အိမ်လွမ်းသူသို့ ပေးစာ...........................
သူငယ်ချင်းလေးရေ ..............
ငါသတိရစွာနဲ့ စာရေးလိုက်ပါတယ် ။ မင်းအိမ်နဲ့ ဝေးနေခဲ့တာကြာလှပေါ့ ။ မင်းသံယောဇဉ်ရှိတဲ့ မင်းရဲ့ မိသားစုနဲ့ မင်းသူငယ်ချင်းတွေ အားလုံး မင်းအပေါ် အခင်အမင်တွေမပျက်သေးပါဘူး ။ သံယောဇဉ်တွေ မလျော့ သေးပါဘူးကွာ ။
မင်းအိမ်ကိုလွမ်းလို့ တစ်ခါတစ်ခါတစ်ခါ ငိုမိတယ်ဆို ? .... ငိုစရာရှိရင် ငိုသာငိုချလိုက်ပါနော် ။ ရင်ထဲမှာပေါ့သွားအောင်လို့ ပါ ။ ငိုတယ်ဆိုတာ အရှုံးပေးရတာလို့ စိတ်ထဲမထားပါနဲ့ ။ မျက်ရည်ဆိုတာ အသည်းရဲ့ စွန့် ပစ် ပစ္စည်းမို့ ၊ ငိုတဲ့ အခါအသည်းက ပိုပြီးသန့် သွားသတဲ့ .... အဲဒီင်္တော့ ငို ချင်တယ်ဆိုရင် အားရပါးရ သာငိုချလိုက်ပါနော်။
မင်းငိုပြီးရင်တော့ ငါစကားနည်းနည်းပြောပါရစေ ။အခု ချိန် မင်းငိုနေရသလို ငိုနေရတဲ့ လူတွေရှိနေသေးတယ်ဆိုတာကိုပေါ့ ။ မင်းတစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သိစေချင်တယ်သူငယ်ချင်းရယ် ။ မင်းလိုပဲ တစ်ခြားသော သူငယ်ချင်းတွေ လည်း အမျိုးမျိုးသော အကြောင်းအချက်တွေ ၊ ရည်ရွယ်ချက်တွေ ၊ အခြေအနေတွေ ကြောင့် ကိုယ့် အိမ်ကိုယ့် ယာကို စွန့် ပြီး ရေခြားမြေခြားမှာ နေနေကြရတယ်လေ ။
မင်းတစ်ယောက်တည်း မဟုတ်ဘူး .................. သူတို့ လည်း ငိုချင်နေကြတယ် ၊
မင်းတစ်ယောက်တည်း မဟုတ်ဘူး.....................သူတို့ လည်း ပျော်ချင်ကြတယ်၊
မင်းတစ်ယောက်တည်း မဟုတ်ဘူး.....................သူတို့ လည်းလွမ်းကြတာပဲ ၊
မင်းတစ်ယောက်တည်း မဟုတ်ဘူး.....................သူတို့ လည်းဝေးနေကြတယ်၊
အခြေအနေတွေက အမျိုးမျိုးပဲပေါ့ .............................................................
..................................................... ချို့ တဲ့ တဲ့ မိသားစု အခြေအနေကြောင့် .............
........................................................ လိုအပ်နေတဲ့ ငွေကြေးကြောင့် ..........
......................................................... တိုးတက်လိုတဲ့ ဘ၀တက်လမ်းတွေ နဲ့
............................................................... ပညာရေး အခြေအနေ တွေ ကြောင့် ...........................
အဲလို အမျိုးမျိုးသော ရည်ရွယ်ချက်တွေနဲ့ ကိုယ့် အသိုက်အမြုံ ကို ခဏစွန့် ခဲ့ ရပေမယ့် အချိန်တန်တော့ လွမ်းမိတာ သိုက်မြုံပါပဲ ။
မင်းတစ်ယောက်ထဲ ဒါတွေခံစားနေရတယ် မထင်ပါနဲ့ နော် ........................
လွမ်းရင်လည်းလွမ်းပေါ့ ........... ပြီးရင် ငါတစ်ယောက်တည်း မဟုတ်ပါလား ... ဒါဟာ အိမ်ကို စွန့်ခဲ့ သူတွေအားလုံးခံစားရမယ့် သဘာဝတစ်ခုပါပဲလို့တွေးမိစေချင်ပါတယ် ။
မင်းဒီလို အဝေးမှာ နေပြီး အလုပ်လုပ်တဲ့ အတွက် မင်းမိသားစုဟာ မင်းကြောင့် ဘယ်လောက်များပို ပြီးအဆင်ပြေသွားသလဲ ?
မင်းမိသားစုဟာ မင်းကြောင့် ဘယ်လောက်များ ဂုဏ်ယူလိုက်ရသလဲ
ဒါတွေ မင်းတွေးကြည့် ရင် မင်း လွမ်းရတာ တန်ပါတယ် ။
မင်းဘာသာမင်း ဘယ်လောက်ပဲ ဆိုးဆိုးပါ ။ မင်းမိသားစုအပေါ်သိတတ်တဲ့ စိတ်လေးတစ်ခုတည်းနဲ့ တင် မင်း နဲ့ သူငယ်ချင်းဖြစ်ရတာ ဂုဏ်ယူပါတယ်သူငယ်ချုင်း။
မင်းဟာ မင်းမိသားစုအတွက် မွေးရကြိုးနပ်တဲ့ သားသမီးတစ်ယောက် ၊ အမွေခံထိုက်တဲ့ သူတစ်ယောက် ဖြစ်လိမ့် မယ်လို့ ငါ ယုံကြည်ပါတယ် ။
သူငယ်ချင်းရယ် .... ဘ၀မှာ
လွမ်းတဲ့ အခါလည်းလွမ်းရမယ်
ကြမ်းတဲ့ အခါလည်းကြမ်းရမယ်
အဲ .......
ချမ်းတဲ့ အခါတော့ ....
အနွေးဓာတ်တွေပေးနိုင်မယ့်
အိမ်ကို ပဲ လွမ်း ရတော့ တာပေါ့ ။။။။။။။။။။။
ဒါဟာ သဘာဝတစ်ခုပါ ...........
အလုပ်ထဲမှာ အဆင်မပြေတာလေးတွေ ရှိကောင်းရှိနိင်တာငါသိတယ် ။ မိသားစုမျက်နှာငဲ့ ပြီး စိတ်လိုက်မာန်ပါ မဆုံးဖြတ်ခဲ့တာတွေ အတွက် ရယ်
သည်းခံခဲ့ တဲ့ အကြိမ်ပေါင်းများစွာအတွက် မင်းကို လေးစားနေမှာပါ ။
ဒါပေမယ့် တစ်ယောက်တည်းရှိနေလို့ မင်း အထီးမကျန်ပါဘူး .....
မင်းအနားမှာ ...................... မိသားစုအတွက်ဆိုတဲ့ စိတ်ကလေးရယ်
ဘ၀ကို အရှုံးမပေးဘူးဆိုတဲ့ အားမာန်တွေရယ်ရှိပါသေးတယ် .....
နောက်တစ်ခါ မင်းအိမ်ကိုလွမ်းခဲ့ ရင် ၊ အထီးကျန်တယ်လို့ ခံစားခဲ့ ရရင် ။ ငါ့ကိုပြောပါနော် ..
ကွန်ပြူတာရဲ့  ဒီဘက်က" ငါ "
မင်းရဲ့ အထီးကျန်မှုတွေကို နားလည်ပေးဖို့ အဆင်သင့် ရှိနေပါတယ် ။
လူကိုယ်တိုင် အနားနားရှိမနေနိင်ပေမယ့် .... ငါမင်းဆီက ခံစားမှုတွေကို မျှဝေပါရစေ ။
ရေတွေ မြေတွေ ဘယ်လောက်ပဲ့ ခြားခြား
ငါတို့ ကောင်းကင်ကြီးကတစ်ဆက်တည်းပါ ...................................
မှာလိုက်ပါရစေ ................u'll never walk alone !
ပြောလိုက်ပါရစေ ............. i always still beside you ! သူငယ်ချင်း
စာက ရှည်သွားပြီမို့ ဒီလောက်နဲ့ တော်လိုက်တော့ မယ်နော် ။ ကျန်းမာရေးကို ဂရုစိုက်ပါနော် ။
အစစအရာရာ အဆင်ပြေပါစေ ။
မင်းကို အမြဲ သတိရနေမယ့် .......
ဘ၀တကွေ့မှာ ပြန်လည်ဆုံတွေ့နိုင်ပါစေ။
........ .....................................................................................................................................
( အဝေးရောက်သူငယ်ချင်းများအားလုံးအတွက် ပါ .....)
မင်းအိမ်ကိုလွမ်းလို့ တစ်ခါတစ်ခါတစ်ခါ ငိုမိတယ်ဆို ? .... ငိုစရာရှိရင် ငိုသာငိုချလိုက်ပါနော် ။ ရင်ထဲမှာပေါ့သွားအောင်လို့ ပါ ။ ငိုတယ်ဆိုတာ အရှုံးပေးရတာလို့ စိတ်ထဲမထားပါနဲ့ ။ မျက်ရည်ဆိုတာ အသည်းရဲ့ စွန့် ပစ် ပစ္စည်းမို့ ၊ ငိုတဲ့ အခါအသည်းက ပိုပြီးသန့် သွားသတဲ့ .... အဲဒီင်္တော့ ငို ချင်တယ်ဆိုရင် အားရပါးရ သာငိုချလိုက်ပါနော်။
မင်းငိုပြီးရင်တော့ ငါစကားနည်းနည်းပြောပါရစေ ။အခု ချိန် မင်းငိုနေရသလို ငိုနေရတဲ့ လူတွေရှိနေသေးတယ်ဆိုတာကိုပေါ့ ။ မင်းတစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သိစေချင်တယ်သူငယ်ချင်းရယ် ။ မင်းလိုပဲ တစ်ခြားသော သူငယ်ချင်းတွေ လည်း အမျိုးမျိုးသော အကြောင်းအချက်တွေ ၊ ရည်ရွယ်ချက်တွေ ၊ အခြေအနေတွေ ကြောင့် ကိုယ့် အိမ်ကိုယ့် ယာကို စွန့် ပြီး ရေခြားမြေခြားမှာ နေနေကြရတယ်လေ ။
မင်းတစ်ယောက်တည်း မဟုတ်ဘူး .................. သူတို့ လည်း ငိုချင်နေကြတယ် ၊
မင်းတစ်ယောက်တည်း မဟုတ်ဘူး.....................

အခြေအနေတွေက အမျိုးမျိုးပဲပေါ့ ..............................
..............................
..............................
..............................
..............................
အဲလို အမျိုးမျိုးသော ရည်ရွယ်ချက်တွေနဲ့ ကိုယ့် အသိုက်အမြုံ ကို ခဏစွန့် ခဲ့ ရပေမယ့် အချိန်တန်တော့ လွမ်းမိတာ သိုက်မြုံပါပဲ ။
မင်းတစ်ယောက်ထဲ ဒါတွေခံစားနေရတယ် မထင်ပါနဲ့ နော် ........................
လွမ်းရင်လည်းလွမ်းပေါ့ ........... ပြီးရင် ငါတစ်ယောက်တည်း မဟုတ်ပါလား ... ဒါဟာ အိမ်ကို စွန့်ခဲ့ သူတွေအားလုံးခံစားရမယ့် သဘာဝတစ်ခုပါပဲလို့တွေးမိစေချင်
မင်းဒီလို အဝေးမှာ နေပြီး အလုပ်လုပ်တဲ့ အတွက် မင်းမိသားစုဟာ မင်းကြောင့် ဘယ်လောက်များပို ပြီးအဆင်ပြေသွားသလဲ ?
မင်းမိသားစုဟာ မင်းကြောင့် ဘယ်လောက်များ ဂုဏ်ယူလိုက်ရသလဲ
ဒါတွေ မင်းတွေးကြည့် ရင် မင်း လွမ်းရတာ တန်ပါတယ် ။
မင်းဘာသာမင်း ဘယ်လောက်ပဲ ဆိုးဆိုးပါ ။ မင်းမိသားစုအပေါ်သိတတ်တဲ့ စိတ်လေးတစ်ခုတည်းနဲ့ တင် မင်း နဲ့ သူငယ်ချင်းဖြစ်ရတာ ဂုဏ်ယူပါတယ်သူငယ်ချုင်း။
မင်းဟာ မင်းမိသားစုအတွက် မွေးရကြိုးနပ်တဲ့ သားသမီးတစ်ယောက် ၊ အမွေခံထိုက်တဲ့ သူတစ်ယောက် ဖြစ်လိမ့် မယ်လို့ ငါ ယုံကြည်ပါတယ် ။
သူငယ်ချင်းရယ် .... ဘ၀မှာ
လွမ်းတဲ့ အခါလည်းလွမ်းရမယ်
ကြမ်းတဲ့ အခါလည်းကြမ်းရမယ်
အဲ .......
ချမ်းတဲ့ အခါတော့ ....
အနွေးဓာတ်တွေပေးနိုင်မယ့်
အိမ်ကို ပဲ လွမ်း ရတော့ တာပေါ့ ။။။။။။။။။။။
ဒါဟာ သဘာဝတစ်ခုပါ ...........
အလုပ်ထဲမှာ အဆင်မပြေတာလေးတွေ ရှိကောင်းရှိနိင်တာငါသိတယ် ။ မိသားစုမျက်နှာငဲ့ ပြီး စိတ်လိုက်မာန်ပါ မဆုံးဖြတ်ခဲ့တာတွေ အတွက် ရယ်
သည်းခံခဲ့ တဲ့ အကြိမ်ပေါင်းများစွာအတွက် မင်းကို လေးစားနေမှာပါ ။
ဒါပေမယ့် တစ်ယောက်တည်းရှိနေလို့ မင်း အထီးမကျန်ပါဘူး .....
မင်းအနားမှာ ...................... မိသားစုအတွက်ဆိုတဲ့ စိတ်ကလေးရယ်
ဘ၀ကို အရှုံးမပေးဘူးဆိုတဲ့ အားမာန်တွေရယ်ရှိပါသေးတယ် .....
နောက်တစ်ခါ မင်းအိမ်ကိုလွမ်းခဲ့ ရင် ၊ အထီးကျန်တယ်လို့ ခံစားခဲ့ ရရင် ။ ငါ့ကိုပြောပါနော် ..
ကွန်ပြူတာရဲ့  ဒီဘက်က" ငါ "
မင်းရဲ့ အထီးကျန်မှုတွေကို နားလည်ပေးဖို့ အဆင်သင့် ရှိနေပါတယ် ။
လူကိုယ်တိုင် အနားနားရှိမနေနိင်ပေမယ့် .... ငါမင်းဆီက ခံစားမှုတွေကို မျှဝေပါရစေ ။
ရေတွေ မြေတွေ ဘယ်လောက်ပဲ့ ခြားခြား
ငါတို့ ကောင်းကင်ကြီးကတစ်ဆက်တည်းပါ ..............................
မှာလိုက်ပါရစေ ................u'll never walk alone !
ပြောလိုက်ပါရစေ ............. i always still beside you ! သူငယ်ချင်း
စာက ရှည်သွားပြီမို့ ဒီလောက်နဲ့ တော်လိုက်တော့ မယ်နော် ။ ကျန်းမာရေးကို ဂရုစိုက်ပါနော် ။
အစစအရာရာ အဆင်ပြေပါစေ ။
မင်းကို အမြဲ သတိရနေမယ့် .......
ဘ၀တကွေ့မှာ ပြန်လည်ဆုံတွေ့နိုင်ပါစေ။
........ ..............................
( အဝေးရောက်သူငယ်ချင်းများအားလုံး
0 comments:
Post a Comment
thank you for your comment