ကလေးတစ်ယောက်က လမ်းပေါ်မှာ ငိုနေသတဲ့။
အဲဒါ ..တွေ့တဲ့လူကြီးတစ်ယောက်က မေးတာပေါ့
ဘာဖြစ်လို့ ငိုနေတာလဲ ကလေး ?
အိမ်မှာ သားဖေဖေနဲ့ မေမေ ရန်ဖြစ်နေလို့ပါလို့ ပြန်ဖြေတယ်တဲ့ ..ကလေးက ။
ဒါနဲ့ အဲဒီလူကြီးက ....သြော်... မငိုပါနဲ့ကွ မင်းအိမ်ကို ဦးဦးပြန်လိုက်ပို့ပေးမယ်..မင်းဖေဖေက ဘယ်သူတုန်း-လို့လဲမေးလိုက်ရော ကလေးလေးက ပြန်ဖြေရှာတယ် ...
(( သားဖေဖေကလဲ အဲဒါကိုပဲ မေးမေးပြီး မေမေ့ကို ရိုက်နေတာတဲ့ ))

သားငယ်သည် အမေဖြစ်သူအား ရှေ့ကကြည့်လိုက် နောက်ကကြည့်လိုက် ဘေးတိုက်ကြည့်လိုက်နှင့်
အပြန်ပြန် အလှန်လှန် ကြည့်သည်။ကြာသော် အမေဖြစ်သူ စိတ်မရှည်တော့သည်နှင့် ဒေါသသံဖြင့်
ပြောသည်။
``ဟဲ့ ကောင်လေး ဘာဖြစ်လို့ ငါ့ကို ဒီလောက်ကြည့်နေတာလဲ။´´
``ဖေဖေ ပြောတာမှန် မမှန်သိချင်လို့ပါ။မေမေ၊ ဖေဖေက အိမ်က အစေခံ မကျော့ကိုပြောတယ်၊
`ငါတို့ နှစ်ယောက် နေတာထိုင်တာ သတိထားရမယ်၊ငါ့မိန်းမရဲ့ နောက်စေ့မှာလည်း မျက်စိပါတယ်`
တဲ့။´´

အစ်ကိုဖြစ်သူက ညီဖြစ်သူကို ကွန်ပြူတာသင်ပေးရင်း စိတ်မရှည်တော့သဖြင့် အော်၍… "ဟေ့ကောင် Cancel လုပ်ဖို့ပြောနေတာ Cancel Cancel !!!!…" ထိုစဉ် အိမ်ရှေ့ခန်းတွင် သတင်းစာဖတ်နေသော အဖေဖြစ်သူက… "သားကြီးရေ ညီလေးကို အဲ့ဒီလောက်ထိ မခိုင်းပါနဲ့ကွာ မနေ့ကဘဲ မောင်ပုကို ကန်ထဲကနွံတွေရော အကုန်ဆယ်ပြီး ဆေးခိုင်းလိုက်ပြီးပြီ။"
ကွန်ပြူတာတက်နေသော ကျောင်းသားကို သူ့အမေကစိတ်ပူသော အသံဖြင့်…
"သားရေ ကွန်ပြူတာသုံးရင် နှာခေါင်းအုပ်လေးဘာလေး အုပ်ပြီးသုံးနော် ကွန်ပြူတာပိုးတွေ သောင်းကျန်းနေတယ်ဆိုလားဘဲ အမေဈေးထဲကကြားခဲ့လို့။" အမွှာလေးနှစ်ယောက်ကို ရေချိုးပေးပြီး အမေလှည့်ထွက်မယ်အပြုမှာ ကလေးနှစ်ယောက်ဆီက ရီသံကို ကြားလိုက်တယ်။
အမေ "ဘာလို့ ရီတာလဲ"
အမွှာထဲကတစ်ယောက် "ကိုကို့ကို မေမေ ရေနှစ်ခါချိုးပေးပြီး သားကိုတော့ ချိုးမပေးဘူး"


ရွှာတစ်ရွာမှာ ဦးခန့်၊ ဒေါ်ချော နဲ့ သားမောင်လူလှတို့ ရှိသတဲ့။
ဦးလှဟာ တခြားကိစ္စတွေ မကြွားဝါတတ်ပေမဲ့ သူငယ်ငယ်က ဘယ်လိုစွံတာ၊ မိန်းကလေးတွေ သူ့ကိုဘယ်လိုကြိုက်ကြတာ၊ ဘယ်သူဘယ်ဝါနဲ့ ဘယ်လို မလွတ်မကင်းဖြစ်ခဲ့တာတွေကို အရသာခံပြီး ကြွားလေ့ရှိလို့ သူ့မိန်းမဒေါ်ချောက အမြင်ကပ်သတဲ့။
သူတို့ရဲ့သားလေး မောင်လူလှက လူပျိုအရွယ်ရောက်လာတော့ တောင်ဘက်ရွာကို လူပျိုလှည့်သွားဖို့ အဖေကို ခွင့်တောင်းတယ်။
အဖေ။ ။ - ဟေ့ ငါ့သား တောင်ဘက်ရွာဆို အဖေနဲ့ကင်းတဲ့သူမရှိတော့ အကုန်လုံးက မင့်နှမတွေဖြစ်တယ်ကွ ... ငရဲတွေကြီးကုန်ပါ့မယ်ကွာ -
သား ။ ။ - ဒါဆို မြောက်ဘက်ရွာကို သွားမယ်အဖေ -
အဖေ ။ ။မြောက်ရွာလဲ အဖေနဲ့မလွတ်ဘူးငါ့သား ... အိုကွာ .. ပြောရရင် အရှေ့ရွာ အနောက်ရွာတွေအကုန်လုံး .. အဖေ့ကိုကြိုက်ခဲ့ကြတဲ့ မိန်းမတွေချည်းပဲဆိုတော့ ... သူတို့ရဲ့ သမီးတွေက.. .. မင်းနဲ့ဆို မောင်နှမတော်တယ်ကွ ..မိုးကြိုးပစ်ပါ့မယ် ငါ့သားရယ် -
... အဲဒီလိုကြားရတာတွေ နားကြားပြင်းကပ်လာတဲ့ ဒေါ်ချောက..သူ့သားကို လှမ်းအော်ပြောလိုက်တာကတော့ ...
- သွားသာသွား ငါ့သားရေ .. သားကြိုက်တဲ့ရွာကိုသာ လူပျိုလှည့် ... မင်းအဖေပြောတာနားထောင်မနေနဲ့ ..မင်းကို သူနဲ့ရပြီးမွေးခဲ့တာမဟုတ်ဘူး -
တစ်ခါက လူသားစားတဲ့တောက လူရိုင်းသားအဖဟာ အိမ်မှာချက်ဖို့
အသားမရှိတော့တာနဲ့ မြီု့အစွန်နားအထိတက်လာကြတယ်။
တွေ့တဲ့သူကိုဖမ်းခေါ်လာပြီး ချက်စားဖို့ပေါ့။ ဒီလိုနဲ့
လူအရိပ်အခြေစောင့်နေတုန်း သူတို့နားကိုမိန်းမ ပိန်ပိန်တစ်ယောက်
ဖြတ်လာတယ်။
သားကမေးတယ်။
အဖေ ၊ အဲဒီမိန်းမကို ချက်စားရအောင် ဖမ်းသွားမလားဆိုတော့ အဖေက -
နေဦး ဒီမိန်းမက ပိန်လွန်းတယ်။ အရိုးကြီးပဲ။ စားလို့မကောင်းဘူး။
နောက်မိန်းမ၀၀တစ်ယောက်ဖြတ်လာတော့  သားကမေးတယ်။
အဖေ ၊ ဒီတစ်ယောက်က ၀၀တုတ်တုတ်ကြီး စားလို့ကောင်းမယ်။ ဖမ်းသွားရအောင်။
အဖေကလည်း - ဒီတစ်ယောက်က ၀လွန်းတယ်။ ငါတို့စားလို့ကုန်မှာမဟုတ်ဘူးတဲ့။
ဒီလိုနဲ့ စောင့်ကြည့်နေရင်း ကိုယ်လုံးကိုယ်ထည် လှလှပပ မိန်းမတစ်ယောက်ဖြတ်လာတယ်။
သားကလည်း - အဖေ ၊ ဒီတစ်ယောက်ဆို အနေတော်ပဲ။ ပိန်လည်းမပိန် ၀လည်းမ၀ဘူး။
ဖမ်းသွားရအောင် လို့မေးတယ်။
အဖေကလည်း - ဟုတ်တယ်၊ ဒီတစ်ယောက်ကအတော်ပဲ။ ဖမ်းသွားရအောင်။ အိမ်ရောက်ရင်
မင်းအမေကိုချက်စားကြတာပေါ့ သားရယ်။ တဲ့ …

သား - "မေမေ၊ ကနေ့သား ဖေဖေ နဲ့ ဘစ်စ်ကား စီးနေတုန်း ဖေဖေ က သား ထိုင်နေ
တဲ့နေရာကို ဖယ်ခိုင်းပြီး အန်တီကြီး တစ်ယောက်ကို ပေးထိုင်တယ်မေမေရဲ့"
အမေ - "အော် သားရယ်၊ ဒါ ကုသိုလ် ရတဲ့ အလုပ်ပဲလေ ဘာဖြစ်လို.လဲ သားရဲ့"
သား - "သား က ဖေဖေ့ ပေါင်ပေါ်မှာ ထိုင်နေတာနော်၊မေမေ"

လင်မယားနှစ်ယောက်တွင် သားလေးယောက်ရှိသည်။ ထူးဆန်းသည်မှာ အကြီးသုံးယောက်မှာ
ဆံပင်နီနီ၊ အသားလတ်လတ်၊ အရပ်မြင့်မြင့်ဖြစ်သည်။ အငယ်ဆုံးမှာ ဆံပင်နက်နက်နှင့်
အရပ် ပုပုဖြစ်သည်။ ဖခင်ဖြစ်သူသည် နောက်ဆုံးတွင် မကျန်းမမာဖြစ်ပြီး သေလုဆဲဆဲတွင်
ဇနီးဖြစ်သူကို သေချာ မေးလိုက်သည်။ -အချစ်ရယ် ကိုယ်မသေခင် ကိုယ့်ကို ရိုးရိုးသားသား ပြောစမ်းပါ။ အငယ်ဆုံး သားလေးက
ကိုယ့်ရဲ့ ကလေးဆိုတာ။ - ဘုရားအဆူဆူကို ကျိန်ပြီး ပြောရဲပါတယ်။ ရှင့်သားမှ ရှင့်သား အစစ်ပါ။
ဟု ဇနီးဖြစ်သူက ပြန်ပြောလိုက်သည်။ ထိုစကားကို ကြားပြီးသည်နှင့် ခင်ပွန်းဖြစ်သူသည် ပြုံးလျှက် ကွယ်လွန်သွားသည်။
ထိုအခါ ဇနီးဖြစ်သူက ရေရွတ်ပြောဆို လိုက်သည်။
တော်သေးတာပေါ့ ... တခြား သုံးယောက်ကို မေးမသွားလို့

အထူးစည်းကမ်းတင်းကြပ်သည်ဟု နာမည်ကြီးသော လန်ဒန်မြို့ရှိ
ကျောင်းအိပ်ကျောင်းစားကျောင်း တစ်ခုသို့ တွမ်.. ဆိုသူ
ကျောင်းသားအသစ်တစ်ယောက်ရောက်ရှိလာသည်။
ဤကျောင်းသည် စည်းကမ်းကြီးလှကြောင်း မိဘများသို့ စာရေးလျှင် မလိုအပ်သည်များကို
မရေးသင့်ကြောင်း ကျောင်းသားကြီးများက တွမ် ကိုသတိပေးသည်။
အချိန်အနည်းငယ်အကြာတွင် တွမ်.. ထံမှ ပထမဆုံးစာကို တွမ်၏ မိဘများ
လက်ခံရရှိကြသည်။
စာမှာတိုတိုလေးဖြစ်သည်။
"ဖေဖေ.. မေမေတို့ခင်ဗျား... ကျွန်တော်တို့၏ ကျောင်းတွင် ကျောင်းသားပေါင်း ၃၈၇ ယောက်ရှိပါသည်။
ကျောင်းသားဦးရေ ၃၈၆ ယောက်သာဖြစ်စေလိုသော ဆန္ဒ ကျွန်တော့တွင် ပြင်းပြလျက်ရှိပါသည်"
ချစ်တဲ့သား.. တွမ်"


0 comments:

Post a Comment

thank you for your comment