သူငယ်ချင်းတို့ရေ..
ဘာရယ်တော့မဟုတ်ပါဘူး.. အချစ်နဲ့ပတ်သက်လာရင်
မင်းတို့တွေရဲ့ခံယူချက်တွေဘယ်လိ
ုရှိလဲဆိုတာကို
ခန့်မှန်းလို့ရအောင် မေးခွန်းလေးတွေကိုဖြေကြည့်ကြပါေ
နာ်..
အပျင်းပြေပေါ့.. အောက်မှာတော့ အဖြေတွေကိုပေးထားပါတယ်..
ဒါပေမယ့် မေးခွန်းတွေကို
ကိုယ့်စိတ်ကူးနဲ့ဖြေကြည့်ပြီးမှ အောက်ကပေးထားတဲ့အဖြေနဲ့
ဘာတွေကွာခြားလဲဆိုတာကို ကြည့်ရအောင်နော်.....
ငါလည်းသိလို့တော့မဟုတ်ပါဘူး..
စာအုပ်တစ်အုပ်ဖတ်ရင်း ရေးထားတာလေးတွေကို သဘောကျလို့
ပြန်ပြီးဝေမျှတာပါ.....
သဘောမကျရင်တောင် စိတ်အနှောက်အယှက်မဖြစ်ဘူးဆိုရင်
ကျေးဇူးတင်ပါတယ်...





မေးခွန်း(၁)။ ကော်ဖီကောင်းကောင်းရဖို့ အချိန်ခုနစ်နှစ်စောင့်ရတယ်..
ဝီစကီကောင်းကောင်းတစ်ခွက်ရဖို့ အနှစ်နှစ်ဆယ်စောင့်ရတယ်..
ကန်စွန်းပလိန်းတစ်ပွဲရဖို့ ဆယ့်ငါးမိနစ်စောင့်ရတယ်..
နှလုံးသားအတုကိုတွေ့ဖို့ မျက်တောင်တစ်ခတ်စာစောင့်ရတယ်..
အချစ်စစ်တစ်ခုကိုတွေ့ဖို့ အချိန်ဘယ်လောက်ကြာအောင်
စောင့်ရမလဲ......????

မေးခွန်း(၂)။ အချစ်ဆိုတာကိုယ့်ရင်ထဲမှာ အစကတည်းကရှိနေတဲ့အရာလား...
ဒါမှမဟုတ်... လူတစ်ယောက်ကိုတွေ့တော့မှ
ပေါက်ဖွားရှင်သန်လာတဲ့အရာလား..
သူ့ကြောင့်အချစ်ဆိုတာဖြစ်လာတာလာ
း....????

မေးခွန်း(၃)။ လူတစ်ယောက်ကို ကြိုက်ပြီးမှချစ်တာလား..
ဒါမှမဟုတ်.. ချစ်ပြီးမှသူ့ကိုကြိုက်သွားတာလာ
း...
အကြိုက်နဲ့အချစ်က ဘယ်ဟာကအရင်ဖြစ်သလဲ..
ဘယ်လိုရောဆက်စပ်နေတယ်လို့ထင်လဲ.
...????

မေးခွန်း(၄)။ ချစ်သူတွေကြားမှာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်ရှိနေခဲ့ရင်.
ဘယ်တော့မှမဝေးတော့ဘူးလို့ထင်ပါ
သလား..
အရာရာအဆင်ပြေပြီလို့ထင်ထားသလား.
...????

မေးခွန်း(၅)။ လူတစ်ယောက် ကောင်းတယ်ဆိုးတယ်ဆိုတာကို
ပတ်ဝန်းကျင်ရဲ့အမြင်နဲ့ ဆုံးဖြတ်မှာလား..
ကိုယ့်ရဲ့အမြင်နဲ့ဆုံးဖြတ်မှာလာ
း.. ဒါမှမဟုတ်....
အဲဒီလူရဲ့အတွင်းစိတ်နဲ့ ဆုံးဖြတ်ရမှာလား...????

မေးခွန်း(၆)။ လူတစ်ယောက်ကို နားလည်ရတာနဲ့ ခွင့်လွှတ်ရတာ ဘယ်ဟာကပိုခက်မလဲ....????

မေးခွန်း(၇)။ ဗယ်လင်တိုင်းဒေး ရယ်၊ ကိုယ့်ချစ်သူက
ကိုယ့်ကိုအဖြေပေးတဲ့နေ့(သို့) ကိုယ့်ချစ်သူကို ကိုယ်ကအဖြေပေးလိုက်တဲ့နေ့၊
ချစ်သူတွေစဖြစ်တဲ့နေ့ကို နှစ်ပတ်လည်ကြုံလာတဲ့နေ့
(Anniversary Day)
အဲဒီနေ့နှစ်ခုမှာ ဘယ်နေ့က ကိုယ့်အတွက်
ပိုပြီးအဓိပ္ပာယ်ရှိမယ်လို့ ထင်လဲ...????

မေးခွန်း(၈)။ လူတစ်ယောက်ကိုတကယ်ချစ်မိပြီဆို
ရင်
ကိုယ့်ရဲ့မကောင်းတဲ့အချက် တချို့တလေကို
အဲဒီလူအတွက်ပြောင်းလဲပစ်နိုင်
တယ်ဆိုတာ ဟုတ်လား....????

မေးခွန်း(၉)၊ တစ်ခါတလေမှာ အချစ်တွေဟာလှည့်ဖြားတတ်တယ်..
လူတစ်ယောက်ကိုချစ်တယ်ထင်ပြီးမှ တကယ်မချစ်တာမျိုးပေါ့..
လူတစ်ယောက်ကို တကယ်ချစ်မချစ်ဆိုတာ ဘယ်လိုသိနိုင်မလဲ....????

မေးခွန်း(၁၀)။ အချစ်စစ်တစ်ခုရှိတယ်ဆိုပါတော့..
.
အဲဒီအချစ်မှာ အရင်စချစ်ရတဲ့သူက ပိုချစ်တတ်တဲ့သူလား...
ဒါမှမဟုတ်.. ပိုချစ်ရတဲ့သူလား....????

မေးခွန်း(၁၁)။ လူတစ်ယောက်ကိုချစ်မိသွားတယ်ဆို
ရင် ယုံကြည်ခြင်းက
ကပ်ပါသွားတတ်လား....????



ကဲ.. ဘယ်လိုလဲ သူငယ်ချင်းတို့ရေ..
ဖြေပြီးသွားကြပြီလား..
ဒါဆိုရင်.. နင်တို့ရဲ့အဖြေနဲ့ အခုရှိတဲ့အဖြေတွေနဲ့ ဘာတွေကွာခြားလဲ၊
ဘာတွေတူညီလဲ ဆိုတာ ဆက်ကြည့်ရအောင်နော်.....


အဖြေ(၁)။ အချစ်စစ်ကိုစောင့်ရမယ့် သတ်မှတ်ချိန်မရှိပါဘူး..
အချစ်စစ်က သူရောက်လာမယ်လို့ကြိုတင်အကြောင်
းကြားမထားပါဘူး...။

အဖြေ(၂)။ ချစ်တတ်တဲ့စိတ်အခံက လူတိုင်းမှာရှိပြီးသားပါ..
ကိုယ်ချစ်သွားတဲ့လူတစ်ယောက်ကိုေ
တွ့လိုက်တဲ့အခါမှ..
ရင်ထဲကအချစ်ဆိုတာ
ပိုပြီးပီပြင်လာပြီးခံစားမှုအားေ
ကာင်းသွားတတ်တယ်...။

အဖြေ(၃)။ နှစ်ခုစလုံးဖြစ်နိုင်ပါတယ်..
ယေဘုယျအားဖြင့်တော့.. ကြိုက်ပြီးမှ(နှစ်လိုစိတ်ဝင်စား
မှု)
ချစ်စိတ်ဝင်လာတာများပါတယ်..
ကာလတို၊ ကာလရှည် ကိုယ့်ခံစားမှုနဲ့လိုက်ပြီး
အချစ်စိတ်တွေတဖြည်းဖြည်းရင့်သန်
လာပါတယ်...။

အဖြေ(၄)။ ချစ်သူတွေကြားမှာ နားလည်မှုရှိရင် တော်တော်များများ အဆင်ပြေနိုင်ပါတယ်..
ဒါပေမယ့်.. တစ်ယောက်ယောက်ကထားခဲ့ရင်တော့ ဝေးရမှာပါ...
တစ်ခါတလေမှာ အချစ်ဟာ ကံနဲ့ဆိုင်တတ်ပါတယ်...။

အဖြေ(၅)။ အဓိကကျတဲ့ ဆုံးဖြတ်ချက်ကိုချတော့မယ်ဆိုရင်
တော့
အဲဒီလူရဲ့အတွင်းစိတ်နဲ့ ဆုံးဖြတ်ရမှာပါ...။

အဖြေ(၆)။ လူတစ်ယောက်ကိုနားလည်ရတာက ပိုခက်တတ်ပါတယ်...။

အဖြေ(၇)။ Valentine's Day ဆိုတာ အများနဲ့ဆိုင်တဲ့နေ့ပါ..
ကိုယ့်ချစ်သူက ကိုယ့်ကိုအဖြေပေးလိုက်လို့သာ Valentine's
day ဆိုတာပိုပြီးပီပြင်သွားတာပါ..
ချစ်သူတွေရဲ့ နှစ်ပတ်လည်နေ့တွေက တစ်ယောက်နဲ့တစ်ယောက်
ဘယ်လောက်သည်းခံပြီးနားလည်ပေြး
ကသလဲဆိုတဲ့
ဂုဏ်အင်္ဂါတွေကိုဖော်ပြနေပါတယ်...


အဖြေ(၈)။ များသောအားဖြင့်ကတော့ ဖြစ်နိုင်ပါတယ်..
ဒါပေမယ့် မျှော်လင့်ချက်သိပ်မထားတဲ့အချစ်
ကတော့
ကိုယ့်အတွက်ပိုကောင်းပါတယ်...။

အဖြေ(၉)။ သေချာတာတစ်ခုကတော့ လူတစ်ယောက်ကိုရင်ထဲမှာ နှစ်နှစ်ကာကာ ချစ်မိနေပြီဆိုရင်
ဒါဟာ အချစ်မှဟုတ်ရဲ့လားလို့ သံသယဖြစ်စရာမလိုအောင်
တိကျသေချာခိုင်မာနေတတ်ပါတယ်..
ကိုယ့်ကိုကိုယ်သံသယရှိနေရင် အချိန်ကာလရဲ့
အဆုံးအဖြတ်ကိုယူနိုင်ပါတယ်...။

အဖြေ(၁၀)။ အရင်စချစ်ရတဲ့သူကပိုချစ်ရတဲ့သူ
ပါ...
ဒါပေမယ့်.. နောက်ပိုင်းမှာ
အချစ်ချင်းညီးသွားတာမျိုးလည်းရှ
ိတတ်ပါတယ်...။

အဖြေ(၁၁)။ လူတစ်ယောက်ကို ချစ်မိသွားရင် ယုံကြည်ခြင်းဆိုတာ
ကိုယ့်အတွက်တော့ အလိုလိုရောက်လာတတ်စမြဲပါ...
သူ့ကိုကိုယ်က ယုံကြည်နေတာက ကိုယ့်ရဲ့ချစ်ခြင်းဖြစ်ပြီး..
သူကယုံနိုင်စရာ ကောင်း၊ မကောင်းဆိုတာကတော့
သူ့အပိုင်းပဲဖြစ်ပါတယ်...။


သူငယ်ချင်းတွေအားလုံး အချစ်စစ်နဲ့ တွေ့နိုင်ပါစေနော်...

0 comments:

Post a Comment

thank you for your comment