နေ့စဉ်နဲ့အမျှ စားဝတ်နေရေး အသက်ရှင်ရပ်တည်ရေးအတွက်
ရုန်းကန်လှုပ်ရှားနေကြရတဲ့ သူငယ်ချင်းများအတွက် ဘ၀အမောလေးတွေ ပြေစေဖို့
ရှာဖွေစုဆောင်းရသမျှတွေကို စုစည်းတင်ပြလိုက်ပါတယ်။

အားလုံးပဲ ဖတ်တဲ့ခဏလေးမှာတော့ ပြုံးပျော်နေနိုင်ကြပါစေ . . လို့
ဆုတောင်းရင်းး . . . .



(၁) ဘဏ်မန်နေဂျာ ကိုသာထွေး

*(အသက် ၁၈ နှစ်အောက် ကလေးသူငယ်များ... ရွံရှာတတ်သူများနှင့် မရယ်မော တတ်သူများ
မဖတ်ရ)*


နေရာက စင်ကာပူမြို့လည်ခေါင်မှာ ဖွင့်ထားတဲ့ နာမည်ကျော် ဘဏ်တိုက်ကြီးတစ်ခု...

အချိန်က ပုံမှန်ထက် မပိုတဲ့ အလုပ်ဖွင့်ရက် နံနက်ခင်း...

အဲဒီအချိန်မှာ အသားဖြူဖြူ မျက်လုံးမှေးမှေး အရပ်ပုပုနဲ့ အမေအိုကြီး တယောက်ဟာ
ပိုက်ဆံတွေ အပြည့်ထည့်ထားတဲ့ အိတ်ကြီးတစ်လုံးကို မနိုင့်တနိုင်သယ်ပြီး ဘဏ်ထဲကို
ဝင်လာပါတယ်။

အဲဒီဘဏ်ရဲ့ မန်နေဂျာက မြန်မာနိုင်ငံမှာမွေး မြန်မာနိုင်ငံမှာ ကြီးပြီး
မြန်မာနိုင်ငံမှာပဲ ပညာတွေသင်သွားတဲ့ မြန်မာလူမျိုးစစ်စစ်* ကိုသာထွေး*...

ပြောရရင်... သူတပါးတိုင်းပြည်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုရာထူး ရာခံတွေ
ခံစားနေရတော့ သူ့ကိုသူ အဟုတ်မှတ် ဘဝင်မြင့်ပြီး ဘယ်သူ့ကိုမှ ထီမထင်တဲ့
ဘဏ်မန်နေဂျာကြီးပေါ့...

ခုဏက အမျိုးသမီးက ဘဏ်ရဲ့အင်ဖော်မေးရှင်း ကောင်တာကိုသွားပြီး ငွေစုစာရင်းအသစ်
ဖွင့်ချင်ကြောင်း... စုချင်တဲ့ ငွေပမာဏက များကြောင်း... ဘဏ်မန်နေဂျာနဲ့
ကိုယ်တိုင် တွေ့ရမှဖြစ်မယ် ဆိုတဲ့အကြောင်း ပြောပြီး ဘဏ်စာရေးကို သူ့အိတ်ကို
သဘောလောက် ဖွင့်ပြပါတယ်...

အထဲမှာပါလာတဲ့ ငွေတွေကို မြင်တော့ စာရေးလေးလဲ ယုံကြည်သွားပြီး မန်နေဂျာကြီးကို
ဖုန်းဆက် အကျိုးအကြောင်း ပြောပြတာပေါ့။ အဲဒီလိုနဲ့ ကိုသာထွေးရဲ့ ရုံးခန်းထဲကို
အဲဒီအဖွားကြီး ရောက်သွားရော ဆိုပါတော့...

ကိုသာထွေးက စားပွဲပေါ်မှာတင်ထားတဲ့ ငွေအိတ် အကြီးကြီးကို ကွက်ကြည့် ကွက်ကြည့်
လုပ်ရင်း စုမယ့်ငွေပမာဏက ဘယ်လောက်များသလဲ လို့ မေးပါတယ်။

အမေအိုကြီးက "ဒေါ်လာ ၅ သန်း" လို့ဆိုပြီး သူ့ရဲ့ ငွေအိတ်ကြီး ကို ဖွင့်ပြတော့
ကိုသာထွေးရဲ့ မျက်နှာကြီး တချက် ဝင်းကနဲ ဖြစ်သွားပါသေးတယ်။

ငွေတွေကို မြင်ပြီး အထင်ကြီး အားကျသွားတဲ့ ဘဏ်အရာရှိကြီးဟာ အဲဒီလောက်ငွေ
များများကို သူလိုအဖွားကြီး တယောက်အနေနဲ့ ဘယ်ပုံဘယ်နည်းနဲ့များ ရှာလို့
ရခဲ့သလဲဆိုပြီးတော့ စပ်စုတာပေါ့...

သူ မထင်ထားဘဲ အဖွားကြီးဖြေလိုက်တဲ့ အဖြေက…

"အလောင်းအစား လုပ်တာလေ"

"ဗျာ... ဘယ်လို... အလောင်းအစား... ဟုတ်လား"

"ဟုတ်တယ်လေ အလောင်းအစား လုပ်တာ... မယုံရင် မောင်ရင်နဲ့ အမေနဲ့ အလောင်းအစား
လုပ်ကြမယ်လေ။ ဒီက မောင်ရင်ရဲ့ × ဟာ အံစာတုံးပုံ လေးထောင့်ကြီးပါ ဆိုတဲ့အကြောင်း
ဒေါ်လာ ၂ သောင်းကြေး အလောင်းအစား လုပ်ကြမယ်။ ဘယ့်နှယ့်လဲ"

မထင်မှတ်ပဲ ဆိုလာတဲ့ စိန်ခေါ်မှုဟာ ကိုသာထွေး ကို အားရပါးရ အော်ဟစ်ရယ်မော
စေပါတော့တယ်။ သူ့ကို ဒီလိုနည်းနဲ့ အလောင်းအစား လုပ်လို့ကတော့ သူနိုင်မှာ
သေချာပေါက်ပဲလေ။ ကိုသာထွေးကလဲ သူ့အကြောင်းသူ ကောင်းကောင်း သိနေတာကိုး…

"ဒါနဲ့… အလောင်းအစားကို လက်ခံတယ်မဟုတ်လား…" လို့ အဖွားကြီးက မေးလာတော့…

"ဟားဟားဟား… လက်ခံတာပေါ့ဗျာ… ကျွန်တော့်မှာ လေးထောင့်ပုံ × မရှိဘူး
ဆိုတဲ့အကြောင်းကို ဒေါ်လာ ၂ သောင်းကြေးလောင်းတာ… ကျွန်တော် ရဲရဲကြီး
လက်ခံတာပေါ့…"

"ကောင်းပြီလေ… ဒါဆို အလုပ်ဖြစ်ပြီ" လို့ဆိုပြီး အဖွားအိုကြီးက အလောင်းအစားကို
အတည်ပြုလိုက်ပါတယ်။

"ဒါပေမယ့်… လောင်းရမယ့် ငွေပမာဏက များတော့ မနက်ဖြန် မနက် ဆယ်နာရီ တိတိမှာမှ
အမေ့ရဲ့ ရှေ့နေကို သက်သေအဖြစ် ခေါ်လာခဲ့မယ်… မောင်ရင် မကန့်ကွက်ဘူး ဆိုရင်ပေါ့…"

"ဟာ… ကိစ္စမရှိဘူး… ကိစ္စမရှိဘူး… ခေါ်ချင်တဲ့သူခေါ်ခဲ့… ရတယ်… ရတယ်… ဟားဟားဟား"




အဲဒီနေ့ညနေ အိမ်ပြန်ရောက်ကတည်းက ကိုသာထွေးတစ်ယောက် အတော့်ကို ဂနာမငြိမ်
ဖြစ်နေပါပြီ။

မှန်ရှေ့သွားလိုက်… စစ်ဆေးလိုက်… ရေချိုးခန်းဝင်လိုက်… ပြန်ကြည့်လိုက်နဲ့…
ကုဗတုံးပုံသဏ္ဍာန် ရှိမနေကြောင်း သူ့ကိုယ်သူ အကြိမ်ကြိမ် အတည်ပြုရတာလဲ အမော…။

သူထင်ထားသလို ဟုတ်မနေရင် ဒီအလောင်းအစားကို ရှုံးမှာ မဟုတ်လား… ဒီလိုဆိုတော့လဲ
သူ့ဘက်က အဘက်ဘက်ကနေ သေချာအောင် စိစစ်ထားရတာ မမှားဘူးပေါ့။



နောက်တနေ့မနက် ဆယ်နာရီထိုးခါနီးမှာ မနေ့က အမျိုးသမီးကြီးဟာ သူ့ရဲ့
ရှေ့နေဆိုသူနဲ့အတူ မန်နေဂျာကြီး ဦးသာထွေးရဲ့ ရုံးခန်းကို ရောက်လာပါတယ်။
အလောင်းအစားကို နှစ်ဦးနှစ်ဘက် သဘောတူထားကြောင်း လုပ်ရိုးလုပ်စဉ်အတိုင်း
အတည်ပြုကြတာပေါ့။

ဒါကို စစ်ဆေးကြည့်ဖို့ အဖွားအိုကြီးက တောင်းဆိုတဲ့အခါ ကိုသာထွေးက အသာတကြည်နဲ့
သူ့ ဘောင်းဘီကို လျှောချပေးပါတယ်။ ရမယ့် ငွေက များတော့ ရာထူးတွေ ဂုဏ်ဒြပ်တွေ
အရှက်တရားတွေကို ခေါင်းထဲမှာ သိပ်မထားတော့ဘူးပေါ့။

အဖွားအိုကြီးက ဒီထက်တဆင့်တက်ပြီး လေးထောင့်ပုံရှိမရှိ လက်နဲ့ စမ်းသပ်ကြည့်မယ်
ဆိုပြန်တော့လဲ ဒေါ်လာ နှစ်သောင်းတန်မယ့် ကိစ္စကြီးမို့ …

"ရပါဒယ်ဗျာ ရပါဒယ်" ဆိုပြီး လိုက်လျောပြန်တာပါပဲ။

ကိုသာထွေးတစ်ယောက် မျက်နှာပြောင်ပြောင်နဲ့ ရပ်နေတုန်း အဖွားကြီးက သူ့ရဲ့
သက်သေခံပစ္စည်းကိုလည်း လက်နဲ့ အသေအချာ စမ်းကြည့်လိုက်တဲ့အချိန်မှာ… ခုဏက
အဖွားအိုနဲ့ အတူပါလာတဲ့ ရှေ့နေဆိုသူဟာ ရုံးခန်းနံရံကို သူ့ရဲ့ ခေါင်းနဲ့
တအားကုန် ပြေးဆောင့်ပါလေရော။

တဒင်္ဂ အချိန်လေးအတွင်းမှာ ရုတ်တရက် ဖြစ်သွားတဲ့ အခြေအနေမို့ မန်နေဂျာကြီး
ကိုသာထွေးတယောက် အဖြစ်အပျက်တွေကို ဘာဆိုဘာမှ နားမလည် နိုင်တော့ဘူးလေ။

"ဟာ… ဘီလိုဖစ်တာလဲ" ဆိုပြီး ပြာပြာသလဲလဲ မေးတာပေါ့။ အဲဒီတော့မှ အဖွားကြီးက
မျက်နှာကြီး ပြုံးဖြီးဖြီးနဲ့ ဒီလိုပြန်ဖြေတယ် …

"ဒီနေ့မနက်ပဲ အဲဒီ ရှေ့နေနဲ့ အမေနဲ့ အလောင်းအစား လုပ်ခဲ့တာလေ။ မနက် ဆယ်နာရီ
တိတိမှာ စင်ကာပူမြို့လည်ခေါင်က ဘဏ်မန်နေဂျာကြီး ဦးသာထွေးရဲ့ လျှို့ဝှက်အပ်သော
အရာကို ကိုယ်ထိလက်ရောက် ထိပြကိုင်ပြနိုင်ရင် သူက အမေ့ကို ဒေါ်လာ ၁
သိန်းပေးမယ်တဲ့လေ... အခုအမေနိုင်ပြီပေါ့" တဲ့...
______________________________
______________________________________________

(၂) ဒီအထဲမှာ မှောင်တယ်ဗျ

အိမ်ထောင်ရှိ အမျိုးသမီးတစ်ယောက်ဟာ သူ့ ယောက်ျားအလုပ်သွားချိန်မှာ တခြား
အမျိုးသားတစ်ယောက်နဲ့  အချိန်းအဆက်လုပ်နေပါတယ်။ တစ်နေ့  သူတို့ နှစ်ယောက်သား
အိပ်ခန်းထဲမှာ ကြိတ်ပုန်းခုပ် နေကြတုန်း သားဖြစ်သူ ၁၃ နှစ်သားဟာ သူတို့ ကို တွေ
့သွားပြီး အခန်းထဲက ဘီရိုမှာ ဝင်ပုန်းနေခဲ့ပါတယ်။



သိပ်မကြာပါဘူး အမျိုးသားက အိမ်ပြန်ရောက်လာတော့ ဖောက်ပြန်တဲ့ မိန်းမဟာ သူ
့ချစ်သူကို သူ့ သား ပုန်းနေတဲ့ ဘီရိုထဲမှာ ဖွက်ပါတယ်။ အထဲမှာ သူ့ သားရှိတာကိုလဲ
မသိဘူးပေါ့။ ဒီလူဝင်လာတော့ ကောင်လေးကစပြီး


"ဒီအထဲမှာ မှောင်တယ်ဗျနော်..."


"အေးကွ"


"ကျွန်တော့မှာ ဘေ့စ်ဘောလုံးတစ်လုံးရှိတယ်ဗျ"


"သြော်.. အေး.. ကောင်းတာပေါ့ကွာ"


"အဲဒီဘောလုံးကို ကျွန်တော်ပြန်ရောင်း မလို့ ။ ခင်ဗျားဝယ်မလား"


"မဝယ်ချင်ပါဘူးကွာ။ ငါမှ မကစားတတ်တာ"


"အဖေအပြင်မှာ ရှိတယ်နော်... ခင်ဗျားသဘောပေါက်တယ်မဟုတ်လား"


"သြော်... အေး... အေး... အေးပါကွာ။ ကဲ မင်း ဘောလုံးက ဘယ်လောက်မို့ လို့ လဲ"


"ဒေါ်လာ ၂၅၀"


"အမေလေး... များလိုက်တာကွာ"


"အပြင်မှာ..."


"ကဲ.. ကဲ.. ပေးပေး.. ရော့ ၂၅၀"



နောက် သုံးပတ်လောက်နေတော့ အဲဒီလို ဖြစ်ရပ်မျိုး နောက်တစ်ခါ ထပ်ဖြစ်ပါတယ်။
ကောင်လေးကလဲ အခန်းဘီရိုထဲမှာ ဝင်ပုန်းနေပြီး သူ့ အမေကလဲ သူ့ ချစ်သူကို
ဘီရိုထဲကို ဝှက်ပြန်ပါတယ်။


"ဒီအထဲမှာ မှော်တယ်ဗျ နော်..."


"အေး... အေးကွ"

"ကျွန်တော်မှာ ဘေ့စ်ဘော လက်အိတ်တစ်စုံ ရှိသေးတယ်ဗျ"


ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ဘောလုံးတစ်လုံးကို ဒေါ်လာ ၂၅၀ နဲ့ ဝယ်လိုက်ရတဲ့ သူ
့အဖြစ်ကို သူ ပြန်တွေး သဘောပေါက်မိပြီး စိတ်မရှည်စွာနဲ့ 


"ကဲ.. ကဲ.. အခုတစ်ခေါက် ငါဘယ်လောက် ပေးရမှာလဲ"


"ဒေါ်လာ ၇၅၀"


"အိုကေလေ..."


နောက်တစ်ရက် နှစ်ရက်လောက်နေတော့ အဖေက သားကို ဘေ့စ်ဘောကစားဖို့  ဘောလုံးနဲ့ 
လက်အိတ်သွားအယူ ခိုင်းပါတယ်။


"အဖေ.. အဲဒီနှစ်ခုလုံးအိမ်မှာ မရှိတော့ဘူး။ သား ရောင်းလိုက်ပြီ"


"ဘာ.. ဘယ်လို... ဘယ်လောက်ရလို့ မို့  မင်းကရောင်းလိုက်တာလဲ"


"ဒေါ်လာ ၁၀၀၀ နဲ့ အဖေ"


"အိုးးး များလိုက်တာ သားရယ်... ဒီပစ္စည်းတွေက ဒီလောက်မှ မတန်တာပဲ။ မင်းက
ဒါသူများကို သက်သက် လူလည်ကျသလို ဖြစ်သွားတာပေါ့။ ဒါအပြစ်ဖြစ်တယ်ကွ... မဖြစ်ဘူး
မဖြစ်ဘူး... မင်းကို ဘုရားကျောင်း ခေါ်သွားရမယ်။ မင်း အပြစ်တွေကို ဘုန်းတော်ကြီး
ဆီသွားပြီး အာပတ်ဖြေရမယ်"


ဒီလိုနဲ့  သားအဖနှစ်ယောက် ဘုရားကျောင်းကို ရောက်လာကြတာပေါ့... အဖေကသားကို
အာပတ်ဖြေဖို့  အခန်းလေးထဲက ခုံမှာ ထိုင်ခိုင်းပြီး တံခါးကို ပိတ်လို့  အပြင်မှာ
စောင့်နေတယ်။ အခန်းထဲမှာ ထိုင်နေတုန်း ကောင်းလေးက ...


"ဒီအထဲမှာ မှောင်တယ်ဗျ နော်" လို့ ဆိုလိုက်တော့...


အာပတ်ဖြေပေးဖို့  စောင့်နေတဲ့ ဘုန်းတော်ကြီးက...


"ခွေးမသား... ဒါ ငါ့ပိုင်နက်ကွ... ဒီတစ်ချီတော့ မင်း.. ငါ့ကို ဒီအချိုးမျိုး
လာချိုးလို့  မရတော့ဘူး" ... တဲ့

______________________________
______________________________________________


(၃) ဒုတိယအချက်

*(ရွံရှာတတ်သူများ... ကြောက်လန့် တတ်သူများနှင့် ဆေးကျောင်းသားများ မဖတ်ရ)*

မယုံမရှိကြနဲ့ ။ ဆေးကျောင်းသားဆိုတဲ့ သူတွေဟာ အင်မတန့် ကို
ရည်ရွယ်ချက်ကြီးပြီး… သူတို့ လိုချင်တဲ့ ပညာတစ်ခုရဖို့  ဆို ဘာမဆိုလုပ်ဝံ့တဲ့…
ဇွဲလုံ့ လရှိတဲ့… သူတွေပါ။ ဒါကိုက သူတို့  ရဲ့ အားနည်းချက်လို့  ဆိုရမလားပဲ…။

ရင်ခွဲရုံမှာ ပထမဦးဆုံး လက်တွေ့ ဆင်းရတဲ့ နေ့ တစ်နေ့ ပေါ့။
ကျောင်းသားကျောင်းသူတွေ အားလုံးကလည်း ခွဲရ စိတ်ရတော့မယ်ဆိုတော့ တအားကိုပဲ
ပျော်ကြ ရွှင်ကြ စိတ်အား ထက်သန် နေကြတာပေါ့။ သူတို့ တစ်ဖွဲ့ သားလုံးရဲ့ ရှေ့ 
မှာလည်း ခွဲစိတ်ခံမယ့် အလောင်းကောင်ကြီးက မလှုပ်မယှက်… ငြိမ်သက်လို့ …။

အားလုံးလိုက်လုပ်ရမယ့် လက်တွေ့ သင်ခန်းစာ မစခင်မှာ ပရော်ဖက်ဆာက ကျောင်းသား
အားလုံး သိရမယ့် အချက်နှစ်ချက်ကို အသေးစိတ်ရှင်းပြပါတယ်။

“ပထမ အချက်အနေနဲ့ … ... ... အဟမ်းအဟမ်း…”

ကျောင်းသာတွေရဲ့ အာရုံ စူးစိုက်မှုရအောင် တစ်ချက် ဝေ့ ကြည့်လိုက်ပြီးမှ
လေးလေးပင်ပင်နဲ့ …

“ရင်ခွဲရုံမှာ... ခွဲတော့ စိတ်တော့မယ်ဆိုရင်… မင်းတို့ မှာ...
ရွံတတ်တဲ့စိတ်ရှိလို့  လုံးဝမဖြစ်ဘူး”

ဒီစကားကို လက်ညှိုးတစ်ထောင်ထောင်နဲ့ ပြောနေရင်း… ရုတ်တရက်ဆိုသလိုပဲ သူ့ လက်ကို
မသာကောင်ကြီးရဲ့ စအိုထဲကို ကောက်ကာငင်ကာ နှိုက်ထည့်လိုက်ပြီး… သူ့ ရဲ့ လက်ကို
ပြန်ထုတ်… ပါးစပ်နဲ့  စုပ်ပြလိုက်ပါတော့တယ်။

“အီးးးးးးး”
“အူးးးးးးး”
“အိုးးးးးးး”

ကြည့်နေကြတဲ့ သူတွေအားလုံး လန့် ဖြန့် ကုန်တော့တာပေါ့။ ကျောင်းသားတွေ ဆီက
အာမေဋိတ်သံတွေ ထွက်လို့  မဆုံးခင်မှာတင်ပဲ ဆရာက …

“ကဲ... အားလုံးမြင်ပြီးကြတဲ့အတိုင်း... မင်းတို့  တွေ
ဆရာဝန်ဖြစ်ချင်တယ်ဆိုရင်တော့... ဆရာလုပ်ပြတဲ့ အတိုင်း လိုက်လုပ်ကြပေတော့”

မယုံမရှိကြပါနဲ့ ။

‘ဆရာဝန်ဖြစ်ချင်တယ်ဆိုရင’် ဆိုတဲ့ စကားဟာ အတော့်ကိုပဲ ‘တာ’ သွားပါတယ်။
စောစောတုန်းက 'ဟင်' ရယ် ' ဟယ်' ရယ် လုပ်နေကြတဲ့ ကျောင်းသားတွေဟာ အဲဒီ မသတီစရာ
အပုတ်ကောင်ကြီးကို ဘယ်လိုမှ ရွံရှာမနေနိုင်တော့ပါဘူး။

လက်ညှိုးလေးကိုထောင်… အပေါက်ကလေးထဲကို ထည့်… ပြီးတော့ ‘ပြွတ်’ ကနဲ မြည်အောင်
စုပ်…။

ဒီအတိုင်း ကျောင်းသားရော ကျောင်းသူပါမကျန် တလှည့်စီ လိုက်လုပ်ကြပါတော့တယ်။

အားလုံးလက်တွေ့ လုပ်ပြီးသွားတဲ့ အခါမှာတော့ ပရော်ဖက်ဆာက ကျန်ရှိနေသေးတဲ့
တစ်ချက်ကို ဆက်ပြီး ပို့ ချတာပေါ့။

“ဒုတိယအချက်ကတော့... ပိုပြီး အရေးပါတဲ့..အပြင်… အတွေ့ အကြုံ မရှိသေးသူများအဖို
့… လိုက်လုပ်ဖို့  အင်မတန်မှပဲ ခဲယဉ်းတယ်။ အဲဒီအချက်က ဘာလဲဆိုတော့...
မျက်စိလျင်လျင်ထားပြီး... စူးစမ်းလေ့လာတတ်ဖို့ ပါပဲ။”

“အခုနတုန်းက... ဆရာမင်းတို့ ရှေ့ မှာ နှိုက်ပြတဲ့ လက်က... လက်ခလယ်ဖြစ်ပြီး…
ပါးစပ်ထဲကိုတော့... လက်ခလယ် မဟုတ်ဘဲ... လက်ညှိုးကို ထည့်ပြတာ ဖြစ်ပါတယ်။
ဆရာလိုက်ကြည့်ရသလောက်... ဒီအချက်ကို... ဘယ်ကျောင်းသားမှ...
သတိမမူမိလိုက်ကြပါဘူး…”

“တိန်…”

______________________________
______________________________________________


(၄) ငါးပုံပြင်

ငါးပိသိပ် ငါးချဉ်သိပ်သလို မွန်းကြပ်နေတဲ့ အဲဒီ (၅၅) ကားကြီးပေါ်မှာ သူနဲ့
စတင်ဆုံတွေ့ခဲ့တာပါ။ မှတ်မှတ်ရရ အဲဒီနေ့က ငါးလပိုင်း ငါးရက်နေ့လေ။ ညနေ ငါးနာရီ
ဆယ်ငါးမိနစ်လောက် ထင်ပါရဲ့။ သူက သူ့ရဲ့ ငါးရံ့ကိုယ်လုံးကြီးကို
မနိုင့်တနိုင်သယ်ရင်း ကားပေါ်ကို ငါးလူးငါးခွေ့ တက်လာတယ်။

"ငါးထပ်ကြီးအထိဆို ငါးကျပ်ကျပါတယ်"

ငါးကျပ်တန်ခရီးအတွက် ငါးရာတန်ကြီးထုတ်ပေးတော့ စပယ်ရာလေးခမျာ ငါးပါးမှောက်ရော...

"အကြွေမရှိဘူးလားအမ"

မနေနိုင်မထိုင်နိုင် ကိုယ်ကပဲ အိပ်ကပ်ထဲမှာ အသင့်ပါလာတဲ့ ငါးဆယ်တန်
အထပ်လိုက်ကိုထုတ်ပြီး အကြွေလဲပေးလိုက်ပါတယ်။ ငါးပွက်ရာ ငါးစာချချင်လို့တော့
မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ အကူအညီကို အသိအမှတ်ပြုတဲ့အနေနဲ့
အဲဒီငါးရံ့ကိုယ်လုံးလေးက ကိုယ့်ကို ငါးသလောက်ပြုံးလေး ပြုံးပြတယ်။

အဲဒီအပြုံးလေးပေါ့... နူးညံ့သိမ်မွေ့တဲ့ သူ့ရဲ့ အပြုံးလေး...
အဲဒီအပြုံးလေးကြောင့် အဲဒီတုန်းက ကိုယ်ဟာ ငါးမိနစ်လောက် လောကကြီးနဲ့ အဆက်အသွယ်
ပြတ်သွားခဲ့ဖူးပါရဲ့။

ပြီးတော့ သူ့ရဲ့ အဲဒီအပြုံးလေးကို စွဲလန်းသွားလိုက်တာ ကိုယ့်မှာ ငါးရက်နဲ့
ငါးညတိုင် အိပ်လို့မရ ဖြစ်ခဲ့ရတယ်။ ဒီလိုဆိုတော့ ရှိရှိသမျှ အာရုံငါးပါးကို
စုစည်းပြီး သူ့ကိုပေးဖို့ ရည်းစားစာ တစောင်ရေးတာပေါ့။

... ... ...
**
*ငါးသလောက်အပြုံးလေး ပြုံးတတ်ပြီး... ငါးရံ့ကိုယ်လုံးလေးလိုလှတဲ့... ကိုယ့်ရဲ့
ရွှေငါးမလေးရေ...*

ကိုယ်ဟာ ဖြူးဖွေးဝင်းမွတ်တဲ့ မင်းရဲ့ ရေဆေးငါး ခန္ဓာကိုယ်ကြီးကို
သဘောကျလွန်းလို့ တချိန်လုံး ငါးခူပြုံး ပြုံးနေခဲ့ရသူပါကွယ်...

ကိုယ်ဟာ ငါးမရလို့ရေချိုးပြန်မယ့် လူစားမျိုးလည်း လုံးဝမဟုတ်ပါဘူး...
ငါးစိမ်းမြင်လို့ ငါးကင်ပစ်တတ်သူလည်း လုံးဝမဟုတ်ရပါဘူး...

ကိုယ်ရဲ့ဘဝဟာ ငါးပိရည်လို အနံ့ဆိုးချင်ဆိုးမယ်... ဒါပေမယ့်
ကိုယ်မင်းအပေါ်ထားရှိတဲ့ မေတ္တာတရားကတော့ ငါးသေတ္တာလို ချိုမြိန်ပါတယ်ကွယ်...

တကယ်လို့ ကိုယ့်ရဲ့ ကဗျာဆန်လှတဲ့ ရေအောက်ကမ္ဘာလေးထဲမှာ ကိုယ်နဲ့အတူတူ
ပျော်ရွှင်ချင်တယ် ဆိုရင်တော့ နှစ်ဆယ်ငါးလမ်းထိပ်က မုန့်ဟင်းငါးဆိုင်မှာ
ငါးနာရီထိုးရင် အတူဆုံရအောင်နော်...

မင်းကိုချစ်တဲ့
*ဖားတပိုင်း ငါးတပိုင်း*

... ... ...

ရည်းစားစာ ငါးစောင်တိတိပြည့်တဲ့ အခါမှာမှ သူက ကိုယ့်ကို အဖြေပြန်ပေးတာပါ။
သူ့ရဲ့ ချစ်အဖြေကို ရတဲ့နေ့က ကိုယ့်မှာလေ ပျော်လိုက်ရတာ။ ငါးကြော်ပန်းကန်ရှေ့
ရောက်သွားတဲ့ ကြောင်တကောင်လိုပါပဲ။

ချစ်သူနဲ့တွေ့ခွင့်ရတဲ့ ညနေတိုင်းက ဘာနဲ့မှ နှိုင်းမရအောင်ကို လှပခဲ့ပါတယ်။
အဲဒီလို တွေ့ကြ၊ ပျော်ကြ၊ ကြည်နူးနေရတုန်း အခိုက်မှာ ကိုယ်က
ငါးပါးသီလကိုလည်းမေ့၊ အနန္တော အနန္တငါးပါးကိုလည်း မေ့၊ ရန်သူမျိုးငါးပါးကိုလည်း
မေ့လို့နေခဲ့မိတယ် ဆိုတာတော့ ဝန်ခံရပါလိမ့်မယ်။

တကယ်တမ်း ကိုယ်ဟာ ငါးစာကိုသာ မြင်ပြီး ငါးမျှားချိတ်ကိုတော့
မကြည့်တတ်ခဲ့သူရယ်ပါ။ သူဟာ ကိုယ့်ကို ထောင်ချောက်ဆင်ဖမ်းပြီး အသွေးကိုရော
အသားကိုရော ဝါးမြိုမယ့် သံပချုပ်လို ငါးမျိုးဆိုတာ တကယ်မသိခဲ့ဘူးလေ။

သူက ကိုယ့်ရဲ့ရင်ကို ရက်ရက်စက်စက် ခွဲတယ်။ ကိုယ့်ရဲ့ နှလုံးသားနံရံပါးကို
ငါးဖယ်ခြစ်သလို တရစ်ပြီးတရစ် ခြစ်ထုတ်ပစ်တယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်တခုလုံးကို
အစိတ်စိတ် အမွှာအမွှာဖြစ်အောင် ဓားနဲ့မွှမ်းပြီး နနွင်းမှုံ့ဖြူး ဆားလူးပစ်ခဲ့တယ်။

အဲဒီအချိန်မှာ ကိုယ်ဘယ်လိုခံစားနေရမလဲ စဉ်းစားသာကြည့်ရော့။ တကယ်ပါ။
ငါးမျှားချိတ်ကို မျိုမိတဲ့ ငါးတကောင်လို ရင်ခွင်တခုလုံး လောင်ကျွမ်း...
ကိုယ့်နှလုံးသားလေးဆိုရင်လည်း မျက်ရည်တွေနဲ့ လွှမ်းလို့ပေါ့။ အဲဒီ နတ်ဘီလူးမက
ငါးကြင်းဆီနဲ့ ငါးကြင်းကြော်သလို ငါ့ရဲ့ သောကတွေနဲ့ ငါ့ခန္ဓာကို
လောင်ကျွမ်းစေခဲ့တယ်။

"မွန်းကြပ်တယ်" တဲ့။ "ညှီစော်နံတယ်" တဲ့။ "အရိုးစူးတယ်" တဲ့။

ဒါစကားလုံးတွေဟာ ကိုယ့်တကိုယ်လုံးကို တကျင်လျို ပြီး မီးရဲရဲမှာ အကင်ခံရတာထက်
စူးရှရက်စက် လွန်းခဲ့ပါတယ်။

... ... ...

ဒီလိုနဲ့ ဒဏ်ရာတွေ အနည်ကျကာစ ငါးလလောက် မရှိတရှိမှာပဲ ကိုယ့်ရဲ့
ငါးရံ့ကိုယ်လုံးလေးကို အမှတ်မထင် ပြန်တွေ့ခွင့် ရလိုက်တယ်။ ကိုယ်က
အမှတ်မရှိသူဆိုတော့ မြင်လျှင်မြင်ချင်းပဲ သူ့အနောက်ကနေ ငါးရံ့ပြာလူး
ပြေးလိုက်သွားမိတာပါ။

ငါးခူနှုတ်ခမ်းမွှေးနဲ့ ဖြစ်နေတဲ့ ကိုယ့်ကို တချက်ကြောင်ကြည့်နေပြီး နောက်တော့
သူ့ရဲ့မျက်နှာဟာ ငါးပုဏ္ဏားရဲ့ ပါးနှစ်ဘက်လို ရှဲကနဲ ရဲသွားတော့တယ်။
သူ့ဘေးမှာပါလာတဲ့ ငါးဖောင်ရိုးကောင်က ကိုယ့်ကိုမြင်တော့ ငါးပိရည်နံ့
ရသူလိုမျိုး၊ မျက်နှာကြီးကို ရှုံ့မဲ့လို့။




အဲဒီတော့မှ ကိုယ်သေချာကြည့်လိုက်မိတယ်။

ပြူချင်တိုင်းပြူ၊ တင်းချင်တိုင်းတင်း၊ ဖောင်းချင်တိုင်းဖောင်း၊
ကားချင်တိုင်းကား နေတဲ့ ကိုယ့်ချစ်ဦးသူရဲ့ ဗိုက်ကြီးဆိုတာ... တကယ့်
"ငါးပူတင်း" ကြီးတကောင်ကို တွေ့လိုက်ရသလိုပါပဲ...

______________________________
______________________________________________


(၅) တသက်စာ အလွဲ

မေ့ဆေးပျယ်လို့  နိုးထလာတဲ့အချိန်မှာ သူ ဘေးဘီ ဝဲယာကို ဝိုက်ကြည့်လိုက်ပါတယ်။
သူက လူနာအိမ်ဆောင်ခန်းထဲက ကုတင်ပေါ်မှာ ရှိနေပြီး သူ့ နံဘေးမှာ
သူနာပြုဆရာမတစ်ယောက် ရပ်စောင့်နေတာ တွေ့ လိုက်ရတယ်။ ခွဲစိတ်ခန်းထဲမှာ အစစအရာရာ
ချောချောမောမော ရှိခဲ့ရဲ့လားလို့  သူက မေးပါတယ်။

သူနာပြုဆရာမလေးက ပြုံးပြီး …
“အဆင်ပြေပါတယ်ရှင်… အားလုံးချောချောမောမောပါပဲ”

“ကျနော်က ခွဲစိပ်ခံရမှာကို ကြောက်ခဲ့တာဗျ”

“ဘာဖြစ်လို့ ကြောက်ရမှာလဲ၊ စိုးရိမ်စရာ ဘာဆိုဘာမှ မရှိဘူး”

“ကျနော်က အမြဲတမ်း လွဲလွဲလေးတွေနဲ့  ကြုံခဲ့ရသူဆိုတော့ အမှန်အတိုင်းပြောရရင်
ကြောက်တယ်ဗျ” … လို့ အစချီပြီး သူ့ ကို မွေးစကတဲက လွဲမှားခဲ့ရတဲ့
အကြောင်းတွေကို စီကာပတ်ကုံး ပြောပြပါတော့တယ်။

သူ့ကိုမွေးတဲ့ ဆေးရုံမှာ ကလေးချင်းမှားမိလို့ သူ့အသက် ဆယ်နှစ်သားလောက်အထိ
အာရှသား လင်မယားကို သူ့မိဘလို့ပဲ မှတ်ယူခဲ့ရတယ်တဲ့။ သူ့မိဘ ဆိုသူတွေကလည်း
သူတို့ရဲ့ ကလေးဟာ ဘာလို့ အသားတွေ ဒီလောက်ဖွေးပြီး မျက်လုံးဒီလောက် ပြူးရသလဲ
ဆိုတာကို အဲဒီတုန်းက ဘယ်လိုမှ စဉ်းစားလို့ မတတ်ခဲ့ကြဘူးတဲ့။

နောက်မှ ကလေးချင်းမှားမှန်း သိပြီး သူ့ကို သူ့ရဲ့ မိရင်းဖရင်းတွေဆီ
ပြန်သွားပို့ ပေးကြသတဲ့။ အတိအကျ ပြောရရင်တော့ သူ့မိခင်ဆီပြန်ပို့ပေးတာပါ။
သူ့အဖေက သူ့အမေကို နှစ်အတော်ကြာကြာ ကတည်းက ပစ်သွားခဲ့ပါပြီ။ ဥရောပသူ သူ့မိန်းမက
တရုတ် ရုပ်နဲ့ကလေးလေး မွေးလာလို့ပါတဲ့လေ။

“ကျနော့်နာမည်ကလည်း မှားပြီး ရ’ထားတာဗျ”

“ရှင့်နာမည်က လီရီယို မဟုတ်ဘူးလား”
“အမှန်က ကျွန်တော့်ကို လောင်ရိုလို့ မှည့်တာ။ အဲဒါ စိစစ်ရေးရုံးရောက်မှ
ဘယ်လိုကနေ ဘယ်လို လီရီယို ဖြစ်သွားလည်း ကျနော်လည်း မပြောတတ်တော့ဘူး။”

လွဲမှားမှုတွေက အဲဒီမှာတင် အဆုံးမသတ်သေးပါဘူး။ သူကျောင်းတက်တော့လည်း
သူ’မကျူးလွန်ခဲ့တဲ့ ပစ်မှုတွေအတွက် ခဏခဏ မှားပြီး အပစ်ပေးတာကို ခံခဲ့ရတယ်။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို သူက ဂုဏ်ထူးနဲ့ အောင်ပေမယ့် ကွန်ပြူတာက
စာရင်းမှားထုတ်လို့ သူ တက္ကသိုလ်တက်ခွင့် မရလိုက်ဘူး။

“ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်ကစပြီး ထူးဆန်းတဲ့ တယ်လီဖုန်းအခွန်တွေကို
ဆောင်နေရတယ်ဗျ။ ရှေ့လတုန်းကဆို တယ်လီဖုန်းခ ငွေ ၃၀၀/- ဆောင်ခဲ့ရတယ်”

“ရှင်က နိုင်ငံခြားဖုန်းတွေ ခဏခဏ ခေါ်ပုံရတယ်”

“ဘယ်ကလာဗျာ… ကျနော့်အိမ်မှာ တယ်လီဖုန်းတောင်မရှိဘူး။”

မိန်းမရတော့လည်း မှားပြီးရပြန်ရော။ သူ့မိန်းမက သူ့ကို တခြားတစ်ယောက်နဲ့
မှားပြီး လက်ထပ်ခဲ့တာ။ အိမ်ထောင်ရေးကလည်း အဆင်မပြေပါဘူး။

“ဘာလို အဆင်မပြေဖြစ်ရတာလဲ…”

“သူက တခြားတစ်ယောက်နဲ့ မှားပြီးလက်ထပ်ခဲ့တာလေ။ ကျနော့်ကို တကယ်ချစ်တာမှ
မဟုတ်ဘဲ။ အဲဒီတော့ သူချစ်တဲ့ သူ့ချစ်သူဆီပဲ အမြဲတမ်း သွားနေတော့တာပေါ့။”

လူမှားပြီး ခဏခဏ အဖမ်းခံရဖူးတယ်။ သ’ူမယူဖူးတဲ့ အကြွေးတွေအတွက်
အတိုးတောင်းတဲ့စာတွေ ခဏခဏရဖူးတယ်။ ဆရာဝန်ကသူ့ ကို အခုလိုပြောတော့ သူပျော်တောင်
ပျော်သွားခဲ့တယ်ဆိုပဲ …

“ခင်ဗျား လူလောကမှာ သိပ်ကြာကြာ နေခွင့်မရတော့ဘူးဗျာ”

ဒါလည်း ဆရာဝန်က သူ့ ကို လူနာမှားပြီး ပြောမိတာတဲ့။ တကယ်က ဘာမှဖြစ်လောက်တဲ့
ရောဂါမဟုတ်ပါဘူး။ အူအတက်ပေါက်ရုံကလေးပါ။

“အခု ခင်ဗျားက ကျနော့်ကို ခွဲစိတ်ခန်းထဲမှာ ဘာအမှားအယွင်းမှမရှိဘူး ဆိုတော့
ယုံရခက်ခက်ပေါ့ဗျာ”

ဒီမှာတင် ပြုံးပြီးနားထောင်နေတဲ့ သူနာပြုဆရာမလေးရဲ့ မျက်နှာဟာ တမဟုတ်ချင်း
ငြှိုးကျသွားပါတယ်။

“အူ.. အူအတက်ပေါက်တာ… ဟုတ်လား …”

“ဟုတ်တယ်လေ … ကျနော် အူအတက်ပေါက်လို့ ဖြတ်ထုပ်ဖို့အတွက် ဆေးရုံတက်ရတာလေ ...
ဘာဖြစ်လို့လဲ



ဒီမှာတင် သူနာပြုဆရာမလေး ပြန်ပြောလိုက်တဲ့စကားက …

“ဒါဆို ရှင်က … ယောက်ျားကနေ မိန်းမဖြစ်အောင် ခွဲစိတ်တဲ့ လူနာ မဟုတ်ဘူးပေါ့…” တဲ့

______________________________
______________________________________________


ပျော်ရွှင်စွာ ရယ်မော ကြည်နူးပြီးခဲ့ရင် ဘ၀အတွက် ဆက်လက် ရုန်းကန်ကြပါစို့


0 comments:

Post a Comment

thank you for your comment