လျောက်ထားပါရစေ ဆရာတော် အရှင်မြတ်များ
ဘုရား၊ ဗုဒ္ဓဘာသာမှာ ဖန်ဆင်းရှင် ထာဝရဘုရားသခင် (ဂေါ့ဒ်)မရှိဟု ဆိုပါသည်။ သို့ဖြစ်ပါက ဆုတောင်းလျင် တောင်းသည့်ဆုကို မည်သူက ပြည့်အောင် လုပ်ပေးပါသနည်း။ ဗုဒ္ဓကိုယ် တိုင်ကကော တပည့်သာဝကများအား ဆုတော်ကို ပေးခဲ့ဘူးပါသလား။ ကိုယ်လုပ်တဲ့ ကုသိုလ်က ဧကန်အကျိုးပေးမည်ဖြစ်၍ အထူးဆုတောင်းဖွယ် လိုပါသလားဘုရား။ ဆုတောင်းတာနဲ့ ပတ် သက်ပြီး ထေရ၀ါဒဗုဒ္ဓဘာသာက မည်သို့ လက်ခံထားသည်ကို သိလိုပါသည်။
သက်လျာ
Answered By - ဆရာတော် ဦးကေလာသ
ဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 6 Feb 2008
ခြားနားချက်
ဗုဒ္ဓ၀ါဒဟာ ဣဿရ (စကြ၀ဠာ ကမ္ဘာမိုးမြေကို စိုးပိုင်) နိမ္မာန (စကြ၀ဠာတစ်ခုလုံးကို ဖန်းဆင်း)တဲ့ ထာဝရတည်မြဲတဲ့ တစ်ဆူတည်းသော ဘုရားသခင်ရှိဝါဒကို လက်မခံတာ မှန်ပါတယ်။ အဲဒါကြောင့် ဗုဒ္ဓ၀ါဒီတို့ ဆုတောင်းရာမှာ ဘာမှမလုပ်ဘဲ အဲဒီတစ်ဆူတည်းသော ဘုရားကို မျက်စိမှိတ် ယုံကြည်ရုံမျနဲ့ လိုတာတွေ အားလုံးကို ရတယ်ဆိုပြီး လက်ဖြန့် တောင်းခံတဲ့ အဓိပ္ပာယ်မျိုး မဟုတ်ဘူး။ အကြောင်းဖြစ်တဲ့ ကုသိုလ်ကောင်းမှု တစ်ခုခုကို လုပ်ပြီးမှ ဆုတောင်း ပတ္ထနာပြုရင် တောင့်တတဲ့အတိုင်း ဖြစ်တယ်လို့ ယုံကြည်ပြီး ဆုတောင်းတာပါ။ ဒါကို လက်တွေ့နဲ့ ဆန္ဒကို ပေါင်းစပ်ခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်မလားဘဲ။
ဗုဒ္ဓရဲ့ နှုတ်မြွက်
သင်္ဂီတိသုတ် (ဒိ ၃၊ ၂၁၄)မှာ မြတ်ဗုဒ္ဓက 'အလိုရှိရာကို တောင့်တ (ဆုတောင်း)ပြီး သမဏဗြဟ္မဏတို့ကို ထမင်း အဖျော်စသည့် လှူဖွယ်ဝတ္ထုကို ပေးလှူလျင် လူနတ်ချမ်းသာကို ရနိုင်သည်သာမက ဗြဟ္မာဘ၀ကို ရရှိရန်ပါ အထောက် အပံ့ပြုနိုင်၏ (အပိုဒ် ၃၃၇ အနှစ်ချုပ်)'လို့ မိန့်ပါတယ်။ 'တရားမျတမှုကို ပြုလေ့ရှိသူသည် ကွယ်လွန်ပြီးနောက် လူ့ဘ၀ နတ်ဘ၀ကို တောင့်တ (ဆုတောင်း) ပါက ရရှိနိုင်၏ (မ ၁၊ ၃၅၉)'။ 'အလှူပေးခြင်း၊ သီလဆောက်တည်ခြင်း၊ ကိုယ်နှုတ် နှလုံးကို စောင့်စည်းခြင်း၊ ဣနြေ္ဒတို့ကို စောင့်စည်းခြင်းဟူသော ရွှေအိုးကို မြှုပ်နှံ၍လည်းကောင်း၊ စေတီ သံဃာ ပုဂ္ဂိုလ် ဧည့်သည် အစ်ကို အစ်မတို့အား ပေးလှူခြင်း ကိစ္စကြီးငယ်ကို ဆောင်ရွက်ပေးခြင်းဟူသော ရွှေအိုးကို မြှုပ်နှံ၍လည်းကောင်း အလိုရှိသော ချမ်းသာသုခကို တောင့်တ (ဆုတောင်း)ပါက တောင့်တသည့် ဆုကို ရနိုင်၏ (ခု ၁၊ ၉)'။ 'သုဂတိ ဘ၀တစ်ခုခုကို တောင့်တ၍ (ဆုတောင်း၍) ကုသိုလ်ပြုအံ့၊ ယင်း တောင့်တအပ်သော ဘ၀၌ ဖြစ်နိုင်၏ (တတြူပပတ္တိယာ သံဝတ္တတီတိ ယံ ပတ္ထေတွာ ကုသလံ ကတံ၊ တတ္ထ တတ္ထ နိဗ္ဗတနတ္ထာယ သံဝတ္တတိ) (ဒီ-ဋ္ဌ ၃၊ ၂၂၇)'။
ဗုဒ္ဓ ဆုပေးခြင်း
'ပဉ္စသီခ ကောင်းပေပြီ၊ အခြွေအရံ ပရိသတ်နှင့်တကွ နတ်တို့သနင်း သိကြားမင်းသည် ချမ်းသာပါစေသတည်း' (ဒီ ၂၊ ၂၁၅)လို့ ဗုဒ္ဓရှင်တော် သိကြားမင်းကို ဆုတော်ပေးဖူးပါတယ်။ 'မြတ်ဗုဒ္ဓသည် တစ်စုံတစ်ယောက် လာရောက်၍ ရှိခိုးသည်ရှိသော် ရွှေမရိုးစည်နှင့်တူသော လည်တိုင်တော်ကို ချီမြှောက်၍ နားချမ်းသာဖွယ် နှစ်သက်ဖွယ်ရှိသော၊ အမြိုက်ရေစင် သွန်း လောင်းသည်နှင့်တူသော အသံတော်ကို >မက်ဟလျက် 'ကိုယ်စိတ်နှစ်ဖြာ ချမ်းသာပါစေ'ဟု ထိုပုဂ္ဂိုလ်၏ အမည်ကို ခေါ်လျက် ဆုပေးစကား မြွက်ကြားတော်မူ၏' (မ-ဋ္ဌ ၁၊ ၁၈၅)။
ဗုဒ္ဓ၀ါဒ ဆုတောင်း
ဗုဒ္ဓ၀ါဒီတို့ လက်ခံတဲ့ ဆုတောင်းခြင်းရဲ့ အဓိပ္ပာယ်မှန်က ဒီလိုပါ။ သူသူငါငါ လောကသားတွေ အလိုအကြိုက် အမျိုးမျိုး စရိုက်အထွေထွေ ရှိကြရာမှာ မိမိလိုလားတဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရရှိနိုင်ဖို့ ရည်ñွှန်းခြင်း၊ စိတ်ñွတ်ခြင်း၊ စိတ်ကို ဆောက်တည်ခြင်း၊ စိတ်မှာ ထားခြင်း၊ စိတ်ကို ပွားများစေခြင်း၊ တောင့်တခြင်းကို ဆုတောင်းခြင်း (အဓိကာရပဓာန)လို့ ဆိုပါတယ်။ အဲဒီလို ဆုတောင်းရာမှာ ဗုဒ္ဓ၀ါဒီတွေဟာ ဒါန သီလ ဘာဝနာ ကုသိုလ်တစ်ခုခုကို လုပ်ပြီးမှ ဆုတောင်းပါတယ်။ အနည်းဆုံး ရတနာသုံးပါးကို ရှိခိုးကန်တော့ခြင်း (မဏာမ) ကုသိုလ်လောက်ကို ပြုပြီးမှ ဆုတောင်းကြတာပါ။ ရှေးရှေးက ကျမ်းပြုမထေရ်ကျော်တွေဟာ ကျမ်းမပြုခင် ရတနာသုံးပါးကို ရှိခိုးပြီးတဲ့အခါ 'တဿာနုဘာဝေန ဟတန္တရာယော = ဤပဏာမ (ရတနာသုံးပါးရှိခိုး) ကုသိုလ်ကြောင့် အန္တရာယ်ကင်းပျောက် (ကျမ်းပြီးမြောက်ပါစေ)'လို့ ဆုတောင်းခဲ့ကြပါတယ်။ ပထမ ကုသိုလ်ကောင်းမှု တစ်ခုခုကို ပြုရမယ်၊ အဲဒီနောက် လိုရာအကျိုးကိုရဖို့ ဆုတောင်းတယ်လို့ အဆင့် နှစ်ဆင့်ပါ။ အင်း၊ ဆုမတောင်းပေမဲ့ ကုသိုလ်ကံက ကောင်းကျိုးကို ပေးမြဲပါပဲ။ ဒါပေမဲ့ စိတ်ñွတ်ပြီး လိုချင်တဲ့ဆုကို အထူးပြုပြီး ပန်ဆိုလိုက်တဲ့အခါမှာ မိမိရဲ့ စိတ်စွမ်းရည် စိတ်ကိုင်းñွတ်မှု စိတ်ဦးတည်ချက်ဟာ ပိုမို ပီပြင်သွားတာပေါ့။ ဦးတည်ချက်ရှိတဲ့ လမ်းဟာ ပိုမို မဖြောင့်ဖြူးပေဘူးလား။
ဆုတောင်းပြည့်
ပြောပြထားတဲ့အတိုင်း ဆုတောင်းတယ်ဆိုတာ ကိုယ့်အလုပ်ရဲ့ ဦးတည်ချက်ကို ဖော်ñွှန်းတာဖြစ်လို့ ဆုတောင်းပြည့်ခြင်း မပြည့်ခြင်းဟာ စေတီ ရုပ်ပွားဆင်းတုတွေနဲ့ မဆိုင်ပါဘူး။ အဲဒီ စေတီ အဲဒီဆင်းတုတော်မှာ ဆုတောင်းမှ ဆုတောင်းပြည့်တယ်လို့လဲ မစွဲလမ်းသင့်ဘူး။ သီလ ပြည့်စုံ စင်ကြယ်နေခိုက် စင်ကြယ်တဲ့ ဒါနကို ပြုပြီး အဓိဋ္ဌာန်ပြု ဆုတောင်းရင် စေတီ ဆင်းတု မပါဘဲလဲ ဆုတောင်းပြည့်နိုင်ပါတယ်။ ဒါပေမဲ့ ဘာမဆို 'ဒါမှ ဒါပဲ ဟိုဟာဆိုရင် ဟင့်အင်'ဆိုတာမျိုးတော့ မဖြစ်သင့်ချေဘူး။ 'ဆုတောင်းပြည့်ဘုရား'ဆိုတဲ့ နာမည်က အနည်းဆုံး အိပ်မောကျ သို့မဟုတ် အိပ်မပျော့်တပျော် ဖြစ်နေတဲ့ ဗုဒ္ဓ၀ါဒီတစ်ယောက်ကို လှုပ်နှိုးလိုက်နိုင်တယ်ဆိုရင် အကျိုးရှိတာပဲ။ အနာထပိဏ်သူဌေးဟာ သားမောင် ကာဠကို အသပြာပေးပြီး ဘုန်းကြီးကျောင်းကို သွားဖို့ ဖျားယောင်းခဲ့တဲ့ ထုံးရှိပါတယ်။ သာသနာပြုပုဂ္ဂိုလ်တွေက ဂြိုဟ်ကြီးကိုးလုံးပူဇော်မှု လွှမ်းမိုတဲ့နေရာမှာ ဘုရားကိုးဆူပူဇော်မှုနဲ့ အစားထိုးပေးခဲ့တာလဲ ဓမ္မနဲ့ မဆန့်ကျင်လို့ လက်ခံနိုင်တာပေါ့။ ဒါကြောင့် အခက်အခဲတွေနဲ့ မွမ်းကျပ်နေသူတစ်ယောက်ကို 'ဒီကုသိုလ်လေးပြု၊ ဘုရားဂုဏ်တော် ပွားများပြီး၊ အဓိဋ္ဌာန်ပြု ဆုတောင်းပါလား'လို့ ဗုဒ္ဓ၀ါဒီအချင်းချင်း အကြံပေးကောင်းပါတယ်။ တိုက်ဆိုင်မှုရဲ့ ရလာဒ်တစ်ခုခုကြောင့် အဲဒါနောက်ကိုပဲ လိုက်ပြီး လက်တွေ့ ကျင့်ကြံမှုကို မေ့လျော့နေရင်လဲ မသင့်နိုင်ပါဘူး။ ဘာသာတရား ကိုးကွယ်ရာမှာ ယောနိသောမနသိကာရ (သင့်အောင် နှလုံးသွင်းခြင်း)နဲ့ အစွန်းမရောက်မှုဟာ အရေးကြီးပါတယ်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
thank you for your comment