အောင်မြင်လိုလျင်အချက်(၄)ချက်ကု
ိ အရင်ကြည့်ရအောင် --

(၁) စဉ်းစားပါ--
ဘာကိုစဉ်းစားရမှာလဲ ?
အခုငါဘယ်ဘ၀ရောက်နေတာလဲ ? အခုငါသုံးနေတဲ့ငွေဟာ ငါ့ဘ၀နဲ့ကိုက်ရဲ့လား?
ငါ့အလုပ်ဝင်ငွေနဲ့ကိုက်ရဲ့လား? ငါ့ဘ၀နဲ့သင့်တော်ရဲ့လားဆိုတာကို
ပေါ့၊


(၂) ကြိုးစားပါ --
ကိုယ်လုပ်နေတဲ့အလုပ်ကို ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ
ကိုယ်လုပ်ရတဲ့အလုပ်ကို ကြိုးကြိုးစားစားလုပ်ရတယ်၊
ကိုယ်တတ်နိုင်သလောက်ပေါ့ ၊ ကိုယ်ကသူများဆီမှာလုပ်ရသည်ဖြစ်ေ

ကိုယ်ပိုင်ဖြစ်စေ ကြိုးစားဖို့လိုအပ်တယ် အဓီကကတော့
သူများအလုပ်ဆိုရင်ပိုပြီးတော့အေ
ရးကြီးတယ်၊( ကြိုးစားသူအတွက်အခွင့်ရေးဟာ
မလွဲမသွေရောက်လာမဲ့ အရာပါပဲ )


(၃) ယုံကြည်အောင်နေပါ --
ကိုယ်ကအလုပ်သမားဖြစ်ဖြစ် အလုပ်ရှင်ဖြစ်ဖြစ် ကိုယ့်ရဲ့အကြီးအကဲ
ကိုယ့်လက်အောက်ငယ်သားတွေရဲ့ယြုံ
ကည်မှုကို ရဖို့လိုအပ်တယ် အဓိက၊ကတော့
ကိုယ်စိတ်ကိုကိုယ်က ယုံကြည်နေဖို့လိုအပ်တယ် အလုပ်ရှင်အများစုဟာ
ယုံကြည်မှုတွေနဲ့ပဲတည်ဆောက်တာမျာ
းတယ် ဒါကြောင့် ကိုယ်ရဲ့ ဂတိကို
မဖျက်ဆီးပါနဲ့ ကိုယ်မပေးနိုင်တဲ့ဂတိကိုလည်း မပေးနဲ့
ပေးပြီး၇င်လည်းတည်အောင်လုပ်ဖို့
အေ၇းကြီးတယ် ဒါမှယုံကြည်မှာလေ ၊


(၄) မျက်နှာထားကို ပြင်ပါ -
ကံ ခြင်းတူလျှင် ဥာဏ်ရှိသူက အမြဲအနိုင်ရတယ်၊ဥာဏ်ခြင်းတူလျှ
င် ၀ိရိယရှိသူက
အမြဲအနိုင်ရတယ်၊ ၀ီရိယရှိသူခြင်းတူလျှင် စည်းကမ်းရှိသူက အမြဲအနိုင်ရတယ်၊
စည်းကမ်းရှိသူဖြင်းတူလျှင် စေတနာရှိသူက အမြဲအနိုင်ရတယ်၊
စေတနာရှိသူခြင်းတူလျှင် ရိုးသားဖြောင့်မတ်သူက အမြဲအနိုင်ရတယ်၊
ရိုးသားဖြောင့်မတ်သူခြင်းတူလျှ
င် အပြောချိုသာသူက အမြဲအနိုင်ရတယ်၊
အပြောချိုသာဖို့ဆိုရင် မိမိမျက်နှာအများကြီးမူတည်တယ်လေ
ချိုသာတဲ့မျက်နှာနဲ့ပြောဆိုဆက်
ဆံရင်(50%)က အလိုလို အောင်မြင်ပြီးသားပါ။

အလုပ်လုပ်နေတဲ့လူဟာ ကျရှုံးသည်ဖြစ်စေ ၊ အောင်မြင်သည်ဖြစ်စေ ၊
ဂုဏ်ယူနေရမယ်၊ ကျရှုံးမှာကြောက်လို့ အလုပ်ကို မလုပ်တော့ဘူးဆိုရင်
ဘာမှလဲဖြစ်လာမှာမဟုတ်ဘူးလေ ၊ ´´သစ်ပင်မြင့်လေ လေတိုက်ခံရလေ´´ တဲ့
လေဆိုတဲ့လောကဓံကို ကြောက်နေရင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတာ
ပေါ်လာမှာမဟုတ်တော့ဘူးလေ ၊ လောကဓံကို ခံနိုင်အောင်မွေးမြူရမယ် ၊
ကိုယ်ကျရှုံးခဲ့ရင်တောင် ဘာတွေပဲရှုံးရှုံး အဲဒီအရှုံးထဲက အမြတ်ကို
ရှာဖွေတတ်ရမယ်လေ ၊ ကိုယ်လုပ်လိုက်တဲ့အမှား ကဘာလဲ နောက်တခါ
ဘယ်လိုမမှားအောင်လုပ်ရမလဲဆိုတာ
ကို လေ့လာနေရမယ် ဘာကြောင့်လဲဆိုတော့
အရှုံးဆိုတာ အမြဲမှ မဟုတ်တာ ရှုံးတယ်ဆိုတာ အများအားဖြင့်ငွေကြေးပါပဲ၊
ဒါကြောင့်စိတ်ဓာတ်မကျပါနဲ့ ၊ စိတ်ဓာတ်ကျတယ်ဆိုတာ လူညံ့တွေအလုပ်ပါ ၊
ငွေကြေးရှုံးတယ်ဆိုတာ အသေးအမွှားပါပဲ ငွေကြေးဆိုတာပြန်ရှာလို့ရတဲ့အရာ
ပဲလေ ၊
အဓိက ကတော့စိတ်ဓာတ် မကျဖို့ပဲ စိတ်ဓာတ်ကျရင်တော့ မင်းဘ၀ဟာ
ရေစုံမျောပြီသာမှတ်တော့ ၊ ဒီဂရီတွေရသည်ဖြစ်စေ မရသည်ဖြစ်စေ အခုလောလောဆယ်
ဘယ်လောက်အောင်မြင်နေသည်ဖြစ်စေ စိတ်ဓာတ်သာကျနေရင် အဲဒီလူရဲ့ဘ၀ဟာ
လုံးဝဆုံးရှုံးနေပြီလေ ၊ ကိုယ်ကစိတ်ဓာတ်ကျနေရင်
ကိုယ်စိတ်ဓာတ်ကျနေသည့်အတွက် ကိုယ်မှာစိတ်ချမ်းမှုဆိုတာ ဘယ်တော့မှ
မဖြစ်နိုင်တော့ဘူး ၊ ငွေကြေးအောင်မြင်ဖို့ဆိုရင် ကိုယ့်စိတ်ကို
ကြည်နေဖို့လည်းအရေးကြီးတယ်လေ။

လူ့ဘ၀ဆိုတာ
(၁) စိတ်ချမ်းသာဖို့
(၂) စိတ်ချမ်းသာဖို့
(၁) စိတ်ချမ်းသာဖို့


ကိုယ်စိတ်ချမ်းသာနေရင် ကိုယ်လုပ်တဲ့အလုပ်ကလဲ အဆင်ပြေနေမှာပဲလေ
အဆင်ပြေမှလဲ စိတ်ကချမ်းသာမှာမဟုတ်လား ? ဘ၀ဆိုတာက တစ်ခါတလေ
အရမ်းကိုပျင်းစရာကောင်းတယ် ကိုယ်ဖြစ်ချင်တာတွေမဖြစ်
လုပ်ချင်တာတွေမလုပ်ရနဲ့ပေါ့ ဒါပေမဲ့လူရယ်လို့ဖြစ်လာရင်
တာဝန်ဆိုတာလဲရှိစမြဲ မဟုတ်လား ? ကိုယ်ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ
ကိုယ်လုပ်နေတဲ့အလုပ်ကိုတော့ အောင်မြင်အောင်လုပ်ရမှာဟာ လူ့ဘ၀ရဲ့တာဝန်ပါပဲ
၊ ဒါကြောင့်ကိုယ်လုပ်ချင်တာမလုပ်
ရရင်
လုပ်ရတဲ့အလုပ်ကိုအကောင်းဆုံြး
ဖစ်အောင်ကြိုးစားရမယ်လေ

ဒါဟာလူ့အရည်အချင်းပဲပေါ့ ၊ အရေအတွက်တွေဘယ်လောက်များ များ
အရည်ချင်းမရှိလျှင် အဲဒီလူရဲ့ဘ၀ဟာ အောင်မြင်ဖို့မလွယ်ပါဘူး ၊
နောက်ပြီးစိတ်ဓာတ်ကိုလဲ မာကြောအောင်လေ့ကျင့်ကြရမယ် ၊ ဥပမာပြောရရင်
သူ့အလိုလိုရှိနေတဲ့ (အပေါက်မရှိတဲ့) သစ်သားတစ်ခုဟာ သူထက်မာကြောတဲ့သံ
နဲ့တွေ့လျှင် နေရာဖယ်ပေးကြရတယ် အဲဒါဟာဘာကိုပြသလဲဆိုရင်
မာကြောတဲ့အရာနဲ့တွေ့ရင် ပျော့ပြောင်းတဲ့အရာတွေဟာ
အလိုလိုနောက်ဆုတ်ပြီးသားဖြစ်သွာ
းကြတယ်မဟုတ်လား? ဒါဟာလောက နိယာမပဲလေ ၊

နောက်ပြီးဘယ်လိုလူမျိုးဟာ ကိုယ်အပေါ်ကောင်းတယ် အထောက်အပံ့ရတယ်ဆိုတာကိုလည်း
ဝေဖန်ပိုင်းခြားတတ်ရမယ် တစ်ခါတစ်လေ ကိုယ်ရဲ့အကြီးကျယ်ဆုံးရန်သူဟာ
ကိုယ်နဲ့အနီးဆုံးလူဖြစ်နေတတ်တယ်

ကိုယ်နဲ့အနီးဆုံးလူကြောင့်ကိုယ်
့ဘ၀တိုးတတ်နိုင်သလို ကိုယ်ဘ၀ကို
တစ်စစီချိုးဖျက်မဲ့သူလည်းဖြစ်နိ
ုင်တယ်လေ၊ မြန်မာစကားပုံကတော့
``ကျွန်ယုံတော့ တစ်ဖက်ကန်း သားသမီးယုံတော့ စုံလုံးကန်း´´
အဲဒါကိုယ်ပတ်ဝန်းကျင် ကိုယ်အနှီင်္းအနားမှာ ရှိတဲ့သူကပဲ ကိုယ်ဘ၀ကို
ဖျက်ဆီးနိုင်တယ်ဆိုတာပဲ ဒါကြောင့်ကိုယ့် ကိုယ်ကိုပဲ ယုံကြည်ဖို့လိုတယ်
တစ်ခါတစ်လေ အကောင်းဆုံးသူငယ်ချင်းတွေကြောင်
့ကိုယ့်ဘ၀ပြောင်းလဲတတ်ပါတယ်
ဒါပေမယ်အဲဒါဟာ အထောက်ပံ့မျှသာပါပဲ အဓိကကတော့ ကိုယ်ဟာကိုကြိုးစားရမှာပဲလေ
သူငယ်ချင်းဆိုတာအကောင်းအဆိုးကို
ပဲ မျှဝေခံစားပေးလို့ရတယ် အဓိကကတော့
ကိုယ်သာကိုပဲမဟုတ်လား? ကိုယ်အောင်မြင်၇င် ကိုယ်ကအဓိကပဲခံစား၇တာ
ကျန်တဲ့မိဘ သူငယ်ချင်းဆိုတာ အဖျားလောက်ပါပဲ -- ငါဝမ်းနည်းပါတယ်``
ဆိုတာလောက်ပဲပြောကြမှာလေ ၊ တကယ်တော့ ကိုယ်ဟာကိုပဲခံစားရမှာပဲလေ မဟုတ်လား?
နောက်ထက် ကိုယ့်ဘ၀ကို အကြီးကျယ်ဆုံးသောအမှားကတော့
အချစ်နောက်ကိုလိုက်ချင်းပဲ ၊ ချစ်တယ်ကြိုက်တယ်ဆိုတာ
ကောင်းတဲ့အရာတစ်ခုဖြစ်ပေမယ့် တစ်ခါတစ်ရံမှာ အဲဒီအချစ်ကြောင့်ပဲ
ဘ၀ပျက်ရတဲ့မိန်းကလေးတွေအများကြီ
းပဲ ၊ အဓီကကတော့
ကိုယ်ကမိန်းကလေးဖြစ်နေလို့ပဲလေ၊ ယောက်ကျားတွေဆိုတာ(ငါအပါအ၀င်ပေါ
့)
အခွင့်အရေးယူချင်တတ်ကျတယ်၊ ဒါကလဲ
ကိုယ်ဘက်ကပြုမူဆက်ဆံတဲ့အပေါ်မှာ
လဲအများကြီးမူတည်တယ်လေ၊နောက်တစ်ခုက
မိန်းကလေးအများစုဟာ အလှအပကြိုက်ကြတယ် ဒါက သဘာဝပဲလေ ဒါပေမယ့်
သဘာဝထက်လွန်ကဲရင်တော့ ဒုက္ခရောက်တတ်တယ် ကိုယ့်မှာရှိနေတာနဲ့ပဲ လှပအောင်ဝတ်
လှအောင်နေလို့ရတာပဲ၊ အဲဒီလိုနေနိုင်အောင်လဲကြိုးစား
ရမယ်၊
ကိုယ်မှာရှိတဲ့ပိုက်ဆံထက် ပိုပြီးတော့လိုချင်ရင်တော့
ဒုက္ခရောက်ဖို့လမ်းကို ရှာသလိုဖြစ်နေတော့မယ်၊

နောက်ဆုံးအောင်မြင်ဖို့လုပ်မယ်
ဆိုရင်တော့ ကိုယ်ရတဲ့ဝင်ငွေ
ကိုယ့်မှာရှိတဲ့ဝင်ငွေ (၀င်ငွေ/ရငွေကို) ဘယ်လိုအသုံးချမလဲ
ဘယ်နေရာမှာဘယ်လိုသုံးရမလဲဆိုတာ စဉ်းစားဖို့လိုအပ်တယ်
လိုအပ်တာကိုလည်းဝယ်ဖို့လိုအပ်
သလို
မ၀ယ်သင့်ရှောင်ကြဉ်သင့်တဲ့အရာေ
တွကိုလည်း ရှောင်ကြဉ်ရမယ်လေ ၊ အဓိကကတော့
အသုံးနဲ့အဖြုန်းကို သေသေချာချာ နားလည်ဖို့စဉ်းစားဖို့လိုအပ်တယ်
နောက်တစ်ခုက ကျမ္မာရေးကိုလည်း ဂရုစိုက်ဖို့လိုအပ်တယ်
ကိုယ်လိုအပ်တာတွေရဖို့ အောင်မြင်ဖို့ဆိုရင်လဲ ကျမ္မာရေးကို
လိုက်စားဖို့လိုအပ်တယ် အဓိကကတော့ပုံမှန်အိပ် ပုံမှန်စားပေါ့ (ဥပမာ
ကိုယ်ကအမြဲတမ်းထိုင်ပြီး အလုပ်လုပ်၇တဲ့သူဆိုရင်နံနက်ဖြစ်
စေ ညနေဖြစ်စေ
လမ်းလျှောက်ဖို့လိုအပ်တယ်)

ကိုရီးယားစကားပုံလိုပြောရရင်တော
့ `` ကိုယ်ကျရှုံးလဲကျခဲ့ရင် အဲဒီ
လဲကျတဲ့နေရာကပဲ ကိုယ့်ဟာကို ထနိုင်အောင်ကြိုးစား၇မယ်´´ နောက်ပြီး
ကိုယ်ကျ၇ှုံးခဲ့တာတွေကို မေ့ဖျောက်ပြီး
ဘ၀သစ်ကိုထူထောင်အောင်ကြိုးစား
ရမယ်လေ၊ လူရယ်လို့ဖြစ်လာရင်
အတိတ်ဆိုတာရှိစမြဲပဲလေ ဒါပေမယ့်ကိုယ့်ဝဘတိုးတတ်ချင်ရငေ
တာ့
အဲဒီမကောင်းခဲ့တဲ့အတိတ်တွေအား
လုံးကို မေ့ဖျောက်ပြီး
အခုလက်ရှိဘ၀ကိုသေသေချာချာကြိုး
စားပြီးဘ၀ကိုတည်ဆောက်ကြပါ............




တစ်ခါက

အရမ်းကျော်ကြားလှတဲ့ ပန်းချီဆရာကြီးတစ်ယောက်ရှိတယ်။ ကျော်ကြားလှသလို
သူဆွဲတဲ့ ပန်းချီကားတွေကလည်း အလွန်ကောင်းမွန် လက်ရာမြောက်တယ်။ သို့သော်
ပန်းချီဆရာကြီးက ထူးခြားသူ တစ်ယောက်ဖြစ်တယ်။ သူရဲ့ နေပုံထိုင်ပုံတွေကလည်း
တမူထူးခြားနေတယ်။ ပိုပြီးထူးခြားတာက ပန်းချီဆရာကြီးမှာ တပည့်ဆိုလို့
တစ်ယောက်မှ မရှိတာပဲ။

ဘာလို့ တပည့်မရှိတာလဲ ဆိုတော့ သူက တပည့်လက်မခံလို့လား။ မဟုတ်ဘူး။ သူက
တပည့်အဖြစ်လက်ခံတယ်။ သို့သော် သူ့ဆီမှာ တပည့်လာခံခဲ့တဲ့ သူတွေက ဘယ်သူမှ
ကြာကြာမခံ အားလုံးထွက်ပြေးသွားကြတယ်။ ဒီလို ထွက်ပြေးသွားတဲ့ သူတွေကိုလည်း
ဘာကြောင့် ထွက်ပြေးတာလဲ ဆိုတာကို ဘယ်သူမှ မေးလို့မရဘူး။ သူတို့ပြောတာ
တစ်ခုပဲ ရှိတယ်။ ဒါကတော့ သူတို့ကို ပန်းချီဆရာကြီးက သင်တန်းစတတ်ကတည်းက
တောင်းထားတဲ့ ကတိကြောင့် သူတို့ ပြောလို့ မဖြစ်တာပါ ။ ဒါကို
သိချင်ရင်တော့ ကိုယ့်ဖာသာပဲ သွားတတ်ပါ. .တဲ့။

ဘယ်သူမှလည်း နားမလည်ကြဘူး။ ဒါနဲ့ပဲ ထူးဆန်းပါတယ် ဆိုတဲ့ ပန်းချီဆရာကြီးက
ပိုပြီးထူးခြားသထက် ထူးခြားလာတယ်။ ဒါပေမဲ့ ဆရာကြီးဆီမှာ လာပြီး
တပည့်ခံတဲ့သူ မရှိဘူးမဟုတ်ဘူး။ ဆရာကြီးရဲ့ ပန်းချီလက်ရာတွေကို ကြည့်ပြီး
ဘယ်သူမဆိုကတော့ ဆရာကြီးဆီမှာ တပည့်ခံချင်ကြတာပါပဲ။ သူများတွေနဲ့
အဆင်မပြေပေမဲ့ ငါနဲ့ဆိုရင် အဆင်ပြေမှာပဲဆိုတဲ့ စိတ်နဲ့ ဆရာကြီးဆီမှာ
တပည့်ခံပြီး သင်တန်းလာတတ်တဲ့ သူတွေလည်း ရှိနေသေးတယ်။ သင်တန်းလာတတ်ရင်လည်း
ဆရာကြီးက လက်ခံလိုက်တာပါပဲ။ ဒါပေမဲ့ ဒီသင်တန်းသားကလည်း ထုံးစံအတိုင်း
ဘယ်လောက်မှ ကြာကြာမခံပါဘူး။ ထွက်ပြေးလာတာပါပဲ။ ထွက်ပြေးလာရင်လည်း သူ့ကို
ဘယ်လိုမှ ဘာကြောင့် ပြေးလာတာလဲ ဆိုတာကို မေးလို့မရဘူး။ ထုံးစံလိုပဲ
ဖြစ်နေတယ်။

ဒါနဲ့ တစ်နေ့ ပန်းချီဆရာကြီးဆီကို ဟိုးအဝေး တောနယ်လေးတစ်ခု လူငယ်လေး
နှစ်ယောက်ရောက်လာတယ်။ သူတို့က ဆရာကြီးကို ပြောတယ်။

“ ဆရာကြီးခင်ဗျား ။ ကျွန်တော်တို့ ဆရာကြီးဆီမှာ တပည့်ခံပြီး
ပန်းချီပညာသင်ချင်လို့ပါ။ ကျွန်တော်တို့ကို လက်ခံပါ ခင်ဗျာ.။ ”

လို့ ရိုရိုသေသေပြောတယ်။ ဒီတော့ ဆရာကြီးက သူတို့ကို ခြေအဆုံး ၊
ခေါင်းအဆုံးကြည့်ပြီး . .

“ အင်း..။ ငါ့တပည့်အနေနဲ့ လက်ခံလို့ရပါတယ်။ ဒါပေမဲ့ ငါ့မှာ စည်းကမ်းတော့
ရှိတယ်။ ဒါကိုတော့ မင်းတို့ လိုက်နာနိုင်မှ မင်းတို့ကို ငါ
ပန်းချီပညာသင်ပေးမယ်။ ”

ဆရာကြီးက ဒီလိုပြောတော့ ပန်းချီပညာသင်ချင်နေတဲ့ လူငယ်နှစ်ယောက်ကလည်း . .

“ ကောင်းပါပြီ ဆရာကြီး ခင်ဗျား။ ကျွန်တော်တို့ လိုက်နာပါ့မယ်။ ”

ဒီတော့မှ ဆရာကြီးက ခေါင်းငြိမ့်လိုက်ပြီး ဆက်ပြောတယ်။

“ ဟုတ်ပြီ။ ပထမဦးဆုံးကတော့ ငါမင်းတို့ကို ဘယ်လို သင်တယ် ၊
ဘာတွေလေ့ကျင့်ပေးတယ် ဆိုတာကို မင်းတို့ သင်တန်းပြီးသွားလို့ ဖြစ်စေ ၊
သင်တန်း မပြီးသေးပဲ ထွက်သွားလို့ ဖြစ်စေ အပြင်က ဘယ်သူ့ကိုမှ
ပြန်မပြောရဘူး။ ကိုယ်နဲ့ အတူတူ နေတဲ့ သူတွေကိုလည်း ပြန်မပြောရဘူး။

နောက်တစ်ချက်ကတော့ ငါ မင်းတို့ ပန်းချီသင်ပေးနေတယ် ဆိုတာကို မင်းတို့
အကြွင်းမဲ့ ယုံကြည်ရမယ်။ ဒါကြောင့် ဆရာကြီး ဟိုဟာသင်ပေးပါ ၊
ဒီဟာသင်ပေးပါလို့ ဘယ်တော့မှ မတောင်းဆိုရဘူး။

နောက်တစ်ချက်က ငါသင်နေတဲ့ ပန်းချီသင်ခန်းစာတွေကို ဘယ်တော့မှ ဘယ်လိုတွေ
သင်နေတာလဲလို့ ဝေဖန် မေးပိုင်ခွင့်မရှိဘူး။

ဒီသုံးချက်ကို လိုက်နာနိုင်ရင်တော့ မင်းတို့ အခုက စပြီး ပန်းချီသင်လို့ရပြီ။ ”

ဒီလိုပြောသတဲ့။ ဒီတော့ ပန်းချီသင်ချင်တဲ့ လူငယ်လေး နှစ်ယောက်ကလည်း
သူတို့ကို ဆရာကြီးက ပန်းချီသင်ပေးမယ်ဆိုတာနဲ့တင် ပျော်နေပြီလေ။ ဆရာကြီး
ပြောတဲ့ အချက်တွေကလည်း ဘာမှ မလိုက်နာနိုင်စရာ မရှိဘူးလို့ သူတို့
ထင်မိတယ်။ ဒါကြောင့်. .

“ ဟုတ်ကဲ့.။ ကျွန်တော်တို့ သဘောတူပါတယ် ဆရာကြီး။ ကျွန်တော်တို့ ဆရာကြီး
သင်ပေးတဲ့ အတိုင်းပဲ လိုက်နာပါ့မယ်။ ပြီးတော့ ဘယ်လိုပဲ ဖြစ်ဖြစ်
ပြန်ရောသွားလို့ အပြင်ရောက်ရင်လည်း ဆရာကြီး ဘယ်လို သင်တယ် ဆိုတာ
မပြောပါဘူး လို့ ကတိပေးပါတယ်။ ”

ဒါနဲ့ပဲ ဆရာကြီးက လူငယ်လေးနှစ်ယောက်ကို ပန်းချီသင်ပေးဖို့
သဘောတူလိုက်တယ်။ ဒါနဲ့ နောက်နေ့က စပြီး ဆရာကြီးက လူငယ်လေးနှစ်ယောက်ကို
ပန်းချီစသင်ပေးတယ်။ ဒီတော့မှ သူတို့ဟာ ဆရာကြီးကို ဘာလို့ ထူးခြားတယ်လို့
ပြောကြတာလဲ ဆိုတာကို သိလိုက်ရတယ်။ ဆရာကြီး စသင်ပေးတာက ပန်းချီနဲ့ ဘာမှ
မဆိုင်ဘူးလို့ ထင်ရတဲ့ စုတ်တံကို လက်ချောင်းကြားမှာ ညှပ်ပြီး လှည့်စေတယ်။

သူတို့လည်း ပန်းချီဆိုတော့ ဆေးတွေ စုတ်တံတွေနဲ့ စရမှာ ထင်တာ အခုတော့
ဘာမှမဆွဲရပဲ။ စုတ်တံကိုလက်ကြားမှာ ညှပ်ပြီး လှည့်နေရတော့ စိတ်တောင်မှ
ပျက်လာကြတယ်။ ဒါပေမဲ့လည်း သူတို့က တတ်ချင်သူတွေဆိုတော့ သည်းခံပြီး
ဆက်ကြိုးစားကြတယ်။ ဒါနဲ့ စုတ်တံလှည့်သင်တန်းက တစ်လလောက်ကြာတော့ ဆရာကြီးက
နောက်တစ်မျိုးပြောင်းသင်တယ်။ ဒါကတော့ သူတို့ကို ပန်းချီ ကင်းပတ်စကို
ရှေ့မှာ ထားပြီး ဘာမှ မရှိတဲ့ ဗြောင်ကြီးကို ရှု့ထောင့်အမျိုးမျိုးကနေ
သူတို့ကို ချောင်းခိုင်းတာပါပဲ။

ဘာကြီးမှန်း မသိပေမဲ့ သူတို့ ဆက်ကြိုးစားကြပါတယ်။ ဒါပေမဲ့
တစ်လကြာတာတောင်မှ တစ်နေ့တစ်နေ့ ကင်ပတ်စပေါ်မှာ ဘာမှ မဆွဲရပဲ
စုတ်တံကြီးကိုင်ပြီး ကင်းပတ်စ ကို ရှု့ထောင့် အမျိုးမျိုးက
ချောင်းနေရတယ်။ ဘာမှကို မဆွဲရ။ ကြာတော့ သူတို့လည်း ဆရာကြီးကို
နားမလည်နိုင်ကြတော့ ဆရာကြီးက သူပြောတဲ့ အတိုင်းပဲ လေ့ကျင့်ရမယ်
ပြန်မမေးရဘူး ဆိုလို့သာ နေရတယ် သူတို့ စိတ်ပျက်လာကြတယ်။ ဒါနဲ့
သုံးလကျော်လောက်ကြာတော့ ဆရာကြီး သင်ပေးနေတဲ့ ကင်းပတ်စချောင်း တဲ့
သင်တန်းကြီး ပြီးဆုံးသွားတော့တယ်။

ဒါနဲ့ ဆရာကြီးက ပြောတယ်။

“ ကဲ..မင်းတို့ကို ဒီနေ့ ပန်းချီဆွဲတာ စသင်မယ်။ ”

ဒီတော့ သူတို့ ဝမ်းသာသွားကြတယ်။ အခု သူတို့ ကင်းပတ်စ ပေါ်မှာ ဘာမှ
မဆွဲရသေးဘူးလေ.။ ဆရာကြီးက ဆက်ပြောတယ်။

“ ကဲ. . မင်းတို့ ပန်းချီဆွဲတဲ့ စုတ်တံကို ယူပြီး ဆေးအနက်တစ်မျိုးတည်းနဲ့
တစ်လက်မ ပတ်လည်လောက်ရှိတဲ့ စက်ဝိုင်းတွေကို ကင်းပတ်စ ပေါ်မှာ
ရသလောက်ဆွဲကွာ။ တစ်ခု ဆွဲလို့ နေရာမဆန့်ရင် ကင်းပတ်စ အသစ်ပြောင်းပြီး
ဆက်ဆွဲ.။ ဒါလေ့ကျင့်ခန်းပဲ. . ။ ”

ဆရာကြီး ဒီလိုပြောလိုက်တော့ သူတို့ အရမ်းကို အံ့သြသွားကြတယ်။ တကယ်တော့
သူတို့က ပန်းချီသင်တန်း လာတတ်တယ် ဆိုပေမဲ့ သူတို့မှာ ပန်းချီ ဗီဇက
ပါပြီးသားလေ။ တော်ရုံတန်ရုံပုံလေးတွေကတော့ သူတို့ဖာသာ ဆွဲတတ်တာပေါ့။
ပန်းချီရဲ့ သဘောတရာလေးတွေ ဆရာကြီးဆီကများ တတ်မလားလို့ လာသင်ပါတယ်။
အခုတော့ ဘာမှ မဟုတ်တဲ့ တစ်လက်မပတ်လည် စက်ဝိုင်းဆွဲရမယ် ဆိုတော့ သူတို့
နားမလည်နိုင်ဘူးကြဘူး။ ဒါပေမဲ့လည်း သူတို့ ပြန်မေးခွင့်လည်း မရှိတော့
ဆွဲနေရပြန်တာပါပဲ။

တစ်လက်မပတ်လည် စက်ဝိုင်းလေးကို သူတို့ တစ်လလောက်ဆွဲအပြီးမှာ ဆရာကြီးက
နှစ်လက်မ ပတ်လည် ဆွဲခိုင်းပြန်တယ်။ သူတို့ စိတ်ပျက်မိပေမဲ့
ကြိုးစားဆက်ဆွဲခဲ့ကြတယ်။ နောက်တော့ နောက်တစ်ထပ် စက်ဝိုင်းတွေ အမျိုးမျိုး
ဆရာကြီးက ဆွဲခိုင်းတယ်။ သူတို့လည်း ကြိုးစားဆွဲခဲ့တာ သုံးလလောက်လည်း
ကြာရော။ သူတို့ကို ဆရာကြီးက . .

“ စက်ဝိုင်း သင်ခန်းစာတော့ ပြီးပြီဟေ့။ နောက်နေ့က စပြီး မင်းတို့
တြိဂံတွေ ဆွဲကြရမယ်။ ”

ဒီလိုနဲ့ သူတို့ အတွက် ဘာမှ ထူးမခြားနားလှတဲ့ စက်ဝိုင်းတွေ ၊ တြိဂံတွေ ၊
လေးထောင့်တွေ ၊ မျဉ်းပြတ်တွေ ၊ မျဉ်းခုံးတွေ ဒါတွေပဲ ဆွဲခိုင်းနေတယ်။
ပန်းချီဆိုင်ရာ သဘောတရားတွေ ဘာမှ မသင်ပေးသေး။ ဒါနဲ့ တစ်နေ့တော့ သူတို့
နှစ်ယောက်ထဲက တစ်ယောက်က . . .

“ သူငယ်ချင်း. . ငါတော့ ဆရာကြီးကို သံသယ ရှိလာပြီကွာ.။ ”

“ ဘာလို့လဲကွ. ။ ဘာဖြစ်လို့ သံသယရှိရတာလဲ.။ ”

“ မင်း စဉ်းစားကြည့်လေ ၊ အခု ငါတို့ကို ဆရာကြီး သင်ပေးနေတယ် ဆိုတာက ဘာမှ
အဆင့်မြင့်တဲ့ ပန်းချီပညာတွေမှ မဟုတ်တာ။ ငါတို့ မပြောနဲ့
သာမာန်ကလေးလေးတစ်ယောက်တောင်မှ ဆွဲတတ်နေတာပဲလေ။ သူ ငါတို့ကို
ပန်းချီမသင်ပေးချင်လို့ အချိန်ဆွဲပြီး ဒါတွေ ခိုင်းနေတယ် လို့
ထင်တယ်ကွာ.။ ”

ဒီလို သူငယ်ချင်းတစ်ယောက်က ပြောတော့ ကျန်တဲ့ တစ်ယောက်ကလည်း
မငြင်းနိုင်ဘူး။ ဒါပေမဲ့. . သူက

“ အင်းလေ ဟုတ်ပါတယ်။ ဒီတော့ မင်းက ဘာလုပ်ချင်လဲ။ ”

“ ငါ မနက်ဖြန် ဆရာကြီးကို ပြောပြီးတော့ သင်တန်းက နှုတ်ထွက်တော့မယ်။
ပြီးတော့ တခြား ပန်းချီဆရာဆီမှာပဲ သွားသင်တော့မယ်ကွာ။ ”

“ အေးလေ. . ၊ မင်းအတွက် အဆင်မပြေဘူးဆိုတော့လည်း ထွက်ပေါ့ကွာ။ ”

“ ဒါနဲ့ မင်းကရော ဆက်နေခဲ့မှာလား.။ ”

“ ငါကတော့ ဆရာကြီး ပန်းချီပညာကို လေးစားနှစ်သက်သူဆိုတော့ ဆရာကြီးဆီမှာပဲ
ဆက်စောင့်ပြီး သင်လိုက်ဦးမယ်ကွာ။ တခြား ပန်းချီဆရာတွေကို ငါမှာ
ဆရာကြီးလောက် မလေးစားမိတာကိုး။ ပြီးတော့ ဆရာကြီး ငါတို့ကို အခုလို
သင်နေတာကလည်း အကြောင်းရှိမယ်လို့ ထင်မိတယ်။ ”

“ အေးလေ. .၊ ဒါကတော့ မင်းသဘောပေါ့ကွာ။ ငါကတော့ သွားတော့မယ်။ ”

“ အေးပါ သူငယ်ချင်း။ ဒါပေမဲ့ ဆရာကြီး ပြောထားတဲ့ ကတိစကားကိုတော့
မမေ့နဲ့ကွာ.။ ဒါလေးတော့ ထိန်းပေါ့။ ”

“ အေးပါ. ။ ဒါကိုတော့ ငါသိပါတယ်။ ဘာပဲပြောပြော သူကလည်း
ငါ့ဆရာဖြစ်ခဲ့တာပဲလေ။ ငါ့ကတိကိုတော့ ငါ ထိန်းမှာပါ.။ ”

ဒါနဲပဲ နောက်နေ့ ကျတော့ လူငယ်လေး တစ်ယောက်က ဆရာကြီးကို နှုတ်ဆက်ပြီး
ဆရာကြီး နေအိမ် ပန်းချီကျောင်းကနေ အပြီးအပိုင်ထွက်ခွာသွားတယ်။
ထွက်ခွာခါနီးမှာ ဆရာကြီးက လူငယ်ကို ကတိကို မမေ့ဖို့ ဘာလို့ ထွက်လာရတယ်
ဆိုတာ ၊ ဘယ်လို သင်ပေးတယ် ဆိုတာ ဘယ်သူ့ကိုမှ မပြောမိစေဖို့ ထပ်ပြီး
ကတိတောင်းလိုက်တယ်။

ဒါနဲ့ပဲ အဝေးကို ထွက်သွားတဲ့ လူငယ်လေးတစ်ယောက်ကို ကျန်နေခဲ့တဲ့ လူငယ်လေး
တစ်ယောက်က ဆရာကြီးရဲ့ နေအိမ် ကုန်မြင့်ကြီးပေါ်ကနေ လှမ်းကြည့်နေတယ်။
ဒါနဲ့ပဲ ကျန်နေခဲ့တဲ့ လူငယ်လေးဟာ နေ့စဉ် ဆရာကြီး ပြောတဲ့ အတိုင်း
စက်ဝိုင်း ၊ ကြိဂံ ၊ လေးထောင့် ၊ စက်လုံး ၊ ဗဟုဂံ ၊ မျဉ်းပြတ် ၊
မျဉ်းကွေး ၊ မျဉ်းကောက် ဒါတွေကို ဆရာကြီး ပြောသမျှ နေ့စဉ် ဆွဲလာလိုက်တာ
သုံးနှစ် သုံးမိုး ကြာလာခဲ့တယ်။

ဒါနဲ့ တစ်နေ့ နံနက်ခင်းမှာ ဆရာကြီးက သူ့ကို ပြောတယ်။

“ ကဲ . . . ၊ ဇွဲ အရမ်းကောင်းတဲ့ တပည့်ကြီးရေ ။ ဒီနေ့တော့ မင်းကို
သင်ခန်းစာ တစ်ခု သင်ပေးမယ်ကွာ။ ”

ဆရာကြီး ဒီလို ပြောလိုက်ပေမဲ့ လူငယ်လေးက ထူးထူးခြားခြား ပျော်ရွှင်
မသွားတော့ပါဘူး။ ဒီစကားလုံးက ဆရာကြီးဆီက သင်ခန်းစာ တစ်ခု အသစ်သင်တိုင်း
ကြားနေရတဲ့ စကားလုံးပဲလေ။ သူ “ ဟုတ်ကဲ့ ” လို့ပဲ ပြန်ဖြေလိုက်တယ်။ ဒီတော့
ဆရာကြီးက သူ့ကို နေအိမ်ထဲက အခန်းတစ်ခုထဲကို ခေါ်သွားတယ်။ ပြီးတော့
အခန်းထဲမှာ ကင်းပတ်စ ကို အဝတ်နဲ့ အုပ်ထားတဲ့ ဒေါက်တိုင်တစ်ခုကို
တွေ့နေရတယ်။ သူ့အရှေ့မှာတော့ နံရံကို အဝတ်နဲ့ ထပ်အုပ်ထားတယ်။

ဆရာကြီးက အုပ်ထားတဲ့ ဒေါက်တိုင်က ကင်းပတ်စ က အဝတ်ကို ဖယ်လိုက်တော့ ဘာမှ
မရှိတဲ့ ဗလာ ကင်းပတ်စ ပါပဲ။ လူငယ်လေးကလည်း ဆရာကြီး သူ့ကို
ထပ်ဆွဲခိုင်းမှာ စက်ဝိုင်း ၊ ကြိဂံ တွေထဲက ဘာများဖြစ်မလဲပဲ ထင်နေတယ်။
ဒီအချိန်မှာ ဆရာကြီးက နံရံမှာ အုပ်ထားတဲ့ အဝတ်ကို ရုတ်တရက် ဖယ်လိုက်တော့
အလွန်ကို လက်ရာကောင်းတဲ့ ပန်းချီကားတစ်ချပ်ကို တွေ့ရတယ်။
ကောင်းမလေးတစ်ယောက်က ပန်းခြံထဲမှာ ပန်းခူးပြီး ပန်းလေးကို
မွှေးယူနမ်းနေတဲ့ ပုံလေး။ လူငယ် ကြက်သေ သေသွားတယ်။ ပန်းချီက အရမ်း
အသက်ဝင်လွန်းတော့ ပန်းခြံထဲက မွှေးရနံတွေပါ သူရနေတယ်လို့ ထင်လိုက်ရတယ်။



လူငယ်လေး အံ့သြနေတာကို ဆရာကြီးက ပုခုံးကို ပုတ်ပြီး. . .

“ ကဲ. . ငါ့တပည့်ရေ ။ မင်း အခု ဆွဲရမှာကတော့ ဒီမှာ လွတ်နေတဲ့ ကင်းပတ်စ
ပေါ်မှာ ဒီပုံကို ကူးပြီး ဆွဲရမှာလေ။ ”

ဒီတော့ လူငယ် အလွန် ထိတ်လန့်သွားတယ်။

“ ဟာ ဆရာကြီး။ ကျွန်တော်က ပန်းချီနဲ့ ပတ်သတ်ပြီး ဘာမှ မတတ်သေးဘူးလေ။
အခုမှ ဆရာကြီးဆီက လာသင်နေတာလေ။ ဒီလို အရမ်းကောင်းတဲ့ ပန်းချီတစ်ချပ်ကို
ဘယ်လိုလုပ် ဆွဲနိုင်မှာလဲ ဆရာကြီး။ ”

ဒီတော့ ဆရာကြီးက ဟက်ဟက်ပက်ပက်ရယ်ရင်း. .

“ မင်း မှားနေပြီ တပည့်ကြီး ။ တကယ်တော့ မင်းက ပန်းချီပညာတွေ စုံနေပြီလေ။
မင်းမှာ အမြင်ပဲလိုတော့တာ။ ဒီမှာ ကြည့် ဒီပန်းချီထဲက
ကောင်မလေးရဲ့မျက်လုံးက မင်းဆွဲခဲ့တဲ့ စက်ဝိုင်းတွေ မဟုတ်ဘူးလား။
ကောင်မလေးရဲ့ ဆံပင်တွေကရော မင်းဆွဲခဲ့တဲ့ မျဉ်းကွေးတွေ မဟုတ်ဘူးလား။

ပန်းခင်းကရော မင်းဆွဲခဲ့တဲ့ လေးထောင့်တွေ ၊ ကြိဂံတွေ ၊ မျဉ်းကောက်တွေ
မဟုတ်ဘူးလား။ ဒါတွေကရော ........၊ ဒါတွေကရော......၊ ဒါတွေကရော......၊
ဒါတွေ အားလုံးကလည်း မင်းလေ့ကျင့်ဆွဲထားတာတွေ မဟုတ်ဘူးလား.။

တကယ်တော့ ပန်းချီပညာဆိုတာ မျဉ်းကွေး ၊ မျဉ်းကောက် ၊ စက်ဝိုင်းတွေ ကို
သူ့နေရာနဲ့ သူ ပေါင်းစပ်ထားတာပါ။ ဒါကို ကိုယ်က လိုသလို
ပုံဖော်နိုင်ဖို့ပါပဲ။ အခုလည်း မင်းမှာ ဒါတွေ ပြည့်စုံနေပြီလေ.။ ဒါတွေ
အားလုံးကို အခု မင်းပေါင်းစပ်ပြီး ချဆွဲလိုက်ရုံပါပဲ။ ကဲ..ဆွဲစမ်းကွာ.။ ”

ဒီတော့မှ လူငယ်လေးဟာ သူဆရာရဲ့ ဆိုလိုရင်း ၊ ဘာလို့ စက်ဝိုင်းတွေ ၊
မျဉ်းကွေးတွေ ဆွဲခိုင်းတာလည်း ဆိုတာကို သိလာရတော့တယ်။ ဒါနဲ့ပဲ သူဆရာကြီး
ပြောတဲ့ အတိုင်း ကြိုးစားဆွဲလိုက်တာ ဆရာကြီး နမူနာပြထားတဲ့ ပန်းချီနဲ့
ထပ်တူညီသော ပန်းချီကားတစ်ချပ်ကို သူ့ဘဝရဲ့ ပထမဦးဆုံးဆွဲသော ပန်းချီကား
အဖြစ်နဲ့ ရလာခဲ့ပါတယ်.။

ဒီတော့ ဆရာကြီးက ပြောတယ်.။

“ ဘဝမှာ အခြေခံမရှိပဲ လိုချင်တာကို တန်းယူဖို့ဆို မဖြစ်နိုင်ဘူး။
ပြီးတော့ ဒီထက် အရေးကြီးတာက အခြေခံရှိနေတာတောင်မှ ဘယ်လို အသုံးချရမှန်း
မသိတာပဲ။ ဒါကြောင့် အောင်မြင်မှု အတွက် အခြေခံကောင်းတွေကို စုစည်းပါ။
ပြီးတော့ ဒါတွေကို ပြီးပြည့်စုံအောင် ဆက်စပ် အသုံးပြုပါ.။ ဒါဆိုရင်
နေရာတကာမှာ အောင်မြင်နိုင်ပြီ။ ”

နောင်တော့ . . နောင်အခါမှာ ဒီလူငယ်လေးဟာ ဆရာကြီး သင်ပေးခဲ့တဲ့ စက်ဝိုင်း
၊ တြိဂံ ၊ လေးထောင့် ၊ မျဉ်းကွေး ၊ မျဉ်းကောက် တွေနဲ့ လိုရာကို
ပုံဖော်ရင်း ကမ္ဘာကျော်ပန်းချီဆရာကြီး Painter Aleksandr Sokolov ဆိုပြီး
ဖြစ်လာခဲ့ပါတယ်။




























တစ်ခါက လူတစ်ဦးဟာ နောက်ဆုံးပေါ်လေယာဉ်တစ်စင်းပေါ် လိုက်ပါစီးနင်းခဲ့တယ်။ လေယာဉ်စီးရင်း ရုတ်တရက် သူ့ဗိုက်နာလာခဲ့တယ်။ အမျိုးသား အိမ်သာတွေ ပြည့်နေခဲ့လို့ အမျိုးသမီး အိမ်သာမှာ သုံးခွင့်ပေးဖို့ လေယာဉ်မယ်ဆီ သူခွင့်တောင်းလိုက်တယ်။ လေယာဉ်မယ်က စစချင်းမှာ ခွင့်မပြုပေမယ့် နောက်ဆုံးမှာ ဝေဒနာခံစားနေတဲ့ သူ့ကို မကြည့်ရက်လို့ အသုံးပြုခွင့် ပေးလိုက်တယ်။ ဒါပေမယ့် အိမ်သာထဲမှာရှိတဲ့ ခလုတ်တွေကို လျှောက်မနှိပ်ဖို့ သူ့ကိုသေသေချာချာ မှာလိုက်တယ်။

ဗိုက်နာတဲ့လူက အိမ်သာထဲ အပြေးဝင်သွားတယ်။ ပြဿနာကို ဖြေရှင်းပြီး နေသာထိုင်သာရှိသွားတာနဲ့အိမ်သာပတ်ဝန်းကျင်ကို သူစူးစမ်းမိတယ်။ အိမ်သာအိုးရဲ့ ဘေးမှာ ခလုတ်သုံးခု ရှိပြီး ခလုတ်ပေါ်မှာ HW၊ HA၊ ATR လို့ ရေးထားတာကို သူတအံ့တသြတွေ့လိုက်မိတယ်။ နောက်ဆုံးပေါ် လေယာဉ်ဖြစ်တဲ့အတွက် တစ်ခုခုတော့ ထူးခြားမှုရှိမှာပဲဆိုပြီး လေယာဉ်မယ်ရဲ့ သတိစကားကို အမှုမထားတော့ဘဲ HW ကို သူနှိပ်ကြည့်လိုက်တယ်။ ခလုတ်နှိပ်လိုက်တာနဲ့ အိမ်သာအိုးအနောက်ကနေ ရေနွေးတွေ ပန်းထွက်လာခဲ့တယ်။ HW ဆိုတာ Hot Water လို့ သူသိလိုက်တယ်။

အဲဒီနောက် ဆက်ပြီး ဒုတိယခလုတ် HA ကို သူနှိပ်လိုက်တယ်။ သူ့တင်းပါးတစ်ခုလုံး နွေးခနဲ့ ခံစားလိုက်မိတယ်။ HA ဆိုတာ Hot Air လို့ သူသိလိုက်တယ်။

အဲဒီလိုနဲ့ တတိယခလုတ် ATR ရဲ့ အဓိပ္ပါယ်ကို သူသိချင်လာမိတာနဲ့ ခလုတ်ကို နှိပ်ချလိုက်တယ်။ ရုတ်တရက် သူ့အောက်ပိုင်းတစ်ခုလုံး ထုံကျင်လာပြီး နေရာမှာပဲ သူမေ့လဲသွားခဲ့တယ်။ သူသတိရလာချိန် လူနာကုတင်ပေါ် သူလဲလျောင်းနေခဲ့တယ်။ နပ်စ်မက စိတ်မကောင်းတဲ့ပုံစံနဲ့

"ရှင် သတိရလာပြီလား... အနာသက်သာရဲ့လား"

"ကျွန်တော် ဘယ်လိုဖြစ်ရတာလဲဗျာ.. အိမ်သာတက်ရာကနေ ကျွန်တော်ဘယ်လိုလုပ် ဒီရောက်လာခဲ့ရတာလဲ"

ယောင်အမ်းနေတဲ့ ကိုယ်အောက်ပိုင်းကိုကိုင်ပြီး အဲဒီလူ နားမလည်စွာမေးတယ်။ လေယာဉ်မယ်က ဝင်ပြီး ရှင်းပြလိုက်ပါတယ်။

"ရှင် ATR ဆိုတဲ့ခလုတ်ကို နှိပ်လိုက်လို့လေ.. အဲဒီခလုတ်က Automatic Tampon Remover ခလုတ်ပါ"

Automatic Tampon Remover - မိန်းကလေး အသုံးအဆောင်ပစ္စည်းအား အလိုအလျောက် ဖယ်ရှားပေးသောစက်
ရဲဘော်တို့ မေးစရာ စကားရှိတယ်။ တကယ်လို့ အကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ ကိုယ့်နိုင်ငံ ဆန့်ကျင်တဲ့ အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇ၀င်မှာ ကြည့်လိုရှိယင် ဘယ်လောက်ကြီးတဲ့လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာ ချည်းပဲ။ ဒီလို မတရားတဲ့ အကြီးအမှူးတွေရှိယင် ရဲဘော်တို့ အပေါ်မှာလဲ တည်တယ်။ ဥပမာ မတရားတဲ့ အကြီးအမှူးတစ်ယောက်က ၀တ္တရားနှင့်မဆိုင်တဲ့ နိုင်ငံနှင့်လူမျိုးအကျိုးနဲ့ မပတ်သတ်တဲ့ အမိန့်မျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျ၊ မကျ၊ တရား၊ မတရား နိုင်ငံနှင့်လူမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလို ကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းယင် သူ့ထက်ကြီးတဲ့ အကြီးအမှူးကို ဖြစ်စေ၊ တစ်ခြား အကြီးအမှူးတစ်ယောက်ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ်၊ မှားတယ် သိနိုင်မယ်။”
“လက်ဖွဲ့အနေနဲ့ဆောင်ပြီး သတ္တိနှင့် သစ္စာရှိလျှင် မောင်တို့ ခြေချရာအရပ်များသည် အောင်မြေချည်း ဖြစ်ရလိမ့်မည်။”

“ကျုပ်အဖို့ ပြောရယင် ရဲဘော်တို့ထဲကပဲဖြစ်ဖြစ်၊ အခု တပ်ထဲမှာရှိတဲ့ စစ်သားကလေးကစပြီး အားလုံး ရဲဘော်တွေထဲကပဲဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊ အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ်၊ အမျှော် အမြင်ရှိတယ်လို့ တွေ့တာနဲ့တစ်ပြိုင်နက် ကျုပ်ဟာ အဲဒီလို တော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့အားလုံး ကြိုးစားကြပါ၊ တော်အောင် ကြိုးစားကြပါ။”

“တစ်ခြား မှာကြားလိုတဲ့အချက်ကတော့ ပြောနေကျ စကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပါယ်လေးနက် အောင် ပြောပြလိုက်အုံးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့ မဟုတ်။ လက်နက်အားကို တန်ခိုးပြဖို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို ကျုပ်ပြောတာဟာ စစ်တပ်ကို ကျုပ် ပြန်နှိပ်ချင်တဲ့ သဘောနဲ့ ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လဲ မတရားမလုပ်။ နိုင်ငံရဲ့ ရန်သူ တွေ မဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ။”

“အမှန်ပြောရယင် လူတွေဟာ ပုထုဇဉ်တွေပဲ။ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင်တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့လူတွေကလဲ အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူတွေကို လက်နက် အားကို အာဏာအားကို လုပ်ချင်တယ် ပြောကြတယ်။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့ အရင်တုန်းက ပြောတာတွေ မေ့ပြီး တစ်မျိုးလုပ်ကြတာပဲ။ ဒါ ထုံးစံအတိုင်းပဲ။ ငါတို့က ဒီလို မဟုတ်။ အားနည်းတဲ့အခါလဲ အားကြီးတဲ့လူကို မတရားယင် မကြောက်၊ အားကြီးတဲ့အခါလဲ အားငယ်တဲ့ လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်၊ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အခြေခံဖြစ် တယ်လို့ ပြောတာပဲ။”

“ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတူ ဟုတ်တာနှင့် မဟုတ် တာ ခွဲခြားသိရမယ်။”

“ဇာတိမာန် ကောင်းကောင်း ထားတတ်ကြရအောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေဟာ လူဖျင်းတွေ၊ လူကြောက်တွေ၊ လူပိုတွေ၊ လူရိုင်းတွေ၊ လူ့ဂွစာတွေ၊ လူ့မတရားတွေလို့ ဒီကမ္ဘာက အထင်ခံရ အောင် မလုပ်ကြပါနှင့်။ ဗမာတွေဟာ ဒီလို မဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုး ရေးတရားနှင့်ပတ်သတ်ပြီး မှာချင်တာပဲ။”

“နောက်ဆုံး တစ်ခုမှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓာတ်မထားကြဖို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ်၊ ဒီပြင်နိုင်ငံတွေမှာဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်ကြတာ မဟုတ်ဘူး။ တစ်ခြား စစ်သားမဟုတ်ပေ မယ့် နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ၊ အမျိုးမျိုး စွန့်စားလုပ်ကြတဲ့လူတွေလည်း ရှိတယ်။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်ဓာတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တစ်ခု နားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ်တပ်ရဲ့အခွင့်အရေးကို မတရားချိုးဖျက်မယ်ဆိုယင် ကျုပ် အစွမ်းကုန် ကြိုးစားတိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေချင်တယ်။ ယနေ့ ဒီမှာ ပြောတာတွေအားလုံး စစ်သားတွေ သိပါစေ။ သိအောင် ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။”

“ကျုပ်တို့ တိုင်းသူပြည်သားတွေဟာ သိပ်စိတ်ပျက်နေစရာ မလိုပါဘူး။ နောက်ထပ် စိတ်ပျက်စရာတွေ အများကြီး ရှိပါသေးတယ်။ နောက်ထပ် စိတ်ပျက်စရာတွေ အများကြီးရှိတယ်ဆိုပေမယ့် နောက်ဆုံးကျတော့ အောင်ဖို့ပါပဲ။”

“ကျွန်တော် သိပ်သဘောကျတာပဲ။ ဘုန်းကြီးတွေတောင် ခေတ်ပညာအတတ်တွေ တစ်ချို့သင်ကြား နေတယ်လို့ ကြားရတယ်။ ဘယ်ထိအောင် တော်တယ်၊ မတော်တယ်လို့တော့ မသိဘူး။ ဒီအတိုင်းသာ မှန်လို့ရှိ ယင် ဘုန်းကြီးများဟာ မိမိဘာသာရေးနဲ့လဲ မဆန့်ကျင်၊ တိုင်းပြည်အကျိုးရှိရာ ရှိကြောင်းအလုပ်တွေကို လုပ်ပေး ကြမယ်ဆိုယင် ဗမာပြည်ဟာ တိုးတက်ဖို့ နိမိတ်ပဲ။”

“နောက်ပြီးတော့ ပြည်သူတွေရဲ့အကျိုးကို တကယ်ကာကွယ်မယ့်သူတွေဟာ ပြည်သူတွေပဲ။ သည့်ပြင် လူတွေဆိုတာ ဒီလောက် မဖြစ်နိုင်ဘူး။”

“အဲဒါကြောင့် တိုင်းသူပြည်သားလူအများ၊ ခေါင်းဆောင်ဆိုတဲ့လူတွေကို ပြောလိုတာကတော့ တကယ် ကျွန် မဖြစ်ချင်ယင် ကျွန်မဖြစ်တဲ့နည်းလမ်းတွေ ရှာပြီးတော့ တကယ့်စွန့်စားမှုနှင့် တကယ့်အလုပ်တွေကို လုပ်ပြ ကြပါ။ အချောင်သမားအလုပ်တွေ၊ တပွဲထိုးဝါဒတွေ၊ ဒါမျိုးတွေနှင့် လုပ်မယ်ဆိုယင်တော့ ဗမာပြည် မစွန်နိုင်ဘူး ဆိုတာ တထစ်ချမှတ်ထားပါ။”

“ကျုပ်တို့ဟာ တိုင်းပြည်အကျိုးကို ရှေးရှုရမယ်။ လူတယောက်တလေ၊ တဖွဲ့တပါတီ၊ မုန်းရုံနဲ့ ကိုယ်ထင် တာကို လုပ်လို့ မဖြစ်ဘူး။ တိုင်းပြည်နာမှာကို ကြည့်ရမယ်။ ရာထူးတွေ သိပ်မလိုချင်နဲ့အုံး။ ဆာနေတဲ့လူတွေကို သိပ်မငြူစူကြပါနဲ့။ စားကြပါစေ။ သို့သော် သူတို့စားသလို ကိုယ်လိုက်စားချင်တာလဲ ခေါင်းဆောင်အစစ် မဟုတ် ဘူး။ ကိုယ့်ကိုယ်ကို တန်ဖိုးမထားတဲ့ လူညာခေါင်းဆောင်တွေပဲ။ ဘယ်သူဖြစ်ဖြစ် ခေါင်းဆောင်ဖြစ်ချင်ယင် ခေါင်းဆောင်လုပ်နိုင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံပြီး လက်ရှိခေါင်းဆောင်တွေထက် တိုင်းပြည်ကောင်းအောင် ရွပ်ရွပ်ချွံချွံ လုပ်ကြပါ။”

“သူများနှာခေါင်းနဲ့အသက်ရှုပြီး တန်တန် မတန်တန် ရာထူး မလိုချင်ကြပါနဲ့။ ကိုယ့်ကိုယ်ကို တန်ဖိုးထား ကြပါ။ တိုင်းပြည်က အသိအမှတ်ပြုပြီး လိုက်လာတဲ့ ခေါင်းဆောင်မျိုး ဖြစ်အောင် လုပ်ကြပါ။ အရည်အချင်းလဲ မရှိ။ ဘယ်သူကမှ အသိအမှတ်ပြုလောက်အောင် စွန့်စားချက်လဲ မရှိ။ ကြီးကျယ်ချင်တဲ့လူတွေဟာ ဘယ်တော့ မှ ခေါင်းဆောင်မဖြစ်နိုင်ဘူး။ အဲဒီလူမျိုးတွေကိုတော့ ကျုပ်သဘောပြောမယ်ဆိုယင် ဘယ်တော့မှ လျှော့ဖယ် မပေးဘူး။ မညှာတန်း ကျုပ်တိုက်ဖျက်ပစ်မှာပဲ။ သို့သော်လဲ ကျုပ်ထက်သာတယ်လို့ ပြနိုင်တဲ့လူပေါ်ယင် ကျုပ်တို့တော့ ကိုယ့်ကိုယ်ကို တသက်လုံးခေါင်းဆောင်ဖြစ်အောင် ဘုရားသခင် ဖန်းဆင်းထားတယ်လို့ ယုံတဲ့လူ မဟုတ်ဘူး။ အဲဒီလို သာတဲ့လူကို ဖယ်ပေးဖို့ အသင့်ပဲ။ အဲဒါ နောက်ဆုံးစကားပဲ။”

--

အလင်းတွေ့ပါစေ။
တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့ သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီးငှားပြီး မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။ လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား......
“ ခင္ဗ်ား သခ်ာၤေဗဒတတ္သလား”
“ ကျွန်တော် မတတ်ပါဘူး”
“ရူပဗေဒ တတ်သလား”
“ဒါလဲ မတတ်ပါဘူး”
“ဒါဆိုရင် ခင်ဗျား ကွန်ပြူတာသုံးတတ်သလား”
“စိတ်မကောင်းပါဘူး...ဒါလဲ ကျွန်တော်မတတ်ပါဘူး”
ဆရာမှာ ခေါင်းခါပြီး “သချာင်္မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၂ပုံကို ခင်ဗျားဆုံးရှုံးမယ်”
“ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်”
“ကွန်ပြူတာ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်..ခင်ဗျားရဲ့ ဘ၀ ၆ပုံ၎ပုံဟာ ဆုံးရှုံးသွားပြီပဲ”

ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင် တိမ်ညိုများ တက်လာသည်။ မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။ ထိုအခါ လှေသမားက ဆရာအား “ ခင်ဗျား ရေကူးတတ်သလား” ဟုမေးလိုက်သည်။ ဆရာက ခဏမျှ ဆွံအပြီး “ကျွန်တော် မကူးတတ်ဘူး။ တစ်ခါမှ မသင်ဖူးဘူး” ဟုပြန်ဖြေလေသည်။
လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး..“ ဒါဆိုရင် ခင်ဗျားရဲ့ဘ၀ ၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်” ဟု ပြန်ဖြေခဲ့သည်။

လူတယောက်ဟာ ကိုယ့်ရဲ့ အဆင့်အတန်း ကိုယ့်ရဲ့ စံချိန်နဲ့ အခြားလူတစ်ယောက်ကို သွားတိုင်းတာလို့ မရပါဘူး။ ပုံပြင်ထဲက ဆရာဟာ ပညာရှင်တစ်ဦးပါ။ သူ့ဘ၀မှာသချာင်္၊ ရူပ၊ ကွန်ပြူတာ ပညာတွေသာ အရေးကြီးတယ်လို့ ထင်နေသူပါ။ ဒီပညာတွေသာ မတတ်ရင် လူ့ဘ၀ဟာ အဓိပ္ပါယ်မဲ့ပြီလို့ ထင်နေသူပါ။ ဒါဟာ ပညာရှင်တွေရဲ့ အယူအဆပါ။ လှေသမားအတွက်ကတော့ သူ့အတွက် ဒီပညာ မတတ်လဲ ဘာမှမဖြစ်ဘူး။ အရေးကြီးတာက သူ့အတွက် “ရှင်သန်” ဖို့ အားအင်တွေ ရှိနေဖို့ပဲ။ ဒါပေမဲ့ အရေးကြုံလာတဲ့ အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှ အသုံးမ၀င်ခဲ့ဘူး။ လှေမှောက်သွားရင် ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။

တပါးသူကို အထင်မသေးပါနဲ့။
“ငါ”ဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။
ဟိုလူမှာ ထီထွင်ဥာဏ်မရှိဘူး ဒါပေမဲ့ သူဟာ ရိုးသားတယ် မကောင်းတာကို မကြံစည်တတ်ဘူး။ ဒီလူဟာ အပြောအဆို မတတ်ဘူး။ ဒါပေမဲ့ သူဟာ အလုပ်ကို ကြိုးစားတယ်။ ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။ ငါရဲ့ “အရည်အချင်း” သူ့မှာ မရှိသလို သူ့ရဲ့ “အရည်အချင်း”လဲ ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။


အိမ်ဝေးငှက်များ
ငါတို့ ဟာ
လာ၇ာလမ်းတူခဲ့သလို
လား၇ာလမ်းလည်းတူ၇မယ်
၇ည်မှန်းသလောက်မ၇လည်း
၇ည်၇ွယ်ချက် မပျောက်ခဲ့ဘူး။
ငါတို့ ဟာ
အကင်းမသေသေးတဲ့ 
အတွင်းကြေ ဒဏ်၇ာဟောင်းတွေကို
နာကျည်းပေမယ့် မနာကျင်သလို ခံစားတယ်။
ငါတို့ ဟာ
ဘယ်လောက် ပျံသန်းပျံသန်း
တောင်ပံတွေ မညောင်းအောင်
ငါတို့ ၇ဲ့ နောက်မှာ
အားဖြည့် ပေးသူတွေအပြည့် နဲ့ 
တချို့ က အိမ်သူသက်ထား၇ဲ့ ကြင်နာမှုအသံနဲ့ 
တချို့ က ငှက်ငယ်လေးတွေ၇ဲ့ 
အစာတောင်းခံမှုအသံတွက်
တချို့ ကမျိုးဆက်သစ်လေးတွေ၇ဲ့ 
အမြင့် ပျံသန်းနိုင်ဖို့ အတွက်
တချို့ ကအသိုက်မြုံလေးပြုပြင်ဖို့ အတွက်
တချို့ က ကြင်ဖော်နဲ့ ချစ်ခြင်းဖလှယ်ဖို့ အတွက်
သေချာတာကတော့ 
လောကဓံ လေနီကြမ်း
ဘယ်လောက်သ၇မ်းပါစေ
ငါတို့ ဟာ
အိမ်နဲ့ နီးသ(သည်)ထက်နီးဖို့ အတွက်
ပျံသန်းပြီး၇င်း ပျံသန်းနေ၇ဦးမှာပဲ။
မင်းခ(ဟသာင်္မြေ)။
စိတ်ခွန်အားတွေ ၇ကြပါစေ။
စိတ်ကူး
မတူတာ ခွဲခြားကာသိ၇င်
တယူသန်စွန့် လွတ်ပါဦး
အဖြေမှန်နင်တွေ့ သွားခဲ့ ၇င်
ဒီတခါေ၇ာက်ချိန်မှားခဲ့ သူမို့ 
ခွင့်လွတ်ပါဦးလေ
မကြင်နာတဲ့ အငြိုး တမင်တကာ နှုတ်က
ပြေစေပြောလို့  ဖြေသိမ့်ချင်ပါတယ်
အကြောင်းကြောင့်ဝေး၇၇င်လည်း
ဝေဒနာပုံ၇ိပ်နွေ
ခိုင်မာတဲ့ ဒီနှောင်ကြိုး
တင်း၇စ်လို့  ထားသူ့ ၇င်
ချစ်သည်းဦးပြောတော့  ဘယ်လိုနေမယ်
တရွေ့ေ၇ွ့ နဲ့ တချိန်ချိန်မှာ
ကာ၇န်တွေသီ ညီစေဖို့ 
ကြိုးပမ်းခဲ့ သမျှ သြောင်္......အဆုံးတော့ လေ
နွမ်းခဲ့ သမျှ ငြိမ်းပါ၇စေ......မေ။
မင်းခ(ဟသာင်္မြေ)
picture from google search
တစ်နေ့…. ကောင်လေးတစ်ယောက် စတိုးဆိုင်လေးမှာ ဆိုဒါ လာဝယ်တယ်..
ဝယ်ရင်းနဲ့ ဖုန်းတစ်ခါလောက် ခေါ်ခွင့်ပြုဖို့ ဆိုင်ရှင်ကိုခွင့်တောင်းတယ်..

ဆိုင်ရှင်က ဖုန်းဆိုင်မဟုတ်ကြောင်း သို့သော် တစ်ခေါက်တော့ ခေါ်ခွင့်ပြု
မည်ဖြစ်ကြောင်း ပြန်ပြောပါတယ်..

ဆိုင်ရှင်က ကောင်လေးဖုန်းပြောသံကို နားထောင်နေတယ်..

ကောင်လေးက တစ်ဘက်က အဒေါ်ကြီးတစ်ယောက်နဲ့ပြောနေပုံ
ရတယ်..

” အဒေါ်ခင်ဗျား.. အဒေါ့်ခြံထဲက မြက်ခင်းရိတ်တဲ့အလုပ် ကျွန်တော့်ကိုပေးပါလားခင်ဗျာ…“
တစ်ဘက်က ပြန်ပြောတယ်.. ” တို့က တစ်ခြားတစ်ယောက်ကို အလုပ်ခန့်လိုက်ပါပြီကွယ်…”


” အဒေါ်ရယ် ..ကျွန်တော် အဒေါ့်ခြံကို အဒေါ် စိတ်တိုင်းကျဖြစ်အောင်
ကြိုးစားပြီး ရိတ်ပေးပါမယ်.. ဈေးကိုလဲ အခုလက်ရှိ လုပ်ပေးနေတဲ့သူ
ယူတဲ့ဈေးနှုန်းရဲ့ တစ်ဝက် ဈေးဘဲ ကျွန်တော်ယူပါ့မယ်..”


တစ်ဘက်ကလဲ ပြန်ဖြေပါတယ်… အခုလက်ရှိ သူ့ခြံကို ရိတ်ပေးနေတဲ့သူဟာ သူ့
စိတ်တိုင်းကျ လုပ်ပေးပြီးသား သူကျေနပ်ပြီးသားဖြစ်ပါတယ်တဲ့…

ဒီတစ်ခါတော့ ကောင်လေးက ပိုပြီး ချိုသာ အောက်ကျို့တဲ့လေသံနဲ့

“အဒေါ်ရယ်….. ကျွန်တော် အဒေါ့်ခြံကို မြက်လဲရိတ်ပေးမဲ့အပြင် တစ်ခြံလုံးကို
တံမြက်စည်း လှည်းပေးပါ့မယ်.. လမ်းတွေကိုလဲ သန့်ရှင်းရေးလဲ
လုပ်ပေးပါ့မယ်.. ဒီလိုဆို နောက် တစ်ပတ် တနင်္ဂနွေနေ့ရောက်ရင် အဒေါ့်ခြံဟာ
ဒီတစ်နယ်လုံးမှာ ဘယ်သူမှ မမှီတဲ့ အလှဆုံးနဲ့ အသန့်ရှင်း အသပ်ရပ်ဆုံး
ခြံတစ်ခုဖြစ်လာမှာပါ… ကျွန်တော့ ကို အလုပ်ခန့်ပါ အဒေါ်ရယ်..”

တစ်ဘက်ကလဲ အလုပ်မခန့်ကြောင်းကိုသာ ပြန်ပြောပါတယ်..

ကောင်လေးက ကျေကျေနပ်နပ်ကြီး ပြုံးလိုက်ပြီးတော့ ဖုန်းကိုချလိုက်ပါတယ်…

ကောင်လေးရဲ့ ဖုန်းပြောသံကို အစအဆုံး နားထောင်နေတဲ့ ဆိုင်ရှင်က ကောင်လေးဆီ
လျှောက်လာပြီး

“ကောင်လေး ..ဦးက မင်းရဲ့စိတ်ထားလေးကို သဘောကျတယ်… မင်းရဲ့ အကောင်းဆုံး
လုပ်ပေးချင် တတ်တဲ့ သဘောထားကို လေးစားတယ်… ဒါကြောင့် ဦးလေး မင်းကို
အလုပ်တစ်ခုခု ပေးချင်တယ်.. မင်း ဘယ်လိုသဘောရလဲ “

“ကျေးဇူးတင်ပါတယ် ဦးလေးရယ်.. ကျွန်တော့ အတွက် အလုပ်မလိုပါဘူး… ကျွန်တော်
လုပ်ပေးလိုက်တဲ့ အလုပ်ကို အလုပ်ရှင်က ကျေနပ်မှုရှိမရှိ ကျွန်တော်
ပြန်ဆန်းစစ် ကြည့်တာပါ… ခုနက ကျွန်တော်နဲ့ ဖုန်းပြောတဲ့ အဒေါ်ကြီးက
ကျွန်တော် အခု အလုပ် လုပ်ပေးနေတဲ့ အလုပ်ရှင်ပါ..”

xxxxxxxxxxxxxxxxxxxxxxxxxxxxxx
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဇာတ်လမ်းလေးကတော့ ဒီလောက်ပါပဲ… ဇာတ်လမ်းလေးဖတ်ပြီးတော့ မဆုံးနိုင်တဲ့
အတွေးတစ်စကို ရလိုက်မိတယ်… ကျွန်မတို့ကရော ကိုယ်လုပ်နေတဲ့ အလုပ်ကို ဒါ
ပြီးသွားရင် ငါ့တာဝန် ကျေပြီ… လို့ဘဲ လွယ်လွယ်ကူကူ သတ်မှတ်လိုက်ကြတယ်..
ကိုယ် လုပ်ပေးလိုက်တဲ့ အလုပ်ကို တစ်ဘက်လူက ကျေနပ် နှစ်သက်မှု
အပြည့်အ၀ရှိရဲ့လား ဆိုတာကိုတော့ မြက်ရိတ်သမားလေးလို ပြန်လည်ဆန်းစစ်ဖို့
ဘယ်သူကမှ သတိရကြပါ့မလား…