ဓမ္မသည် ရေနှင့်သဘောခြင်း အလွန်နီးစပ်၏။ ရေကို လူတွေအားလုံး နေ့စဉ်သောက်သုံးနေသည်။ရေကို သုံးစွဲသည့်အခါ -

(က) Person (ပုဂ္ဂိုလ်မရွေး)
လူမျိုးမရွေး၊ ဘာသာမရွေး၊ အသက်အရွယ်မရွေး၊ အချောအလှမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ အယုတ် အလတ်အမြတ်မရွေး ပုဂ္ဂိုလ်တိုင်း သုံးစွဲနိုင်သည်။

(ခ) Place - (နေရာမရွေး)
နိုင်ငံတွေ၊ မြို့တွေ၊ ရွာတွေ၊ အိမ်တွေ မရွေးဘဲသုံးစွဲနိုင်ကြသည်။

(ဂ) Time- (အချိန်မရွေး)
နံနက်၊ နေ့လယ်၊ ည(သို့)နေ့၊ ရက်၊ လ၊ နှစ် အချိန်မရွေးဘဲ သုံးစွဲနိုင်သည်။

သုံးစွဲသူတိုင်းအတွက်လည်း ...
(၁) ရေငတ်ကို ပြေစေသည်။
(၂) အသက်ကို ဆက်လက်ရှင်သန် ကြီးထွားစေသည်။
(၃) ကိုယ်စိတ်နှစ်ပါးကို သန့်ရှင်းပြီး ကြည်လင်စေသည်။
(၄) ကိုယ်စိတ်နှစ်ပါးကို အေးမြစေသည်။
ထိုအချက်တို့မှာ ရေ၏ပင်ကိုယ်သတ္တိပင်ဖြစ်သည်။ ရေကဲ့သို့ပင် ဓမ္မသည်လည်း မည်သည့်ပုဂ္ဂိုလ်အတွက်မဆို၊ မည်သည့်နေရာမဆို၊ မည်သည့်အချိန် မှာမဆို ကျင့်သုံးနိုင်ပါသည်။

ကျင့်သုံးသည့် ပုဂ္ဂိုလ်တိုင်းတွင်လည်း ရေမှရသည့်အကျိုးအမြတ်ကဲ့သို့ -
(၁) ကာမရာဂတွင် အာသာငမ်းငမ်း တပ်မက်မှုကို ပြေစေနိုင်သည်။
(၂) ကုသိုလ်ကောင်းမှုများကို တိုးတက်ကြီးပွားစေပြီးဆက်လက်၍လည်း ရှင်သန်ကြီးထွားစေသည်။
(၃) ၀ိသုဒ္ဓိဖြစ်ပြီး ကြည်လင်သန့်ရှင်းစေသည်။
(၄) ကိုယ်စိတ်နှစ်ပါး အေးမြစေသည့်အပြင် ငြိမ်းချမ်းမှုရပြီး အဆုံးမှာ နိဗ္ဗာန်တိုင်အောင် မျက်မှောက် ပြုနိုင်သည်။

သို့သော် ရေနှင့်ဓမ္မ ကွာခြားမှုတစ်ခုမှာ ရေသည် ယခု လောကီဘ၀တစ်ခုအတွက်သာလျှင်၊ တစ်နေ့ တစ်ဘ၀အတွက်သာ အကျိုးပြုပေးပြီး၊ ဓမ္မမှာ လောကီအကျိုးသာမက၊ လောကုတ္တရာ၊ တစ်သံသရာလုံးအတွက် အကျိုးပြုမှုများပေးပြီး အဆုံးမှာ မြတ်နိဗ္ဗာန်တိုင် အငြိမ်းဓာတ်ကို မျက်မှောက်ပြုနိုင်သည့် ထူးခြားချက်ပင် ဖြစ်ပါသည်။



အထူးသတိပြုရမည့်အချက်မှာ ရေ သည် သုံးစွဲသူတို့၏ ရည်ရွယ်ချက်၊ ပြုပြင်စီရင်ပေးမှုအပေါ် မူတည်ပြီး အခါးဓာတ်နှင့် ရေ ကို ရောလျှင် အခါးရည်ဖြစ်သကဲ့သို့၊ အချိုဓာတ်နှင့် ရေ ကိုရောလျှင် အချိုရည် ဖြစ်သွား ကာ အရက်ဓာတ်နှင့် ရေကိုရောလျှင် အရက်ရည် ဖြစ်သွား သည်။ ထိုသို့ ပြောင်းလဲသွားရခြင်းက ရေ၏ပင်ကိုယ်သတ္တိမရှိခြင်းကြောင့်မဟုတ်ဘဲသုံးစွဲသူတို့၏ ပြုပြင်စီရင်မှု ပယောဂကြောင့်သာလျှင် ဖြစ်ကြောင်း သိသာ လှသည်။ ဓမ္မသည်လည်း ထိုနည်းအတိုင်းပင် -
ဓမ္မကိုကျင့်သုံးသူတို့၏ အားနည်းချက်၊ နားလည်မှုလွဲမှားခြင်းနှင့် အချို့သော ခုတုံးလုပ်သည့် ပုဂ္ဂိုလ်တို့၏ မတရားလွန်ကျူးသော တစ်ကိုယ်ကောင်း ဆန်မှုများနှင့် မိမိအကျိုးအတွက် လွန်ကဲစွာသုံးစွဲမှု၊ မရိုးသားမှုများကြောင့် ဓမ္မ၏ပင်ကိုယ်သတ္တိများမှာ ဖုံးကွယ်ထားမှုခံရပြီး၊ ဓမ္မ၏ဂုဏ်ကျေးဇူးတော် တို့သည်လည်း မထင်ရှား၊ မပေါ်လွင်ဘဲနှင့် ဖုံးကွယ်ထားခြင်း ခံနေရသည်ကို တွေ့ရသည်။

ထို့ကြောင့် ယနေ့ခေတ်မှာ ကမ္ဘာပေါ်ရှိ လူသားတော်တော်များများတို့သည် ဓမ္မ ကို မိမိတို့နှင့် မဆိုင်သလို မြင်လာကြပြီး၊ ဓမ္မ ၏ မြင့်မြတ်လှသော အကျင့်ြ့မတ်တရားများကို ကျင့်သုံးမြတ်နိုးသူများ ရှားပါးလာခဲ့ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဓမ္မ နှင့်ပတ်သက်ပြီး ဦးဆောင်နေသည့် ပုဂ္ဂိုလ်အချို့၏ အားနည်းချက်များ၊ ပယောဂများကြောင့်သာဖြစ်သည်ကို သတိပြုစေချင်ပါသည်။အမှန်တကယ်တွင် ဓမ္မ အစစ်၏တန်ဖိုး၊ ဓမ္မအစစ်၏ပင်ကိုယ်သတ္တိ များမှာ မည်သည့် ပုဂ္ဂိုလ်အတွက်မဆိုမည်သည့်နေရာတွင်မဆိုမည်သည့်အချိန်တွင်မဆို သုံးစွဲနိုင်ပြီး အထက်ပါ အကျိုးတရားလေပါးကို ရရှိစေသည့် အတွက်-
(၁) ဓမ္မ သည် သစ္စ၀ါဒ ဖြစ်သည်။ သစ္စ၀ါဒ ဆိုသည်မှာ စကြ၀ဠာ အနန္တထာဝရ မှန်ကန်သည့် အမှန်တရား (Universal Law, Universal Truth, Noble Truth) ဖြစ်သည်။

(၂) ဓမ္မ သည် ၀ိဘဇ္ဇ၀ါဒ ဖြစ်သည်။ မည်သည့်ချုပ်ကိုင်မှု၊ လွှမ်းမိုးမှုမှမပါဘဲ မိမိကိုယ်တိုင် လွတ်လပ်စွာ လေ့လာနိုင်သည်။ ဝေဖန်နိုင်သည်။ ဆုံးဖြတ်နိုင်သည်။ မည်သည့်အချိန်မဆို ကျင့်သုံးနိုင်သည့်ဝါဒ ဖြစ်သည်။

(၃) ဓမ္မ သည် သိပ္ပံနည်းကျလှသော ၀ါဒ ဖြစ်သည်။
A. Practical System (လက်တွေ့ပြည့်စုံသောစနစ်)
B. Ethical System (ကိုယ်ကျင့်တရားပြည်စုံသောစနစ်)
C. Spiritual System(စိတ်ပိုင်းဆိုင်ရာ ပြည့်စုံသောစနစ်)
D. Philosophical System (အတွေးအခေါ်ပိုင်းဆိုင်ရာ ပြည့်စုံသောစနစ်)

(၄) ဓမ္မ ကို ကျင့်သုံးလျှင် အကောင်းနှင့်အဆိုးကို တိကျသေချာစွာဖြင့် ခွဲခြားပိုင်းခြားပြီး သိမြင်နိုင်ပါသည်။ ယနေ့ခေတ် အတော်များများသော ပုဂ္ဂိုလ်များမှာ ဓမ္မကို ကျင့်သုံးသူ ရှားပါးလာသည်နှင့် အိပ်မည်၊ စားမည်၊ ကာမ မှီဝဲမည်ဆိုသည့် လူအတော်များများ ရှိပြီး၊ ထိုလူများမှာ တိရစ္ဆာန်များနှင့် နီးစပ်လာသည်ကို တွေ့ရှိရပြီး အကောင်းနှင့်အဆိုး ကို ခွဲခြားနိုင်သူ ရှားပါးလာသည်ကို တွေ့ရှိရပါသည်။

ထို အကောင်းတရား၊ အဆိုးတရား များကို ဓမ္မကျင့်သုံးသော ပုဂ္ဂိုလ်တိုင်း သေချာခွဲခြားပြီး သိမြင်ကြမှာ ဖြစ်သည်။
ဤနေရာမှာ အကောင်းသုံးမျိုးနှင့် အဆိုးသုံးမျိုးကို တင်ပြလိုပါသည်။


အကောင်းတရားသုံးမျိုးမှာ

(၁) အများအကျိုးရှိ မိမိလည်းအကျိုးရှိ (အကောင်းဆုံး)

(၂) အများအကျိုးရှိ မိမိဘာမှမဖြစ်

(၃) အများဘာမှမဖြစ် မိမိအကျိုးရှိ


ထိုအကောင်းတရားသုံးမျိုးကို ဓမ္မ ကျင့်သုံးသူတိုင်း အမြဲတမ်းဆောင်ပြီး ကျင့်သုံးကြသည်။

အဆိုးတရားသုံးမျိုးမှာ

(၁) အများထိခိုက် မိမိမှာလည်းထိခိုက် (အဆိုးဆုံး)

(၂) အများထိခိုက် မိမိမှာဘာမှမဖြစ်

(၃) အများဘာမှမဖြစ် မိမိထိခိုက်


ဓမ္မ ကျင့်သုံးသူတိုင်း ထိုအဆိုးတရားသုံးမျိုးကို ရှောင်ကြဉ်နိုင်ကြမှာ ဖြစ်သည်။ အကောင်းအဆိုးကို တိကျသေချာစွာ ခွဲခြားသိမြင်လာနိုင်ရန် ဓမ္မ ကို ကျင့်ကြံအားထုတ်မှသာလျှင် သိမြင်နိုင်မည်။သို့သော် အကောင်းတကာ့ အကောင်းဆုံး၏ အထွဋ်အထိပ်အကောင်းဆုံးသည် မိမိလည်းအကျိုးရှိအများ လည်းအကျိုးရှိ လောကီသာမက လောကုတ္တရာ နိဗ္ဗာန်သို့တိုင် မျက်မှောက်ပြုနိုင်အောင် စွမ်းဆောင်နိုင်သော ပုဂ္ဂိုလ်သည်သာလျှင် မြင့်မြတ်ပုဂ္ဂိုလ် (Noble Person) အထွဋ်အထိပ် ပုဂ္ဂိုလ်ဖြစ်သည်။

ဤအချက်များမှာ ဓမ္မ၏ပင်ကိုယ်သတ္တိ ရဲ့ အကျိုးပြုမှုကို တင်ပြခြင်းဖြစ်ပါသည်။
အဲဒီတုန်းက ကျွန်တော် ငယ်သေးတယ်။ ၆ နှစ် ၊ ၇ နှစ်လောက်ပဲ ရှိဦးမယ် ထင်တယ်။ ကျွန်တော် ပထမဆုံး ဂေါ့ဖ်ကစားတာက စစ်တပ်ရဲ့ ဂေါ့ဖ်ကွင်းမှာ ကျွန်တော် အဖေနဲ့ အတူတူ ။ ကျွန်တော်က ဘာမှ ကစားတတ်သေးတာ မဟုတ်။ ဒီမှာ ကျွန်တော် အဖေက ပြောတယ်. .

“ သား. . ။ ကောင်းပြီ မင်း ဂေါ့ဖ် ရိုက်ချင်တယ် မဟုတ်လား ။ ဘယ်နေရာကနေ ဘယ်နေရာကို ဒီဘောလုံးလေး ရောက်အောင် ရိုက်ချင်တာလဲ။ ”

ကျွန်တော်ကလည်း မဆိုင်းမတွပဲ ပြန်ဖြေလိုက်တယ်။

“ ဂေါ့ဖ်သီးကျင်းထဲကိုလေ အဖေ။ ”

အဖေက မယုံသလို ပုခုံးတွန့်ရင်းပြောတယ်။

“ ဟုတ်ပြီ ။ သားအခု ရိုက်တာကို ကျင်းထဲ ဝင်မယ်လို့ အဖေက မယုံဘူးကွ ၊ ဒါကို ယုံလာအောင် ဘယ်လို သက်သေပြပြီး ရိုက်မှာလဲ ။ ဘယ်လို ပုံစံနဲ့ ရိုက်မလဲ။ ”

ပြီးတော့ ကျွန်တော့်ကို ဘယ်လို ဂေါ့ဖ်သီးကို ရိုက်ရတယ်။ ခြေထောက်က ဘယ်လို ထားရတယ်။ လက်က ဘယ်လို ဟန်ယူရတယ်။ ခါးက ဘယ်လို အနေအထားမှာ ရှိရတယ်။ ဒါတွေကို ပြောပြတယ်။ ဒါပေမဲ့. .အဖေက ပြောရုံသာ ပြောတာ အဖေ တကယ် ကျွန်တော့်ကို သင်ပေးတာက လက်နဲ့ ကိုယ်ဟန်ချက် မဟုတ်ဘူး။ ကျွန်တော့်ခြေထောက်တွေ ဘယ်လို ထားရမယ် ဆိုတာကိုပဲ သေချာ သင်ပေးတာ။

ပြီးတော့ ဒီထက် အရေးကြီးတာက “ အတွေး ” နဲ့ “ ယုံကြည်မှု ”..

“ ငါရိုက်လိုက်တဲ့ ဘောလုံးလေးဟာ ငါ လိုချင်တဲ့ နေရာကို ရောက်ကို ရောက်ရမယ် ။ ”

ဆိုတဲ့ အတွေးနဲ့ ယုံကြည်မှု ။ ဒါဟာ အဖေကတော့ ပြောတယ်။

“ ဒါဟာ အရမ်းလွယ်ကူတဲ့ အောင်မြင်ရေး ဖော်မြူလာပဲကွ။ ဒါပေမဲ့ ဒီလို လွယ်ကူတဲ့ အတွက် လူတွေက မယုံကြဘူး။ ဒါကြောင့် သူတို့ မယုံသလို သူတို့လည်း မအောင်မြင်ကြဘူး။ ငါ့သားလည်း ဒါကိုသာ အမြဲယုံကြည့်နေတဲ့ အချိန်တိုင်း အောင်မြင်နေရမှာပဲ.။ ”

ဒါနဲ့ပဲ.ကျွန်တော်လည်း သေချာ မရိုက်တတ်သေးတဲ့ ဂေါ့ဖ်တံနဲ့ မြေမှာ ထောင်ထားတဲ့ ဂေါ့ဖ်သီးဆီကို အားကုန်လွဲပြီး ငါ ဘယ်နေရာကို ရောက်ချင်တာကွာ ဆိုပြီး ကျွန်တော် အားကုန်ရိုက်လိုက်တယ်။

ဒါပေမဲ့ ဂေါ့ဖ်သီးက ကျွန်တော် လိုရာမရောက်ခဲ့ပါဘူး။ ဒီမှာ အဖေက ပြောတယ်။

“ အဲဒါ ဘာလို့မရောက်တာလဲ သိလားသား။ ”

ကျွန်တော် ခေါင်းခါပြပြီး ပြောလိုက်တယ်။

“ မသိဘူး အဖေ ၊ ဘာလို့လဲ။ ”

“ ငါ့သား စိတ်ထဲမှာ ငါက ဂေါ့ဖ် ရိုက်တာမှ မကျွမ်းကျင်သေးတာ ရိုက်လို့ ရောက်ပါ့မလား ၊ ဆိုတဲ့ စိတ်ရှိနေတာကိုး။ ဒီစိတ်ရောက် သားအခု ရိုက်လိုက်တာ လိုရာကို မရောက်တာ။ ဒီလိုသာ တွေးနေမယ် ဆိုရင် ဘယ်သူမှ ဂေါ့ဖ်သမား ဖြစ်လာမှာ မဟုတ်တော့ဘူး။

ဘာလို့လဲ ဆိုတော့ သူတို့ စိန်ခေါ်ရိုက်နေရမဲ့ ကွင်းတွေကလည်း သူတို့ ရိုက်ဖူးတဲ့ ကွင်းတွေ မဟုတ်ဘူးလေ.။ ကွင်းအသစ်တွေ ၊ ပြင်ဆင်ထားတဲ့ ကွင်းတွေမှာ သူတို့ကို ဖိတ်ခေါ်ပြီး ရိုက်ရတာလေ။ ဘယ်လောက် ဂေါ့ဖ် ကျွမ်းကျင်သူ ဖြစ်နေပါစေ။ သူတို့ ကျွမ်းကျွမ်းကျင်ကျင် ရိုက်နေကြ နေရာ မဟုတ်ဘူးလေ။

ဒီနေရာမှာ အဓိက က အဖေ ပြောခဲ့သလိုပဲ ။ ငါ ဘယ်လို ရိုက်မလဲ ဆိုတဲ့ အတွေးနဲ့ ရောက်ကို ရောက်ရမယ် ဆိုတဲ့ ယုံကြည်မှုပဲ။ အဲဒီမှာ ဒီနှစ်ခုထဲက တစ်ခုခု ချို့ယွင်းသွားရင် လိုရာနဲ့ လွဲသွားတာပဲ.။ ဒါကြောင့် အခု ဂေါ့ဖ် ရိုက်နေတာမှ မဟုတ်ဘူး။ ဘဝမှာလည်း ဒီလိုပဲ ကိုယ်မလုပ်ဖူးတဲ့ အရာ ၊ ကိုယ်မရောက်ဖူးတဲ့ နေရာ ၊ ကိုယ်မကျွမ်းကျင်တဲ့ အရာတွေနဲ့ ဆုံလာဦးမှာလေ။

ဒီမှာ ငါ မကျွမ်းကျင်တဲ့ အလုပ် ၊ မကျွမ်းကျင်တဲ့ နေရာဆိုပြီး မလုပ်တော့ဘူးလား။ ဒီလို လောကကြီးက အခြေအနေ မပေးဘူးကွ။ ဒီလို ကြုံဆုံလာတဲ့ အခါမှာ ကိုယ်စိတ်ထဲ ၊ ရင်ထဲက ဘယ်လောက် အတွေး နဲ့ ယုံကြည်မှု နဲ့ လုပ်ကိုင် နိုင်သလဲ။ ဒါကပဲ အဆုံးအဖြတ်ပေးသွားတာပါပဲ။

ကဲ. . ရော့ ။ နောက်တစ်လုံး ရိုက်ကြည့်စမ်း ။ ”

အဖေက ဒီလိုပြောပြီး ၊ မြေပြင်ပေါ်မှာ လဲနေတဲ့ ဂေါ့ဖ်သီး ထောက်တံလေးကို မြေမှာ စိုက်ပြီး ဂေါ့ဖ်သီးလေး တင်ပေးတယ်။ ကျွန်တော်လည်း မြေပြင်မှာ ထောင်နေတဲ့ ဂေါ့ဖ်သီးကို တစ်လှည့် ၊ ကျွန်တော် လိုရာကို တစ်လှည့်ကြည့်ပြီး ကျွန်တော် အဖေပြောတဲ့ ခြေထောက်ပုံစံ အတိုင်းထားပြီး အဲဒီနေရာကို ရောက်ကို ရောက်ရမယ်ကွာ ဆိုပြီး ကျွန်တော် အားကုန်ရိုက်လိုက်တယ်။

အဖေတို့လို ကျွန်တော် လူကြီး မဟုတ်တော့ အဖေတို့လို အဝေးကြီးရောက်အောင် မရိုက်နိုင်ပေမဲ့ အံ့သြဖို့ကောင်းစွာနဲ့ပဲ ကျွန်တော် ပထမအကြိမ် လွဲသွားတဲ့ နေရာထက်ပိုဝေးပြီး ပိုတိကျတဲ့ ကျွန်တော်လိုချင်တဲ့ နေရာကို ရောက်ခဲ့တယ်။

ဒါဟာ ကျွန်တော့်ဘဝအတွက် အကောင်းဆုံးသော အကြံပေးစကား တစ်ခွန်းပါ။ ကျွန်တော် ဒီစကားကို အဲဒီအကြိမ်ကမှ သုံးခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော် ဘယ်နေရာ ရောက်ရောက် ၊ ဘာတွေပဲ လုပ်လုပ် ၊ ဘယ်ပြိုင်ပွဲတွေပဲ ဝင်နွဲနွဲ ကျွန်တော် အဖေပြောခဲ့ ဒီစကားတွေကို ပြန်လည်ကြားယောင်ပြီး လုပ်ခဲ့တာပါပဲ.။ ဒီစကားလေးဟာ ကျွန်တော့်ဘဝအတွက် ကျွန်တော်ကြားခဲ့ဖူး သမျှတွေထဲမှာ အကောင်းဆုံးသော စကားလေးပါပဲ.။

ကောင်လေးတစ်ယောက် အနေနဲ့ ပြန်လည်ခံစားပြောသွားသူကတော့ ယနေ့ လက်ရှိ ကမ္ဘာ့နံပါတ် (၁) ဂေါ့ဖ်သမား တိုက်ဂါးဝုဖ် (Tiger Wood ) ပါပဲ။

၂၀၀၀-ခုနှစ်ကုန်ခါနီး တနှစ်တာအတွက် မှတ်တမ်းဟောင်းများကို စိစစ်ပြီးနောက် နှစ်သစ်အတွက် မှတ်စုစာအုပ်များကို ပြင်ဆင်ရင်း ယခုဆောင်းပါးကို နှစ်သစ်ကူးလက်ဆောင်အဖြစ် ရေးလိုက်ရပါသည်။ အိမ်ထောင်သက်တမ်း တလျှောက်မှာ ကျွန်တော့်အတွက် အကျပ်အတည်း အခက်အခဲများ တွေ့တိုင်း ချစ်ဇနီးက ကျွန်တော့်ကို အားပေးပြောကြားသော စကားလုံးများ ဖြစ်ပါသည်။


ဤစာကို ရေးနေသော ဒီဇင်္ဘာ ၂-ရက်နေ့သည် ကျွန်တော်တို့ အိမ်ထောင်သက်တမ်း ၂၈-နှစ်ရှိ၍ အသက်အရ ၅၅-နှစ်နှင့် ၅၀-ပြည့်ခါနီး အချိန်လည်းဖြစ်ပါသည်။ မေတ္တာစေတနာအပြည့်နှင့် ရင်တွင်းကနေ ပြောပြထားထားသဖြင့် ဘ၀တခုလုံးကို ပြောင်းစေနိုင်သည်ဟု စာရှုသူများ ယူဆကြမည်ထင်ပါသည်။ ကျွန်တော်၏ဇနီးသည် ကျွန်တော်နှင့်ထပ်တူ အိမ်ထောင်၏တာဝန်ကို ယူရသည့်အပြင် သားတွေ မြေးတွေ ကိစ္စအတော်များများကိုလည်း ၀တ္တရားမပျက် ဆောင်ရွက်နေရသူ ဖြစ်သည်။

အိမ်ထောင်သက်တမ်းတလျှောက် တခါမျှ အပြင်းအထန် စိတ်ဆိုးခြင်းမရှိပါ။ မိသားစုနှင့် အဆင်မပြေခြင်း မရှိပါ။ ဒေါသထွက်၍ ဆူပူခြင်း မတွေ့ခဲ့ဘူးပါ။ အိမ်ထောင်ကိစ္စ အခက်အခဲများရှိလာတိုင်း ကျွန်တော့်ကို စိတ်အေးအေးထား စဉ်းစားပြီး လုပ်နိုင်သောလမ်းကို အစရှာပေးသည်။ တိုင်ပင်အားပေးသည်။ ကျွန်တော့်မှာသာ အိပ်မပျော် စားမရနှင့် အပူတွင်းမှာ နစ်နေသလို ခံစားခဲ့ရသည်။

ယခုတင်ပြသည်တို့မှာ ဖတ်မိသူများနှင့် ကျွန်တော်၏ သားသမီးများ တနေ့တချိန် ဖတ်မိနိုင်ခဲ့လျှင် အကျိုးရှိနိုင်သည်ဆိုသော ဆန္ဒနှင့် ဘ၀ တကွေ့က မထင်မှတ် ဂရုမမူမိခဲ့သော ကိစ္စအသေးကလေးများသည် မည်မျှထိရောက် အရေးကြီးသည်ကို သိစေလို၍ ဖြစ်ပါသည်။

( ဉာဏ်စွမ်းရည် )
နားလည်သဘောပေါက်နိုင်စွမ်း ဉာဏ်မရှိသောသူကို ဘာတွေပြောပြော ဘယ်တော့မှ ထူးလာမှာ မဟုတ်ပါ။ နားမလည်သရွေ့ သဘောမပေါက်နိုင်ပါ။ သဘောမပေါက်လျှင် ဘယ်တော့မှ အကြံဉာဏ်သစ်ကို ပြောင်းဖို့ လက်ခံမှာ မဟုတ်ပါ။ အချိန်ကုန်၊ ဒေါသထွက်ခြင်းသာ ကိုယ့်အတွက် ရလဒ်ဖြစ်သည်။

( ဝေဖန်မှု )
သူများကိုဝေဖန် သုံးသပ်နေလျှင် မပြေလည်မှုများ ပိုများလာမည်၊ ကိုယ့်ဖြစ်ရပ်များ ကိုယ့်ကိစ္စများကိုသာ အချိန်များများသုံးပြီး အမှားများကို ဝေဖန် စိစစ်သုံးသပ်ပါ။ လမ်းမှန်ပေါ် ရောက်ရန် ကြိုးစားပါ။ သူများတွေနှင့်လည်း ပို၍ အဆင်ပြေလာမည်။

( အားလုံးနှင့် ပြေလည်လိုလျှင် )
ကျွန်မဘ၀မှာ အားလုံးနှင့် အဆင်ပြေအောင်နေဖို့ ဒီလိုနေကြည့်တာ အောင်မြင်တယ်။ လုပ်ကြည့်စမ်းပါလား-ရှင်။ သူများမကြိုက်တာ ဆန့်ကျင်တာ ဝေဖန်တာတွေကို မပြောမိအောင် နေတယ်။ ကိုယ့်အကြောင်း မကောင်းတာ၊ ကိုယ်မနှစ်သက်တာကို ကိုယ့်ရှေ့မှာပဲ ပြောပြော ဘာမှ ပြန်မပြောမိအောင်နေပြီး ကြိုးစားနားထောင်ပေးလိုက်ပါတယ်။

သတ္တိမရှိ ကြောက်လို့ ပြန်မချေပဘဲ ငြိမ်နေတာမဟုတ်ပါ။ ပြောတတ် ပြောချင်တဲ့စကားလုံးတွေ လျှာဖျားအထိ ရောက်လာပေမဲ့ ပြန်မျိုချထားလိုက်တယ်။ ခုလိုအောင့်အည်း သည်းခံလိုက်ရတဲ့ ဒုက္ခက ခဏလေးပါ။ သည်းမခံနိုင်လို့ လက် နှုတ်နှင့်ပြန်ချေပမိလိုက်ရင် တွေ့ရမယ့် အရှုပ်အရှင်းပြဿနာက ပိုကြီးမယ်။ လုပ်ငန်း အလုပ်ဌာနမှာ ဆိုရင် အဆင်မပြေတာတွေ များလာပြီး အလုပ်လက်မဲ့ ဖြစ်နိုင်တယ်။ နှုတ်ပိတ်သည်းခံလိုက်ရတဲ့ ဒုက္ခက နောက်ထပ် တွေ့ရမယ့်ပြဿနာတွေနဲ့ ဘာမှ မယှဉ်သာပါဘူးရှင်။ သည်းခံလိုက်ရတဲ့အကျိုးကြောင့် ပတ်ဝန်းကျင်နဲ့ အဆင်ပြေတာတွေလည်း တိုးလာပါတယ်။

( ဘ၀အဖြစ်အပျက်နှင့် ခံယူချက် အဆက်အစပ် )
လူတိုင်းရဲ့ ဘ၀အဖြစ်အပျက်-အားလုံးဟာ သူခံယူထားတဲ့ ခံယူချက်နဲ့ တိုက်ရိုက်ဆက်စပ်နေတယ်။ ခံယူချက်-မပြောင်းသရွေ့ အခြေအနေ ဘယ်တော့မှ မပြောင်းပါ။ မွေးစကလေးမှာ ဗီဇ-ပါလာတယ်လို့ ပြောကြပေမယ့် သူ့ကိုယ်ပိုင်ဉာဏ်ကနေ ပတ်ဝန်းကျင်မှာ တွေ့ထိသမျှကို ဝေဖန်ပြီး ခံယူချက်-အနေနဲ့ လက်ခံလိုက်တာပဲ။ အချိန်ကြာသွားလေလေ ခံယူချက်-က ပြောင်းဖို့ ခက်လေလေပါပဲ။

ပထမဆုံးလိုအပ်တာက အမှား-အမှန် ကောင်း-မကောင်း လုပ်သင့်-မလုပ်သင့်ကို ဝေဖန်နိုင်စွမ်းရှိတဲ့ဉာဏ်။ ဒုတိယက ၄င်းဉာဏ်ဖြင့် မှန်သော၊ ကောင်းသော လုပ်သင့်သော အချက်များကို လက်ခံနိုင်စွမ်းရှိတဲ့ အသိစိတ်၊။
တတိယအချက်က မှားနေသော လက်ခံယူထားပြီးသား ခံယူချက်များအစား မှန်သော ကောင်းသော လုပ်သင့်သော ခံယူချက်-အသစ်များဖြင့် အစားထိုး ပြောင်းလိုသည့်ဆန္ဒ-နဲ့ ပြောင်းနိုင်စွမ်းရှိတဲ့ စွမ်းရည်များ အဓိက လိုအပ်ပါတယ်။

( မကျေနပ်မှုဖြစ်တိုင်း ဒီလိုမြင်ပါ )
လူတယောက်ကို မကျေမနပ် ကိုယ်စိတ်တိုင်းကျ ဖြစ်မလာတိုင်း စိတ်ဆိုးပြီး ဆုံးဖြတ်ချက် လွယ်လွယ်လေးနဲ့ အပြစ်မမြင်ပါနဲ့။ သူဘာတွေဖြစ်နေလဲ သူဘယ်လောက် ဒုက္ခတွေ့နေလဲ ဆိုတဲ့ သနားတဲ့စိတ်နဲ့ သူ့နေရာကနေ နေပြီး ခွင့်လွှတ်စိတ်အပြည့်နဲ့ တွက်တတ်ပါ။ ကိုယ်လည်း အခက်အခဲ အများကြီးတွေ့ဖူးလို့ တခြားတယောက်က ကိုယ့်ချွတ်ယွင်းချက်ကို ခွင့်လွှတ်ဆက်ဆံရင် ဘယ်လောက် ၀မ်းသာမလဲရှင်။

( အခက်အခဲ ပြဿနာများ၏ တရားခံ )
အိမ်ထောင်တိုင်းမှာ တွေ့ဆုံနေရတဲ့ အခက်အခဲ ပြဿနာတွေရဲ့ ၇၀%ဟာ ကိုယ့်ကြောင့်၊ ကိုယ်မဆင်ခြင်၊ ကြိုတင် မစီစဉ်လို့ ဖြစ်တာတွေ များပါတယ်။ ခက်နေတဲ့ကိစ္စကို ရှင်းဖို့ လမ်းရှာတာထက် လွယ်နေတာကို ရှုပ်အောင်လုပ်ပစ်ပြီး နောက်ဆုံး အခြေအနေနဲ့ ပတ်ဝန်းကျင်-ကိုသာ အပြစ်တင်ကြတာ များတယ်။

( စိတ်ညစ်ချိန်မှာ )
စိတ်ညစ် စိတ်ရှုပ်စရာတွေ တွေ့ချိန်တိုင်းမှာ စိတ်ကို အေးအောင် ကြည်အောင် ရှင်းအောင် ထားပါ။ ခက်သွားအောင် မလုပ်ပါနဲ့၊ အပိုစိတ်ရှုပ်အောင် အပူတွေ ထပ်မပေါင်းပါနဲ့။ ပို၍ စိတ်ညစ်စရာတွေ ရှုပ်ပြီး များလာလျှင် ပြေလည်အောင် ဖြေရှင်းဖို့၊ အကြံဉာဏ်ကောင်းတွေ ၀င်လာဖို့ နေရာရှိမှာ မဟုတ်တော့ပါ။ စိတ်အေးအေးထား ဆုံးဖြတ် အစီအစဉ်ဆွဲတတ်ပါစေ။

( အကောင်းဆုံးအမြင်-စိတ် )
ဘာအကြောင်းကလေးပဲဖြစ်ဖြစ် ကောင်းတဲ့ရှုထောင့်က တွေးပါ။ မြင်ပါ။ သနားခွင့်လွှတ်နိုင်တဲ့ စိတ်ကို အခြေခံထားပါ။ ကိုယ့်နေရာ ကိုယ်ဖြစ်ချင်တဲ့ပုံ၊ ဆန္ဒတွေနဲ့မြင်ပြီး မကျေမနပ်ဖြစ်ပြီး စိတ်တိုင်းမကျ အပြစ်တင်နေသရွေ့ ဘယ်သူနဲ့မှ ဆက်ဆံမှု ပြေလည်မှာ မဟုတ်ပါ။ သူ့နေရာကနေ ကိုယ်ချင်းစာပြီး တွက်ပါ။ သူ့ရဲ့အဖြစ်မှန် အခြေအနေကို ဘာမှသေချာမသိဘဲနဲ့ ကိုယ်လိုချင်တဲ့ဆန္ဒ အတိုင်းအတာအတိုင်း ဖြစ်မလာတာကို ဝေဖန်အပြစ်တင်တတ်တာမျိုး ရှောင်ပါ။ ဒီလိုအကောင်းဆုံး-အသိ-အမြင်-စိ
တ် အားလုံးအပေါ် ထားနိုင်ရင် လူတိုင်းနဲ့ ပြေလည်ပါမယ်။

( ဒေါသ နှင့် မေတ္တာ )
တခုတည်းသော ချွတ်ယွင်းချက် မရှိ၊ ထာဝရမှန်နေသည့် နိယာမမှာ ဤသို့ဖြစ်ပါသည်။
ဒေါသတိုင်းမှရသော ရလဒ်သည်-ဘာကောင်းကျိုးမှ မပေး။ ဆုံးရှုံးမှုနှင့် အဆုံးသပ်သည်။ နှစ်သက်မြတ်နိုးသူ မရှိ။ ဒေါသကို ပိုင်ထားသူတိုင်း အပူသောကနှင့် စိတ်ဆင်းရဲနေရသည်။

မေတ္တာတိုင်းမှရသော ရလဒ်သည်-
အမြဲကောင်းကျိုးပေး၏။ အောင်မြင်မှုနှင့် အဆုံးသပ်သည်။ လူတိုင်းနှစ်သက်မြတ်နိုး၏။ မေတ္တာကို ပေးတတ်သောသူနှင့် လက်ခံရသူ နှစ်ဦးစလုံး စိတ်ချမ်းမြေ့ အေးချမ်းမှုကို ရယူနိုင်ကြသည်။

( ကုန်ကျမှု နှင့် ၀င်ငွေ )
အသက်ရှင်နေသော အသက်အရွယ်ရောက်သူတိုင်းမှာ စားဝတ်နေထိုင်မှု ကုန်ကျစရိတ် ကာမိအောင် ၀င်ငွေရတဲ့ အလုပ် ရှိကိုရှိရမည်။ လောကမှာ အလုပ်က နှစ်မျိုးပဲ ရှိသည်။ သန့်ရှင်းသောအလုပ်က ရသော ငွေနှင့် မဖြောင့်မတ်သောလမ်းနှင့် ရှာ၍ရသော ငွေ။

( ချမ်းသာလိုလျင် )
ချွေတာမှ စုနိုင်မည်။ စုနိုင်မှ ချမ်းသာမည်။

( သုံးသပ်ခြင်း )
သူများအကြောင်း အခြေအနေကို အချိန်များများယူ သုံးသပ်ဝေဖန်နေလျှင် သူများနှင့် အဆင်မပြေလည်မှု ပိုများလာမည်။ ကိုယ့်ကိုယ်ကို များများသုံးသပ်ဝေဖန်ပြီး မှားနေတာတွေကို ပြင်နိုင်လျှင် သူများတွေနှင့် ဆက်ဆံရတာ ပို၍ အဆင်ပြေလာမည်။

( မှတ်သားလိုက်နာခြင်း )
သင်ခန်းစာအဖြစ် မှတ်ယူသင့်သည့်စကားလုံး စာကြောင်းစာတန်းများကို အခွင့်အခါကြုံတိုင်း ရေးယူ မှတ်သားခြင်းတို့သည် အလွန်ကောင်းသောအကျင့်ပင်။ ရေးထားသမျှ မှတ်တမ်းတွေကို စာအုပ်အဖြစ်ရေးဖို့ တခုတည်းသာ ရည်ရွယ်လျှင် စာဖတ်ပရိသတ်အတွက် တန်ဖိုးရှိသော စာအုပ်ရေးတတ်သည့် စာရေးဆရာပင် ဖြစ်သွားနိုင်သည်။ ကိုယ်ရေးမှတ်ထားသော စာတွေထဲက တန်ဖိုးရှိသော စာသားတွေအတိုင်း ကိုယ်ကြိုးစား လိုက်နာနိုင်ဖို့လည်း မမေ့သင့်ပါ။
မေးတစ်ခုပါ....ဒီနေ့ခေတ်မှာကွန်
ပြူတာသုံးတဲ့သူငယ်ချင်းတွေသိထားသင့်တယ်ထင်လို့ပါ
ကွန်ပျူတာတစ်စုံ ရှိ Keyboard မှာ Office တခုရဲ့ အများသုံး Toilet ထက်
၅ ဆ ပိုညစ်ပတ်ပါသတဲ့ ။

မယုံမရှိကြပါနဲ့ ။ London National Laboratory တစ်ခုရဲ့ တိကျသေချာသော
သုသေသန လုပ်ဆောင်ချက်တစ်ခုကနေ ရရှိလာတဲ့ Reslut တစ်ခုပါ၊

Computer တခုရဲ့  Keyboard တခုတွင် Bacteria သန်းနှင့်ချီပြီး ပေါက်ဖွား
ရှင်သန်နိုင်ကြောင်း လေ့လာတွေ့ ရှိရသည်။

ထို Bacteria များသည် လူတို့ အား အစာအဆိပ်သင့်ခြင်း (ဗိုက်ထဲ
တွင်မအီမသာဖြစ် ပြီး ၀မ်းလျောခြင်း ) မှ အစ သေစေနိုင်လောက်သည့် ရောဂါ
များ အထိ ဖြစ်ပွား ပျံ့ နှံ့ စေနိုင်သည်။


ပြီးခဲ့ သည့် မကြာသေးမီ ကာလက ရန်ကုန်မြို့တွင် လူမသိသူမသိ
အဖြစ်အပျက်လေးတစ်ခုဖြစ်ပျက်ခဲ့ သည်။


တခြားတော့ မဟုတ်ပါ Computer Keyboard မှ Bacteria များက မွေးကင်းစကလေးငယ်
တစ်ဦးကို ဆုံးပါးသွားစေခဲ့ သည်။


အသက်ကြီးမှာ အိမ်ထောင်ကျသော ဇနီးမောင်နှံ နှစ်ဦး တို့ တွင် အသက် ၃၀
ကျော်မှ ရသောကလေးလေး ဖြစ်သည်။

အသက်ကြီးမှ ရသောကလေးမို့ မိဘများက တအားတန်ဖိုးထားသည့် (Precious Baby )
လေး ဖြစ်သည်။


အဖေဖြစ်သူက Computer Programmer - တနေကုန် Computer ရှေ့ တွင် အလုပ်ရှုပ်နေသူ

ရုံးကပြန်လာတိုင်း လုပ်လေ့လုပ်ထရှိသည့် အကျင့်လေးတစ်ခုက သားလေးကို
ချီပြီး နမ်း တတ်သည်။


ကလေးက မွေးကင်းစ (Baby ) လေး ။ ၁၀ ရက်သားခန့် သာရှိသေးသည့်
တအားနုနယ်သည့်ကလေးလေးပေါ့။

သိပ်မကြာ ကလေးက ဖျားပြီး ခန္ဒာကိုယ်တစ်ခုလုံးနီရဲ ရောင်ရမ်းလာကာ
ဆေးရုံတက်ရက်သည်။ ဆရာဝန်များက မွေးကင်းစကလေးပိုးဝင်ရောဂါ(
Neonatal
Sepsis) ဟုဆိုသည်။ ၂ ရက်မြောက် ဆေးရုံပေါ်တွင် ကလေးမှာ သေသွားရှာသည်။

မိဘတွေက လည်း ဘယ်နေမလဲ။ သူတို့ ကလေး ဘယ်လို သေရသလဲ ?
အကြောင်းအရင်းကိုရှာသည်။ မိခင်ဖြစ်သူမှာ ကလေးကို နို့ တိုက်သည် မှအပ
တခြားအချိန်တွင်အထိအတွေ့ နည်းသည်။
နို့ တိုက်ကျွေးသည့်အချိန်တွင်လည်း တကယ့် သန့်သန့် ရှင်းရှင်း
စနစ်တကျရှိလှသည်။ တခြားထိတွေ့ သူမှာ အဖေဖြစ်သူသာလျှင်ရှိတော့သည်။
တနေကုန်ရုံးမှာ အလုပ်လုပ် ပြန်ရောက်ရောက်ချင်း လက်တောင်မဆေးပဲ ကလေးကို
ချီ ပြီးနမ်း ရှုတ်တတ်သည့်အဖေ ။ သူ့ ကိုသူ သံသယ၀င်ပြီး
သူငယ်ချင်းဖြစ်သူ ဆရာဝန်၏ အကူ အညီဖြင့် ဓာတ်ခွဲ ခန်း တစ်ခု တွင် သူ
့လက်မှာ ရှိတဲ့ Bacteria တွေကို
Culture လုပ်ကြည့်တော့ တွေ့ လိုက်ရသည်မှာ သူ လက်တွင် ကပ်ငြိနေသည့်
Bacteria က အမျိုးပေါင်း များစွာပင်။ ထို Bacteria တွေ က နုနယ်သည့်
(immature baby) လေး ကို သေသွားစေခဲ့ ရလေသည်။

ထို ဥပမာလေးကို သင်ခန်းစာယူ ပြီး Computer သုံးပြီးတိုင်း လက်ကို ဆပ်ပြာ
ဖြင့် သေချာစွာဆေးကြောကြပါ။
ဒီနေ့ ခေတ်တွင် အင်တာနက်ဆိုင်တွေများပြားလာပြီး ထိုဆိုင်များရှိ
စက်များမှာ လူတန်းစားပေါင်းစုံ ကသုံးစွဲနေကြတော့ ညစ်ပတ်မှာက
အသေအချာပင်။
ထို ကြောင့် မည်သူ မဆို Computer သုံးပြီးတိုင်းလက်ဆေးသည့်အကျင့်
ကို
ဂရုတစိုက်လုပ်ဆောင်သင့်သည်။ တစ်ချို့ အင်တာနက်ဆိုင်တွေ ရဲ့ သန်
့စင်ခန်းတွေမှာ လက်ဆေးရန်စနစ်တကျလုပ်ထားပေးသည်
များရှိသည်။
ဆိုင်တိုင်းမှာလည်း လုပ်ထားပေးသင့်သည်။

မြန်မာနိုင်ငံ မှာရှိနေသည့် Foreigner အများစုမှာ Hand Sanitizer ခေါ်
Spray ဘူးလေးများဆောင်ထားကြသည်။
သူတို့ အင်တာနက်ဆိုင်မှာ သုံးပြီးတိုင်း လက်ကို Hand Spray ဖြင့် သန်
့စင်ကြသည်ကိုတွေ့ ဖူးသည်။
ထိုနည်းကတော့ ပို ပြီးကောင်းသည်။ ရေကိုင်စရာမလို ဆပ်ပြာကိုင်စရာမလို ပဲ
သန့် စင်နိုင်သည်။
ထိုကဲ့သို့  ပစ္စည်းမျိုးကို မသုံးနိုင်ရင်တောင်မှ ဆပ်ပြာနှင့်
သေချာစွာဆေးကြောသင့်သည်။


သင်တို့၏လက်ကိုသန်
့ရှင်းစင်ကြယ်စွာထားခြင်းဖြင့် သင်တို့ ဘ၀တွေပိုပြီး လှပသာယာနိုင်ကြပါစေ။




ဗီယင်နန် အမျိုးသားတစ်ယောက်ဟာ သေဆုံးသွားတဲ့ သူ့ဇနီးအလောင်းကို တူးယူပြီး အိမ်သို့ပြန်သယ်လာပြီး ရွံ့စေးနှင့် ပုံစံခွက် လုပ်ပြီး ဖုံးအုပ်ကာ သူ့ရဲ့အိပ်ယာပြီး ညစဉ်တိုင်းဖက်အိပ်လာတာ လွန်ခဲ့တဲ့ငါးနှစ်လောက်ကတည်းကြ
ဖစ်ပါတယ်။ ၅၅ နှစ်အရွယ်ရှိတဲ့ လီဗန်ဟာ ဗီယင်နန် ကွမ်းနန် ခရိုင် ဟလမ်း မှာနေထိုင်သူတစ်ယောက်ဖြစ်ပါတယ်။ ဖော်ပြချက်တစ်ခုကတော့
ပထမတော့ လီဗန်ဟာ ၂ဝဝ၃ ခုနှစ် ကတည်းက သေဆုံးသွားပြီဖြစ်တဲ့ သူ့မိန်းမရဲ့ အုပ်ဂူအပေါ်မှာ သွားအိပ်ပါတယ်။
ဒီလို တစ်နှစ်ခွဲလောက် ကြာခဲ့တော့ လီဗန် ဆုံးဖြတ်ချက်ချပြီး သူ့မိန်းမမြှုပ်တဲ့ အုပ်ဂူဘေးမှာ လှိုင်ဂူတစ်ခုတူးပြီး သူ့မိန်းမဘေးမှာ အတူသွားအိပ်ခဲ့တယ်။ ထိုကဲ့သို့ ပြုလုပ်ခြင်းကြောင့် အရင်ကလို မိုးဒါဏ် လေဒဏ် တွေ မခံရတော့ဘူးပေါ့။
အဲ့လိုနဲ့ဘဲ တဖြေဖြေနဲ့ သူလုပ်နေတာကို အိမ်နီးခြင်းတွေ နဲ့ ရပ်ကွက် အာဏာပိုင်တို့က သူ့ကို ထိုကဲ့သို့မလုပ်ဘဲ ရပ်ပစ်ဖို့ ပြောတော့ ဗန် ဟာ ၂ဝဝ၄ ခုနှစ်ပါ ရပ်တန့်ခဲ့ ရပါတယ်။ နောက်ကြာတော့ ၂ဝဝ၄ နိုဝင်ဘာလမှာ ဗန် ဟာ သူ့မိန်းမအုပ်ဂူရှိတဲ့နေရာကို ပြန်လည်ရောက်လာပြီး မိန်းမရဲ့ ရုပ်အလောင်းကို တူးယူကာ အိမ်သို့ ပြန်လည်ယူဆောင်လာခဲ့ပါတယ်။
ဗန်နဲ့ သူ့သားလေးဟာ ညတိုင်းမအိပ်ခင် သေးဆုံးသွားတဲ့ ဇနီးရဲ့ အလောင်းကိုဖက်ပြီးမှ အိပ်ပါတယ်။ ကျွန်တော်က လူတစ်ယောက်ဖြစ်ပေမဲ့ သာမှန်လူ တစ်ယောက်ရဲ့ဘဝကို မကြိုက်နှစ်သက်ဘူး နည်းနည်းလေးတော့ ထူခြားမှပါ။ ကျွန်တော့်မိန်းမက ခန္ဓာကိုယ်ဘဲသေသွားတာပါ ဝိဥာဉ်ကမသေးပါဘူး ကျွန်တော်တို့နဲ့ အတူ အဖော်ပြုနေပါတယ်။ သူနဲ့သွားအိမ်တဲ့အခါမှာလည်း ကျွန်တော် ကြောက်စိတ်လုံးဝ မရှိပါဘူး။ အာဏာပိုင်တွေကတော့ ဒီကိစ္စနဲ့ပါတ်သက်ပြီး လိုက်လံစစ်ဆေးနေပါတယ်။ သေတဲ့ လူကို မီးရှို့ခြင်း သို့မဟုတ် မြေမြှုတ်ခြင်းပြုရမယ်။ ထို အလောင်းဟာ မြေမြှုတ်ထားတယ်ဆိုရင် ဒါမျိုးသယ်လာလို့မရဘူးဆိုတာ ဥပဒေရှိတယ်လို့သိရပါတယ်။



ဗုဒ္ဓဘာသာဝင်တို့ သိသင့်သောအမေးအဖြေများ (၇) ဗုဒ္ဓကို အဘယ်ကြောင့် အရိုအသေပေးဝတ်ပြုကြတာလဲ?


အရိုအသေပေးဝတ်ပြုရာတွင် ပုံစံအမျိုးမျိုး၊ အကြောင်းအမျိုးမျိုးရှိသည်။ လူအများ နတ်ဘုရားတို့အား အရိုအသေပေးဝတ်ပြုသောအခါ ထိုနတ်ဘုရားကို ချီးမွမ်းကြသည်။ ပေးကမ်းလှူဒါန်းကြသည်။ ပြီးလျှင် မိမိ လိုချင်သော အခွင့်အရေးများ တောင်းကြသည်။ နတ်ဘုရားများက သူတို့ ချီးမွမ်းသံကို ကြားမည်၊ သူတို့ပေးတာကို လက်ခံရရှိမည် သူတို့တောင်းသည့် အခွင့်အရေးများကို ဖြည့်ဆည်းပေးလိမ့်မည်ဟု ယုံကြည်ကြသည်။ ဗုဒ္ဓဘာသာဝင် အစစ်အမှန်တို့တွင် ထိုကဲ့သို့သော ၀တ်ပြုဆုတောင်းမှုမျိုးမရှိ။ ၀တ်ပြုမှုနောက်တစ်မျိုးမှာ မိမိလေးစားသူတစ်ဦးကို တွေ့ရမြင်ရသောအခါ အရိုအသေ ပေးမှုမျိုးဖြစ်သည်။ ဆရာတစ်ဦး စာသင်ခန်းထဲဝင်လာသောအခါ ကျောင်းသားများ မတ်တပ်ရပ် အရိုအသေပေးကြသည်။ ဉာဏ်ပညာအရာ၊ ကိုယ်ကျင့်တရား တို့တွင် မိမိထက် ကြီးမြတ်သူလာသောအခါ အရိုအသေပေးကြသည်။ ရိုသေမှု၊ ကြည်ညိုမှု၊ လေးစားမှု တို့အတွက် အရိုအသေပေးကြသည့် ဟန်ပန်အမျိုးမျိုးရှိသည်။ ဗုဒ္ဓကို အရိုအသေပေးဝတ်ပြုကြခြင်းမှာ ဤအမျိုးအစား ဖြစ်သည်။ ချမ်းသာကြွယ်ဝစေရန် ပစ္စည်းများပေးခြင်း၊ အခွင့်အရေးများ ပေးခြင်းအတွက် မဟုတ်။ ကျွန်ုပ်တို့ကို ဖန်ဆင်းထားခြင်း အတွက်မဟုတ်။ ကျွန်ုပ်တို့လိုအပ်ရာ နေထိုင်ရာမြေကမ္ဘာ၊ စားသောက်စရာများ၊ အဖော်များကို ဖန်တီးပေး၍ မဟုတ်။ ဗုဒ္ဓကို အရိုအသေပေး ၀တ်ပြုခြင်းမှာ ဆင်းရဲဒုက္ခမှ လွှတ်မြောက်ရန်အတွက် တိကျသေချာသော၊ စံပြုထိုက်သော သူ့ကိုယ်တွေ့များအား သင်ကြားလမ်းညွှန်ခဲ့ခြင်းအတွက် ဖြစ်သည်။ ဤသည်မှာ ဗုဒ္ဓကို ကျွန်ုပ်တို့ အရိုအသေပေးဝတ်ပြုရခြင်း၏ အဓိပ္ပာယ် ဖြစ်သည်။ တင်ဆက်သူ = စိုင်းခမ်းထွန်း at 2:37 PM 8 မှတ်ချက်ပေးသူ ကဏ္ဍ ဓမ္မ Reactions:
Tuesday, June 9, 2009 ဗုဒ္ဓဘာသာဝင်တို့ သိသင့်သောအမေးအဖြေများ (၅) ဗုဒ္ဓသေဆုံးပြီးနောက် သူသည် ကျွန်ုပ်တို့ကို ဘယ်လိုအကျိုးပြုကူညီနေသလဲ?
လျှပ်စစ်ကို ရှာဖွေတွေ့ရှိခဲ့သော ဖာရာဒေး (Farady) သေဆုံးခဲ့ပြီ၊ သို့သော် သူရှာဖွေတွေ့ရှိခဲ့သည့် လျှပ်စစ်ဓာတ်က ကျွန်ုပ်တို့ကို အကျိုးပြူနေဆဲ။ ရောဂါပေါင်းများစွာကို ကုသသည့်ဆေးပညာကို ရှာဖွေတွေ့ရှိခဲ့သူ လူ့စ်ပါ့စ်ချား (Luis Pasteur) သည် သေဆုံးခဲ့ပြီ၊ သို့သော် သူရှာဖွေတွေ့ရှိခဲ့သည့် ဆေးပညာသည် လူအသက်ပေါင်းများစွာကို ကယ်တင်နေဆဲ။ ဂန္ထ၀င်မြောက်ပန်ချီကား ၂ ချပ်ကို ဖန်တီးရေးဆွဲခဲ့သူ လီယိုနာ ဒိုဒါဗင်ချီ (Leoardo Da Vinci) သေဆုံးခဲ့ပြီ၊ သို့သော် သူ့အနုပညာလက်ရာကား လူများကို ဖမ်းစားဆဲ။ ရာစုနှစ်ပေါင်းများစွာက သေဆုံးခဲ့ကြပြီဖြစ်သော သူရဲကောင်းအပေါင်းတို့၏ လုပ်ရပ်တို့သည်လည်း ယခုပြန်လည်ဖတ်ရှုသိရှိရသောအခါ ပြန်လည်ဆန်းသစ်ကာ ယခုတိုင် ကျွန်ုပ်တို့၏ သတ္တိများကို မွေးဖွားစေမြဲ။ ဗုဒ္ဓသေဆုံးခဲ့သည်မှာ နှစ်ပေါင်း ၂၅၀၀ ကျော်ပြီဖြစ်သော်လည်း သူ၏ သွန်သင်ဆုံးမမှုများကား ယနေ့တိုင် ကျွန်ုပ်တို့ကို အကျိုးရှိစေမြဲ။ သူပြုခဲ့သော နမူနာတို့သည် လူတို့ကို လှုံ့ဆော်နေနိုင်ဆဲ၊ ဘ၀များကို ပြောင်းလဲစေနိုင်ဆဲပင်။ သေဆုံးပြီးနောက် ထိုကဲ့သို့ စွမ်းနိုင်သူမှာ ဗုဒ္ဓတစ်ဦးတည်းသာလျှင် ရှိပေသည်။
(၆) ဗုဒ္ဓသည် ထာဝရဘုရားသခင်လော?
မဟုတ်ပါ။ သူသည် ထာဝရဘုရားသခင် ဖြစ်သည်ဟုလည်းကောင်း၊ ထာဝရဘုရားသခင်၏ သားတော်ဖြစ်သည်ဟုလည်းကောင်း၊ ထာဝရဘုရားသခင်က စေလွှတ်လိုက်သော တမန်တော် အဖြစ်လည်းကောင်း မည်သည့် အခါမျှ မပြောဆိုခဲ့ပါ။ သူသည် သူ့ကိုယ်သူ အလုံးစုံပြီးပြည့်စုံအောင် ကျင့်ကြံနေထိုင်နိုင်ခဲ့သူ ဖြစ်သည်။ သူ၏ နမူနာအတိုင်း ကျွန်ုပ်တို့ လိုက်နာလုပ်ဆောင်လျှင် ကျွန်ုပ်တို့ ကိုယ်တိုင်ပင် သူကဲ့သို့ အလုံးစုံပြီးပြည့်စုံသူဖြစ်နိုင်သည် ဟု သင်ကြားပြောဆိုခဲ့သည်။ တင်ဆက်သူ = စိုင်းခမ်းထွန်း at 10:29 PM 2 မှတ်ချက်ပေးသူ ကဏ္ဍ ဓမ္မ Reactions:
Sunday, June 7, 2009 ဗုဒ္ဓဘာသာဝင်တို့ သိသင့်သောအမေးအဖြေများ (၃) ဗုဒ္ဓ ဆိုတာ ဘယ်သူလဲ ?
ယေရှုခရစ်တော် မပေါ်မီ နှစ်ပေါင်း ၅၆၃ ခုတွင် အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ဘုရင်မိသားစုမှ ကလေးတစ်ဦး ဖွားမြင်ခဲ့သည်။ သူသည် စည်းစိမ်ဥစ္စာအပြည့်ဖြင့် ကျန်းမာချမ်းသာစွာ လူလားမြောက်ကြီးပြင်းခဲ့သည်။ နောက်ပိုင်းတွင် ဥစ္စာပစ္စည်းများ နှင့် အဆောင်အယောင်တို့သည် ပျော်ရွှင်မှုကို အမှန်တကယ် ပေးနိုင်သည့် အရာများ မဟုတ်ကြောင်း တဖြည်းဖြည်း သဘောပေါက်လာခဲ့သည်။ သူ့ပတ်ဝန်းကျင်းရှိ လူများ၏ ဆင်းရဲ ဒုက္ခများကို မြင်တွေ့ခဲ့သည်။ ထိုအချက်တို့က သူ့အား လူတို့ကို အမှန်တကယ်ပျော်ရွှင်စေနိုင်သည့် သော့ချက် ကို ရှာဖွေရန် ဆန္ဒပြင်းပြစေခဲ့သည်။ အသက် ၂၉ နှစ်အရွယ်တွင် သူ့ဇနီးနှင့်သားတစ်ဦးကို ထားခဲ့ပြီး ထိုသော့ချက်ကို ရှာဖွေရန် ထွက်သွားခဲ့သည်။ သူသည် ထိုခေတ်အခါက ထိပ်သီးဘာသာရေးဆရာကြီးများထံတွင် တပည့်အဖြစ်ခံယူကာ သူတို့၏ နည်းနာများကို လေ့လာသင်ယူခဲ့သည်။ ထိုဆရာကြီးများက သူ့ကို နည်းလမ်းများစွာ သင်ပေးခဲ့ကြသည်။ သို့သော် မည်သည့်ဆရာကမျှ လူများ အဘယ့်ကြောင့် ဆင်းရဲဒုက္ခဖြစ်ရသည့် အကြောင်းရင်းကို မသိရှိနိုင်သည့်ပြင်၊ မည်သည့်နည်းလမ်းအားဖြင့် ထိုဆင်းရဲဒုက္ခတို့မှ လွှတ်မြောက်အောင် လုပ်ဆောင်နိုင်သည်ကို သင်ကြားပြသနိုင်ခြင်း မရှိခဲ့ပေ။ သူသည် ဆင်းရဲပင်ပန်းကြီးစွာဖြင့် ၆ နှစ်ကြာ ဒုက္ခခံကာကြိုးစား လေ့ကျင့်သော်လည်း မအောင်မြင်သည့် အတွက် နည်းလမ်းအားလုံးကို စွန့်လွှတ်ကာ တရားထိုင်ခြင်းကို စတင်လုပ်ဆောင်ခဲ့သည်။ ထိုတရားထိုင်သည့် နည်းလမ်းဖြင့် အမှန်ကို သဘောပေါက်ကာ အရာရာကို အမှန်အတိုင်း သိမြင်နိုင်သောဉာဏ်ကို ရရှိခဲ့သည်။ ထိုအချိန်မှ စ၍ သူအား "ဗုဒ္ဓ" (Buddha) သို့မဟုတ် "အရာအားလုံးကို အမှန်အတိုင်းသိမြင်"သူ ဟု သတ်မှတ်ခေါ်တွင်ခဲ့သည်။ သူသည် နောက်ထပ် ၄၅ နှစ် အသက်ရှင်နေထိုင်ခဲ့သည်။ ထိုအတောအတွင်း အိန္ဒိယမြောက်ပိုင်း တစ်ခုလုံး အနှံ့ လှည့်လည်သွားလာပြီး သူတွေ့ရှိခဲ့သည့် သဘောတရားများ နည်းလမ်းများအား လူအများကို သင်ကြားပို့ချပေးခဲ့သည်။ သူ၏ မေတ္တာကရုဏာ နှင့် သည်းခံစိတ်ရှည်မှုတို့သည် အလွန်ထင်ရှားပြီး လူထောင်ပေါင်းများစွာ သူ့နောက်လိုက်ဖြစ်လာခဲ့ကြသည်။ အသက် ၈၀ ပြည့်သောအခါတွင် အိုမင်းလာပြီး နေမကောင်းဖြစ်သည်။ သို့သော် ထိုအချိန်တွင်ပင် ကြည်ညိုဖွယ် အသွင်အပြင်ရှိပြီး၊ ကြည်လင်အေးချမ်းဆဲပင်ဖြစ်သည်။ နောက်ဆုံးတွင် သေဆုံးသွားသည်။


(၄) သိဒ္ဓတ္တဂေါတမ (Siddhattha Gotama)၏ ဇနီးနှင့် သားကို စွန့်ထားခဲ့ခြင်းသည် တာဝန်မဲ့ခြင်းလော?

သိဒ္ဓတ္တဂေါတမ (Siddhattha Gotama)အတွက် သူ့မိသားစုကို စွန့်ခွာထားခဲ့ရန် ကိစ္စသည် လွယ်ကူသော ကိစ္စ မဟုတ်ခဲ့ပါ။ သူသည် သူစွန့်ခွာမသွားမီ အချိန်ထိ စိုးရိမ်ပူပန်မှုအပြည့်ဖြင့် အချိန်အတော်ကြာ ချီတုံချတုံ ဖြစ်ခဲ့မည်။ သူ့တွင် ရွေးစရာနှစ်ခုရှိခဲ့သည် တစ်ခုက မိသားစုအတွက်၊ တစ်ခုက လောက အတွက်။ နောက်ဆုံးတွင် သူ၏ကြီးမားသောမေတ္တာတရားက လောကကြီးအတွက် သူ့ဘ၀ကို နစ်မြုပ်ပေးဆပ်ရန် ဖြစ်ခဲ့သည်။ ယနေ့တိုင် လောကကြီးတစ်ခုလုံး သူ့တွေ့ရှိချက်များ၏ အကျိုးကျေးဇူးကို ခံစားနေရဆဲဖြစ်သည်။ ထို့ကြောင့် ဇနီးနှင့်သားကို စွန့်လွတ်ခဲ့ခြင်းသည် တာဝန်မဲ့ခြင်း မဟုတ်။ ထိုစွန့်လွတ်ခြင်းသည်ပင် သူ၏ အသိသာ၊ အထင်ရှားဆုံး တရားသဘောတစ်ခုပင် ဖြစ်ကောင်းဖြစ်နိုင်သည်။ တင်ဆက်သူ = စိုင်းခမ်းထွန်း at 6:52 PM 0 မှတ်ချက်ပေးသူ ကဏ္ဍ ဓမ္မ Reactions:
Saturday, June 6, 2009 ဗုဒ္ဓဘာသာဝင်တို့ သိသင့်သောအမေးအဖြေများ (၂) ဗုဒ္ဓ၀ါဒ သည် သာမာန်အတွေးအခေါ်တစ်ခု မျှသာလား
အတွေးအခေါ် (Philosophy) ဟူသော စကားလုံးသည် ဖီလို (Philo) "မေတ္တာတရား" နှင့် ဆိုဖီယာ (Sophia) "ဉာဏ်ပညာ" ဟူသော စကား ၂ လုံးမှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အတွေးအခေါ် (Philosophy)ဆိုသည်မှာ "မေတ္တာတရား နှင့် ဉာဏ်ပညာ" ကို ကိုယ်စားပြုသောကြောင့် ဗုဒ္ဓ၀ါဒ ကို ပြည့်ပြည့်စုံစုံ ဖော်ညွှန်းနိုင် သလိုရှိပါသည်။ ဗုဒ္ဓ၀ါဒသည် ကျွန်ုပ်တို့အား အမှန်တရားကို ရှင်းရှင်းလင်းလင်း သိမြင်သဘောပေါက်စေရန်အတွက် အသိဉာဏ်ပိုင်း တိုးတက်ပြည့်စုံလာအောင် ကြိုးစားကြရန် တိကျသောနည်းလမ်းများဖြင့် သင်ကြားလမ်းညွှန်သည်။ ထို့ပြင် ရှိရှိသမျှ သတ္တ၀ါအားလုံးအား မိမိ၏ သွေးသားရင်ချာကဲ့သို့ အကြင်နာ မေတ္တာတရားထားကြရန်လည်း သွန်သင်သည်။ သို့သော် ဗုဒ္ဓ၀ါဒသည် သာမာန်အတွေးအခေါ်သက်သက်မျှမဟုတ်၊ သာမာန်တွေးခေါ်ရှင်တို့၏ အတွေးအခေါ်ထက် အဆင့်လွန်သည့် အတွေးအခေါ် (Supreme Philosophy) (၀ါ) အမြဲတမ်းမှန်နေသည့်အတွေးအခေါ်များဖြစ်သည်။ (စကားချပ်။ ။ ဗုဒ္ဓသည် သစ္စာ လေးပါးကို သိရှိခြင်းမှာ တွေးခေါ်၍ မဟုတ်ပါ။ လေ့ကျင့်၍ ရလာခြင်းဖြစ်သည်။ ထိုသစ္စာလေးပါးကို သိရန် လေ့ကျင့်ရမည့်နည်းလမ်းလည်း အတိအကျရှိသည်။ ထိုကဲ့သို့သော နည်းလမ်းမှအစ အရာအားလုံး၊ သိစရာမှန်သမျှအားလုံးကို သူကိုယ်တိုင် လေ့ကျင့်မှုကြောင့် တပ်အပ်သိမြင်လာခြင်းဖြစ်သည်။ တွေးတောယူဆခြင်းကြောင့် သိလာခြင်းမဟုတ် ဟုဆိုပါသည်။) တင်ဆက်သူ = စိုင်းခမ်းထွန်း at 9:50 AM 2 မှတ်ချက်ပေးသူ ကဏ္ဍ ဓမ္မ Reactions:
Thursday, June 4, 2009 ဗုဒ္ဓဘာသာဝင်တို့ သိသင့်သောအမေးအဖြေများ (၁) ဗုဒ္ဓ၀ါဒ ဆိုတာဘာလဲ
"ဗုဒ္ဓ၀ါဒ" (Buddhism) ဆိုသည်မှာ "ဗောဓိ" (bodhi) ဟူသည့် စကားလုံးမှ ဆင်းသက်လာခြင်းဖြစ်သည်။ ဗောဓိဟူသော စကားလုံး၏ အဓိပ္ပါယ်မှာ "အမှန်ကိုအတပ်သိခြင်း" (Enlightenment) ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓ၀ါဒ ဆိုသည်မှာ "အမှန်တရားကို သိသည့် ၀ါဒ" ဟုပြောနိုင်ပေသည်။ ထိုဝါဒသည် ၃၅ နှစ်အရွယ်တွင် သူကိုယ်တိုင်ဆင်ခြင်သိမြင်နိုင်ခဲ့သော ဗုဒ္ဓ (Buddha) ဟု သိကြသည့် သိဒ္ဓတ္တဂေါတမ (Siddhattha Gotama) ၏ အတွေ့အကြုံများမှ စတင်ပေါ်ပေါက်ခဲ့သည်။ ဗုဒ္ဓ၀ါဒသည် နှစ်ပေါင်း ၂၅၀၀ ကျော်သက်တမ်းရှိခဲ့ပြီဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းရှိ လူသန်းပေါင်း ၃၈၀ ကျော်က လိုက်နာနေသော ၀ါဒဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်ကာလထိ ဗုဒ္ဓ၀ါဒသည် အဓိကအားဖြင့် အရှေ့တိုင်းတွင်သာ လိုက်နာကျင့်သုံးသောဝါဒအဖြစ်သာ တည်ရှိနေခဲ့သည်။ နောင်ပိုင်းတွင် ပိုမိုကျယ်ပြန့်လာပြီး ဥရောပ၊ သြစတြေးလျ နှင့် အမေရိက တို့တွင်ပါ လိုက်နာကျင့်သုံးလာကြသည်။
ယနေ့ခေတ်မှာ လူငယ်တွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။
ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလို
အခြေအနေ တွေကိုသိလို့ မြတ်စွာဘုရားက "နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာ
ငါးမျိုး ကွဲပြား လိမ့်မယ်" ဟု ဟောတော်မူထားခဲ့ပါတယ်။ အဲဒီဗုဒ္ဓဘာသာ
ငါးမျိုးကတော့......
(၁)။ ကုလ ဗုဒ္ဓဘာသာ
(၂)။ လာဘ ဗုဒ္ဓဘာသာ
(၃)။ ဘယ ဗုဒ္ဓဘာသာ
(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)။ ပညာဓိက ဗုဒ္ဓဘာသာ

(၁)။ ကုလ ဗုဒ္ဓဘာသာ( မိရိုးဖလာဗုဒ္ဓဘာသာ)
ကုလ ဗုဒ္ဓဘာသာ ဆိုတာ ရိုးရာ ဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့
သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း
ခရစ်ယာန်။ မိဘက အစ္စလာမ်ဆိုရင် သားသမီးကလည်း အစ္စလာမ်။ ဒါကို မိရိုးဖလာ
ကုလဗုဒ္ဓဘာသာပေါ့။ မိဘက ဗုဒ္ဓဘာသာ မို့သာ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတယ်
ဘုရားရှင် ဘာလို့ ပွင့်မှန်းမသိ။ ဘုရား ဘာတရားဟောမှန်းလည်း မသိ။
ကိုယ်ပြောတဲ့ ဗုဒ္ဓဘာသာဝင်ဆိုတာတောင်မှ ဘာပြောမှန်းမသိ။
ကိုယ်ကိုးကွယ်နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ

တရားတော်ကို ဘာကြောင့်ကိုးကွယ်ရ မှန်းမသိ။ ဘုရားကို ဦးချတာ
ဘာရည်ရွယ်ချက်နဲ့ ဦးချနေမှန်းကို မသိတာ။ ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့
အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့ လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ။
ကုလဗုဒ္ဓဘာသာပါ။

(၂) လာဘာဗုဒ္ဓဘာသာ
လာဘာဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဆိုလိုတာပါ။
ဒီဘ၀ စီးပွားရေးလေး တက်မလားဆိုပြီးတော့မှ ဘုရားကိုးကွယ်တာမှာ
ရွေးပြီးတော့ ကိုးကွယ်တယ်။ ဒီဘုရားကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ်
ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားတတ်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘဗုဒ္ဓ
ဘာသာပါ။ ဘုရားကိုးကွယ်မှ လာဘ်ပေါမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ
ဘာလို့ လာဘ်ရွှင်နေတာလဲ။ အဓိက စီးပွားရေး ဖြစ်နေတယ်ဆိုတာ
ဘုရားကြောင့်မဟုတ်ပါဘူး။ ကံဥာဏ်ဝီရိယ သတ္တိကြောင့်ပါ။
အရောင်းအ၀ယ်တစ်ခုလုပ်မယ်။ အိမ်ခြံဝင်းဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာ
ပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ၊ ဘုရားကျောင်းဆောင်
ပေါ်မှာ ဘိုးတော်ပုံတွေ ဘွားတော်ပုံတွေ တင်ထားတာတွေ၊ ကိုးကြီးကျော်
မနှဲလေး အစရှိတွေ နတ်တွေ ကိုးကွယ်တာတွေ၊ ဗေဒင်တွေ ယုံကြည်ပြီး ယတြာတွေ
ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်များကို
လာဘာဗုဒ္ဓဘာသာ ဟုခေါ်ပါသည်။

(၃)ဘယ ဗုဒ္ဓဘာသာ(ကြောက်လို့ ကိုးကွယ်သော ဗုဒ္ဓဘာသာ)
ဘယဗုဒ္ဓဘာသာဆိုတာ ဘေးကို ကြောက်လို့ ကိုးကွယ်တာကို ခေါ်ပါတယ်။
အန္တရယ်ကင်းဖို့ ၊ ဘေးရှင်းဖို့၊ အသက်ရှည်ဖို့၊ ကျန်းမာဖို့ ၊
ဒီလိုအတွေးအခေါ် အယူအဆတွေနဲ့ ဘုရားကို ကိုးကွယ်တာကို
ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဒီဘုရားကို ကိုးကွယ်မှ အသက်ရှည်မယ်ဆိုရင်
ဒီဘုရားကို မကိုးကွယ်တဲ့ ခရစ်ယာန်တွေ အစလာမ်တွေ အသက်ရှစ်ဆယ်
တစ်ရာကျော်တွေ ရှည်နေကြတာ ဘာလို့ပါလဲ။

ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလဗုဒ္ဓဘာသာ၊လာဘ်လာဘာ လိုချင်ပြီး ကိုးကွယ်တာ
လာဘ်လာဘ လိုချင်ပြီး ကနားတွေပေးတာ လာဘဗုဒ္ဓဘာသာ၊ ဘေးကြောက်ပြီး
အကိုးကွယ်တွေ မှားနေတာ ဘယဗုဒ္ဓဘာသာ။ ဒီကုလ၊လာဘ၊ ဘယဗုဒ္ဓဘာသာ သုံးမျိုးကို
အောက်တန်းစားဗုဒ္ဓဘာသာဟု ခေါ်ပါသည်။
ဟိုလူမပါ၊ ဒီလူမပါ၊ ဟိုလူပသပါတယ်။ ဒီလူပသပါတယ်။ လက်ညှိုးထိုး ခွက်လှန်
လုပ်နေတာတွေကို မြတ်စွာဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။
ခန္ဓာကိုယ်မှာ အသိ၊ဘာသာရေးအသိဓာတ်ခံ အားနည်းတော့ လိမ်စားနေတဲ့ သူတွေက
လိမ်လို့ကောင်းနေပါတယ်။ ဘုရားလည်း ကိုးကွယ်ရသေး၊ တရားလည်း ကိုးကွယ်ရသေး၊
ဆွမ်းဦးကိုလည်း လောင်လှူရသေး သာသနာတော်ကိုလည်း သင်္ကန်း ဆွမ်းကျောင်းဆေး ၊
ပစည်းလေးပါးနဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ ဘာအတွက် ဒါတွေ လုပ်နေရတာလဲ
ဘာအတွက် သာသနာကို ချီးမြှောက်နေတာလဲ၊ ဘာအတွက် ကျောင်းဆောက်နေတာလဲ ။
စဉ်းစားပါ၊ ဝေဖန်ပါ၊ သုံးသပ်ပါ။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဓါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို အရင်းခံပါတယ်။ သဒ္ဓါတရားဆိုတာ
ယုံကြည်ချက်ပါ။ ဘုရား၊တရား၊ သံဃာာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။
ဘုရား၊ တရား၊ သံဃာကို ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့
သမ္မာသဒ္ဓါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဓါဆိုပြီး
နှစ်မျိုးရှိပါတယ်။ သမ္မာသဒ္ဓါဆိုတဲ့ မှန်မှန်ကန်ကန်ယုံကြည်ချက် ဆိုတာ
သစ္စာာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တ၀ါတွေကို သူသိသကဲ့သို့
မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာာလေးချက် အနက်ကို ဟောကြားတော်မူခဲ့ပါတယ်။
ဒီတရားတော် အနက်တွေကို ပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့
အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အိုနာသေ
လွတ်ရာပါ။ "အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏" ဆိုတဲ့
ယုံကြ ည်ချက်ဟာ မှန်သောယုံကြည်ချက်။
တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။ မြတ်စွာဘုရားဟော်တော်မူခဲ့တဲ့
တရားတော်ကို ကြိုးစားမယုတ် ပွားများအားထုတ်လိုက်လို့
တရားလမ်းကြောင်းအတိုင်း မဂ္ဂင်လမ်းအတိုင်းသာ လျှောက်သွားရင်
နှိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာဟာ တရားက ပို့ဆောင်တာပါ။
ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ပါဘူး။ တရားတော်ကို မှန်သောယုံကြည်မှု။
ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာာရဲ့ 
ကျေးဇူးပါ။ ဘုရားရှင် ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊
သုတ်ဝိနည်း အဘိဓမ္မာတရားတွေ ဒီတရားတွေကို သံဃာာတော်တွေက ဆောင်ထားတာပါ။
ပိဋကသုံးပုံကို သံဃာတော်တွေက စောင့်ရှောက်ထားတာပါ။ သံဃာာတော်ကို
ယုံကြည်မှု။
ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဓါ ယုံကြည်မှု။
မိစ္ဆာသဒ္ဓါယုံကြည်မှုက လာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ် ဆိုပြီး
ကိုးကွယ်ယုံကြည်နေတာဟာ မိစ္ဆာသဒ္ဓါ။ လာဘ်လာဘပေါတယ်ဆိုတဲ့ လာဘဗုဒ္ဓ
ဘာသာယုံကြည်ချက်၊ အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု
ဗုဒ္ဓရဲ့  ဂုဏ်တော်ကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ
ရမ်းဦးတိုက်ရတဲ့ ကုလဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု ဒါတွေက မိစ္ဆာသဒ္ဓါတွေပါ။
အသေလွတ်ရာလမ်းကို ပြတတ်လို့၊ အသေလွတ်ရာကို ပို့ဆောင်နိုင်လို့ ၊
အသေလွတ်ရာ တရားကို ဆောင်ထားနိုင်လို့ ရတနာသုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့
သမ္မာသဒ္ဓါ ။ အနှစ်သာရမရှိတာကို မရှိဘူးလို့ သိတယ်။ အနှစ်သာရ ရှိတာကို
ရှိတယ်လို့ သိတယ်။ မှားတာကို မှားတယ်လို့သိတယ်။ မှန်တာကို မှန်တယ်လို့
သိတယ်။ သိတဲ့အပြင်၊ အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည့်
သမ္မာသဒ္ဓါ ရှိတဲ့ သဒ္ဓါဓိက ဗုဒ္ဓဘာသာပါ။

(၅)ပညာဓိက ဗုဒ္ဓဘာသာ
ပညာဓိက ဗုဒ္ဓဘာသာဆိုတာ သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ခေါ်တာပါ။
သဒ္ဓါဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံတာလည်း
ဆိုတော့ ရမ်းယုံတာမဟုတ်ဘဲ ခန္ဓာသိနဲ့ အသေအချာ သိပြီး ယုံတယ်။ ထိုသို့
သိတာကို ပညာဟု ခေါ်ပါတယ်။ သစ္စာလေးပါးတရားတော်ကို အသေအချာ ပညာသိနဲ့ သိတဲ့
ဗုဒ္ဓဘာသာ၊ ဖြစ်မှုပျက်မှုတွေကို သိတဲ့ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္ဓာက
မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာက မြင်တာပါ။ ပညာဓိက ဗုဒ္ဓဘာသာပါ။
ဘုရားက မင်းတို့ခန္ဓာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတယ် လို့ ဟောခဲ့ပါတယ်။
ဒါကို ကိုယ်တိုင် သစ္စာတရားတော်ကို သေချာသိပြီး ကျင့်ကြည့်လိုက်တော့
မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ ယုံကြည်တာက သဒ္ဓါ၊
ဖြစ်ပျက်မြင်တာက ပညာ။ ထို့ကြောင့် သဒ္ဓါနဲ့ ပညာ သွားပြီး တွဲနေပါတယ်။
သဒ္ဓါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။
သဒ္ဓါတရား မှန်မှန်ကန်ကန် နဲ့ သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ ကူးမြောက်နိုင်၏။
တို့မှာ အပါယ်မျိုးစေ့တွေ၊ အပါယ်ကျကြောင်းကံတွေ လုပ်ထားတာရှိတယ်။
ဒါတွေကို ဘယ်သူမှ ၀င်တားလို့ မရပါဘူး။ သူ့ကိုတားချင်ရင်၊ သူ့ကို
အကျိုးမပေးစေချင်ရင် ဘာနဲ့ ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ ဖြတ်ရပါမယ်။ ဥာဏ်နဲ့
ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓါလည်း ပါတယ်၊
ပညာလည်း ပါပါတယ်။ ဒါသည် သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။
သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်းစား ဗုဒ္ဓဘာသာပါ။
စာတစ်ပိုဒ်ကနေ ကူးယူဝေငှပါတယ်။
လျောက်ထားပါရစေ ဆရာတော် အရှင်မြတ်များ
ဘုရား၊ ဗုဒ္ဓဘာသာမှာ ဖန်ဆင်းရှင် ထာဝရဘုရားသခင် (ဂေါ့ဒ်)မရှိဟု ဆိုပါသည်။ သို့ဖြစ်ပါက ဆုတောင်းလျင် တောင်းသည့်ဆုကို မည်သူက ပြည့်အောင် လုပ်ပေးပါသနည်း။ ဗုဒ္ဓကိုယ် တိုင်ကကော တပည့်သာဝကများအား ဆုတော်ကို ပေးခဲ့ဘူးပါသလား။ ကိုယ်လုပ်တဲ့ ကုသိုလ်က ဧကန်အကျိုးပေးမည်ဖြစ်၍ အထူးဆုတောင်းဖွယ် လိုပါသလားဘုရား။ ဆုတောင်းတာနဲ့ ပတ် သက်ပြီး ထေရ၀ါဒဗုဒ္ဓဘာသာက မည်သို့ လက်ခံထားသည်ကို သိလိုပါသည်။
သက်လျာ



Answered By - ဆရာတော် ဦးကေလာသ
ဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism) Date: 6 Feb 2008
ခြားနားချက်
ဗုဒ္ဓ၀ါဒဟာ ဣဿရ (စကြ၀ဠာ ကမ္ဘာမိုးမြေကို စိုးပိုင်) နိမ္မာန (စကြ၀ဠာတစ်ခုလုံးကို ဖန်းဆင်း)တဲ့ ထာဝရတည်မြဲတဲ့ တစ်ဆူတည်းသော ဘုရားသခင်ရှိဝါဒကို လက်မခံတာ မှန်ပါတယ်။ အဲဒါကြောင့် ဗုဒ္ဓ၀ါဒီတို့ ဆုတောင်းရာမှာ ဘာမှမလုပ်ဘဲ အဲဒီတစ်ဆူတည်းသော ဘုရားကို မျက်စိမှိတ် ယုံကြည်ရုံမျနဲ့ လိုတာတွေ အားလုံးကို ရတယ်ဆိုပြီး လက်ဖြန့် တောင်းခံတဲ့ အဓိပ္ပာယ်မျိုး မဟုတ်ဘူး။ အကြောင်းဖြစ်တဲ့ ကုသိုလ်ကောင်းမှု တစ်ခုခုကို လုပ်ပြီးမှ ဆုတောင်း ပတ္ထနာပြုရင် တောင့်တတဲ့အတိုင်း ဖြစ်တယ်လို့ ယုံကြည်ပြီး ဆုတောင်းတာပါ။ ဒါကို လက်တွေ့နဲ့ ဆန္ဒကို ပေါင်းစပ်ခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်မလားဘဲ။

ဗုဒ္ဓရဲ့ နှုတ်မြွက်
သင်္ဂီတိသုတ် (ဒိ ၃၊ ၂၁၄)မှာ မြတ်ဗုဒ္ဓက 'အလိုရှိရာကို တောင့်တ (ဆုတောင်း)ပြီး သမဏဗြဟ္မဏတို့ကို ထမင်း အဖျော်စသည့် လှူဖွယ်ဝတ္ထုကို ပေးလှူလျင် လူနတ်ချမ်းသာကို ရနိုင်သည်သာမက ဗြဟ္မာဘ၀ကို ရရှိရန်ပါ အထောက် အပံ့ပြုနိုင်၏ (အပိုဒ် ၃၃၇ အနှစ်ချုပ်)'လို့ မိန့်ပါတယ်။ 'တရားမျတမှုကို ပြုလေ့ရှိသူသည် ကွယ်လွန်ပြီးနောက် လူ့ဘ၀ နတ်ဘ၀ကို တောင့်တ (ဆုတောင်း) ပါက ရရှိနိုင်၏ (မ ၁၊ ၃၅၉)'။ 'အလှူပေးခြင်း၊ သီလဆောက်တည်ခြင်း၊ ကိုယ်နှုတ် နှလုံးကို စောင့်စည်းခြင်း၊ ဣနြေ္ဒတို့ကို စောင့်စည်းခြင်းဟူသော ရွှေအိုးကို မြှုပ်နှံ၍လည်းကောင်း၊ စေတီ သံဃာ ပုဂ္ဂိုလ် ဧည့်သည် အစ်ကို အစ်မတို့အား ပေးလှူခြင်း ကိစ္စကြီးငယ်ကို ဆောင်ရွက်ပေးခြင်းဟူသော ရွှေအိုးကို မြှုပ်နှံ၍လည်းကောင်း အလိုရှိသော ချမ်းသာသုခကို တောင့်တ (ဆုတောင်း)ပါက တောင့်တသည့် ဆုကို ရနိုင်၏ (ခု ၁၊ ၉)'။ 'သုဂတိ ဘ၀တစ်ခုခုကို တောင့်တ၍ (ဆုတောင်း၍) ကုသိုလ်ပြုအံ့၊ ယင်း တောင့်တအပ်သော ဘ၀၌ ဖြစ်နိုင်၏ (တတြူပပတ္တိယာ သံဝတ္တတီတိ ယံ ပတ္ထေတွာ ကုသလံ ကတံ၊ တတ္ထ တတ္ထ နိဗ္ဗတနတ္ထာယ သံဝတ္တတိ) (ဒီ-ဋ္ဌ ၃၊ ၂၂၇)'။

ဗုဒ္ဓ ဆုပေးခြင်း
'ပဉ္စသီခ ကောင်းပေပြီ၊ အခြွေအရံ ပရိသတ်နှင့်တကွ နတ်တို့သနင်း သိကြားမင်းသည် ချမ်းသာပါစေသတည်း' (ဒီ ၂၊ ၂၁၅)လို့ ဗုဒ္ဓရှင်တော် သိကြားမင်းကို ဆုတော်ပေးဖူးပါတယ်။ 'မြတ်ဗုဒ္ဓသည် တစ်စုံတစ်ယောက် လာရောက်၍ ရှိခိုးသည်ရှိသော် ရွှေမရိုးစည်နှင့်တူသော လည်တိုင်တော်ကို ချီမြှောက်၍ နားချမ်းသာဖွယ် နှစ်သက်ဖွယ်ရှိသော၊ အမြိုက်ရေစင် သွန်း လောင်းသည်နှင့်တူသော အသံတော်ကို >မက်ဟလျက် 'ကိုယ်စိတ်နှစ်ဖြာ ချမ်းသာပါစေ'ဟု ထိုပုဂ္ဂိုလ်၏ အမည်ကို ခေါ်လျက် ဆုပေးစကား မြွက်ကြားတော်မူ၏' (မ-ဋ္ဌ ၁၊ ၁၈၅)။

ဗုဒ္ဓ၀ါဒ ဆုတောင်း
ဗုဒ္ဓ၀ါဒီတို့ လက်ခံတဲ့ ဆုတောင်းခြင်းရဲ့ အဓိပ္ပာယ်မှန်က ဒီလိုပါ။ သူသူငါငါ လောကသားတွေ အလိုအကြိုက် အမျိုးမျိုး စရိုက်အထွေထွေ ရှိကြရာမှာ မိမိလိုလားတဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရရှိနိုင်ဖို့ ရည်ñွှန်းခြင်း၊ စိတ်ñွတ်ခြင်း၊ စိတ်ကို ဆောက်တည်ခြင်း၊ စိတ်မှာ ထားခြင်း၊ စိတ်ကို ပွားများစေခြင်း၊ တောင့်တခြင်းကို ဆုတောင်းခြင်း (အဓိကာရပဓာန)လို့ ဆိုပါတယ်။ အဲဒီလို ဆုတောင်းရာမှာ ဗုဒ္ဓ၀ါဒီတွေဟာ ဒါန သီလ ဘာဝနာ ကုသိုလ်တစ်ခုခုကို လုပ်ပြီးမှ ဆုတောင်းပါတယ်။ အနည်းဆုံး ရတနာသုံးပါးကို ရှိခိုးကန်တော့ခြင်း (မဏာမ) ကုသိုလ်လောက်ကို ပြုပြီးမှ ဆုတောင်းကြတာပါ။ ရှေးရှေးက ကျမ်းပြုမထေရ်ကျော်တွေဟာ ကျမ်းမပြုခင် ရတနာသုံးပါးကို ရှိခိုးပြီးတဲ့အခါ 'တဿာနုဘာဝေန ဟတန္တရာယော = ဤပဏာမ (ရတနာသုံးပါးရှိခိုး) ကုသိုလ်ကြောင့် အန္တရာယ်ကင်းပျောက် (ကျမ်းပြီးမြောက်ပါစေ)'လို့ ဆုတောင်းခဲ့ကြပါတယ်။ ပထမ ကုသိုလ်ကောင်းမှု တစ်ခုခုကို ပြုရမယ်၊ အဲဒီနောက် လိုရာအကျိုးကိုရဖို့ ဆုတောင်းတယ်လို့ အဆင့် နှစ်ဆင့်ပါ။ အင်း၊ ဆုမတောင်းပေမဲ့ ကုသိုလ်ကံက ကောင်းကျိုးကို ပေးမြဲပါပဲ။ ဒါပေမဲ့ စိတ်ñွတ်ပြီး လိုချင်တဲ့ဆုကို အထူးပြုပြီး ပန်ဆိုလိုက်တဲ့အခါမှာ မိမိရဲ့ စိတ်စွမ်းရည် စိတ်ကိုင်းñွတ်မှု စိတ်ဦးတည်ချက်ဟာ ပိုမို ပီပြင်သွားတာပေါ့။ ဦးတည်ချက်ရှိတဲ့ လမ်းဟာ ပိုမို မဖြောင့်ဖြူးပေဘူးလား။

ဆုတောင်းပြည့်
ပြောပြထားတဲ့အတိုင်း ဆုတောင်းတယ်ဆိုတာ ကိုယ့်အလုပ်ရဲ့ ဦးတည်ချက်ကို ဖော်ñွှန်းတာဖြစ်လို့ ဆုတောင်းပြည့်ခြင်း မပြည့်ခြင်းဟာ စေတီ ရုပ်ပွားဆင်းတုတွေနဲ့ မဆိုင်ပါဘူး။ အဲဒီ စေတီ အဲဒီဆင်းတုတော်မှာ ဆုတောင်းမှ ဆုတောင်းပြည့်တယ်လို့လဲ မစွဲလမ်းသင့်ဘူး။ သီလ ပြည့်စုံ စင်ကြယ်နေခိုက် စင်ကြယ်တဲ့ ဒါနကို ပြုပြီး အဓိဋ္ဌာန်ပြု ဆုတောင်းရင် စေတီ ဆင်းတု မပါဘဲလဲ ဆုတောင်းပြည့်နိုင်ပါတယ်။ ဒါပေမဲ့ ဘာမဆို 'ဒါမှ ဒါပဲ ဟိုဟာဆိုရင် ဟင့်အင်'ဆိုတာမျိုးတော့ မဖြစ်သင့်ချေဘူး။ 'ဆုတောင်းပြည့်ဘုရား'ဆိုတဲ့ နာမည်က အနည်းဆုံး အိပ်မောကျ သို့မဟုတ် အိပ်မပျော့်တပျော် ဖြစ်နေတဲ့ ဗုဒ္ဓ၀ါဒီတစ်ယောက်ကို လှုပ်နှိုးလိုက်နိုင်တယ်ဆိုရင် အကျိုးရှိတာပဲ။ အနာထပိဏ်သူဌေးဟာ သားမောင် ကာဠကို အသပြာပေးပြီး ဘုန်းကြီးကျောင်းကို သွားဖို့ ဖျားယောင်းခဲ့တဲ့ ထုံးရှိပါတယ်။ သာသနာပြုပုဂ္ဂိုလ်တွေက ဂြိုဟ်ကြီးကိုးလုံးပူဇော်မှု လွှမ်းမိုတဲ့နေရာမှာ ဘုရားကိုးဆူပူဇော်မှုနဲ့ အစားထိုးပေးခဲ့တာလဲ ဓမ္မနဲ့ မဆန့်ကျင်လို့ လက်ခံနိုင်တာပေါ့။ ဒါကြောင့် အခက်အခဲတွေနဲ့ မွမ်းကျပ်နေသူတစ်ယောက်ကို 'ဒီကုသိုလ်လေးပြု၊ ဘုရားဂုဏ်တော် ပွားများပြီး၊ အဓိဋ္ဌာန်ပြု ဆုတောင်းပါလား'လို့ ဗုဒ္ဓ၀ါဒီအချင်းချင်း အကြံပေးကောင်းပါတယ်။ တိုက်ဆိုင်မှုရဲ့ ရလာဒ်တစ်ခုခုကြောင့် အဲဒါနောက်ကိုပဲ လိုက်ပြီး လက်တွေ့ ကျင့်ကြံမှုကို မေ့လျော့နေရင်လဲ မသင့်နိုင်ပါဘူး။ ဘာသာတရား ကိုးကွယ်ရာမှာ ယောနိသောမနသိကာရ (သင့်အောင် နှလုံးသွင်းခြင်း)နဲ့ အစွန်းမရောက်မှုဟာ အရေးကြီးပါတယ်။




On the day when you see us old, weak and weary…… Have patience and do try to understand us…….
"ငါအိုသွားတဲ့အခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။"

If we get dirty when eating…and..If we cannot dress on our own…
Please bear with us and remember the times we spent feeding you and dressing you up.
"ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။ "

If, when we speak to you, we repeat the same things over and over again…do not interrupt us…..listen to us.
When you were small, we had to read to you the same story a thousand and one times until you went to sleep.
"အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ၊ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။"

When we do not want to have a shower, neither shame us nor scold us…..

Remember when we had to chase you with your thousand excuses to get you to the shower?
"မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။"


When you see our ignorance of new technologies….Help us navigate our way through these worldwide webs..

We taught you how to do so many things…To eat the right foods, to dress appropriately, To fight for your rights….
"ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက “ဘာကြောင့်”ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။"

When our tired legs give way and do not allow us to walk without a cane….
Lend us your helping hand the same way we did when you tried your first faltering steps.
စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကိုကူတွဲပေးပါ၊ လမ်းလျောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျောက်ကျင့်ပေးခဲ့ ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။

When at some moments we loose the memory or the thread of our conversation……...let us have the necessary time to remember… and if we cannot, do not become nervous…..

As the most important thing is not our conversation but simply to be with you and to have you listening to us….
"အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာ တွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။"

And when someday we say to you that we don’t want to live anymore, that we want to die……….

Do not get angry…. For one day you will understand. Try to appreciate that our age is not just lived but survived.
"တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ အားပေးပါ၊ အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံး အချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမျှမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။"





နေ့စဉ်နဲ့အမျှ စားဝတ်နေရေး အသက်ရှင်ရပ်တည်ရေးအတွက်
ရုန်းကန်လှုပ်ရှားနေကြရတဲ့ သူငယ်ချင်းများအတွက် ဘ၀အမောလေးတွေ ပြေစေဖို့
ရှာဖွေစုဆောင်းရသမျှတွေကို စုစည်းတင်ပြလိုက်ပါတယ်။

အားလုံးပဲ ဖတ်တဲ့ခဏလေးမှာတော့ ပြုံးပျော်နေနိုင်ကြပါစေ . . လို့
ဆုတောင်းရင်းး . . . .



(၁) ဘဏ်မန်နေဂျာ ကိုသာထွေး

*(အသက် ၁၈ နှစ်အောက် ကလေးသူငယ်များ... ရွံရှာတတ်သူများနှင့် မရယ်မော တတ်သူများ
မဖတ်ရ)*


နေရာက စင်ကာပူမြို့လည်ခေါင်မှာ ဖွင့်ထားတဲ့ နာမည်ကျော် ဘဏ်တိုက်ကြီးတစ်ခု...

အချိန်က ပုံမှန်ထက် မပိုတဲ့ အလုပ်ဖွင့်ရက် နံနက်ခင်း...

အဲဒီအချိန်မှာ အသားဖြူဖြူ မျက်လုံးမှေးမှေး အရပ်ပုပုနဲ့ အမေအိုကြီး တယောက်ဟာ
ပိုက်ဆံတွေ အပြည့်ထည့်ထားတဲ့ အိတ်ကြီးတစ်လုံးကို မနိုင့်တနိုင်သယ်ပြီး ဘဏ်ထဲကို
ဝင်လာပါတယ်။

အဲဒီဘဏ်ရဲ့ မန်နေဂျာက မြန်မာနိုင်ငံမှာမွေး မြန်မာနိုင်ငံမှာ ကြီးပြီး
မြန်မာနိုင်ငံမှာပဲ ပညာတွေသင်သွားတဲ့ မြန်မာလူမျိုးစစ်စစ်* ကိုသာထွေး*...

ပြောရရင်... သူတပါးတိုင်းပြည်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုရာထူး ရာခံတွေ
ခံစားနေရတော့ သူ့ကိုသူ အဟုတ်မှတ် ဘဝင်မြင့်ပြီး ဘယ်သူ့ကိုမှ ထီမထင်တဲ့
ဘဏ်မန်နေဂျာကြီးပေါ့...

ခုဏက အမျိုးသမီးက ဘဏ်ရဲ့အင်ဖော်မေးရှင်း ကောင်တာကိုသွားပြီး ငွေစုစာရင်းအသစ်
ဖွင့်ချင်ကြောင်း... စုချင်တဲ့ ငွေပမာဏက များကြောင်း... ဘဏ်မန်နေဂျာနဲ့
ကိုယ်တိုင် တွေ့ရမှဖြစ်မယ် ဆိုတဲ့အကြောင်း ပြောပြီး ဘဏ်စာရေးကို သူ့အိတ်ကို
သဘောလောက် ဖွင့်ပြပါတယ်...

အထဲမှာပါလာတဲ့ ငွေတွေကို မြင်တော့ စာရေးလေးလဲ ယုံကြည်သွားပြီး မန်နေဂျာကြီးကို
ဖုန်းဆက် အကျိုးအကြောင်း ပြောပြတာပေါ့။ အဲဒီလိုနဲ့ ကိုသာထွေးရဲ့ ရုံးခန်းထဲကို
အဲဒီအဖွားကြီး ရောက်သွားရော ဆိုပါတော့...

ကိုသာထွေးက စားပွဲပေါ်မှာတင်ထားတဲ့ ငွေအိတ် အကြီးကြီးကို ကွက်ကြည့် ကွက်ကြည့်
လုပ်ရင်း စုမယ့်ငွေပမာဏက ဘယ်လောက်များသလဲ လို့ မေးပါတယ်။

အမေအိုကြီးက "ဒေါ်လာ ၅ သန်း" လို့ဆိုပြီး သူ့ရဲ့ ငွေအိတ်ကြီး ကို ဖွင့်ပြတော့
ကိုသာထွေးရဲ့ မျက်နှာကြီး တချက် ဝင်းကနဲ ဖြစ်သွားပါသေးတယ်။

ငွေတွေကို မြင်ပြီး အထင်ကြီး အားကျသွားတဲ့ ဘဏ်အရာရှိကြီးဟာ အဲဒီလောက်ငွေ
များများကို သူလိုအဖွားကြီး တယောက်အနေနဲ့ ဘယ်ပုံဘယ်နည်းနဲ့များ ရှာလို့
ရခဲ့သလဲဆိုပြီးတော့ စပ်စုတာပေါ့...

သူ မထင်ထားဘဲ အဖွားကြီးဖြေလိုက်တဲ့ အဖြေက…

"အလောင်းအစား လုပ်တာလေ"

"ဗျာ... ဘယ်လို... အလောင်းအစား... ဟုတ်လား"

"ဟုတ်တယ်လေ အလောင်းအစား လုပ်တာ... မယုံရင် မောင်ရင်နဲ့ အမေနဲ့ အလောင်းအစား
လုပ်ကြမယ်လေ။ ဒီက မောင်ရင်ရဲ့ × ဟာ အံစာတုံးပုံ လေးထောင့်ကြီးပါ ဆိုတဲ့အကြောင်း
ဒေါ်လာ ၂ သောင်းကြေး အလောင်းအစား လုပ်ကြမယ်။ ဘယ့်နှယ့်လဲ"

မထင်မှတ်ပဲ ဆိုလာတဲ့ စိန်ခေါ်မှုဟာ ကိုသာထွေး ကို အားရပါးရ အော်ဟစ်ရယ်မော
စေပါတော့တယ်။ သူ့ကို ဒီလိုနည်းနဲ့ အလောင်းအစား လုပ်လို့ကတော့ သူနိုင်မှာ
သေချာပေါက်ပဲလေ။ ကိုသာထွေးကလဲ သူ့အကြောင်းသူ ကောင်းကောင်း သိနေတာကိုး…

"ဒါနဲ့… အလောင်းအစားကို လက်ခံတယ်မဟုတ်လား…" လို့ အဖွားကြီးက မေးလာတော့…

"ဟားဟားဟား… လက်ခံတာပေါ့ဗျာ… ကျွန်တော့်မှာ လေးထောင့်ပုံ × မရှိဘူး
ဆိုတဲ့အကြောင်းကို ဒေါ်လာ ၂ သောင်းကြေးလောင်းတာ… ကျွန်တော် ရဲရဲကြီး
လက်ခံတာပေါ့…"

"ကောင်းပြီလေ… ဒါဆို အလုပ်ဖြစ်ပြီ" လို့ဆိုပြီး အဖွားအိုကြီးက အလောင်းအစားကို
အတည်ပြုလိုက်ပါတယ်။

"ဒါပေမယ့်… လောင်းရမယ့် ငွေပမာဏက များတော့ မနက်ဖြန် မနက် ဆယ်နာရီ တိတိမှာမှ
အမေ့ရဲ့ ရှေ့နေကို သက်သေအဖြစ် ခေါ်လာခဲ့မယ်… မောင်ရင် မကန့်ကွက်ဘူး ဆိုရင်ပေါ့…"

"ဟာ… ကိစ္စမရှိဘူး… ကိစ္စမရှိဘူး… ခေါ်ချင်တဲ့သူခေါ်ခဲ့… ရတယ်… ရတယ်… ဟားဟားဟား"




အဲဒီနေ့ညနေ အိမ်ပြန်ရောက်ကတည်းက ကိုသာထွေးတစ်ယောက် အတော့်ကို ဂနာမငြိမ်
ဖြစ်နေပါပြီ။

မှန်ရှေ့သွားလိုက်… စစ်ဆေးလိုက်… ရေချိုးခန်းဝင်လိုက်… ပြန်ကြည့်လိုက်နဲ့…
ကုဗတုံးပုံသဏ္ဍာန် ရှိမနေကြောင်း သူ့ကိုယ်သူ အကြိမ်ကြိမ် အတည်ပြုရတာလဲ အမော…။

သူထင်ထားသလို ဟုတ်မနေရင် ဒီအလောင်းအစားကို ရှုံးမှာ မဟုတ်လား… ဒီလိုဆိုတော့လဲ
သူ့ဘက်က အဘက်ဘက်ကနေ သေချာအောင် စိစစ်ထားရတာ မမှားဘူးပေါ့။



နောက်တနေ့မနက် ဆယ်နာရီထိုးခါနီးမှာ မနေ့က အမျိုးသမီးကြီးဟာ သူ့ရဲ့
ရှေ့နေဆိုသူနဲ့အတူ မန်နေဂျာကြီး ဦးသာထွေးရဲ့ ရုံးခန်းကို ရောက်လာပါတယ်။
အလောင်းအစားကို နှစ်ဦးနှစ်ဘက် သဘောတူထားကြောင်း လုပ်ရိုးလုပ်စဉ်အတိုင်း
အတည်ပြုကြတာပေါ့။

ဒါကို စစ်ဆေးကြည့်ဖို့ အဖွားအိုကြီးက တောင်းဆိုတဲ့အခါ ကိုသာထွေးက အသာတကြည်နဲ့
သူ့ ဘောင်းဘီကို လျှောချပေးပါတယ်။ ရမယ့် ငွေက များတော့ ရာထူးတွေ ဂုဏ်ဒြပ်တွေ
အရှက်တရားတွေကို ခေါင်းထဲမှာ သိပ်မထားတော့ဘူးပေါ့။

အဖွားအိုကြီးက ဒီထက်တဆင့်တက်ပြီး လေးထောင့်ပုံရှိမရှိ လက်နဲ့ စမ်းသပ်ကြည့်မယ်
ဆိုပြန်တော့လဲ ဒေါ်လာ နှစ်သောင်းတန်မယ့် ကိစ္စကြီးမို့ …

"ရပါဒယ်ဗျာ ရပါဒယ်" ဆိုပြီး လိုက်လျောပြန်တာပါပဲ။

ကိုသာထွေးတစ်ယောက် မျက်နှာပြောင်ပြောင်နဲ့ ရပ်နေတုန်း အဖွားကြီးက သူ့ရဲ့
သက်သေခံပစ္စည်းကိုလည်း လက်နဲ့ အသေအချာ စမ်းကြည့်လိုက်တဲ့အချိန်မှာ… ခုဏက
အဖွားအိုနဲ့ အတူပါလာတဲ့ ရှေ့နေဆိုသူဟာ ရုံးခန်းနံရံကို သူ့ရဲ့ ခေါင်းနဲ့
တအားကုန် ပြေးဆောင့်ပါလေရော။

တဒင်္ဂ အချိန်လေးအတွင်းမှာ ရုတ်တရက် ဖြစ်သွားတဲ့ အခြေအနေမို့ မန်နေဂျာကြီး
ကိုသာထွေးတယောက် အဖြစ်အပျက်တွေကို ဘာဆိုဘာမှ နားမလည် နိုင်တော့ဘူးလေ။

"ဟာ… ဘီလိုဖစ်တာလဲ" ဆိုပြီး ပြာပြာသလဲလဲ မေးတာပေါ့။ အဲဒီတော့မှ အဖွားကြီးက
မျက်နှာကြီး ပြုံးဖြီးဖြီးနဲ့ ဒီလိုပြန်ဖြေတယ် …

"ဒီနေ့မနက်ပဲ အဲဒီ ရှေ့နေနဲ့ အမေနဲ့ အလောင်းအစား လုပ်ခဲ့တာလေ။ မနက် ဆယ်နာရီ
တိတိမှာ စင်ကာပူမြို့လည်ခေါင်က ဘဏ်မန်နေဂျာကြီး ဦးသာထွေးရဲ့ လျှို့ဝှက်အပ်သော
အရာကို ကိုယ်ထိလက်ရောက် ထိပြကိုင်ပြနိုင်ရင် သူက အမေ့ကို ဒေါ်လာ ၁
သိန်းပေးမယ်တဲ့လေ... အခုအမေနိုင်ပြီပေါ့" တဲ့...
______________________________
______________________________________________

(၂) ဒီအထဲမှာ မှောင်တယ်ဗျ

အိမ်ထောင်ရှိ အမျိုးသမီးတစ်ယောက်ဟာ သူ့ ယောက်ျားအလုပ်သွားချိန်မှာ တခြား
အမျိုးသားတစ်ယောက်နဲ့  အချိန်းအဆက်လုပ်နေပါတယ်။ တစ်နေ့  သူတို့ နှစ်ယောက်သား
အိပ်ခန်းထဲမှာ ကြိတ်ပုန်းခုပ် နေကြတုန်း သားဖြစ်သူ ၁၃ နှစ်သားဟာ သူတို့ ကို တွေ
့သွားပြီး အခန်းထဲက ဘီရိုမှာ ဝင်ပုန်းနေခဲ့ပါတယ်။



သိပ်မကြာပါဘူး အမျိုးသားက အိမ်ပြန်ရောက်လာတော့ ဖောက်ပြန်တဲ့ မိန်းမဟာ သူ
့ချစ်သူကို သူ့ သား ပုန်းနေတဲ့ ဘီရိုထဲမှာ ဖွက်ပါတယ်။ အထဲမှာ သူ့ သားရှိတာကိုလဲ
မသိဘူးပေါ့။ ဒီလူဝင်လာတော့ ကောင်လေးကစပြီး


"ဒီအထဲမှာ မှောင်တယ်ဗျနော်..."


"အေးကွ"


"ကျွန်တော့မှာ ဘေ့စ်ဘောလုံးတစ်လုံးရှိတယ်ဗျ"


"သြော်.. အေး.. ကောင်းတာပေါ့ကွာ"


"အဲဒီဘောလုံးကို ကျွန်တော်ပြန်ရောင်း မလို့ ။ ခင်ဗျားဝယ်မလား"


"မဝယ်ချင်ပါဘူးကွာ။ ငါမှ မကစားတတ်တာ"


"အဖေအပြင်မှာ ရှိတယ်နော်... ခင်ဗျားသဘောပေါက်တယ်မဟုတ်လား"


"သြော်... အေး... အေး... အေးပါကွာ။ ကဲ မင်း ဘောလုံးက ဘယ်လောက်မို့ လို့ လဲ"


"ဒေါ်လာ ၂၅၀"


"အမေလေး... များလိုက်တာကွာ"


"အပြင်မှာ..."


"ကဲ.. ကဲ.. ပေးပေး.. ရော့ ၂၅၀"



နောက် သုံးပတ်လောက်နေတော့ အဲဒီလို ဖြစ်ရပ်မျိုး နောက်တစ်ခါ ထပ်ဖြစ်ပါတယ်။
ကောင်လေးကလဲ အခန်းဘီရိုထဲမှာ ဝင်ပုန်းနေပြီး သူ့ အမေကလဲ သူ့ ချစ်သူကို
ဘီရိုထဲကို ဝှက်ပြန်ပါတယ်။


"ဒီအထဲမှာ မှော်တယ်ဗျ နော်..."


"အေး... အေးကွ"

"ကျွန်တော်မှာ ဘေ့စ်ဘော လက်အိတ်တစ်စုံ ရှိသေးတယ်ဗျ"


ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ဘောလုံးတစ်လုံးကို ဒေါ်လာ ၂၅၀ နဲ့ ဝယ်လိုက်ရတဲ့ သူ
့အဖြစ်ကို သူ ပြန်တွေး သဘောပေါက်မိပြီး စိတ်မရှည်စွာနဲ့ 


"ကဲ.. ကဲ.. အခုတစ်ခေါက် ငါဘယ်လောက် ပေးရမှာလဲ"


"ဒေါ်လာ ၇၅၀"


"အိုကေလေ..."


နောက်တစ်ရက် နှစ်ရက်လောက်နေတော့ အဖေက သားကို ဘေ့စ်ဘောကစားဖို့  ဘောလုံးနဲ့ 
လက်အိတ်သွားအယူ ခိုင်းပါတယ်။


"အဖေ.. အဲဒီနှစ်ခုလုံးအိမ်မှာ မရှိတော့ဘူး။ သား ရောင်းလိုက်ပြီ"


"ဘာ.. ဘယ်လို... ဘယ်လောက်ရလို့ မို့  မင်းကရောင်းလိုက်တာလဲ"


"ဒေါ်လာ ၁၀၀၀ နဲ့ အဖေ"


"အိုးးး များလိုက်တာ သားရယ်... ဒီပစ္စည်းတွေက ဒီလောက်မှ မတန်တာပဲ။ မင်းက
ဒါသူများကို သက်သက် လူလည်ကျသလို ဖြစ်သွားတာပေါ့။ ဒါအပြစ်ဖြစ်တယ်ကွ... မဖြစ်ဘူး
မဖြစ်ဘူး... မင်းကို ဘုရားကျောင်း ခေါ်သွားရမယ်။ မင်း အပြစ်တွေကို ဘုန်းတော်ကြီး
ဆီသွားပြီး အာပတ်ဖြေရမယ်"


ဒီလိုနဲ့  သားအဖနှစ်ယောက် ဘုရားကျောင်းကို ရောက်လာကြတာပေါ့... အဖေကသားကို
အာပတ်ဖြေဖို့  အခန်းလေးထဲက ခုံမှာ ထိုင်ခိုင်းပြီး တံခါးကို ပိတ်လို့  အပြင်မှာ
စောင့်နေတယ်။ အခန်းထဲမှာ ထိုင်နေတုန်း ကောင်းလေးက ...


"ဒီအထဲမှာ မှောင်တယ်ဗျ နော်" လို့ ဆိုလိုက်တော့...


အာပတ်ဖြေပေးဖို့  စောင့်နေတဲ့ ဘုန်းတော်ကြီးက...


"ခွေးမသား... ဒါ ငါ့ပိုင်နက်ကွ... ဒီတစ်ချီတော့ မင်း.. ငါ့ကို ဒီအချိုးမျိုး
လာချိုးလို့  မရတော့ဘူး" ... တဲ့

______________________________
______________________________________________


(၃) ဒုတိယအချက်

*(ရွံရှာတတ်သူများ... ကြောက်လန့် တတ်သူများနှင့် ဆေးကျောင်းသားများ မဖတ်ရ)*

မယုံမရှိကြနဲ့ ။ ဆေးကျောင်းသားဆိုတဲ့ သူတွေဟာ အင်မတန့် ကို
ရည်ရွယ်ချက်ကြီးပြီး… သူတို့ လိုချင်တဲ့ ပညာတစ်ခုရဖို့  ဆို ဘာမဆိုလုပ်ဝံ့တဲ့…
ဇွဲလုံ့ လရှိတဲ့… သူတွေပါ။ ဒါကိုက သူတို့  ရဲ့ အားနည်းချက်လို့  ဆိုရမလားပဲ…။

ရင်ခွဲရုံမှာ ပထမဦးဆုံး လက်တွေ့ ဆင်းရတဲ့ နေ့ တစ်နေ့ ပေါ့။
ကျောင်းသားကျောင်းသူတွေ အားလုံးကလည်း ခွဲရ စိတ်ရတော့မယ်ဆိုတော့ တအားကိုပဲ
ပျော်ကြ ရွှင်ကြ စိတ်အား ထက်သန် နေကြတာပေါ့။ သူတို့ တစ်ဖွဲ့ သားလုံးရဲ့ ရှေ့ 
မှာလည်း ခွဲစိတ်ခံမယ့် အလောင်းကောင်ကြီးက မလှုပ်မယှက်… ငြိမ်သက်လို့ …။

အားလုံးလိုက်လုပ်ရမယ့် လက်တွေ့ သင်ခန်းစာ မစခင်မှာ ပရော်ဖက်ဆာက ကျောင်းသား
အားလုံး သိရမယ့် အချက်နှစ်ချက်ကို အသေးစိတ်ရှင်းပြပါတယ်။

“ပထမ အချက်အနေနဲ့ … ... ... အဟမ်းအဟမ်း…”

ကျောင်းသာတွေရဲ့ အာရုံ စူးစိုက်မှုရအောင် တစ်ချက် ဝေ့ ကြည့်လိုက်ပြီးမှ
လေးလေးပင်ပင်နဲ့ …

“ရင်ခွဲရုံမှာ... ခွဲတော့ စိတ်တော့မယ်ဆိုရင်… မင်းတို့ မှာ...
ရွံတတ်တဲ့စိတ်ရှိလို့  လုံးဝမဖြစ်ဘူး”

ဒီစကားကို လက်ညှိုးတစ်ထောင်ထောင်နဲ့ ပြောနေရင်း… ရုတ်တရက်ဆိုသလိုပဲ သူ့ လက်ကို
မသာကောင်ကြီးရဲ့ စအိုထဲကို ကောက်ကာငင်ကာ နှိုက်ထည့်လိုက်ပြီး… သူ့ ရဲ့ လက်ကို
ပြန်ထုတ်… ပါးစပ်နဲ့  စုပ်ပြလိုက်ပါတော့တယ်။

“အီးးးးးးး”
“အူးးးးးးး”
“အိုးးးးးးး”

ကြည့်နေကြတဲ့ သူတွေအားလုံး လန့် ဖြန့် ကုန်တော့တာပေါ့။ ကျောင်းသားတွေ ဆီက
အာမေဋိတ်သံတွေ ထွက်လို့  မဆုံးခင်မှာတင်ပဲ ဆရာက …

“ကဲ... အားလုံးမြင်ပြီးကြတဲ့အတိုင်း... မင်းတို့  တွေ
ဆရာဝန်ဖြစ်ချင်တယ်ဆိုရင်တော့... ဆရာလုပ်ပြတဲ့ အတိုင်း လိုက်လုပ်ကြပေတော့”

မယုံမရှိကြပါနဲ့ ။

‘ဆရာဝန်ဖြစ်ချင်တယ်ဆိုရင’် ဆိုတဲ့ စကားဟာ အတော့်ကိုပဲ ‘တာ’ သွားပါတယ်။
စောစောတုန်းက 'ဟင်' ရယ် ' ဟယ်' ရယ် လုပ်နေကြတဲ့ ကျောင်းသားတွေဟာ အဲဒီ မသတီစရာ
အပုတ်ကောင်ကြီးကို ဘယ်လိုမှ ရွံရှာမနေနိုင်တော့ပါဘူး။

လက်ညှိုးလေးကိုထောင်… အပေါက်ကလေးထဲကို ထည့်… ပြီးတော့ ‘ပြွတ်’ ကနဲ မြည်အောင်
စုပ်…။

ဒီအတိုင်း ကျောင်းသားရော ကျောင်းသူပါမကျန် တလှည့်စီ လိုက်လုပ်ကြပါတော့တယ်။

အားလုံးလက်တွေ့ လုပ်ပြီးသွားတဲ့ အခါမှာတော့ ပရော်ဖက်ဆာက ကျန်ရှိနေသေးတဲ့
တစ်ချက်ကို ဆက်ပြီး ပို့ ချတာပေါ့။

“ဒုတိယအချက်ကတော့... ပိုပြီး အရေးပါတဲ့..အပြင်… အတွေ့ အကြုံ မရှိသေးသူများအဖို
့… လိုက်လုပ်ဖို့  အင်မတန်မှပဲ ခဲယဉ်းတယ်။ အဲဒီအချက်က ဘာလဲဆိုတော့...
မျက်စိလျင်လျင်ထားပြီး... စူးစမ်းလေ့လာတတ်ဖို့ ပါပဲ။”

“အခုနတုန်းက... ဆရာမင်းတို့ ရှေ့ မှာ နှိုက်ပြတဲ့ လက်က... လက်ခလယ်ဖြစ်ပြီး…
ပါးစပ်ထဲကိုတော့... လက်ခလယ် မဟုတ်ဘဲ... လက်ညှိုးကို ထည့်ပြတာ ဖြစ်ပါတယ်။
ဆရာလိုက်ကြည့်ရသလောက်... ဒီအချက်ကို... ဘယ်ကျောင်းသားမှ...
သတိမမူမိလိုက်ကြပါဘူး…”

“တိန်…”

______________________________
______________________________________________


(၄) ငါးပုံပြင်

ငါးပိသိပ် ငါးချဉ်သိပ်သလို မွန်းကြပ်နေတဲ့ အဲဒီ (၅၅) ကားကြီးပေါ်မှာ သူနဲ့
စတင်ဆုံတွေ့ခဲ့တာပါ။ မှတ်မှတ်ရရ အဲဒီနေ့က ငါးလပိုင်း ငါးရက်နေ့လေ။ ညနေ ငါးနာရီ
ဆယ်ငါးမိနစ်လောက် ထင်ပါရဲ့။ သူက သူ့ရဲ့ ငါးရံ့ကိုယ်လုံးကြီးကို
မနိုင့်တနိုင်သယ်ရင်း ကားပေါ်ကို ငါးလူးငါးခွေ့ တက်လာတယ်။

"ငါးထပ်ကြီးအထိဆို ငါးကျပ်ကျပါတယ်"

ငါးကျပ်တန်ခရီးအတွက် ငါးရာတန်ကြီးထုတ်ပေးတော့ စပယ်ရာလေးခမျာ ငါးပါးမှောက်ရော...

"အကြွေမရှိဘူးလားအမ"

မနေနိုင်မထိုင်နိုင် ကိုယ်ကပဲ အိပ်ကပ်ထဲမှာ အသင့်ပါလာတဲ့ ငါးဆယ်တန်
အထပ်လိုက်ကိုထုတ်ပြီး အကြွေလဲပေးလိုက်ပါတယ်။ ငါးပွက်ရာ ငါးစာချချင်လို့တော့
မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ အကူအညီကို အသိအမှတ်ပြုတဲ့အနေနဲ့
အဲဒီငါးရံ့ကိုယ်လုံးလေးက ကိုယ့်ကို ငါးသလောက်ပြုံးလေး ပြုံးပြတယ်။

အဲဒီအပြုံးလေးပေါ့... နူးညံ့သိမ်မွေ့တဲ့ သူ့ရဲ့ အပြုံးလေး...
အဲဒီအပြုံးလေးကြောင့် အဲဒီတုန်းက ကိုယ်ဟာ ငါးမိနစ်လောက် လောကကြီးနဲ့ အဆက်အသွယ်
ပြတ်သွားခဲ့ဖူးပါရဲ့။

ပြီးတော့ သူ့ရဲ့ အဲဒီအပြုံးလေးကို စွဲလန်းသွားလိုက်တာ ကိုယ့်မှာ ငါးရက်နဲ့
ငါးညတိုင် အိပ်လို့မရ ဖြစ်ခဲ့ရတယ်။ ဒီလိုဆိုတော့ ရှိရှိသမျှ အာရုံငါးပါးကို
စုစည်းပြီး သူ့ကိုပေးဖို့ ရည်းစားစာ တစောင်ရေးတာပေါ့။

... ... ...
**
*ငါးသလောက်အပြုံးလေး ပြုံးတတ်ပြီး... ငါးရံ့ကိုယ်လုံးလေးလိုလှတဲ့... ကိုယ့်ရဲ့
ရွှေငါးမလေးရေ...*

ကိုယ်ဟာ ဖြူးဖွေးဝင်းမွတ်တဲ့ မင်းရဲ့ ရေဆေးငါး ခန္ဓာကိုယ်ကြီးကို
သဘောကျလွန်းလို့ တချိန်လုံး ငါးခူပြုံး ပြုံးနေခဲ့ရသူပါကွယ်...

ကိုယ်ဟာ ငါးမရလို့ရေချိုးပြန်မယ့် လူစားမျိုးလည်း လုံးဝမဟုတ်ပါဘူး...
ငါးစိမ်းမြင်လို့ ငါးကင်ပစ်တတ်သူလည်း လုံးဝမဟုတ်ရပါဘူး...

ကိုယ်ရဲ့ဘဝဟာ ငါးပိရည်လို အနံ့ဆိုးချင်ဆိုးမယ်... ဒါပေမယ့်
ကိုယ်မင်းအပေါ်ထားရှိတဲ့ မေတ္တာတရားကတော့ ငါးသေတ္တာလို ချိုမြိန်ပါတယ်ကွယ်...

တကယ်လို့ ကိုယ့်ရဲ့ ကဗျာဆန်လှတဲ့ ရေအောက်ကမ္ဘာလေးထဲမှာ ကိုယ်နဲ့အတူတူ
ပျော်ရွှင်ချင်တယ် ဆိုရင်တော့ နှစ်ဆယ်ငါးလမ်းထိပ်က မုန့်ဟင်းငါးဆိုင်မှာ
ငါးနာရီထိုးရင် အတူဆုံရအောင်နော်...

မင်းကိုချစ်တဲ့
*ဖားတပိုင်း ငါးတပိုင်း*

... ... ...

ရည်းစားစာ ငါးစောင်တိတိပြည့်တဲ့ အခါမှာမှ သူက ကိုယ့်ကို အဖြေပြန်ပေးတာပါ။
သူ့ရဲ့ ချစ်အဖြေကို ရတဲ့နေ့က ကိုယ့်မှာလေ ပျော်လိုက်ရတာ။ ငါးကြော်ပန်းကန်ရှေ့
ရောက်သွားတဲ့ ကြောင်တကောင်လိုပါပဲ။

ချစ်သူနဲ့တွေ့ခွင့်ရတဲ့ ညနေတိုင်းက ဘာနဲ့မှ နှိုင်းမရအောင်ကို လှပခဲ့ပါတယ်။
အဲဒီလို တွေ့ကြ၊ ပျော်ကြ၊ ကြည်နူးနေရတုန်း အခိုက်မှာ ကိုယ်က
ငါးပါးသီလကိုလည်းမေ့၊ အနန္တော အနန္တငါးပါးကိုလည်း မေ့၊ ရန်သူမျိုးငါးပါးကိုလည်း
မေ့လို့နေခဲ့မိတယ် ဆိုတာတော့ ဝန်ခံရပါလိမ့်မယ်။

တကယ်တမ်း ကိုယ်ဟာ ငါးစာကိုသာ မြင်ပြီး ငါးမျှားချိတ်ကိုတော့
မကြည့်တတ်ခဲ့သူရယ်ပါ။ သူဟာ ကိုယ့်ကို ထောင်ချောက်ဆင်ဖမ်းပြီး အသွေးကိုရော
အသားကိုရော ဝါးမြိုမယ့် သံပချုပ်လို ငါးမျိုးဆိုတာ တကယ်မသိခဲ့ဘူးလေ။

သူက ကိုယ့်ရဲ့ရင်ကို ရက်ရက်စက်စက် ခွဲတယ်။ ကိုယ့်ရဲ့ နှလုံးသားနံရံပါးကို
ငါးဖယ်ခြစ်သလို တရစ်ပြီးတရစ် ခြစ်ထုတ်ပစ်တယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်တခုလုံးကို
အစိတ်စိတ် အမွှာအမွှာဖြစ်အောင် ဓားနဲ့မွှမ်းပြီး နနွင်းမှုံ့ဖြူး ဆားလူးပစ်ခဲ့တယ်။

အဲဒီအချိန်မှာ ကိုယ်ဘယ်လိုခံစားနေရမလဲ စဉ်းစားသာကြည့်ရော့။ တကယ်ပါ။
ငါးမျှားချိတ်ကို မျိုမိတဲ့ ငါးတကောင်လို ရင်ခွင်တခုလုံး လောင်ကျွမ်း...
ကိုယ့်နှလုံးသားလေးဆိုရင်လည်း မျက်ရည်တွေနဲ့ လွှမ်းလို့ပေါ့။ အဲဒီ နတ်ဘီလူးမက
ငါးကြင်းဆီနဲ့ ငါးကြင်းကြော်သလို ငါ့ရဲ့ သောကတွေနဲ့ ငါ့ခန္ဓာကို
လောင်ကျွမ်းစေခဲ့တယ်။

"မွန်းကြပ်တယ်" တဲ့။ "ညှီစော်နံတယ်" တဲ့။ "အရိုးစူးတယ်" တဲ့။

ဒါစကားလုံးတွေဟာ ကိုယ့်တကိုယ်လုံးကို တကျင်လျို ပြီး မီးရဲရဲမှာ အကင်ခံရတာထက်
စူးရှရက်စက် လွန်းခဲ့ပါတယ်။

... ... ...

ဒီလိုနဲ့ ဒဏ်ရာတွေ အနည်ကျကာစ ငါးလလောက် မရှိတရှိမှာပဲ ကိုယ့်ရဲ့
ငါးရံ့ကိုယ်လုံးလေးကို အမှတ်မထင် ပြန်တွေ့ခွင့် ရလိုက်တယ်။ ကိုယ်က
အမှတ်မရှိသူဆိုတော့ မြင်လျှင်မြင်ချင်းပဲ သူ့အနောက်ကနေ ငါးရံ့ပြာလူး
ပြေးလိုက်သွားမိတာပါ။

ငါးခူနှုတ်ခမ်းမွှေးနဲ့ ဖြစ်နေတဲ့ ကိုယ့်ကို တချက်ကြောင်ကြည့်နေပြီး နောက်တော့
သူ့ရဲ့မျက်နှာဟာ ငါးပုဏ္ဏားရဲ့ ပါးနှစ်ဘက်လို ရှဲကနဲ ရဲသွားတော့တယ်။
သူ့ဘေးမှာပါလာတဲ့ ငါးဖောင်ရိုးကောင်က ကိုယ့်ကိုမြင်တော့ ငါးပိရည်နံ့
ရသူလိုမျိုး၊ မျက်နှာကြီးကို ရှုံ့မဲ့လို့။




အဲဒီတော့မှ ကိုယ်သေချာကြည့်လိုက်မိတယ်။

ပြူချင်တိုင်းပြူ၊ တင်းချင်တိုင်းတင်း၊ ဖောင်းချင်တိုင်းဖောင်း၊
ကားချင်တိုင်းကား နေတဲ့ ကိုယ့်ချစ်ဦးသူရဲ့ ဗိုက်ကြီးဆိုတာ... တကယ့်
"ငါးပူတင်း" ကြီးတကောင်ကို တွေ့လိုက်ရသလိုပါပဲ...

______________________________
______________________________________________


(၅) တသက်စာ အလွဲ

မေ့ဆေးပျယ်လို့  နိုးထလာတဲ့အချိန်မှာ သူ ဘေးဘီ ဝဲယာကို ဝိုက်ကြည့်လိုက်ပါတယ်။
သူက လူနာအိမ်ဆောင်ခန်းထဲက ကုတင်ပေါ်မှာ ရှိနေပြီး သူ့ နံဘေးမှာ
သူနာပြုဆရာမတစ်ယောက် ရပ်စောင့်နေတာ တွေ့ လိုက်ရတယ်။ ခွဲစိတ်ခန်းထဲမှာ အစစအရာရာ
ချောချောမောမော ရှိခဲ့ရဲ့လားလို့  သူက မေးပါတယ်။

သူနာပြုဆရာမလေးက ပြုံးပြီး …
“အဆင်ပြေပါတယ်ရှင်… အားလုံးချောချောမောမောပါပဲ”

“ကျနော်က ခွဲစိပ်ခံရမှာကို ကြောက်ခဲ့တာဗျ”

“ဘာဖြစ်လို့ ကြောက်ရမှာလဲ၊ စိုးရိမ်စရာ ဘာဆိုဘာမှ မရှိဘူး”

“ကျနော်က အမြဲတမ်း လွဲလွဲလေးတွေနဲ့  ကြုံခဲ့ရသူဆိုတော့ အမှန်အတိုင်းပြောရရင်
ကြောက်တယ်ဗျ” … လို့ အစချီပြီး သူ့ ကို မွေးစကတဲက လွဲမှားခဲ့ရတဲ့
အကြောင်းတွေကို စီကာပတ်ကုံး ပြောပြပါတော့တယ်။

သူ့ကိုမွေးတဲ့ ဆေးရုံမှာ ကလေးချင်းမှားမိလို့ သူ့အသက် ဆယ်နှစ်သားလောက်အထိ
အာရှသား လင်မယားကို သူ့မိဘလို့ပဲ မှတ်ယူခဲ့ရတယ်တဲ့။ သူ့မိဘ ဆိုသူတွေကလည်း
သူတို့ရဲ့ ကလေးဟာ ဘာလို့ အသားတွေ ဒီလောက်ဖွေးပြီး မျက်လုံးဒီလောက် ပြူးရသလဲ
ဆိုတာကို အဲဒီတုန်းက ဘယ်လိုမှ စဉ်းစားလို့ မတတ်ခဲ့ကြဘူးတဲ့။

နောက်မှ ကလေးချင်းမှားမှန်း သိပြီး သူ့ကို သူ့ရဲ့ မိရင်းဖရင်းတွေဆီ
ပြန်သွားပို့ ပေးကြသတဲ့။ အတိအကျ ပြောရရင်တော့ သူ့မိခင်ဆီပြန်ပို့ပေးတာပါ။
သူ့အဖေက သူ့အမေကို နှစ်အတော်ကြာကြာ ကတည်းက ပစ်သွားခဲ့ပါပြီ။ ဥရောပသူ သူ့မိန်းမက
တရုတ် ရုပ်နဲ့ကလေးလေး မွေးလာလို့ပါတဲ့လေ။

“ကျနော့်နာမည်ကလည်း မှားပြီး ရ’ထားတာဗျ”

“ရှင့်နာမည်က လီရီယို မဟုတ်ဘူးလား”
“အမှန်က ကျွန်တော့်ကို လောင်ရိုလို့ မှည့်တာ။ အဲဒါ စိစစ်ရေးရုံးရောက်မှ
ဘယ်လိုကနေ ဘယ်လို လီရီယို ဖြစ်သွားလည်း ကျနော်လည်း မပြောတတ်တော့ဘူး။”

လွဲမှားမှုတွေက အဲဒီမှာတင် အဆုံးမသတ်သေးပါဘူး။ သူကျောင်းတက်တော့လည်း
သူ’မကျူးလွန်ခဲ့တဲ့ ပစ်မှုတွေအတွက် ခဏခဏ မှားပြီး အပစ်ပေးတာကို ခံခဲ့ရတယ်။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို သူက ဂုဏ်ထူးနဲ့ အောင်ပေမယ့် ကွန်ပြူတာက
စာရင်းမှားထုတ်လို့ သူ တက္ကသိုလ်တက်ခွင့် မရလိုက်ဘူး။

“ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်ကစပြီး ထူးဆန်းတဲ့ တယ်လီဖုန်းအခွန်တွေကို
ဆောင်နေရတယ်ဗျ။ ရှေ့လတုန်းကဆို တယ်လီဖုန်းခ ငွေ ၃၀၀/- ဆောင်ခဲ့ရတယ်”

“ရှင်က နိုင်ငံခြားဖုန်းတွေ ခဏခဏ ခေါ်ပုံရတယ်”

“ဘယ်ကလာဗျာ… ကျနော့်အိမ်မှာ တယ်လီဖုန်းတောင်မရှိဘူး။”

မိန်းမရတော့လည်း မှားပြီးရပြန်ရော။ သူ့မိန်းမက သူ့ကို တခြားတစ်ယောက်နဲ့
မှားပြီး လက်ထပ်ခဲ့တာ။ အိမ်ထောင်ရေးကလည်း အဆင်မပြေပါဘူး။

“ဘာလို အဆင်မပြေဖြစ်ရတာလဲ…”

“သူက တခြားတစ်ယောက်နဲ့ မှားပြီးလက်ထပ်ခဲ့တာလေ။ ကျနော့်ကို တကယ်ချစ်တာမှ
မဟုတ်ဘဲ။ အဲဒီတော့ သူချစ်တဲ့ သူ့ချစ်သူဆီပဲ အမြဲတမ်း သွားနေတော့တာပေါ့။”

လူမှားပြီး ခဏခဏ အဖမ်းခံရဖူးတယ်။ သ’ူမယူဖူးတဲ့ အကြွေးတွေအတွက်
အတိုးတောင်းတဲ့စာတွေ ခဏခဏရဖူးတယ်။ ဆရာဝန်ကသူ့ ကို အခုလိုပြောတော့ သူပျော်တောင်
ပျော်သွားခဲ့တယ်ဆိုပဲ …

“ခင်ဗျား လူလောကမှာ သိပ်ကြာကြာ နေခွင့်မရတော့ဘူးဗျာ”

ဒါလည်း ဆရာဝန်က သူ့ ကို လူနာမှားပြီး ပြောမိတာတဲ့။ တကယ်က ဘာမှဖြစ်လောက်တဲ့
ရောဂါမဟုတ်ပါဘူး။ အူအတက်ပေါက်ရုံကလေးပါ။

“အခု ခင်ဗျားက ကျနော့်ကို ခွဲစိတ်ခန်းထဲမှာ ဘာအမှားအယွင်းမှမရှိဘူး ဆိုတော့
ယုံရခက်ခက်ပေါ့ဗျာ”

ဒီမှာတင် ပြုံးပြီးနားထောင်နေတဲ့ သူနာပြုဆရာမလေးရဲ့ မျက်နှာဟာ တမဟုတ်ချင်း
ငြှိုးကျသွားပါတယ်။

“အူ.. အူအတက်ပေါက်တာ… ဟုတ်လား …”

“ဟုတ်တယ်လေ … ကျနော် အူအတက်ပေါက်လို့ ဖြတ်ထုပ်ဖို့အတွက် ဆေးရုံတက်ရတာလေ ...
ဘာဖြစ်လို့လဲ



ဒီမှာတင် သူနာပြုဆရာမလေး ပြန်ပြောလိုက်တဲ့စကားက …

“ဒါဆို ရှင်က … ယောက်ျားကနေ မိန်းမဖြစ်အောင် ခွဲစိတ်တဲ့ လူနာ မဟုတ်ဘူးပေါ့…” တဲ့

______________________________
______________________________________________


ပျော်ရွှင်စွာ ရယ်မော ကြည်နူးပြီးခဲ့ရင် ဘ၀အတွက် ဆက်လက် ရုန်းကန်ကြပါစို့


မြိုရခက်ကြီး
ထမင်းဝိုင်းအနားတွင် ရပ်လျက် အန်တီမြက ဧည့်သည်များကို ပြောသည်။
"စားကြပါနော်။ အားမနာပါနဲ့။ ဒါနဲ့ ဦးဘမောင် ကြက်သား တတိယတုံး
ယူလိုက်ပါအုံး။ ဘယ်သူဘယ်နှစ်တုံး စားတယ်ဆိုတာ ကျွန်မ မမှတ်တတ်ပါဘူးရှင်"
______________________________

__________________________________________
တစ်ယောက်မှ မရှိပါ
လူဆိုးများ လက်မှ လွတ်အောင် ကိုချူချာပြေးရင်း ရေတွင်းထဲ ဆင်းပုန်းသည်။
လူဆိုးဂိုဏ်းခေါင်းဆောင်က ရေတွင်းထဲ ကြည့်ပြီး အော်သည်။

"တစ်ယောက်ယောက်ရှိသလားဟေ့"

ကိုချူချာက ပဲ့တင်သံပုံစံဖြင့် ပြန်အော်သည်။

"တစ်ယောက်ယောက်ရှိသလားဟေ့၊ တစ်ယောက်ယောက်ရှိသလားဟေ့"

"တစ်ယောက်မှ မရှိဘူးထင်တယ်"

"တစ်ယောက်မှ မရှိဘူးထင်တယ်၊ တစ်ယောက်မှ မရှိဘူးထင်တယ်"

"ဗုံးတစ်လုံး ပစ်ချလိုက်ရင် ကောင်းမလား"

"မပစ်နဲ့၊ မပစ်နဲ့ တစ်ယောက်မှ မရှိတာပဲ"
______________________________
_______________________________________________
ဗိုလ်ကြီး မသေဘူးဟေ့

ရှေ့တန်းတိုက်ပွဲ တစ်ခုတွင်ဖြစ်သည်။ ရန်သူ့စခန်းကို သိမ်းပိုက်မိသည့် အခါ
တပ်ဖွဲ့တွင်လည်း ရိက္ခာပြတ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ရန်သူ့
စားဖိုဆောင်ထဲတွင် ရိက္ခာ အမြောက်အမြား တွေ့ရသော အခါ တပ်သားများ
ပျော်သွားကြသည်။ သို့သော်လည်း သူတို့ တစ်ယောက်မှ မစားကြသေးပဲ
ဗိုလ်ကြီးကို သာလေးစားသည့် အနေဖြင့် အရင်စားခိုင်းကြသည်။
ဗိုလ်ကြီးစားတာကို သူတို့ ထိုင်ကြည့်နေကြသည်။ စားပြီးတစ်နာရီကြာသည်အထိ
ဘာမှ မဖြစ်တာ တွေ့ရမှ "ဗိုလ်ကြီး မသေဘူးဟေ့။ အဆိပ်တွေ မပါဘူး။
တို့လည်းစားလို့ရပြီ" ဟု ၀မ်းသာအားရပြောကာ စားကြလေသည်။

_____________________________________________________________________
တို့သူငယ်ချင်းလှထုံအကြောင်ြးေ
ပာရမလား...

စာမေးပွဲနီးတော့ အိပ်ရေးပျက်ပြီး မူးလို့ ဆရာဝန်ကိုသွားပြပါတယ်..။
ဆရာဝန်က လက်မောင်းမှာ
အဝတ်ပတ်.. ရာဘာလုံးလေးကို တရှူးရှူးညှစ်ပြီး (သွေးချိန်တာပါ)
အပေါ်သွေး..... လို့ပြောရုံရှိသေး..လူနာကုတင်ေ
ပ်ါက လူးလဲထပြီး အောက်သွေး
မတိုင်းတော့ဘူးလို့ ဆိုပါတယ်...။
(သူထင်သွားတာက အောက်သွေးတိုင်းရင် သူ့ပေါင်ကို
အဝတ်နဲ့ ပတ်မယ်ထင်တာ၊ အပေါ်သွေးတိုင်းတုံးက လက်မောင်းကိုပတ်ထားတာကိုး....)
______________________________
______________________________________________
ချွေတာတဲ့ ကိုချူချာ

ကိုချူချာ အလုပ်မှ ပြန်လာသည်။ ရောက်ရောက်ချင်း မီးဖိုချောင်ဘက်သွားပြီး
ရေခဲသေတ္တာကို ဖွင့်သည်။ ချက်ချင်းဆောင့်ပိတ်သည်။ ထို့နောက် မိန်းမကို
လက်သီးစာ ကျွေးသည်။ မိန်းမဖြစ်သူ တုန်လှုပ်ချောက်ချားသွားသည်။ ဘာကြောင့်
ရိုက်ပါလိမ့် စဉ်းစားသည်။ အင်း ရေခဲသေတ္တာထဲမှာ စားစရာနည်းနေလို့ နေမှာပဲ။

နောက်နေ့ ကိုချူချာ အလုပ်သွားသောအခါ မိန်းမသည် ဆိုင်သို့ပြေးပြီး
ဖွယ်ဖွယ်ရာရာတွေ ၀ယ်သည်။ ရေခဲသေတ္တာတစ်ခုလုံး စားစရာတွေနဲ့ ဖြည့်ထားသည်။
ညနေရောက်သော် ကိုချူချာ ပြန်လာသည်။ မနေ့က အတိုင်း မီးဖိုထဲဝင်ပြီး
ရေခဲသေတ္တာ ကိုဖွင့်သည်။ ချက်ချင်ပြန်ပိတ်ပြီး မိန်းမကို လက်သီးစာ
ကျွေးသည်။ ရှိုက်ကြီးတငင်ငိုရင်း မိန်းမဖြစ်သူ စဉ်းစားသည်။ ဘီယာမရှိလား
လို့များလား။

မနက် ကိုချူချာ ထွက်သွားသွားချင်း ဘီယာ ပြေးဝယ်သည်။ ရေခဲသေတ္တာ ထဲ
ထည့်သည်။ ဘီယာအေးအေးလေး သောက်လိုက်ရရင် သူရန်မရှာတန်ကောင်းရဲ့ ဟုတွေးသည်။

ကိုချူချာပြန်လာသည်။ မီးဖိုချောင်ဘက်သွားပြီး ရေခဲသေတ္တာကို ဖွင့်သည်။
မိန်းမဖြစ်သူ ရင်တမမနှင့်စောင့်သည်။ ရေခဲသေတ္တာ ဆောင့်ပိတ်သံ ကြားရသည်။
ကိုချူချာ အခန်းထဲ ၀င်လာပြီး မိန်းမကို လက်သီးစာ ကျွေးသည်။ မိန်းမဖြစ်သူ
မအောင့်နိုင်တော့ဘဲ မေးလိုက်သည်။

"ရှင်ဘာဖြစ်လို့ ကျွန်မ ကိုရိုက်ရတာလဲ"
"မင်းရေခဲသေတ္တာထဲက မီးကို ဘယ်တော့ ပိတ်မလဲကွ ဟေ"
______________________________
____________________________________________-
နေရာကောင်း

ကိုချူချာ သစ်ပင်ပေါ် တွယ်တက်သည်။ ဖြတ်သွားသူက မေးသည်။
"ဟေ့လူ၊ ဘာတက်လုပ်မှာလဲ"
"သရက်သီးစားမလို့"
"ခင်ဗျား ရူးနေသလား၊ ဒါ မန်ကျည်းပင်ပဲဟာ"
"ကျွန်တော့် အိပ်ထောင်ထဲမှာ သရက်သီးပါတယ်ဗျ"
______________________________
________________________________
တွေ့ရင်ပြောမယ်

ကိုချူချာကို လူဆိုးနှစ်ဦး တစ်ဖက်တစ်ချက်မှ ချုပ်ကိုင်ပြီး ကမ်းဆိပ်သို့
အတင်းဆွဲခေါ်လာသည်။

ကိုချုချာ၏ခေါင်းကို ရေထဲနှစ်လိုက်သည်။ ခဏအကြာတွင် ပြန်ပြီးမေးသည်။

"ပိုက်ဆံရှိသလား"
"မရှိဘူး"

ကိုချူချာကို ရေထဲနှစ်လိုက်ကြပြန်သည်။ ပထမအကြိမ်က ထက် အနည်းငယ်
ပိုကြာအောင်ထားလိုက်သည်။ ထို့နောက် ပြန်ဖော်ပြီးမေးသည်။

"ရွှေကောရှိသလား"
"မရှိဘူး"

"ခေါင်းမာတဲ့ အကောင်" ဟုပြောပြီး လူဆိုးများ ကိုချူချာကို
ရေထဲနှစ်လိုက်ပြန်သည်။ ခဏကြာသောအခါ ပြန်ဖော်ပြီးမေးသည်။

"ပိုက်ဆံမရှိဘူး ဟုတ်လား"
"ဟုတ်တယ် မရှိဘူး"
"ရွှေလည်းမရှိဘူး ဟုတ်လား"
"ဟုတ်တယ် မရှိဘူး"
"အဲဒါဆို ဘာရှိလဲပြော"

"ရေနောက်နေတော့ ဘာမှ မမြင်ရဘူး၊ ကျွန်တော့်ကို ခပ်နက်နက် နှစ်ကြည့်ပါ၊
တွေ့ရင်ပြောပါ့မယ်။"
______________________________
______________________________


နီးကပ်လေ မှုန်ဝါးလေ


ရင်းနှီးလွန်းလို့၊ နီးကပ်လွန်းလို့ ဂရုစိုက်မှုတွေ နည်းသွားတယ်၊ အာရုံစိုက်မှု နည်းသွားတယ်။ ကြာတော့ ဒါဟာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်လာတယ်။ လျှစ်လျှူရှူမှုတွေ များလာခဲ့တယ်။

ကြာတော့ ဒါတွေက ကျွန်မတို့ရဲ့ အားနည်းချက်၊ ကျွန်မတို့ရဲ့ အကျင့်စရိုက်တွေ ဖြစ်လာခဲ့တယ်။ ကျွန်မတို့ရဲ့ လျှစ်လျှူရှူမှုက ရင်းနှီးသူတွေကို ထိခိုက်နာကျင်စေခဲ့တယ်။ နောက်ဆုံး ကိုယ့်ကိုယ်ကို နာကျင်စေခဲ့ပြန်တယ်။

"မိဘတွေကို မကြည့်ဘဲ၊ မိဘတွေရဲ့ ဓာတ်ပုံကိုလည်း မကြည့်ဘဲ သူတို့ရဲ့ရုပ်ပုံကို ဆွဲခိုင်းကြည့်မယ်ဆိုရင် သင်ဆွဲနိုင်ပါသလား?"

သေသေချာချာ စဉ်းစားကြည့်ပါး

အမေရဲ့မျက်ခွံက အရစ်ပါလား? မပါဘူးလား?
အဖေရဲ့နားခင်က ထူသလား? ပါးသလား?
အမေမျက်နှာပေါ်က အရစ်ကြောင်းတွေ နည်းသလား? များသလား?
အဖေနဖူးပေါ်က အရစ်ကြောင်း ဘယ်နှကြောင်းရှိသလဲ?
အမေရဲ့ မျက်နှာပေါ်မှာ မှဲ့ဘယ်နှလုံးရှိသလဲ?
အဖေရဲ့ မျက်ခုံးမွေးက ထူသလား? ပါးသလား?


မျက်စိမှိတ်ပြီး သေချာထပ်ပြန် စဉ်းစားကြည့်ပါး

ကျွန်မတို့ဆီ လှမ်းလာတဲ့ အဖေ၊ အမေတို့ရဲ့ ပုံစံအမှုအရာက ဘယ်လိုလဲ?
နောက်ပြန်လှည့်သွားတဲ့ အဖေ၊ အမေတို့ရဲ့ နောက်ကျောပုံစံက ဘယ်လိုပုံစံမျိုးလဲ?
ကျွန်မတို့ ငယ်ငယ်ကနေ အခုကြီးလာတဲ့အထိ အဖေ၊ အမေတို့ရဲ့ အမှုအရာနဲ့ ပုံရိပ်တွေ ဘယ်လောက် ပြောင်းလဲသွားခဲ့ပြီလဲ?
အိမ်အလုပ် ပင်ပင်ပန်းပန်း လုပ်နေတဲ့ အမေ့ပုံရိပ်ကို ကျွန်မတို့ ကြည့်နိုင်စွမ်းရှိခဲ့လား?
အပြင်ထွက် အလုပ်လုပ်မယ့် အဖေရဲ့ပုံစံကို ကျွန်မတို့ သတိထား ကြည့်ခဲ့မိလား?

ဒီအရာတွေကို အခုမှ စဉ်းစားမိကြတယ် မဟုတ်လား?
ပိုရင်းနှီးလေ၊ ပိုနီးကပ်လေ အမြင်တွေက ဝေဝါးလေပါပဲ!
ရင်းနှီးလွန်းတယ် ထင်ခဲ့ပေမယ့် ဂရုစိုက်မှုက သူစိမ်းဆန်ခဲ့ရတယ်။

"မိဘတွေက ကျွန်မတို့ ကြီးပြင်းခဲ့တာကို မှတ်ထားတယ်။ ကျွန်မတို့က မိဘတွေ အိုမင်းသွားတာကို မှတ်ဖို့ မေ့နေခဲ့တယ်"

လူကြီးတစ်ဦးက ပြောခဲ့ပါတယ်။ (၄၁)နှစ် သူအိမ်ထောင်ကျစဉ်က အဝေးမှာနေတဲ့ မိဘတွေကို မဖိတ်ခေါ်နိုင်ခဲ့လို့ မိဘပုံတွေကို ဆွဲပြီး သတိတရနဲ့ နံရံမှာ ချိတ်ဆွဲဖို့ စဉ်းစားခဲ့တယ်။ ဒါပေမယ့် လကြာတဲ့အထိ ပုံဆွဲခဲတံကိုပဲ ကိုင်ပြီး ဘာပုံမှ ဆွဲမထွက်ခဲ့ဘူး။ သူ့ရဲ့အတွေးထဲမှာ မိဘတို့ရဲ့ပုံရိပ်က ကြည်လင်နေတယ်။ ဒါပေမယ့် သူတို့ရဲ့ မျက်လုံး၊ မျက်နှာအနေအထား၊ အကြည့်တွေကို သေသေချာချာ မြင်ယောင်ကြည့်တော့ အမြင်မှာ မှုန်ဝါးဝါးဖြစ်နေခဲ့တယ်။ ဒါကြောင့် သူပုံမဆွဲနိုင်တာဖြစ်တယ်။

အသက် (၂ဝ) မတိုင်ခင်က မိဘတွေနဲ့ပဲ သူနေခဲ့တယ်။ အနှစ် (၂ဝ)လုံးလုံး ဒီလောက်ပူးပူးကပ်ကပ်၊ ဒီလောက် ရင်းရင်းနှီးနှီး နေခဲ့ပေမယ့် စိမ်းနေခဲ့တယ်၊ မှုန်ဝါးနေခဲ့ရတယ်။

မိဘတွေရဲ့ မျက်နှာကိုတောင် ပုံစံမဖော်နိုင်လောက်အောင် စိမ်းခဲ့တယ်။
မိဘတွေရဲ့ ရုပ်ပုံကိုတောင် ဆက်စပ်ပုံဖော်လို့ မရနိုင်အောင် မှုန်ဝါးခဲ့တယ်။

ဒီ့အတွက် သူနှစ်တော်တော်ကြာ ခံစားခဲ့ရတယ်။ သားသမီး သုံးယောက်ရမှ ကလေးတွေရဲ့ ကြီးပြင်းရာတစ်လျှောက်မှာ အဖော်လုပ်ရင်း ခံစားမှုတွေကို လျှော့ခဲ့ရတယ်။

ဒီနှစ်အတောအတွင်းမှာမှ အဲဒီလူကြီးရဲ့ ခံစားချက်ကို ကျွန်မ နားလည်နိုင်ခဲ့တယ်။ ဒါကြောင့် အချိန်တစ်ချို့ခွဲပြီး အမေ့အိမ်ကို ကျွန်မပြန်ခဲ့တယ်။ အမေဆံပင်ကို ဆေးဆိုးပေးတယ်။ အမေ ငိုက်နေတဲ့အချိန် အမေ့ရဲ့မျက်နှာကို သေသေချာချာ ကြည့်ခဲ့မိတယ်။ အမေ့ရဲ့ပုံရိပ်ကို ကျွန်မရဲ့ မျက်စိထဲ၊ ဦးနှောက်ထဲ၊ နှလုံးသားထဲ၊ ကျွန်မရဲ့ အသိထဲ စွဲစွဲမြဲမြဲ မှတ်ထားခဲ့တယ်။

နုပျိုစဉ်က အမေရဲ့ပုံရိပ်နဲ့ အခုလက်ရှိ ပုံရိပ်ကို နှိုင်းယှဉ်ကြည့်ပြီး ကျွန်မမျက်ရည် စို့မိတယ်။ လူတိုင်း၊ သားသမီးတိုင်းကို အမေက သူ့ရဲ့နုပျိုတဲ့အရွယ်နဲ့ စတေးခံပြီး ကြီးပြင်းလာတဲ့အထိ နှစ်ချီကြာအောင် ပြုစုကျွေးမွေးခဲ့ပါတယ်။

မိဘတွေနဲ့ ဝေးကွာတဲ့အချိန် ပူပန်စိတ်၊ လွမ်းဆွတ်စိတ်တွေ ရှိကြတယ်။ ဒါပေမယ့် မိဘတွေက ကျွန်မတို့ရဲ့ ကြီးပြင်းခဲ့တာကို မှတ်သားနေချိန်မှာ ကျွန်မတို့က မိဘတွေ အိုမင်းသွားတာကို မှတ်သားဖို့ မေ့နေခဲ့ကြတယ်။

------------------------------
---------------------------------------------------------------------------
အမေ့ပြေစာ


သူ့အိမ်မှာ စားသောက်ဆိုင်ဖွင့်ထားတယ်။ တစ်ခါတလေ ကျောင်းအားရက်မှာ အမေ့ကို သူကူရတယ်။ ဧည့်ကြို၊ ဧည့်ပို့၊ စားပွဲသိမ်း၊ ပြေစာရှင်းတာက အစ သူဝင်လုပ်ရတယ်။ ကြာတော့ စီးပွားရေးသမား တစ်ယောက်လို သူအတွက်အချက် တော်လာခဲ့တယ်။

ဒီလိုနဲ့ တစ်နေ့မှာ ဆိုင်မှာဝင်ကူရင်း ကိုယ့်လုပ်အားခအတွက် စိတ်ကူးရလို့ ပြေစာရေးပြီး အမေ့ကို သူပေးလိုက်တယ်။ ပြေစာပေါ်မှာက .....

၁) ပန်းကန်ဆေးခ ၅ဝဝကျပ်
၂) တံမြက်စည်းလှဲခ ၂ဝဝကျပ်
၃) အပြင်ထမင်းပို့ဆောင်ခ ၃ဝဝကျပ်
၎) ဈေးဝယ်ထွက်ခ ၁ဝဝကျပ်
၅) မခိုမကပ်တဲ့ ကျွန်တော့်အတွက် အပိုဆုငွေ ၁ဝဝကျပ်

စုစုပေါင်း ကျပ် ၁၂ဝဝ။ ပြေစာကို အမေကြည့်ပြီး ဘာမှမပြောခဲ့ဘူး။

ညရောက်တော့ သူ့ခေါင်းအုံးဘေးမှာ ငွေကျပ်၁၂ဝဝ ကို တွေ့လိုက်တယ်။ အားရဝမ်းသာ ပိုက်ဆံကိုယူပြီး အိတ်ထဲထည့်မယ်အလုပ် ခေါင်းအုံးဘေးမှာ ပြေစာတစ်စောင် ရှိနေတာကို သူတွေ့လိုက်တယ်။ ပြေစာကို ယူကြည့်တော့

အမေ့အပေါ် ကျန်ရှိသော အကြွေးများ...

၁) အမေ့အိမ်တွင် ၁ဝနှစ်ကျော် အပူအပင်မရှိ နေထိုင်ခ ဝကျပ်
၂) နေထိုင်သော ၁ဝနှစ်အတွင်း စားဝတ်နေရေးခ ဝကျပ်
၃) ကျောင်းတက်ခ၊ စာအုပ်ဖိုး ဝကျပ်
၎) ဖျားနာစဉ် ဆေးကုခ၊ စောင့်ရှောက်ခ ဝကျပ်
၅) မေတ္တာကြီးမားသော မိခင်တစ်ဦးအတွက် အပိုဆု ဝကျပ်

ပြေစာကိုကြည့်ပြီး သူရှက်ရွံ့သွားမိတယ်။ ဝမ်းနည်းစိတ်မကောင်းစွာနဲ့ အမေ့အနားသွားပြီး အမေ့ရင်ခွင်ထဲ သူတိုးဝင်လိုက်မိတယ်။ ကျပ် ၁၂ဝဝကို အမေ့အိတ်ကပ်ထဲ ဂရုတစိုက် သူပြန်ထည့်လိုက်တယ်။ သူ့ကျောကို ပွတ်သပ်ပြီး အမေက ပြုံးနေခဲ့တယ်။


------------------------------
---------------------------------------------


သားတို့ အိမ်ပြန်ကြရအောင် အမေ


"ပေါ့ရင် အရသာမရှိဘူးနဲ့ ဒီနေ့ချက်တာ နည်းနည်းငန်တော့ မျိုမကျဘူးတဲ့။
ဘယ်လိုလုပ်ပေးရမလဲ"

အိမ်ထဲဝင်ဝင်ချင်း ထမင်းစားခန်းမှ လွှင့်လာတဲ့အသံက ဆီးလို့ကြိုတယ်။ သားကို
မြင်တော့ အမေက ခေါင်းငုံ့ပြီး ထမင်းဆက်စားတယ်။ မိန်းမက သူ့ကို
မျက်စောင်းနဲ့ ကြည့်တယ်။ အမေစားနေတဲ့ ဟင်းကို သူ မြည်းကြည့်ပြီး
ချက်ချင်း ထွေးထုတ်လိုက်မိတယ်။

"အမေ့ရောဂါက အငန်နဲ့ မတည့်ဘူးလို့ ပြောထားတယ် မဟုတ်လား"

"ဒါဆို ရှင့်အမေကို ရှင်ပဲချက်ကျွေးပေါ့" ခြေဆောင့်ပြီး သူမ ထွက်သွားတယ်။

သက်ပြင်းတစ်ချက်ကို သူခပ်ဖွဖွချရင်း...
"အမေ.. အဲတာတွေ မစားနဲ့တော့.. သား ခေါက်ဆွဲချက်လိုက်မယ်"

"သား... အမေကို သား ဘာပြောစရာရှိလဲ? ပြောစရာရှိတာ ပြောနော်သား..စိတ်ထဲ ထည့်မထားနဲ့"

"နောက်လကျရင် သားရာထူးတက်ပြီ အမေ။ သား ဒီထက် ပိုအလုပ်များတော့မယ်။
အမေ့ချွေးမကလည်း အပြင်ထွက် အလုပ်လုပ်ချင်တယ်တဲ့.. ဒါကြောင့်.. "

သား ဘာကိုဆိုလိုချင်မှန်း အမေသိလိုက်တယ်။

"သားရယ် အမေ့ကို လူအိုရုံ မပို့ပါနဲ့နော်"

တိုးလျှိုးတောင်းပန်စွာ အမေဆိုတော့ သားစိတ်မကောင်းဖြစ်ပြီး ခဏလောက်
နှုတ်ဆိတ်သွားတယ်။

"အမေ.. လူအိုရုံက မကောင်းတာ မဟုတ်ဘူး။ အမေ့ချွေးမ အလုပ်ရရင် အမေ့ကို
ပြုစုဖို့အချိန် ရှိတော့မှာ မဟုတ်ဘူး။ လူအိုရုံမှာ အမေ့ကို ပြုစုမယ့်လူ၊
ချက်ကျွေးမယ့် ၀န်ထမ်းတွေရှိတယ် အမေ။ အိမ်မှာထက်စာရင် ပိုကောင်းတာပေါ့
အမေရယ်"

"ဒါပေမဲ့.. သားရယ်..."

အမေ့စကားကို သူ မကြားချင်ဟန်ဆောင်ပြီး ရေချိုးခန်းဘက် ထွက်လာခဲ့တယ်။
သားအမိနှစ်ယောက် ခေါက်ဆွဲအတူစားပြီး စာကြည့်ခန်းထဲ သူဝင်ခဲ့တယ်။
ပြတင်းပေါက် အပြင်ဖက်ကို ငေးကြည့်ရင်း သူတွေဝေနေမိတယ်။ ငယ်ငယ်ရွယ်ရွယ်
မုဆိုးမဖြစ်ခဲ့ရတဲ့ အမေ၊ သားကို လူတစ်လုံးသူတစ်လုံး ဖြစ်အောင်
ကျွေးမွေးခဲ့တဲ့ အမေ၊ သားကို လူရာဝင်အောင် နိုင်ငံခြားအထိ ပညာသင်ခွင့်
ပေးခဲ့တဲ့ အမေ.. သားကို ကြီးပြင်းအောင် ကျွေးမွေးအနစ်နာခံခဲ့တာကို
အကြောင်းပြပြီး သားဆီက ဘာမှပြန်မမျှော်လင့်ခဲ့တဲ့ အမေကို အိမ်ထောင်ရေး
တည်မြဲဖို့ မိန်းမဆန္ဒကြောင့် လူအိုရုံပို့ရတော့မယ်။
သက်ပြင်းလေးလေးတစ်ချက် သူချလိုက်မိတယ်။ သား ရင်ထဲမှာ မချိလိုက်တာ
အမေရယ်...

"မင်းရဲ့ လက်ကျန်ဘ၀ကို မင်းအမေက အဖော်ပြုမှာ မဟုတ်ဘူး.. မင်းမိန်းမကပဲ အဖော်ပြုမှာ"

"မင်း အမေ အသက်ကြီးပြီကွာ။ နေလိုရရင် နောက်ထပ် ၄ . ၅ နှစ်ပေါ့။ အဲဒီ
နှစ်တိုတိုလေးမှာ အမေကို သေချာပြုစု ဂရုစိုက်ပါကွာ။ မရှိတော့မှ
ငါမကျွေးလိုက်ရပါလား? ငါ မမွေးလိုက်ရပါလားလို့ နောင်တမရနဲ့"

ပတ်ဝန်းကျင်က သူငယ်ချင်း မိတ်ဆွေတစ်ချို့ရဲ့ စကားသံကို ပြန်ကြားယောင်ရင်း
သူရှေ့ဆက် မတွေးရဲတော့ဘူး။

အမေ့အတွက် ငွေကုန်ကြေးကျများရင် ဂရုစိုက် ရိုသေရာရောက်တယ်လို့
ထင်မယ်ဆိုလည်း ထင်ကြတော့။ တောင်စွယ်နေကွယ်လုဆဲ ညနေခင်းတစ်ခု မြို့ပြင်မှာ
တည်ထားတဲ့ လူအိုရုံဆီ သူတို့ရောက်လာခဲ့တယ်။ လူအိုရုံရဲ့ဧည့်ခန်းကို
သူတို့ဖြတ်လျှောက်တော့ ၄၂လက်မ တီဗွီဖန်သားပြင်ပေါ်မှာ ဟာသကား
တစ်ကားပြနေတာကို တွေ့လိုက်တယ်။ ဒါပေမဲ့ ကြည့်နေတဲ့ ပရိသတ်ဆီက ဘာရီသံမှ
မကြားရဘူး။

ပုံစံတူ အင်္ကျီ၊ ပုံစံတူညှပ်ထားတဲ့ ဆံပင်နဲ့ လူအိုတစ်ချို့ ဆိုဖာပေါ်မှာ
စောင်းစောင်းရွဲ့ရွဲ့ ထိုင်နေကြတယ်။ ငူငူငိုင်ငိုင် ထိုင်နေတဲ့
အဘွားအိုတစ်ယောက် ပါးစပ်က တစ်တွတ်တွတ်ရွတ်နေတယ်။ တုန်ချိချိ အဘွားအို
တစ်ယောက် ကြမ်းပြင်ပေါ်ကျနေတဲ့ မုန့်ကို ကုန်းကောက်ဖို့ ကြိုးစားနေတယ်။
မြင်ကွင်းတွေကို သားအကြည့် လွဲပြီး နေရောင်ရတဲ့ အခန်းတစ်ခန်းကို
အမေ့အတွက် ရွေးလိုက်တယ်။ အခန်းပြတင်းပေါက်က အပြင်ကို လှမ်းကြည့်မိတော့
သစ်ပင်ရိပ်အောက်မှာ လက်တွန်းလှည်းနဲ့ နပ်စ်တစ်ချို့ကို တွေ့လိုက်တယ်။
ပျင်းရိပျင်းတွဲ ညနေခင်းရဲ့ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်မြင်ကွင်းက
မြင်ရသူအဖို့ ရင်နင့်စရာကောင်းလှတယ်။

"အမေ.. သား .. သွားတော့မယ်"
သူ့နှုတ်ဆက်စကားကို အမေ ခေါင်းညိတ်ပြတယ်။ တုန်ရီနေတဲ့
လက်နဲ့ဝှေ့ယမ်းပြတယ်။ သွားမရှိတော့တဲ့ ပါးစပ်ကို ဟပြီး တစ်ခုခုပြောဖို့
ကြိုးစားတယ်။ အမေ.. ဆံပင်တွေတောင် ငွေရောင်သမ်းခဲ့ပါပေါ့လား..
မျက်လုံးထောင့်က အရစ်ကြောင်းတွေတောင် နက်သထက် နက်ဝင်ခဲ့ပါပေါ့လား... အမေ
တကယ်အိုခဲ့ပါပေါ့လား....
သားတို့ အိမ်ပြန်ကြရအောင် အမေ

(၁)
အဲဒီတုန်းက သူ(၆)နှစ်။ ကိစ္စတစ်ခုကြောင့် အမေခရီးထွက်ရမယ်ဆိုလို့ သူ့ကို
ဦးလေးအိမ်မှာ ခဏ သွားအပ်ခဲ့တယ်။ ပစ္စည်းတွေယူပြီး အမေသွားဖို့ပြင်တော့
ကြောက်အားလန့်အားနဲ့ အမေ့ အင်္ကျီိကိုဆွဲပြီး သူအော်ငိုတော့တယ်။

" အမေ.. သားကို ခွဲမသွားပါနဲ့...အမေ သားကို ထားမသွားပါနဲ့"
ရှိုက်ကြီးတငင်ငိုနေတဲ့ သူ့ကို အမေ ထားမသွားရက်ခဲ့ဘူး။ အမေ့လက်ကို
ဆွဲပြီး ဦးလေးအိမ်က ထွက်လာတော့ ခြံတံခါးကို သူဆွဲပိတ်ခဲ့လိုက်တယ်။
သူ့ကို ထားခဲ့ဖို့ လာသွားတယ်ဆိုတဲ့ အိပ်မက်ဆိုးကြီး တစ်သက်လုံး
ကပ်ညှိမလာအောင် တံခါးဝဖက်ကို သူယောင်လို့တောင် လဲမကြည့်ခဲ့ဘူး။

(၂)
အိမ်ထဲ ၀င်လိုက်တာနဲ့ မိန်းမနဲ့ ယောက္ခမက အမေ့အခန်းထဲက ပစ္စည်းတွေကို
လွင့်ပစ်ဖို့ သိမ်းနေတာနဲ့ သွားတိုးတယ်။ ၂ပေမြင့်တဲ့ ဒိုင်းဆုတစ်ခု....
အထက်တန်းတုန်းက "ကျွန်တော်၏ မိခင်" ဆိုတဲ့ စာစီစာကုံးနဲ့ သူ ပထမဆုရထားတဲ့
ဒိုင်းဆုလေး။ အဘိဓာန် စာအုပ်တစ်အုပ်... အမေ့ချွေးနဲစာနဲ့ ၀ယ်ပေးခဲ့တဲ့
သူ့ရဲ့ ပထမဦးဆုံးသော မွေးနေ့လက်ဆောင်။ အကြောပြေ လိမ်းဆေးတစ်ဘူး...အမေ
အိပ်ရာမ၀င်ခင် လိမ်းတတ်တဲ့ဆေး... လိမ်းပေးမဲ့သူ မရှိဘဲ အမေ့ကို
ဒီဆေးပေးလိုက်တော့လဲ ဘာထူးမှာလဲ...

"တော်ပြီ.. မသိမ်းကြပါနဲ့တော့" သူ အော်လိုက်မိတယ်။
"ဒီလောက်များတဲ့ အမှိုက်တွေ မပစ်ထုတ်ရင် ငါ့ပစ္စည်းတွေ ဘယ်နားသွားထားရမလဲ"
ယောက္ခက စူးစူးဝါးဝါး ကြည့်ရင်း ပြန်အော်တယ်။

"ဟုတ်ပါ့.. အဲဒီကုတင်စုတ်ကြီးလည်း ပစ်ထုတ်လိုက်စမ်းပါ။ မနက်ဖြန်ကျမှ
အမေ့အတွက် သမီး ကုတင်အသစ်တစ်လုံး ၀ယ်ပေးမယ်နော်"

ကုတင်ခေါင်းရင်းမှာ ထောင်ထားတဲ့ ဓာတ်ပုံကို သူတွေ့လိုက်တယ်။ အဲဒီပုံက
သူ့ကို အမေ ကစားကွင်း လိုက်ပို့တုန်းက ရိုက်ထားတဲ့ပုံဖြစ်တယ်။
"ဒါတွေဟာ ကျွန်တော့်အမေရဲ့ အမွေတွေ... တစ်ခုမှ မပစ်နိုင်ဘူး"
"ဒါ ဘာအချိုးလဲ.. ဘာလို့ အမေ့ကို ပြန်အော်ရတာလဲ.. အမေ့ကို ချက်ချင်းတောင်းပန်လိုက်"

"မင်းကို ငါ လက်ထပ်ခဲ့တာနဲ့ မင်းအမေကို ချစ်ရမယ်ဆိုရင် ဘာဖြစ်လို့ ငါ့ကို
လက်ထပ်ခဲ့ပြီး ငါ့အမေကို မင်း မချစ်ခဲ့ရတာလဲ"

(၃)
မိုးရွာပြီးစမို့ ညက ပိုအေးစက်နေတယ်။ လူသူကင်းရှင်းတဲ့ လမ်းမပေါ်မှာ
ကားလေးတစ်စီး မြို့ပြင်က လူအိုရုံဖက် ဦးတည်ပြီး တရိပ်ရိပ်ပြေးနေတယ်။
လူအိုရုံရောက်တော့ ကားပေါ်က အမြန်ဆင်းပြီး အမေ့အခန်းဖက်
သူပြေးသွားလိုက်မိတယ်။ သူ့လက်ထဲမှာ အမေ အမြဲလိမ်းတတ်တဲ့
အကြောပြေဆေးဘူးကို တင်းတင်း ဆုပ်ကိုင်ထားတယ်။

"အမေ.. ဆေးကျန်ခဲ့လို့ သားလာပို့တာ"
အမေ့ကုတင်ရှေ့ သူဒူးထောက်ချလိမ့်မိတယ်။
"မိုးချုပ်နေပြီ သားရယ်.. မနက်ဖြန် အလုပ်ရှိသေးတယ် မဟုတ်လား..
ပြန်ပါသား.. ဆေးကို အမေ့ဘာသာ လိမ်းလို့ရတယ်"

"အမေ.... " သူ့အသံတွေ လည်ချောင်းဝမှာ တစ်ဆို့နေတယ်။
"အမေ သားကို ခွင့်လွတ်ပါ အမေ... သားတို့ အိမ်ပြန်ကြရအောင်နော်"
အိုမင်း ပိန်လှီနေတဲ့ အမေ့ခန္ဓာကိုယ်ကို တင်းတင်းလေး သူဖက်ထားလိမ့်မိတယ်။
သူ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေက အဆက်မပြတ် စီးဆင်းလို့...

"သားတို့ အိမ်ပြန်ကြရအောင် အမေ"

------------------------------
------------------------------------------------------------------------------------------------------------------------------------------------------------

တုန့်ပြန်မှုကို မျှော်လင့်သူ... အမေ


ချစ်လှစွာသော သမီးငယ်…
ချစ်သူမွေးနေ့အတွက် ဒီနေ့ ကျောင်းစောစောဆင်းပြီး လက်ဆောင်သွားဝယ်မယ်လို့ သမီးငယ် ပြောခဲ့တယ်နော်။ အမေ့မွေးနေ့မှာ လက်ဆောင်ပေးဖို့ ဘာလို့မေ့ခဲ့သလဲလို့ အမေမေးတော့ သမီးငယ်က စိတ်တိုတယ်။

“တစ်ခြားလူတွေရဲ့ မေမေက ဘယ်တော့မှ သားသမီးဆီက လက်ဆောင်ကို မမျှော်လင့်ကြဘူး။ အမေလို မကျေနပ်တာတွေ တတွတ်တွတ် ရွတ်ဖို့ဝေးလို့ သူတို့မေမေက သူတို့ကို ချစ်လို့တောင် မဝကြဘူး။ ချစ်သူနဲ့ မိသားစု နှိုင်းလို့ဘယ်ရမလဲ”

သမီးငယ်… ဒီအချိန်မှာ ဒါတွေကို သမီးငယ် နားလည်သေးမှာ မဟုတ်ဘူး။ မိခင်တစ်ဦးဟာ တော်ရုံစိတ်ဆင်းရဲမှုမျိုးကို မဖွင့်ဟတတ်ဘူး။ တစ်ယောက်တည်းပဲ ကျိတ်မှိတ်ခံတယ်။ သားသမီးတွေရဲ့ အပြုံးမျက်နှာပေါ်မှာ သူ့အပူအပင်တွေကို မလောင်းရက်ခဲ့ဘူး။ သမီးငယ်ပြောလို မေမေဟာ တစ်ခြားမိခင်တွေလို မြင့်မြတ်ရမယ်၊ ကိုယ်ချင်းစာတရား ရှိရမယ်တယ်ဆိုတဲ့ ဝေါဟာရကို မေမေတာဝန်မယူရဲဘူး သမီး။

ဘုရားသခင်က မေမေကို “မိခင်” ဆိုတဲ့အမည် ပေးလိုက်တာနဲ့ အမြဲတမ်း၊ အချိန်တိုင်း သတ္တိရှိရမယ်၊ ရဲရင့်ရမယ်၊ မြင့်မြတ်ရမယ်၊ ပေးဆပ်ရမယ်၊ နောင်တမဲ့ရမယ်လို့ မေမေ့ကို မတောင်းဆိုထားဘူး။ ဘုရားသခင်က မေမေကို အမျိုးသမီးတိုင်းမှာရှိတဲ့ အားငယ်တာ၊ ထိခိုက်လွယ်တာ၊ မာန်တက်တာ၊ တစ်ကိုယ်ကောင်းဆန်တာတွေပါ ပေးခဲ့တယ်။ ဒါကြောင့် သမီးဖက်က ပေးဆပ်သင့်တာတွေ မပေးဘဲ မေမေဖက်ကချည်း အတိုင်းဆမဲ့ ပေးဆပ်ရမယ်လို့ သမီးမတောင်းဆိုသင့်ဘူး။

အားရက်တိုင်းမှာ သမီးငယ်က ကိုယ့်အတွက်နဲ့ အလုပ်များခဲ့တယ်။ “အချစ်” က သမီးဘဝဖြစ်ခဲ့တယ်။ ချစ်သူနဲ့ပြောခဲ့တဲ့ စကားတိုင်းကို သမီးစွဲမြဲမှတ်ထားပြီး တစ်ခါတလေမှာ အဲဒီစကားတွေနဲ့ အပူတွေကို သမီးရှာခဲ့တယ်။ သမီးစိတ်ထိခိုက်လို့ ပြောလိုက်တဲ့ စကားတွေက အမေ့ကိုလည်း စိတ်မချမ်းမြေ့စေဘူးဆိုတာ သမီးမေ့ခဲ့ပြီလား?

ကျောင်းပြေးပြီး ချစ်သူနဲ့ သမီးလျှောက်လည်တယ်။ ပြောမကုန်တဲ့ စကားတွေပြောတယ်။ ဒါပေမယ့် ဒီလိုအားရက်တိုလေးမှာ မေမေလည်း သမီးအဖော်ပြုတာကို လိုချင်တယ်ဆိုတာကို သမီးတစ်ခါမှ မတွေးခဲ့ဘူးနော်။ အင်တာနက်တက်မယ်၊ ချစ်သူနဲ့ဖုန်းပြောမယ်၊ သူငယ်ချင်းအိမ်သွားမယ်နဲ့ မေမေ့အတွက် သမီးရဲ့အချိန်တွေ ဘယ်လောက်ခွဲပေးခဲ့ပြီလဲ?

တစ်လကို ဖုန်းကြေးဘယ်လောက်ဆိုပြီး အမေကို မကျေမနပ်နဲ့ သမီးရွတ်ပြတတ်သေးတယ်။ အမေလည်း မကျေမနပ်ပြောရရင် အမေအတွက် သမီးဘယ်လောက် ကုန်ကျခဲ့ဖူးလဲ? ဖုန်းနဲ့ ရယ်ရွှင်စရာစာတိုလေးတွေပို့ပြီး ချစ်သူကို ပျော်ရွှင်အောင် သမီးလုပ်ခဲ့တယ်။ သမီးကိုလွမ်းနေမယ့် အမေအတွက် နှစ်သိမ့်တဲ့ စာတိုလေးတစ်ကြောင်း ရေးပို့ဖို့ သမီးသတိရခဲ့ရဲ့လား?

သမီးက ငယ်ငယ်လေးတည်းက အမေ့ကို အစောကြီး ထမင်းထချက်ခိုင်းပြီး၊ ဟင်းမကောင်းလို့ ထမင်းမစားဘဲ ငြင်းဆန်ခဲ့တဲ့ တစ်ကိုယ်ကောင်းဆန်သူပါ။ ကျောင်းဆင်းချိန် အမေကိုလာကြိုဖို့ပြောပြီး သူငယ်ချင်းတွေနဲ့ နေဝင်မိုးချုပ်ထိ လျှောက်လည်ခဲ့တယ်။ ညအမှောင် လမ်းကြိုလမ်းကြားမကျန် သမီးနာမည်ကို တကြော်ကြော်အော်ပြီး အမေလိုက်ရှာခဲ့တာကို သမီးသိလား?

ညအိပ်ရာမဝင်ခင် နွားနို့ပူပူလေးတစ်ခွက်ကို သမီးသောက်နေချိန်မှာ မေမေရဲ့အကြင်နာတွေကို သမီးသတိရရဲ့လား? နွားနို့ထည့်ပေးဖို့ မေမေမေ့သွားတဲ့ညက မေမေ့ကို သမီးစကားမပြောခဲ့ဘူးနော်။

စာမေးပွဲ မဖြေခင်မှာလည်း မေမေ့ကို မစာနာဘဲ ပြောသေးတယ်။

“ဒီတစ်ခေါက် သိပ်ဖြေနိုင်မှာ မဟုတ်ဘူး။ ကျွန်မအပေါ် မျှော်လင့်ချက် သိပ်မထားနဲ့” တဲ့။

ဒါပေမယ့် သမီးရယ်… သမီးအတွက် ဘယ်အရာမဆို အမေတာဝန်ယူရမယ်လို့ သမီးတောင်းဆိုခဲ့သလို သမီးကလည်း အမေကို အမှတ်ကောင်းလေးနဲ့ မတုန့်ပြန်သင့်ဘူးလား?

အချစ်မှာ နှစ်ဦးနှစ်ဖက် ညီမျှတဲ့ပေးဆပ်ခြင်းတွေ ရှိရမယ်လို့ ချစ်သူကို သမီးပြောခဲ့သလို တစ်သက်လုံး မခွဲမခွါတဲ့ မိသားစုမှာရော စိတ်တူညီမျှ ပေးဆပ်ခြင်းတွေ မရှိသင့်ဘူးလား သမီးငယ်.. ?

ချစ်သူအပေါ်ထားတဲ့ သမီးရဲ့ချစ်ခြင်းတွေ၊ ရူးသွပ်မှုတွေကို မေမေသဝန်တိုလို့ မဟုတ်ဘူးနော် သမီး။ ချစ်ခြင်းဆိုတာကလည်း ခံစားမှုအတွေ့အကြုံနဲ့ စိတ်အာဟာရတစ်မျိုးဆိုတာ မေမေသိတယ်။ မေမေမျှော်လင့်တာက ချစ်သူနဲ့သမီး အပြန်အလှန်ပေးဆပ်သလိုမျိုး ၂၂နှစ်ကြာ သမီးအပေါ် ပေးဆပ်ခဲ့တဲ့ အမေရဲ့သွေး၊ ချွေးတွေကိုလည်း သမီးသတိရစေချင်တယ်။ ချစ်သူကပေးတဲ့ ချစ်သက်တမ်းတစ်နှစ်ကို တစ်သက်လုံးနဲ့ လဲချင်ခဲ့တဲ့သမီး၊ သမီးအပေါ်မလျော့တဲ့အချစ်နဲ့ တစ်သက်လုံးချစ်ခဲ့တဲ့ အမေ့ကို သမီးရဲ့ တစ်နှစ်ဆိုတဲ့ ဂရုစိုက်ပြုစုမှုတွေ ပြန်မပေးသင့်ဘူးလားကွယ်? ခုတော့ သမီးဆီက ရလိုက်တဲ့ အရာတွေက မေမေပေးဆပ်ခဲ့တာနဲ့ မတန်ခဲ့ပေမယ့် မေမေကျေနပ်ခဲ့ပါတယ်။

မေမေ့မွေးနေ့မှာ သမီးဆီက ဘာလက်ဆောင်မှ မရခဲ့လည်း ဖုန်းဆက်ပြီး အဝေးက သမီးအသံကို အမေကြားပါရစေ။

မေမေစိတ်ပူပြီး ညညအိပ်မပျော်လည်း ကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ လျှောက်လည်မယ့်အကြောင်း ဖုန်းဆက်ပြီး မေမေ့ကို အကြောင်းကြားပေးပါ။

စာထဲ သမီး စိတ်မဝင်စားခဲ့လည်း စာမေးပွဲကြေးသွင်းတဲ့အခါ မေမေ့ကိုတောင်းပန်စကား တစ်ခွန်းပြောဖို့ သတိရပေးပါ။

လုပ်အားခပိုက်ဆံတွေကို ချစ်သူအတွက် လက်ဆောင်ဝယ်ပေးခဲ့လည်း ပိုက်ဆံတစ်ပြားတစ်ချပ် ရှာရတာ အင်မတန်ပင်ပန်းကြောင်း အမေ့ကို စာတိုလေးတစ်ကြောင်း ပို့ဖို့မမေ့ပါနဲ့။

ဒီလိုပေးဆပ်မှုမျိုးက ဘယ်မိခင်မဆို လိုအပ်ပါတယ်။ စိတ်ထိခိုက် လှုပ်ရှားလွယ်တဲ့ မေမေကတော့ တစ်ခြားမိခင်တွေထက် ပိုခဲ့တယ်။ သားသမီးတိုင်းကို မိခင်ရဲ့ကောင်းကွက်တွေကို မှတ်ပြီး အမြဲတစေပေးဆပ်စေတာက ကြမ်းတမ်းတဲ့လုပ်ရပ်မှန်း မေမေသိတယ်။ သမီးအိမ်ထောင်ပြုပြီး သားသမီးရတဲ့အချိန် အဲဒီသားသမီးတွေရဲ့ အေးစက်စက် တုန့်ပြန်မှုနဲ့ လျစ်လျူရှူမှုကို ခံရတဲ့အချိန်၊ ချွေးထက်မက မျက်ရည်တွေကျမိချိန်မှ မေမေပြောတာတွေကို သမီးနားလည်လာမှာပါ သမီး။

မိခင်တွေလိုချင်တဲ့ သားသမီးတွေရဲ့ တုန့်ပြန်မှုဟာ သေးသိမ်လွန်းလှပါတယ်။ ဒီလိုနှိမ့်ချပြီး တောင်းဆိုတဲ့ မိခင်တစ်ဦးကို သမီးက စာအုပ်ထဲကမိခင်လောက် မမြင့်မြတ်ဘူး၊ တစ်ကိုယ်ကောင်းဆန်တယ်လို့ သမီးထင်ခဲ့တယ်။ ဒီလိုဆိုရင် သမီးငယ်.. ကိုယ်တိုင်ကရော ဘယ်လိုတွေ ပေးဆပ်တုန့်ပြန်ခဲ့သလဲကွယ်?

------------------------------
--------------------------------------------------------------------------------------------------------------------------------------------------------------

အစားထိုးမရတဲ့ နာကျင်မှု


သူက အဖမဲ့သား အမေနဲ့ပဲ ကြီးပြင်းခဲ့သူဖြစ်တယ်။ မူလတန်းကစ အထက်တန်းပြီးတဲ့အထိ အမေရဲ့ပြုစုပျိုးထောင်မှုအောက်မှာ သူကြီးပြင်းခဲ့တယ်။ သူကြိုးစားခဲ့တယ်။ ပထမအဆင့်မှာ သူအမြဲ ရှိနေခဲ့တယ်။ အမေက သူ့ကိုချစ်လွန်းလို့ အိမ်အလုပ်တောင် ပေးမလုပ်ဘဲ ပညာကို သင်ယူစေခဲ့တယ်။ သူ့ကျောင်းစရိတ်အတွက် အမေ အလုပ်တွေပိုလုပ်ခဲ့တယ်။ အမေပင်ပန်းတာကို ကြည့်ပြီး သူ့ရင်ထဲမှာ သံဓိဌာန်တစ်ခုချခဲ့တယ်။ စာကြိုးစားမယ်၊ ပညာတတ်ကြီး ဖြစ်ရင် အမေ့ကိုတစ်လှည့် ပြုစုမယ်လို့.....

အဲဒီနောက် သူ့ကြိုးစားမှုနဲ့ ရည်မှန်းထားတဲ့ တက္ကသိုလ်ကို သူတက်ခွင့်ရခဲ့တယ်။ အမေက မိုင်ပေါင်းများစွာဝေးတဲ့ သူ့အဆောင်ကို ရထားတစ်တန်၊ ကားတစ်တန်စီးပြီး လာကြည့်ခဲ့တယ်။ သူကြိုက်တဲ့ အစားကောင်းတွေ ယူလာပေးခဲ့တယ်။ သူ့အဝတ်တွေ လျှော်ပေးခဲ့တယ်။ သန့်ရှင်းရေးတွေ လုပ်ပေးခဲ့တယ်။ အိမ်မပြန်ခင် အမေကသူ့ကို "အဆောင်ကကျွေးတဲ့ ထမင်းဟင်းတွေ စားမကောင်းရင် ဝယ်စားနော်သား၊ ပိုက်ဆံတွေ ချွေတာသုံးစရာမလိုဘူး။ အမေအသက်ကြီးပြီး ပိုက်ဆံများများ မလိုတော့ဘူး" လို့ မှာတတ်တယ်။ အမေမျက်နှာပေါ်က အရစ်ကြောင်းနဲ့ ဆံဖြူတွေကိုကြည့်ရင်း သူအဓိဌာန် ချမိပြန်တယ်။ အလုပ်ကောင်းကောင်းရှာပြီး အမေ့ကို ကျေးဇူးဆပ်မယ်လို့...

ရာသီအလီလီပြောင်းလို့ သူကျောင်းပြီး အလုပ်ရသွားခဲ့ပြီ။ စိတ်ကူးအိပ်မက်ထဲက လက်တွဲဖော်ချစ်သူနဲ့ သူ့ဘဝက အစစအရာရာ ပြည့်စုံနေခဲ့တယ်။ မရင်းနှီးတဲ့ မြို့ပြတစ်ခုမှာ အခြေစိုက်ရပ်တည်ရင်း သူအလုပ်ကြိုးစားခဲ့တယ်။ တစ်နှစ်တစ်ခါ နှစ်ကူးမှ အမေ့အိမ်ကို သူတစ်ခေါက် ပြန်နိုင်ခဲ့တယ်။ အမေ့အိမ်ရောက်တိုင်း အမေက "သား.. သားအလုပ်စလုပ်တာ မကြာသေးဘူး။ ဘယ်လောက်မှ စုဆောင်းမိသေးမှာ မဟုတ်ဘူး။ အိမ်ပြန်ရင် ကားခက ဈေးကြီးသဘိနဲ့။ ဟိုမှာ လုပ်စရာရှိတာလုပ်ပါ။ အမေနေကောင်းကျန်းမာပါတယ်.. သားစိတ်ချပါ"

အမေ့စကားနားထောင်ပြီး သူ့စိတ်ထဲမှာ "အလုပ်ကောင်းကောင်းလုပ် ရာထူးတွေတိုးမှ အမေငါ့ကို မွေးရကျိုးနပ်မှာ" လို့ တွေးထင်ပြီး အလုပ်တွေ ပိုကြိုးစားခဲ့တယ်။ တစ်လတစ်ခါ အမေ့ကို ငွေပို့ပေးပြီး တစ်နှစ်မှတစ်ကြိမ် အိမ်ပြန်ဖြစ်ခဲ့တယ်။ သူ့ရဲ့ကြိုးစားမှုကြောင့် ကိုယ်ပိုင်တိုက်၊ ကိုယ်ပိုင်ကားတွေ သူပိုင်ဆိုင်လာခဲ့တယ်။ ဒိ့ထက်ငွေတွေရှာပြီး အမေ့အတွက် တိုက်တစ်လုံးဝယ်မယ်၊ အမေ့ကိုသူနဲ့ပဲ လာနေစေတော့မယ်လို့ သူအဓိဌာန်ချမိပြန်တယ်။

အဲဒီလိုနဲ့ တစ်နေ့မှာ အမေအသည်းအသန်ဖြစ်တဲ့ အကြောင်းကြားစာတစ်စောင် သူ့ဆီ ရောက်လာခဲ့တယ်။ သူစိတ်တွေလှုပ်ရှားပြီး အမေ့အိမ်ကို မြန်မြန်ဆန်ဆန်ရောက်သွားချိန် အမေစကားတစ်ခွန်းမှ မပြောနိုင်တော့ဘူး။ အချိန်မီရောက်လာတဲ့ သူ့လက်ကို အမေဆုတ်ကိုင်ပြီး ခပ်ဖွဖွလေး ပြုံးပြတယ်။ အဲဒီနောက် အပြုံးနဲ့ အမေထာဝရ အိပ်စက်သွားခဲ့တယ်။

သူ့ရင်တွေ နာကျင်နေမိတယ်။ အမေ့ကို မပြုစု၊ ကျေးဇူးမဆပ်လိုက်ရခင် သူ့အပါးကနေ အမေထာဝရ ထွက်သွားခဲ့တဲ့အတွက် သူနောင်တရမိတယ်။ သူ့မွေးနေ့တွေ အကြိမ်ကြိမ်ကျင်းပခဲ့ဖူးပေမယ့် အမေ့မွေးနေ့ကို သူတစ်ခါမှ မကျင်းပပေးခဲ့ဖူးဘူး။ အဝတ်တစ်စုံ ဝယ်မပေးခဲ့ဖူးဘူး။ အမေနဲ့အတူ လမ်းမလျှောက်ခဲ့ဖူးဘူး။ အမေ့ကျန်းမာရေးကို မမေးခဲ့ဖူးဘူး။ ဒါတွေ သူလုပ်နိုင်ရက်နဲ့ သူမလုပ်ခဲ့မိဘူး။

နာကျင်ခြင်းတစ်မျိုးက ဘယ်လိုမှ အစားထိုးလို့မရဘူး။ ကိုယ်သတိရ၊ အသိစိတ်ဝင်တဲ့အချိန် အရမ်းနှောင်းသွားခဲ့ပြီ။ မိဘတွေက သားသမီးတွေဆီကနေ ဘာငွေကြေး၊ ဘာလက်ဆောင်မှ မမျှော်လင့်တတ်ကြဘူး။ ဒါပေမယ့် သားသမီးတွေက သူတို့ကို မကြာခဏ အဖော်ပြုမယ်၊ အိမ်ပြန်မယ်၊ ချွေးထွက်ချိန် ကမ်းလိုက်တဲ့ ပုဝါပါး၊ လမ်းဖြတ်ကူးချိန် ဖေးမလိုက်တဲ့ လက်တစ်စုံ၊ မွေးနေ့မှာ တောင်းဆုပြုတဲ့ စကားတစ်ခွန်းက မိဘတွေရဲ့ ရင်ကို ပိုနွေးထွေးစေပါတယ်။ မိဘတွေကျန်းမာဆဲ၊ မိဘတွေ ဒီကမ္ဘာမြေပေါ်ကနေ ထွက်မသွားခင်တုန်းမှာ သူတို့နဲ့အတူနေတဲ့ တစ်စက္ကန့်၊ တစ်မိနစ် အချိန်ကို တန်ဖိုးထားပေးပါ။ အဖော်ပြုပေးကြပါ။