စကားပြောသူု - အမျိုးအစား ( ၃ ) မျိုး
( ၁ ) မစင်ကဲ့သို့ မကောင်းသောအနံ့ရှိသောစကားကိုဆိ
ုတတ်သော ပုဂ္ဂိုလ်
( ၂ ) ပန်းကဲ့သို့ ကောင်းသောအနံ့ ရှိုသော ။

( ၃ ) ပျားကဲ့သို့ချိုသောအရာသာရှိ သော ။


( ၁ ) လောက၌ ပွဲသဘင် ၌လည်းကောင်း ၊ ပရိသတ်အလည်၌လည်းကောင်း ၊ ဆွေမျိုးတို့အ
လယ်၌သော်လည်းကောင်း ၊ အသင်းအပင်းအလယ်၌သော်လည်းကောင်း ၊ မင်းမျိုးတို့အလယ်၌
သော်လည်းကောင်း ၊ တည်နေသောအချို့သောပုဂ္ဂိုလ်ကို ခေါ်ဆောင်၍ ` အချင်းယောက်ျားလာ
လော့ ၊ သင်သိသည်ကိုပြောပါလော့ ´ ဟုသက်သေအရာ၌ထား၍မေးအပ်၏ ။ ထိုသူသည် မသိ
သည်ကိုသိ၏ဟုလည်းကောင်း ၊ သိသည်ကိုမသိဟုလည်းကောင်း ၊ မမြင်သည်ကို မြင်၏ဟု
လည်းကောင်း ၊ မမြင်သည်ကိုမြင်၏ဟုလည်းကောင်း ၊ ဤသို့မိမိအကြောင်းကြောင့်သော်
လည်းကောင်း ၊ သူတစ်ပါးအကြောင်းကြောင့်သော်လည်
းကောင်း ၊ တံစိုးလက်ဆောင် ၊
အစားအစာဟူသော အကြောင်းကြောင့်သော်လည်းကောင်း ၊ သိလျှက် မမှန်သောစကားကို
ပြောဆို၏ ။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို မစင်ကဲ့သို့မကောင်းသောအနံ့ရှိေ
သာစကားကိုဆိုတတ်
သော ပုဂ္ဂိုလ်ဟုဆိုအပ်၏ ။
( ၂ ) ---------အမှန်ပြောသူ ------------ပန်းကဲ့သို့------
--------------၏ ။
( ၃ ) ရဟန်းတို့ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည်ကြမ်းတမ်းေ
သာစကားကိုပယ်၍ ၊
ကြမ်းတမ်းသောစကားမှရှောင်ကြဉ်၏ ၊ အကြင်စကားသည် အပြစ်ကင်း၏ ၊ နားချမ်းသာ၏ ၊
နှစ်လိုဖွယ်ရှိ၏ ၊ နှလုံးသို့သက်၏ ၊ ယဉ်ကျေး၏ ၊လူအများနှစ်သက်၏ ၊
လူအများနှစ်ခြိုက်၏ ၊
ထိုသိုသဘောရှိသောစကားကိုဆို၏ ၊
ရဟန်းတို့ ဤပုဂ္ဂိုလ်ကို
ပျားကဲသို့ချိုသောစကားကိုပြောဆိ
ုတတ်သောပုဂ္ဂိုလ်ဟုဆိုအပ်၏ ။

အင်္ဂုတ္ထိုရ် ၊ ဂူထဘာဏီသုတ် ၊

အချင်းအချင်းစကားပြေုာသော်
ရဟန်းတို့ အတူပြောဆိုခြင်းဖြင့်စင်ကြယ်ြ
ခင်းကိုသိနိုင်၏ ၊
ထိုစင်ကြယ်ခြင်းလည်း ကြာ
မြင့်မှသာသိနိုင်၏ ၊ ခဏတဖြုတ်ဖြင့်ကားမသိနိုင် ၊ နှလုံးသွင်းသူသာသိနိုင်၏
၊ နှလုံးမသွင်း
သူကားမသိနိုင် ၊ ပညာရှိသူသာသိနိုင်၏ ၊ ပညာမရှိသူကားမသိနိုင် ၊
ရဟန်းတို့ ဤလောက၌ ပုဂ္ဂိုလ်အချင်းချင်း အတူပြောဆိုသည်ရှိသော် ဤအရှင်သည်တစ်
ယောက်ချင်းချင်းတစ်မျိုးပြော၏ ၊ နှစ်ယောက်သောသူတို့နှင့်တစ်မျို
းပြောပြန်၏ ၊
သုံးယောက်သောသူတို့နှင့်တစ်မျို
းပြောပြန်၏ ၊
များစွာသောသူတို့နှင့်တစ်မျိုးေ
ပြာပြန်၏ ၊
ဤအရှင်သည် မစင်ကြယ်သောစကားရှိ၏ ၊ ဤအရှင်သည်စင်ကြယ်သောစကားရှိသည်
မဟုတ်
ဟုသိ၏ ။
ဤအရှင်သည် တစ်ယောက်ချင်းချင်းပြောဆိုသကဲ့
သို့ပင်နှစ်ယောက်သောသူနှင့်လည်း
နည်းတူပြောဆို၏ ၊ သုံးယောက်သောသူတို့နှင့်လည်းနည်
းတူပြောဆို၏ ၊ ဤအရှင်သည် ရှေး
စကားမှနောက်စကားသို့မပြောင်း ။ ဤအရှင်သည်စင်ကြယ်သောစကားရှိ၏ ၊ ဤအရှင်သည်
မစင်ကြယ်သောစကားရှိသူမဟုတ် ဟု သိ၏ ။
အဂုင်္တ္ထိုရ်
၊ မဟာဝဂ္ဂဋ္ဌာနသုတ် ။

သူမြတ်တို့မပြတ်ပြောဆိုရာသော
စကား ( ၁၀ ) ပါး
( ၁ ) အလိုနည်းမှုနှင့်စပ်သောစကား
( ၂ ) ရောင့်ရဲမှုနှင့်စပ်သောစကား
( ၃ ) ကင်းဆိတ်မှုနှင့် ။
( ၄ ) မရောနှောမှုနှင့် ။
( ၅ ) ၀ီရိယအားထုတ်မှုနှင့် ။
( ၆ )သီလနှင့် ။
( ၇ )သမာဓိနှင့် ။
( ၈ )ပညာနှင့် ။
( ၉ )လွတ်မြောက်မှု အရဟတ္တဖိုလ်နှင့် စပ်သောစကား
(၁၀)လွတ်မြောက်မှုကိုဆင်ခြင်သော ဥာဏ်အမြင်နှင့်စပ်သောစကား
အင်္ဂုတ္ထိုရ်

စကားကြီး ( ၁၀ ) ခွန်း
( ၁ ) ရေကူးညာတင်စကား
( ၂ ) ကောက်ပင်ရိပ်လှီးစကား
( ၃ ) ရေစီးဖောင်ဆန်စကား
( ၄ ) အိုးတန်ဆန်ခပ်စကား
( ၅ ) ဆီပွတ်ကျည်ပွေ့စကား
( ၆ ) ဆင်ဝှေ့ရန်ရှောင်စကား
( ၇ ) တောင်သူယာခုတ်စကား
( ၈ ) ကြက်ဆုတ်ခွပ်ပစ်စကား
( ၉ ) ရေစစ်ကရားစကား
(၁၀)ခက်တင်မောင်းနင်းစကား
( အဓိပ္မါယ် သည် စာအုပ်တိုင်းလိုလို
ပါရှိ၍ မရေးတော့ပြီ )

0 comments:

Post a Comment

thank you for your comment