တစ်ကယ်တော့လူဘ၀ဆိုတာတိုတိုလေးပါ
။ ပြီးတော့အရမ်းကိုရခဲလှပါတယ်။ ခုလိုရခဲလှတဲ့လူဘ၀မှာ ရှေ့မှာဘာဖြစ်မယ်ဆိုတာ ဘယ်သူမှမသိပါဘူး။ ခုအသက်ရှင်နေပေမဲ့ ခဏနေဘာဖြစ်မယ်ဆိုတာဘယ်သူမှမသိပါဘူး။ အဲ့ဒါကြောင့် ဒီတိုတောင်းလှတဲ့လူ့ဘ၀မှာ ကျွန်မတို့တွေဟာ လူတွေနဲ့ ပြောဆို၊ ဆက်ဆံရမယ်။ လူတိုင်းလူတိုင်းမှာပတ်ဝန်းကျင်ဆိုတာရှိပါတယ်။ အဲ့ဒီ့ ပတ်ဝန်းကျင်က လူတွေထဲမှာ ကောင်းတာလဲရှိမယ်၊ မကောင်းတာလဲရှိမယ်။ ကိုယ်ကိုတိုင်ကလဲပတ်ဝန်းကျင်နဲ့အဆင်ပြေအောင်နေရပါမယ်။ဒါပေမဲ့ကိုယ့်ဘက်ကမြဲကောင်းနေဖို့တော့လိုပါတယ်။ ကြာလာရင် မကောင်းတဲ့လူကလဲ ကိုယ့်ရဲ့စေသနာတွေ၊ မေတ္တာတွေကို နားလည်လာပါလိမ့်မယ်။ ကောင်းတဲ့လူကလဲကောင်းပြီးရင်း ကောင်းနေပါလိမ့်မယ်။ ပတ်ဝန်းကျင်မှာ ကိုယ့်ထက်သာတဲ့လူလဲရှိမယ်၊ ကိုယ့်ထက်နိမ့်ကျတဲ့လူလဲရှိမယ်။ ကိုယ့်ထက်သာတဲ့လူကိုလဲ မနာလိုစိတ်တွေ မထားပဲ သူကောင်းတာလေးကို ကိုယ်က မုဒိတာပွားနေလိုက်ပါ။ ကိုယ့်ထက်နိမ့်တဲ့လူကိုလဲ ဂရုဏာထားလိုက်ပြီးတော့ တတ်နိုင်သလောက် ကူညီပါ။ သူတို့တွေကို နှိမ်ပြီးမဆက်ဆံမိဖို့တော့ ဂရုစိုက်ပါ။ တစ်ယောက်နဲ့တစ်ယောက် မာန်၊ မာန၊ဒေါသ တွေ မုန်းတာတွေမထားနိုင်အောင်ကြိုးစားပါ။ ဘာဖြစ်လို့လဲဆိုတော့ လူတွေတစ်ယောက်နဲ့တစ်ယောက်တွေ့တယ် ဆိုတာ ခွဲခွာ ဖို့အတွက်တွေ့လာကြတာပါ။ တစ်ကယ်တော့ ဘ၀ ဆိုတာ ဗေဒါပင်လေးတွေလိုပါပဲ။ ဗေဒါပင်လေးတွေဟာ ချောင်းထဲမှာ အများကြီးရှိကြတယ်။ ဗေဒါပင်လေးတွေဟာ လေတိုက်တိုင်းမျောလာလိုက်၊ တခြားဗေဒါပင်တွေနဲ့တွေ့လိုက်၊ နောက်ထပ်လေတိုက်လိုက်ရင် အရင်ဗေဒါပင်တွေနဲ့ခွဲခွာပြီး နောက်ဗေဒါပင်တွေနဲ့တွေ့လိုက် ဒီလိုနဲ့သံသရာလည်နေကြတယ်။ အဲ့ဒီလို့ပဲ ဘ၀ဆိုတဲ့ ချောင်းထဲမှာ ကံကြမ္မာဆိုတဲ့ လေတိုက်တိုင်း လက်ရှိလူတွေနဲ့ခွဲခွာရ၊ လူသစ်တွေနဲ့ထပ်တွေရနဲ့ သံသရာလည်နေတယ်။ သံသရာဟာဘယ်မှစလို့ ဘယ်မှာဆုံးတယ်ဆိုတာမသိပေမဲ့ သံသရာပြတ်အောင်တော့လုပ်လို့ရပါတယ်။သံသရာပြတ်ချင်ရင် နိဗ္ဗာန် ရောက်အောင်ကျင့်ကြံရပါမယ်။ ခုဏကဟာဆက်မယ် နော်....အဲ့ဒီလို တွေ့တုန်းဆုံတုန်း ခဏမှာ တစ်ယောက်နဲ့တစ်ယောက် တတ်နိုင်သလောက်ကြင်နာကြပါ၊ နွေးထွေးတဲ့မေတ္တာတွေကို ပေးကြပါ၊ တတ်နိုင်သလောက်ကူညီကြပါ။ ဖြစ်နိုင်ရင် လောဘ၊ ဒေါသ၊ မောဟ၊ မနာလိုဝန်တိုစိတ်တွေ၊ မထားပဲ...တစ်ယောက်နဲ့တစ်ယောက် နားလည်မှုပေးကြပါ။သူတို့တွေနဲ့ငါဟာခွဲခွာရမှာပါလား ဆိုတဲ့အသိစိတ်လေးဝင်ပြီး တွေ့နေတဲ့ခဏမှာ အမြဲတမ်းကောင်းအောင်ကြိုးစားပါ။ခွင့်လွှတ်စရာရှိရင်လဲမြန်မြန်ခွင့်လွှတ်လိုက်ပါ။ ပျော်ရွှင်စရာရှိရင်လဲ ဝေငှပါ။ ၀မ်းနည်းစရာများကိုလဲ မျိုသိပ်မထားပါနဲ့။ မကောင်းတာတွေ့လဲတားပါ။အဲ့ဒါကြောင့်
လမ်းခွဲမှာ အပြုံးလေးနဲ့ပဲလမ်းခွဲနိုင်အောင်လုပ်ကြပါ
နောင်တဆိုတာနောက်မှရတတ်သလို....နောက်မှနောင်တရတယ်ဆိုတာ လူ ညံ့တွေရဲ့အလုပ်ပဲ။
လမ်းခွဲမှာ အပြုံးလေးနဲ့ပဲလမ်းခွဲနိုင်ရင်နောင်တဆိုတာရမှာမဟုတ်ပါဘူး။


သူငယ်ချင်းတို့ရေ ကျွန်မကိုယ်တိုင်လဲကောင်းအောင်ြ
ကိုးစားနေပါတယ်။ အဲ့ဒီ့တော့သူငယ်ချင်းတို့လဲဒီစာလေးကိုဖတ်ပြီးလမ်းခွဲမှာ အပြုံးလေးနဲ့ပဲခွဲနိုင်ကြပါစေနော်။

0 comments:

Post a Comment

thank you for your comment