုးထုပ်တန်းက အိမ်မြှောင်ဥ ပါးစပ်ထဲ ပြုတ်ကျပြီး
အသက်ရှုကျပ်သေတာကိုများ...ဟင်း ဟင်း

*TZO* အာ.....အိမ်မြှောင်ဥမဟုတ်ဘူးကွ.
....... အထက်က ငါ့ကို ချီးမြှင့်တဲ့
ပုလဲအမြုတေလိုတရ ဓါတ်လုံးဟ.........
အဲဒီတော့ ငါက ဓါတ်လုံးငုံပြီး ထွက်သွားတာ.......မင်းတို့ လို
နလပိန်းတုံးတွေကတော့ ဘယ်သိပါ့မလဲဟ.....
အဲဒါ အသေထွက်လို့ ခေါ်တယ်ကွ..... မသေမချင်းမှတ်ထား.........

*ဟုစိတ်ဆိုးမာန်ဆိုးဖြင့် ပြောလေသည်။ ထိုအခါ ကျွန်ုပ်က*

*ME* ကဲ........ထားပါတော့ကွာ.....ဒါ
နဲ့  *အထက်က* ဆိုတာက
ဘာလဲကွ.......ရှင်းစမ်းပါဦး...
.

*TZO* *အထက်က* ဆိုတာ ငါ့ဆရာတွေကိုပြောတာဟ....... ဘိုးဘိုးဂျေတို
့.......ဘိုးဘိုးနီတို့ .......
ဘွားတော်အေးတို့ ကို ပြောတာ..........

*ME* အေး......အေး......ရှိစေတော့...
.. အခုလာတဲ့အကြောင်းရင်းကို
ပြောပါဦး........

*TZO* အကြောင်းကတော့ကွာ......လူ့ ဘ၀တုန်းက မင်းကို ကလေးအဖေဆိုပြီးတော့
ငါလျှောက်ပြောခဲ့တာ...
မင်းမှတ်မိလား........

*ME* အား.......မမှတ်မိဘဲနေမလားကွ...
......အဲဒါကတော့ သေတာတောင်
မမေ့ဘူးကွ.....ငါ့မှာ လူပျိုကြီးဖြစ်ကြောင်း မနည်းပြန်လိုက်ရှင်းခဲ့ရတာ.....
တောက်.....ပြန်စဉ်းစားတိုင်း မင်းကို ဒေါသထွက်တယ်ကွ.........ဟင်း

*TZO* ငါတောင်းပန်ပါတယ်ကွာ...... အခုငါလည်းအဲဒါကြောင့်
ဒုက္ခရောက်နေတာ...ငါ့အထက်ဆရာတွေ
က........
အဲဒီအကြွေးကြေမှ အဆင့်တက်ပေးမယ်လို့  ပြောလို့ ကွ.......

*ME* အဲဒီတော့......

*TZO* အဲဒီတော့ ငါက မင်းကို ယတြာတစ်ခု လက်ဆောင်ပေးပြီး တောင်းပန်ရအောင်
လာတာပါ......

*ME* ဘာယတြာလဲကွ.......

*TZO* အိမ်ထောင်ဖက်ရှာတဲ့ယတြာလေ......
.စွံအောင်လုပ်တဲ့ ယတြာပေါ့ကွာ.......

*ME* မင်းဟာက ဟုတ်ပါ့မလားကွ.......

*TZO* အာ........ဘိုးတော်ဂျေ ကိုယ်တိုင်
ငါ့ကိုပေးလိုက်တာကွ........သက်ေ
သပြစရာလည်းရှိပါတယ်ကွ.........
မင်း ငါတို့ ရွာကိုလိုက်လည်တုန်းက တွေ့ တဲ့
ဘကြီးကြိုင်ကိုမှတ်မိလားလား....
..... မိန်းမ ၃ ယောက်.........
ကလေး ၁၀ ယောက်..........မြေး ၂၃ ယောက်........မြစ် ၅၄ ယောက်ရှိတဲ့
အဘိုးကြီးလေကွာ.........

*ဟု၎င်းက ပြောလေလျှင် ကျွန်ုပ်၏ မှတ်ဥာဏ်တွင် ထို ဘကြီးကြိုင် ဆိုသော
အဖိုးကြီးအကြောင်းကို ပြန်အမှတ်ရမိလေသည်။






0 comments:

Post a Comment

thank you for your comment