အမြဲပဲ နိမ့်ရာကနေ မြင့်ရာကို စလျှောက်ရတယ်။
ခြေတစ်လှမ်း လှမ်းတိုင်း နောက်တစ်လှမ်းဟာ အရင်တစ်လှမ်းထက် ပိုခက်ခဲနေတတ်တယ်။
အမြင့်ကိုရောက်လေ တည်ငြိမ်ဖို့ ခက်လေဖြစ်တယ်။
သင့်ကိုယ်သင် အမြင့်ကို ရောက်နေပြီလို့ ထင်တဲ့အချိန်ဟာ
ကုန်းအဆင်းကို သင် စဆင်းနေပြီဖြစ်တယ်။
သင်အကြိမ်ကြိမ် တွေဝေပြီးမှ သတိပြုမိလိမ့်မယ်။
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သင်ခံစားမိလိမ့်မယ်။
အဲဒီလို အမြင့်ဆုံးမှာ ရပ်နိုင်ဖို့ သင့်မှာ တစ်ခြားနည်းတစ်ခု ရှိသေးတယ်။အဲတာကတော့ ဆီးဆော့ရဲ့တစ်ဖက်မှာ သင့်ကို တောင့်ခံ(အားပေး) တဲ့လူ ရှိဖို့ပဲ...
အဲဒီလူတွေက သင့်မိသားစု၊ သင့်ချစ်သူ ဒါမှမဟုတ်
သင့်ရဲ့ ပြိုင်ဖက်လဲဖြစ်နိုင်တယ်။
0 comments:
Post a Comment
thank you for your comment