ရွှေလီမြစ်ဘေးက ငွေဇင်ယော် -

စစချင်း ယောက်ျားလေးနဲ့ မိန်းကလေး နစ်ယောက် ရွှေလီမြစ်မှာ အမြဲဆုံကျတယ် ..
ဒီလိုနဲပဲ သူတို့ နစ်ယောက် ချစ်ခင်ကြင်နာ သက်ဝင်သွားကျတာပေါ့

ဒီလိုနဲ့ မကြာခင်မှာပဲ ကောင်လေးက ကောင်မလေးကို ရွှေလီမြစ်ဘေးမှာ ခေါ်ပြီး
စကားပြောကျ ချစ်ကျ .. ကြည်နူးကျတောပေါ့ ...

ငွေဇင်ယော်ဌက်လေး တစ်ကောင်ပျံသန်းလာတော့ ကောင်မလေးက ကောင်လေးကို
မေးလိုက်တယ် .. “အဲဒါ ဘာဌက်လဲကိုရယ်” .. ဒီလိုနဲ့ ကောင်လေးက “အဲဒါငွေဇင်ယော်ဌက်
လေ” လို့ ဖြေလိုက်တယ်ပေါ့ ...
ဒီလိုနဲ့ နောက် တစ်နစ်ကျော်ကြာပြီးတော့ ကောင်မလေးကို နောက်တစ်ခါ ရွှေလီမြစ်ဘေးကို
ခေါ်လာပြန်တယ် .. အဲလိုပဲ ကောင်မလေးက တွေတာနဲ့ ငွေဇင်ယော်ဌက်ကို ပဲ ဘာဌက်လဲလို့
မေးပြန်တယ် ... ဒီလိုနဲ့ ကော်လေးက အသံနည်းနည်းမှာလာတယ် .. “ ငွေဇင်ယောဌက်” လို့
ဖြေလိုက်တယ် ...
နောက်ထပ် ၃နစ်လောက်ကြာတော့ သူတို့က လက်ထပ်ပြီးသွားပြီပေါ့ .. ဒီလိုနဲ
့ရွှေလီမြစ်ဘေးကို
နောက်တစ်ခေါက်လာတယ် ... အရင်တုန်းကအတိုင်းပဲ ကောင်မလေးက ကောင်လေးကို
ဘာဌက်လဲလို့ မေးပြန်တယ် .. ဒီလိုနဲ့ ကောင်လေးက ပြန်ဖြေလိုက်တယ် “ ဇင်ယော် ” ...
ဒီလိုနဲပဲ နောက် ၂ နစ်ကြာတော့ အတွယ်အတာလေးတွေပါလာတော့တာပေါ့ ...
ဒီလိုပဲ နောက်တစ်ခါ ရွှေလီမြစ်ဘေးကို လာပြန်တယ် .. ကောင်မလေးက လည်း အရင်အတိုင်းပဲ
ဘာဌက်လဲလို့ မေးပြန်တယ် .. ဒီတခါမှာတော့ ကောင်လေးက မဖြေတော့ဘူး ဗျာ .. စိတ်ကြီးတာ
ပြလိုက်တယ် ... ပြောလိုက်တယ်လေ .. ကောင်မလေးကို “ ကောင်မ ၊ မသာမ ၊ေ-ာက်ကောင်မ
##### လာတိုင်းဒီဌက်နာမည်ပဲမေးနေတာ .. ငါကိုဘာများမှတ်နေလဲ ” အဲလိုကို
ဖြေလိုက်ပါတယ်...

ကဲစဉ်းစားကြည့်ကျပါ .. အိမ်ထောင်မပြုမှီ နဲ့ ပြုပြီးသွားရင်
ဘယ်လိုကွာခြားလည်း ဆိုတာကိုပေါ့ .. :) [?][?]

လားရာ


ဒါကလည်း.. တစ်လောကဖတ်မိတဲ့ ဟာသလေးတစ်ပုဒ်ပါ..။ ဘယ်ကဖတ်ရတယ်ဆိုတာတော့
မမှတ်မိတော့ဘူး..။ ဒါပေမယ့် တော်တော်ကို အဓိပ္ပါယ်ရှိနေတော့ အားလုံးအတွက်
ဖောက်သည်ချလိုက်ပါတယ်..။

တစ်နေ့မှာ နတ်ပြည်ကသိကြားမင်းနဲ့ ငရဲပြည်ကငရဲမင်းတို့ တွေ့ဆုံပြီး
နတ်ပြည်နဲ့ ငရဲပြည်ကိုတိုက်ရိုက်ဆက်သွယ်ပေး
မယ့် အထူးအမြန်ရထားလမ်းကြီး
တစ်လမ်းအမြန်ဖောက်ဖို့ သဘောတူသတဲ့..။ ကြားဘူတာအနေနဲ့
လူ့ပြည်ကိုသတ်မှတ်ပြီး နှစ်ဖက်ရဲ့ လမ်းဖောက်လုပ်ရေးရဲ့ ဆုံမှတ်ကလည်း
လူ့ပြည်ပဲဖြစ်ပါတယ်တဲ့..။ ငရဲပြည်ကဖောက်လာတဲ့လမ်းပိုင်းနဲ

နတ်ပြည်ကဖောက်လာတဲ့လမ်းပိုင်း နှစ်ဖက်ဟာ အလယ်ဖြစ်တဲ့
လူ့ပြည်မှာလာဆုံမယ်ဆိုပြီး သဘောတူကြသတဲ့..။

ဒီလိုနဲ့ ငရဲမင်းကြီးလည်း အားကြိုးမာန်တက်နဲ့ ဖောက်လိုက်တာ
တစ်ပါတ်လောက်ကြာတော့ လူ့ပြည်ရောက်ဖို့ လမ်းခုလတ်ကို ရောက်လာရောတဲ့..။
“ငါ့ဖက်ကတောင် ဒီလောက်ပြီးနေပြီဆိုတော့ နတ်ပြည်ဖက်ကလည်း
တော်တော်ပြီးလောက်ပြီ”..ဆိုပြီး အပေါ်ကိုမော့ကြည့်တော့..
ဘာလုပ်ငန်းမှမစသေးတာတွေ့သတဲ့..။ ဒါနဲ့ “သူတို့ဖက်က ပြီးတယ်မပြီးတယ်က
သူတို့အပိုင်းပဲ..။ ကိုယ့်ဖက်ကတော့ တာဝန်ကျေဖို့လိုတယ်”…လို့
စိတ်ကတွေးပြီး ရထားလမ်းကြီးဆက်ဖောက်တာပေါ့..။
နောက်တစ်ပါတ်လောက်ထပ်ကြာတော့ ငရဲမင်းကြီးရဲ့ ရထားလမ်းကြီးက
သတ်မှတ်ဆုံရပ်ဖြစ်တဲ့ လူ့ပြည်ကိုရောက်လာပါရော…။ ဒီတော့ ငရဲမင်းကြီးလည်း
အပေါ်ကိုတစ်ခါ ထပ်မော့ကြည့်တော့ နတ်ပြည်ဖက်က ဘာလှုပ်လှုပ်ရှားရှားရှိတယ်မှ
မတွေ့တော့ နဲနဲတင်းသွားတယ်..။ “ဒီလောက်ဖြစ်တဲ့ သိကြားမင်းဆိုတဲ့ကောင်..
အလကားရေသာခိုနေတယ်.. မထူးဘူး..တစ်ခါတည်းဖောက်လက်စနဲ့ ငါကပဲဒီလမ်းကို
နတ်ပြည်အထိအပြီးဖောက်လိုက်တော့
မယ်..”..ဆိုပြီး ဒေါနဲ့မောနဲ့အမိန့်ပေးပြီး
ဆက်ဖောက်လိုက်တဲ့ ရထားလမ်းကြီးလည်း နောက်နှစ်ပါတ်လောက်ကြတော့
နတ်ပြည်တံခါးဝထိ ရောက်လေရော ဆိုပဲ…။

ဒါနဲ့ ငရဲမင်းကြီးလည်း သိကြားမင်းကိုတွေ့ပြီး ပွမ်တော့တာပေါ့…။
“ခင်ဗျားကြီးကပြောတော့ တစ်မျိုး.. လုပ်တော့တစ်မျိုး..။ ခုပေးမယ်ပြောပြီး
အချိန်ဆွဲနေတာ.. နှစ်တွေလည်းမနဲတော့ဘူး… ဘာဖြစ်တယ်ညာဖြစ်တယ်…”..ပေါ့..။
ဒီတော့ သိကြားမင်းက လေသံအေးလေးနဲ့ပြန်ဖြေရှင်းပါတယ်
..။

“အင်း…ခင်ဗျားပြောတော့လည်း ခံရတော့မှာပဲဗျ..။ မတတ်နိုင်ဘူးလေဗျာ..။
အင်ဂျင်နီယာတို့၊ဆောက်လုပ်ရေး
အရာရှိတို့၊ကန်ထရိုက်တို့ ဆိုတာ
သေရင်ခင်ဗျားဆီပဲ ရောက်တာကလား..။ ကျူပ်ဆီမှာ အဲလိုကောင်တွေမရှိတော့
အလုပ်ဘယ်ကစလုပ်ရမှန်းကိုမသိတာ..
။ “…တဲ့ဗျား…။ :D

[?][?][?][?][?][?][?][?][?][?]
[?][?][?][?][?][?][?][?][?][?][?][?][?]
နားမလည်ခြင်း


ဟိုတစ်နေ့တုန်းက ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရတဲ့ ဟာသလေးများ
သဘောကျလွန်လွန်းလို့ ဖောက်သည်ချလိုက်ပါတယ်ဗျာ..။

တစ်ခါတုန်းက ကွန်မြူနစ်တစ်ယောက်ရယ်၊ အရင်းရှင်(ဒီမိုကရေစီ)တစ်ယောက်
ရယ်၊
ဆိုရှယ်လစ်တစ်ယောက်ရယ်… အတူထိုင်ပြီး ဆွေးနွေး၊ငြင်းခုန်ဖို့ တစ်နေရာမှာ
ချိန်းတွေ့ကြလေသတဲ့…။ အချိန်တန်လို့ ကွန်မြူနစ် နဲ့ အရင်းရှင်တို့
နှစ်ယောက်ရောက်လာကြပေမယ့် ဆိုရှယ်လစ်ကြီးကတော့ ပေါ်မလာနိုင်ဘူးတဲ့လေ…။
နာရီဝက်လောက်ကြာကာမှ လောကြီးပန်းကြီးနဲ့ ရောက်ချလာတဲ့
ဆိုရှယ်လစ်ကိုတွေ့တော့ ဘာဖြစ်တာလဲ… ညာဖြစ်တာလဲ နဲ့
ဝိုင်းမေးကြမြန်းကြနဲ့ပေါ့လေ..။

ဆိုရှယ်လစ်။ ။ဆောရီးဗျာ..။ ကျွန်တော် ကြက်အူချောင်းရဖို့ တန်းစီနေရတာနဲ့
နောက်ကျသွားတယ်..။

အရင်းရှင်။ ။ဆောရီးဗျာ..။ ကျွန်တော်နားမလည်တာတစ်ခုရှိတယ်.
.။
တန်းစီတယ်ဆိုတာ ဘာကိုပြောတာလဲ…။

ဒီလိုမေးတော့ အသာငြိမ်နေတဲ့ ကွန်မြူနစ်ကလည်း မေးရှာတယ်..။

ဆောရီးဗျာ..။ ကျွန်တော်နားမလည်တာတစ်ခုရှိတယ်.
.။ကြက်အူချောင်းဆိုတာ
ဘာကိုပြောတာလဲ…။ :D

[?][?][?][?][?][?][?][?][?][?]
[?][?][?][?][?][?][?][?][?][?][?][?][?]

အမေ့သားမောင်၊ပေါကြောင်ကြောင်
ရီးစားနတ္တိ၊ လွန်ပျင်းရိ၏..။

တစ်နေ့သောအခါ၊ကားမှတ်တိုင်ဝယ်
တွေ့လျှင်သဘောကျ၊ အပျိုလှလည်း..။

ပိုးမည်ပန်းမည်၊အတွေးစီလျက်
ညရေးအိပ်ပျက်၊ကြိုစားချက်..။

မနက်မိုးသောက်၊အရုဏ်ရောက်သော်
ပြန်ဆုံလျှင်အပျိုချော၊ငါလေဖော
အံ့..။

အားကြိတ်မာန်ကျူံး၊စိတ်ချဒုန်း
ဒုန်း
မှတ်တိုင်လမ်းထိပ်၊ရန်ခုန်ဒိတ်
ိတ်..။

ရောက်လျှင်တောင်မြောက်၊ကျီးကန်း
ဒေါင်းမှောက်
စေ့စေ့ရှာလည်း၊၀ါးတားနေဆဲ..။

ညပျက်အိပ်ရေး၊မရခဲ့တစ်မှေး
ကြောင်နေမျက်စိ၊မမြင်သောအကြည့်ေ
ကြာင့်..။

ဟိုလိုသူလား၊ဒီကညာလည်းဖြစ်နိုင်
အရောင်စုံကြားထဲ၊မှောက်ပြီငါးပါ
း..။

လယ်ထွန်နွားမေ့၊ပြောကြစကား
ထူးခြားငါ့မှာ၊ထွန်ပျောက်သူတကား
..။

မှတ်ချက်။ ။အဖြစ်မှန်မဟုတ်ပါ..။ :D


[?][?][?][?][?][?][?][?][?][?]
[?][?][?][?][?][?][?][?][?][?][?][?][?]

ဒီလိုဆိုရင်တော့ ကိစ္စရှိပြီ


ဒီဟာသလေးကတော့ ကြားဖူးတာမကြာသေးဘူးဗျ..။ဝေလေး
ကတော့ ကြားဖူး(အဲလေ..)ဖတ်ဖူး
ပြီးသားပါ…။

တစ်ခါတုန်းက မြစ်ကမ်းနဘေးရွာလေးတစ်ရွာရှိတယ်
တဲ့..။အဲ..မြစ်ကမ်းနှဘေးဆိုတော့
မြစ်ဆိပ်လည်းရှိတာပေါ့နော်….။
တစ်နေ့ကျတော့ အဲဒီရွာလေးကို တစ်ခြားဒေသက ဧည့်သည်
တွေရောက်လာကြပြီး ဟိုဖက်မြစ်တစ်ဖက်ကမ်းကရွာလေးဆီ
ကိုသွားချင်တယ်ဆိုပြီး မြစ်ဆိပ်
ကိုဆင်းလာကြရောတဲ့…။မြစ်ဆိပ်ကို
ရောက်တော့ ဟိုမေး..ဒီမေးနဲ့…၊နောက်ဆုံးတော့ ကုလား
ကြီးတစ်ယောက်လှော်တဲ့ လှေနဲ့ဈေးတည့်ကြတယ်ပဲဆိုပါစို့
…။ဒီလိုနဲ့
လှေပေါ်ကိုအထုပ်အပိုးတွေ
တင်၊ပြီးတော့ လူတွေ တက်ကြပြီးနောက် လှေက ကမ်းကခွာရောပေါ့…။

အဲ..လှေလည်းကမ်းကခွာရောရေတွေက လှေထဲကို တစ်စိမ့်စိမ့်နဲ့ဝင်လောရော..တဲ့
။ဒီတော့
လှေပေါ်ပါတဲ့ ခရီးသည်တွေကလည်း လန့်တော့ ကုလားကြီးကိုပြောတယ်…။

မေး။ ။”ဟဲ့..ကုလားကြီး..နင့်လှေကကော
င်းရဲ့လား..ဒီမှာရေတွေ စိမ့်ဝင်နေပြီ…။”

ဖြေ။ ။”အား..အမားကြီး..ကုလားနော်..ေ
လှကျွမ်းကျွမ်းလှော်တယ်…။စိတ်ချနော်…
ကိစ်ချ(ကိစ္စ)မရှိဘူး..အမားကြီး.
.။”

နောက်လှေကကမ်းနဲ့တော်တော်လှမ်း
တဲ့နေရာကိုရောက်လာပြန်တော့ခရီးည်တွေကထပ်မေးတယ်

မေး။ ။”ဟဲ့..ကုလားရေ..နင့်လှေက ဟုတ်ကောဟုတ်သေးရဲ့လား…။ကြည့်စမ်
းရေတွေက ခြေမျက်စိ
ရောက်နေပြီ..။”

ဖြေ။ ။”အမားကြီးတို့ရယ်…ကုလားကို စိတ်ချနော်…။ကိစ်ချ
မရှိဘူး..အားလုံးအဆင်ပြေသွားမယ်
..။”

ခရီးသည်တွေလည်း ကြောက်ကြောက်၊ကြောက်ကြောက်နဲ့
ဆက်စီးလာလိုက်ကြတာ..မြစ်လယ်ခေါ
လည်းရောက်ရော အခြေအနေက လုံးဝမကောင်းဘူးဆိုရလောက်အောင် ခြေသလုံးသားထိကို
ရေတွေ ၀င်လာပြီဆိုတော့ ခရီးသည်တွေက ကုလားကြီးကိုလှည့်မေးတယ်..။

မေး။ ။”ဟဲ့..ကုလား…နင်ကသာ
ဘာမှမဖြစ်ဘူး..ကိစ္စမရှိဘူးတို့ေ
ပြာနေတာ..ဒီထဲမှာရေကခြေသလုံး
မြုပ်တော့မယ်…။”

ဖြေ။ ။”အဘားဘား…အမကြီးနော်..ရေက
ခြေသလုံးရောက်ပြီလား….။ဒီလိုဆို
ရင်တော့ကိစ္စရှိပြီ..အမ
ကြီးတို့ရေ…ကုလားသွားဘီနော်…။”

ဒီလိုပြောပြီးတာနဲ့ ကုလားကြီးလည်း ရေထဲဒိုင်ဗင်ထိုးဆင်းသွားရောတဲ့
…။

မှတ်ချက် ။။အဖြစ်မှန်ကိုလက်မခံပဲဇွတ်အတင်
းကိုမဖြစ်နိုင်ပဲ၊အရှိတရားနဲ့
ကင်းကွာအောင်လုပ်မယ်ဆိုရင်
နောက်ဆုံးတစ်နေ့တော့ကိစ္စရှိလြာ
ီး တိုင်းပြည်ဆိုတဲ့
လှေလည်းမြုပ်၊ပြည်သူဆိုတဲ့ခရီး
ည်တွေလည်း
ဒုက္ခရောက်ရမှာကိုပါပဲ…။

[?][?][?][?][?][?][?][?][?][?]
[?][?][?][?][?][?][?][?][?][?][?][?][?]

ဆရာကြီး…တဲ့ဗျာ :D

ဟိုးမကြာလှသေးတဲ့ ကာလတစ်ခုတုန်းကပေါ့ဗျာ…

ရှမ်းပြည်နယ်က လက်ဖက်စိုက်တဲ့ ပလောင်ရွာလေးတစ်ရွာကို တစ်ပွင့် နဲ့တစ်ခက် တိတိ
ပိုင်ဆိုင်တဲ့ လူကြီးမင်းက သွားရောက်ပြီး သြ၀ါဒ
မြွတ်ကြားဖို့ချီတက်သွားတယ်ဆို
လားပဲ။

အဲ..ရွာလည်းရောက်ရောအသင့်စောင့်
နေတဲ့ သူကြီးနှင့်တကွ ပလောင်ရွာသားအပေါင်းတို့
ကို မိန့်ခွန်းတွေချွေပါတယ်…။နိုင်
ံတော် ရှေ့ဆက်ချီတက်မယ့်
လမ်းစဉ်များနဲ့ ပတ်သက်ပြီး
ရှင်းပြပါတယ်။….

နောက် ရွာကကျွေးတာစားပြီး ပြောစရာမရှိတော့တာနဲ့ ရှာကြံပြီးဆရာကြီးလုပ်မယ်ပေါ့..


မေး။ ။ခင်ဗျားတို့ ရွာမှာလက်ဖက်ခင်းတွေက တော်တော်အောင်မြင်တယ်ပဲ….။

ဖြေ။ ။ဟုတ်ကဲ့ခင်ဗျ….။

မေး။ ။ဒါနဲ့ … အချိုခြောက်(ကျွန်တော်တို့နေ့
စဉ်သောက်တဲ့ လက်ဖက်ရည်)လုပ်တာနဲ့ အခါး
ခြောက်(ရေနွေးကြမ်း)လုပ်တာ ဘယ်ဟာပိုပြီး စီးပွားရေးအရ တွက်ခြေကိုက်လဲ….။

ဖြေ။ ။ဟုတ်ကဲ့ခင်ဗျ…။အချိုခြောက်က ပိုပြီး ၀င်ငွေကောင်းပါတယ်ခင်ဗျ….။

အဲဒီလို လူကြီးမင်းက မေး၊ရွာသူကြီးက ဖြေတော့ နောက်ဆုံး လူကြီးမင်းရဲ့ လမ်းညွှန် စကား
ကြောင့် ရွာခံတိုင်းရင်းသား ပလောင်တွေ ပါးစပ်အဟောင်းသား နဲ့ ဘာပြန်ပြောရမယ်မသိပဲ
ဖြစ်သွားကြတယ်ဆိုပဲ….။အဲဒါကတော့ ….

“အေးဗျာ…ဒါဆိုလည်း… အခါးပင်ကို လျော့စိုက်ပြီး အချိုပင်ကို ပိုစိုက်ကြပေါ့”….တဲ့။

(မှတ်ချက်။ ။လက်ဖက်ပင်တစ်မျိုးသာရှိပါသည်။
အချိုပင်၊အခါးပင်ဆိုပြီးမရှိပါ။အပင်မှခူးပြီးရ
သည့် လက်ဖက်ရွက်ကိုသာ သင့်သလိုစီရင်ပြီးအချိုခြောက်၊
ခါးခြောက် နှင့်စားရန်နှပ်သည့်
လက်ဖက်ဆီစိမ် တို့ကို လုပ်ပါသည်။)


[?][?][?][?][?][?][?][?][?][?
][?][?][?][?][?][?][?][?][?][?][?][?][?]

တွေးမိတွေးရာ ..


ယခုခေတ် ကာလတွင် ခေတ်ပေါ် အခေါ်အဝေါ်များ အများအပြားပေါက်ဖွားလာသည့်နည်း
တူ
.. စကားလုံး များ၏ အဓိပ္ပါယ်မှာလည်း တစ်ခုနှင့်တစ်ခု အပြိုင်အဆိုင်
ဟိုမှဒီသို့၊ဒီမှဟိုသို့ မျောက်မူးလဲ
ဖွယ်ပြေးလွှားကမြင်းနေရကား…လဂွန်
းအိန် လည်းအဆိုပါ ပြိုင်ပွဲတွင် ပါဝင်ရန်
စဉ်းစားခန်းဝင်လေရာ .. အောက်ပါအတိုင်း ကပေါက်တိ၊ကပေါက်ချာ ၊
အစီအငေါ်အတည့်သည့်၊အများသူငါ "အရူး" ဟုထောမနာပြုလောက်သည့်
အတွေးတစ်ချို့တို့ကို ရလေသည်..။

၁။ ကျွန်ုပ်တို့ခြေထောက် ဟုခေါ်သည့်အရာမှာ သူ၏နာမည်နှင့်
လားလားမှမထိုက်တန်..။အမှန်တစ်
ကယ်တွင် ပါးစပ်ထဲမှ ဖြူလွလွ(အချို့သူများက
ဝါကျင်ကျင်၊အချို့က ပိုးစားလို့မဲညစ်ညစ်) အချောင်းမညီတညီများကသာ
အဆိုပါနာမည်ကို အပိုင်စားသင့်သည်ဟူ၏..။
အဘယ့်ကြောင့်ဆိုသော် ထို ဖြူလွလွအချောင်းများသည် ပါးစပ်မှ ၀င်လာသော
အစားအစာ ဟူသမျှကို ခြေ ဖျက်ပေးသည့် အပြင်
မေးရိုးနှစ်ဖက်(အပေါ်နှင့်အောက်)
တို့ကို ထောက် ကန်ခြင်း
တာဝန်တို့ကိုထမ်းဆောင်လေသောကြော
င့်တည်း…။

၂။ ထိုမှအတူ ပြောင်းပြန်တွေးယူသော် တစ်နေကုန်တစ်နေခမ်း နီးပါး ဟိုဟို
ဒီဒီ လျှောက်လှမ်းကာ မနေမနား သွား လာခြင်းတာဝန်ကိုထမ်းဆောင်နေသည့်
ကိုယ်ခန္ဒာအောက်ပိုင်းမှ အချောင်းနှစ်ဖက်ကိုသာ သွား ဟုခေါ်သင့်လှပေ၏

(မှန်သည်ထင်လျှင် လက်ခုပ်တီးကြပါ။)

၃။ နောက်တစ်ကြောင်းမှာ မျက်စိဟုကျွန်ုပ်တို့ခေါ်ဝေါ်ြ
ကသည့်
အမြင်အာရုံခံစားရာ (ဘွိုင်းတို့ ဂဲလ်များကို ငမ်းရာ) စက္ခု
အလုံးနှစ်လုံးကို မူ မနေမနား ဟိုရှာ ဒီ ရှာ ဖြင့်နေသောအမူအကျင့်ရှိရကား
သူ့ ကို ရှာ(ရေးမူ -လျှာ) ဟုခေါ်လျှင်ပိုမို သင့်မြတ်ပေမည်။

၎။ ထို့ပြင် ဦးခေါင်း၏ ဆန့်ကျင်ဖက် မျက် နှာပြင်နှစ်ဖက်တွင် ငုတ်စိ လေး
ရှိနေသော အရာကို နားဟုခေါ်ခြင်းသည် မတရား၊ မျက်စိ ဟုခေါ်လျှင်
သာပြီးဆီလျော်သည်ဟု လည်းကောင်း…။

၅။ ပြီးလျှင် ပါးစပ်အတွင်းရှိပျော့စိအချပ်ကြီ
းကို လျှာ ဟုမခေါ်ပဲ အစားအစာ
စားချိန်နှင့် စကားပြောချိန်မှအပ ကျန်အချိန်အများစုတွင် နားနားနေနေ
နေရသင့်အတွက် သင်းသာ နား ဟူသောအခေါ်နှင့်လိုက်ဖက်ညီသည်ဟု လည်းကောင်း…။

စသည်တို့ဖြစ်ကြလေသည်။သင်ဖတ်ပြီး ကျွန်ုပ်နှင့် သဘောမျှလျှင်
ထောက်ခံကြပါ။ဖြန့်ဝေကြပါ။အများ
သူငှာတို့
လက်သင့်ခံလျှင်သတ်ပုံကျမ်းပြင်
န် မြန်မာစာဌာနသို့ ပေးပို့ကာ
အရေးဆိုကြမည်။ :D (ပေါတယ်ကွာ..။)


[?][?][?][?][?][?][?][?][?][?
][?][?][?][?][?][?][?][?][?][?][?][?][?]

0 comments:

Post a Comment

thank you for your comment