နှလုံးသား အနှိုင်းမဲ့ဆိုတာ
နွေအကြိုဖူးတဲ့ နွေဦးလို
ဆောင်းအကြိုမြူးတဲ့ ဆောင်းဦးလို
ရင်ခွင်ဖူးဖူးမှာ အချစ်ရူးခဲ့လေခြင်းလား ...
နှောင်တွယ်စရာတွေနဲ့ ရှောင်ဖယ်မရနိုင်ခဲ့သော
ဒီ ... အမျှင်လေးတခုက
ဖျောက်ဖျက်ဖို့ခက် တွယ်နှောင်ယှက်နေတယ် ...

ရင်မှာအနှိုင်းမဲ့လို့ အကြင်နာ တံတိုင်းတဖက်မှာ
တိတ်တိတ်လေးငို အရိပ်ခိုနေရပေမယ့်
မမေ့ရက်နိုင် တသက်တိုင်မယ်ဆိုတာ ...
ဝမ်းတွင်းဝပ်ဆင်း သိုသိပ်ရင်းနဲ့
ဆန္ဒပြင်းပြင်းလည်း သော့ခတ်သိမ်းလို့ ...
ဆယ်ကာမရတဲ့ သိက္ခာတခြမ်းနဲ့
မာနနှုတ်ခမ်းပေါ်မှာလည်း
ပေးဆပ်ရခြင်းကိုက အသည်းတွေတဖြုတ်ဖြုတ်ကြွေ
အိပ်မက်တစ္ဆေတွေနဲ့ အိပ်ပျက်ညတွေပြည့်ကျပ်နေ ...
...............................
......................................

ဝက်တွေက အယူမသီးဘူးလေ.....by july dream


ငယ်ငယ်တုန်းက တက်ခဲ့တဲ့ အလယ်တန်းကျောင်းဘေးမှာ အစိုးရသစ်စက်ဝင်းကြီးရှိတယ်။ သစ်စက်ဝင်းရဲ့ အနောက်ထဲမှာ ၀န်ထမ်းတန်းလျားကြီး ရှိတယ်။ အဲဒီဝန်ထမ်းတန်းလျားမှာ ကျောင်းက သူငယ်ချင်းတွေ ရှိကြတော့ မကြာခဏ ရောက်ဖြစ်တယ်။ သစ်စက်ဝင်း ၀င်ပေါက်က လူတကာ ပေးမ၀င်ဘူး။ အဲဒီတော့ တန်းလျားထဲကို သွားချင်ရင် ရထားလမ်းဘေး လူသွားလမ်းကနေ သွားရတယ်။ ရထားလမ်းဆိုတဲ့အတိုင်း ကျူးကျော်တဲတွေ အများကြီး ရှိသလို ၀က်တွေလည်း ခြံခတ်ပြီး မွေးထားကြတယ်။

တစ်ရက်မှာ ကျွန်တော်လည်း သူငယ်ချင်းဆီ အသွား လမ်းတ၀က်မှာ ၀က်သိုးကြီးတစ်ကောင်ကို ဂါလီပေါ်မှာ တင်လာတာ တွေ့ရတယ်။ ဂါလီဆိုတာ ဆိုက်ကားလိုပဲ။ ဒါပေမယ့် လူစီးဖို့ မဟုတ်ဘူး။ ပစ္စည်းတင်ဖို့ပါ။ ၀က်ပိုင်ရှင်ကလည်း ဂါလီဘေးကနေ လိုက်လာတယ်။ ရထားလမ်းဘေးက လူသွားလမ်းလေးကို ဂါလီကြီး တွန်းဝင်လာတော့ လူတွေတောင် သွားရလာရ ခက်ကုန်တယ်။ ဂါလီပေါ်က ၀က်သိုးကလည်း ငြိမ်ငြိမ်မနေတော့ ဂါလီလည်း ယိမ်းထိုးနေတာပါပဲ။ ၀က်ခြံတစ်ခု အရှေ့ရောက်တော့ ဂါလီ ရပ်သွားတယ်။ အဲဒီခြံထဲမှာက ၀က်မတစ်ကောင် ရှိနေတယ်။ လူတွေက ၀က်သိုးကြီးကို မနိုင်မနင်းဝိုင်းပြီး မကြတယ်။ ပြီးတော့ ၀က်မခြံထဲ ထည့်လိုက်တယ်။ အဲဒီလို ၀က်မင်္ဂလာဆောင် လုပ်ပြီးတော့ ၀က်ကလေးတွေ မွေးလာရင် ၀က်သိုးပိုင်ရှင်လည်း အချိုးကျ ဝေစုရတယ် ဆိုပဲ။

ဟိုတလောက အမေရိကားမှာနေတဲ့ အစ်ကိုတစ်ယောက် ရန်ကုန်ပြန်ပြီး ဇနီးလောင်း ရှာတယ်။ ထုံးစံအတိုင်း နီးရာနီးရာ စပ်ကြဟပ်ကြပေါ့။ ညီဖြစ်တဲ့ ကျွန်တော့်ဆီကိုလည်း အကူအညီ လှမ်းတောင်းလို့ ၀ိုင်တီယူက သူငယ်ချင်းတစ်ယောက်ရဲ့ ညီမနဲ့တောင် ချိတ်ပေးလိုက်သေးတယ်။ ဓါတ်ပုံတွေ ကိုယ်ရေးအချက်အလက်တွေ တောင်း၊ ဟိုဘက်ရော ဒီဘက်ရော အီးမေးလ်တွေ ပို့ပေး၊ ကြားထဲက ငထွားခါးနာရပြီး အလုပ်တွေတောင် များကုန်တယ်။ အားလုံး အိုခေပြီ ဆိုတော့ ကိုယ်တော်က ရန်ကုန်ဆင်းပြီး လာကြည့်တယ်။ သူလည်း သဘောကျတယ်တဲ့။ ဒါပေမယ့် ဆင်ပြောင်ကြီး အမြီးကျမှ တစ်ပါလေရော။ အမေရိကားမှာနေတဲ့ သူ့အဖိုးက ကန့်ကွယ်တယ်တဲ့။ မိန်းခလေးက ခွေးနှစ်ဖွားဖြစ်လို့ မကြိုက်ဘူးတဲ့။ အဖိုးကြီးရဲ့ ချွေးမတစ်ယောက်လည်း ခွေးနှစ်ဖွားပဲ။ အဲဒီချွေးမက ရန်လိုပြီး ဟောင်ဖွာဖွာ လုပ်တတ်လို့ ခွေးနှစ်ဖွား မယူရဘူးဆိုပြီး ဖုန်းဆက် တားပါလေရော။ အဲဒါနဲ့ အဲဒီဇာတ်လမ်းလေး ပလုံသွားတယ်။

အဲဒီဇာတ်လမ်း ပလုံသွားတော့ နောက်ထပ် ဇာတ်လမ်းတစ်ခုကို အမျိုးတွေက စီစဉ်ပေးကြတယ်။ ရန်ကုန်က ဟိုတယ်ပိုင်ရှင်တစ်ယောက်ရဲ့ သမီးနဲ့ ချိတ်ပေးတယ်။ ဟိုတယ်ကို သွား၊ ညစာတွေ စား၊ စကားတွေ ပြော၊ အိုခေ စိုပြေလို့။ မိန်းခလေးကလည်း ချောပါတယ်။ ပညာတတ်လည်း ဖြစ်တယ်။ ထုံးစံအတိုင်း ဘုံကျောင်းမှာ စာသွားချတော့ အဲဒီတစ်ယောက်ကို ယူရင် မိသားစုထဲက အသက်ကြီးကြီး ခြေနှစ်ချောင်း ထွက်ပါမယ်ဆိုလို့ တပ်ခေါက်သွားရတယ်။ အသက် ၈၀ ကျော် သူ့အဖိုး သေမှာစိုးလို့ မယူရဲတော့ဘူးတဲ့။ ဒီမိန်းခလေးကို မယူပဲ တခြားတစ်ယောက်နဲ့ ယူလည်း အသက်ကြီးကြီး ခြေနှစ်ချောင်းက ထွက်ချိန်တန်ရင် ထွက်မှာပဲလေ။ ဘာတွေ အယူသီးနေကြလည်း မသိဘူး။

ကျွန်တော် ရန်ကုန်ကို ဖေဖော်ဝါရီလ ပြန်တုန်းက အိမ်မှာလည်း မာမားနဲ့ စကားစပ်မိရင်း ဓမ္မာသောက အင်းဝရာဇာအကြောင်း ငြင်းကြသေးတယ်။ အိမ်ထောင်ဘက် မဖြစ်ရဘူးဆိုတဲ့ မွေးရက်တွေ အကြောင်းပေါ့။ ကျွန်တော်က အယုံအကြည် မရှိကြောင်း အဆို တင်သွင်းတော့ မာမားက သိပ်သဘောကျပုံ မရဘူး။ ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်း မလွယ်နဲ့ဆိုပြီး ပြောနေသေးတယ်။ ကျွန်တော်လည်း ချက်ကျလက်ကျ ဖြေရှင်းချက် မထုတ်နိုင်သေးတော့ ဆက်ငြင်းမနေတော့ဘူး။ ရန်ကုန်မှာရှိတုန်းက လမ်းမတော်ဘက်ကို ရောက်သွားရင်း သရက်တောကျောင်းတိုက်ဘက် သွားလိုက်တယ်။ အဲဒီကျောင်းတွေမှာ ဒေါက်တာဘွဲ့ရ ဆရာတော်တစ်ပါး သီတင်းသုံးနေပါတယ်။ ဆရာတော်က အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်မှာ ပါမောက္ခ၊ ဌာနမှူးပါ။ အဲဒီတက္ကသိုလ်က မရမ်းကုန်း စွယ်တော်ဘုရားနားမှာ ရှိပါတယ်။

ဆရာတော်ကို ဦးချကန့်တော့ပြီး စိတ်ထဲမှာ ကျလိကျလိ ဖြစ်နေတဲ့ ဓမ္မာသောက အင်းဝရာဇာ အကြောင်းကို မေးလျှောက်လိုက်တယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ အိမ်ထောင်ဘက်ကို ဘယ်လို ရွေးရမလဲပေါ့။ ဆရာတော်က မိန့်တော်မူတယ်။ အိမ်ထောင်ဘက် ပါရမီဖြည့်ဘက်ဆိုတာ အတော်ကို အရေးကြီးတဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် ဓမ္မာသောက အင်းဝရာဇာ ဆိုတာ ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ မပါပါဘူးတဲ့။ ပါရမီဖြည့်ဘက်နဲ့ ပတ်သက်ပြီး မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဟောတော်မူခဲ့တာက... သမ္မာသတ္တ၊ သမ္မာစိတ္တ၊ သမ္မာသီလ ဆိုပြီး အကြောင်းအရာ ၃ မျိုးနဲ့ ပြည့်စုံရမယ်တဲ့။

သမ္မာသတ္တ = တူညီသော ယုံကြည်မှု ရှိရမယ်...
သမ္မာစိတ္တ = တူညီသော စိတ်နှလုံး ရှိရမယ်...
သမ္မာသီလ = တူညီသော အကျင့်ဖြူစင်မှု ရှိရမယ်... အဲဒီ ၃ မျိုး တူညီပြည့်စုံရင် ပါရမီဖြည့်ဘက် ဖြစ်ပြီတဲ့။

လောကမှာ လင်မယား ၄ မျိုးရှိတယ်ဆိုတာကိုလည်း ဆရာတော်က ဟောသေးတယ်။
နတ်သားနဲ့တူသော လင်၊ လူသေနဲ့ တူသော မယား
လူသေနဲ့တူသော လင်၊ နတ်သမီးနဲ့ တူသော မယား
လူသေနဲ့တူသော လင်၊ လူသေနဲ့ တူသော မယား
နတ်သားနဲ့တူသော လင်၊ နတ်သမီးနဲ့ တူသော မယား
နတ်သားနဲ့ တူသော လင်ဆိုတာ လင့်ဝတ္တရားတွေ ကျေပွန်ပြီး မယားအပေါ်မှာ စောင့်ရှောက် ဖေးမ ကြင်နာတဲ့ ယောကျာ်းကို ဆိုလိုတာပါ။ နတ်သမီးနဲ့တူသော မယားဆိုတာ မယားဝတ္တရားတွေ ကျေပွန်ပြီး ခင်ပွန်းအပေါ်မှာ ချစ်ခင် ကြင်နာ ဖြည့်ဆည်းပေးတဲ့ မိန်းမကို ဆိုလိုတာပါ။ လူသေဆိုတာကတော့ လူသေကောင်လိုပဲ ချစ်ခင် ကြင်နာမှုတွေ မရှိ၊ ဘာတစ်ခုမှ မလုပ်ချင် မကိုင်ချင်၊ အပျင်းတွေ တစ်ပြီး ၀တ္တရားတွေ လစ်ဟင်းနေတာမျိုးပါ။ ဒါကြောင့် လူသေလင်မယားမျိုး မဖြစ်စေပဲ နတ်သားနတ်သမီး လင်မယားမျိုးဖြစ်အောင် ကျင့်ကြံနေထိုင် အားထုတ်ရင်လည်း အိမ်ထောင်ဘက်ကောင်းတွေ ဖြစ်ကြမှာပါပဲတဲ့။

ဆရာတော် ဟောပြလိုက်တော့လည်း အိမ်ထောင်ဘက်ရွေးတဲ့ကိစ္စ ရှင်းသွားတာပဲ။ မှုန်ဝါးဝါး မြင်ကွင်းတွေ ကြည်လင်သွားတယ်။ မာတာမိခင်ကို ပြေလည်ချေပ လမ်းပြဖို့ စကားအနှစ်တွေ ရလိုက်တယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အဲဒီဓမ္မာသောက အင်းဝရာဇာ အယူက ကျွန်တော့်ဘ၀မှာ သပွတ်အူလို လာရှုပ်နေနိုင်တယ်။ နေ့မတည့် နံမတည့်ဆိုတာကြီးကြောင့် ချစ်ရဲ့နဲ့ဝေးခဲ့ရတဲ့ ချစ်သူတွေ ဘယ်လောက်များ ရှိကုန်ပြီလဲ။ တချို့အယူအဆတွေဟာ သေသေချာချာ ဂဃနဏ မသိပဲ လေသံကြား ဖမ်းတရားနာနေကြတာပါ။ အဲဒီတော့ ဘေးထွက်ဆိုးကျိုးတွေကို ခံရတာပေါ့။ ကျွန်တော့်အလှည့်မှာတော့ အဲဒါကြောင့် ဝေးရတယ် ဆိုတာမျိုး လုံးဝ အဖြစ်မခံနိုင်ပါဘူး။ ဒါကြောင့် အခုကတည်းက သေချာရှင်းလင်းအောင် မေးမြန်းထားတာပေါ့ကွယ်။

လောလောဆယ်တော့ အမေရိကားက အစ်ကို မြန်မာပြည်ပြန်ပြီး မိန်းမရှာနေရတာကို မြင်တော့ ကျွန်တော့် မျက်စိထဲမှာ ၀က်သိုးကြီးကို ပိုတော်တယ်လို့ မြင်မိလာတယ်။ အစ်ကိုခင်မျာ... ၀က်ပျိုမတွေ ရှိတဲ့ခြံတွေကို ဂါလီကြီးစီးပြီး သွားနေရပေမယ့် ရည်မှန်းချက် မရောက်ရှာဘူး။ ငယ်ငယ်တုန်းက မြင်ခဲ့တဲ့ ၀က်သိုးကြီးနဲ့ ယှဉ်လိုက်ရင် သူက ညံ့နေသလားပဲဗျာ။ အဖြေက ရှင်းရှင်းလေးပါ။ ၀က်တွေက အယူမသီးဘူးလေ။
သူငယ်ချင်းများအတွက် မှတ်သားဖွယ်ရာ စာစုလေးပါ
ဘာပဲဖြစ်ဖြစ် စိတ်ထဲမှာ ကျေနပ်မှု တစ်ခု ရသွားတယ်ဆိုရင်
ပျော်ရွှင်ပါတယ် ..............................
.......................

လူ့ဘဝ၏အောင်မြင်တိုးတက်ခြင်းသို
့သွားရာလှေခါး(၃၀)
၁။ ကတိအပေးနည်းပါစေ။
၂။ အမှန်ကို အမြဲပြောပါ။
၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။
၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။
၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။ှ
၆။ မိမိ၏ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစ။
၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။
၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။
၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။
၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။
၁၁။ အကျင့်စာရိတ္တကောင်းခြင်းမွန်သည်
သာ ဘဝ၏အောင်မြင်တိုးတက်ခြင်းကြို
ဖစ်စေသည်။
၁၂။တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။
၁၃။ သင်၏ပျော်ရွှင်ချမ်းမြေ့ခြင်းသည် သင့်၏ကျေနပ်မှုနှင့်
လုပ်ငန်းအပေါ်မှာမူတည်ပါလိမ့်မယ်

၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ်မပြုလုပ်သင့်။
၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်ရ်ျပြောပါ။
၁၆။ မယားတစ်ယောက်ကို လုပ်ကြွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။
၁၇။ ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်က ချွေတာစုဆောင်းရာ၏။
၁၈။ အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအားမလိုက်စားသင့်

၁၉။သူတစ်ပါးတို့အားကူညီရာတွင် ကဲ့ရဲ့ ပြစ်တင်ရှုတ်ချမှုကိုဂရုမစိုက်သင်
့။
၂၀။ ကောင်းသောစိတ်ထားခြင်း၊ကောင်းေ
သာစကား ဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။
၂၁။ မှန်မှန်ကန်ကန်နှင့်ကြိုးစားမှုေ
ကြာင့်တိုးတက်ခြင်းသည်
ထိုက်တန်အောင်မြင်ခြင်းဖြစ်၏။
၂၂။ ညအိပ်ယာဝင်သည့်အခါတစ်နေ့တာလုပ်ေ
ဆာင်ခဲ့သမျှကို ပြန်လည်သုံးသပ်ခြင်းသည်
နောက်နေ့လုပ်ဆောင်ရမည့်အလုပ်အတွ
က် တိကျမှုကိုဖြစ်စေ၏။
၂၃။ သင့်အပြုအမူဆောင်ရွက်ချက်မှလွဲ
ရ်ျ သင့်အကျင့်စာရိတ္တကို
ထိခိုက်စေမည့်အကြောင်းမရှိနိင်။
၂၄။ အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ် သုံးသပ်ပြီးမှအကောင်အထည်ဖေါ်ရာ၏။
၂၅။ အလုပ်နှင့်ဘယ်အခါမှ ကင်းကွားမှုမဖြစ်စေပဲ လက်များကိုအကျိုးရှိစွာအသုံးချ
ပါ။
၂၆။ကိုယ့်အကျိုးသာကြည့်ပြီး သူတစ်ပါးအကျိုးမကြည့်သောသူများ
အား
မိတ်ဆွေအဖြစ်မပြုသင့်။
၂၇။အကျင့်စရိုက်ကြမ်းတန်းသူများ
နှင့်အတူတကွမနေသင့်။
၂၈။သြဇာအားဏာရှိသူသော်ငြားလည်း ယုတ်မာရက်စက်လူမဆန်သူများနှင့်ေ
ဝးဝေးနေသင့်၏။
၂၉။သူတော်မဟုတ်သူယုတ်တို့နှင့်
ကင်းကင်းနေက ကိုယ် စိတ်နှစ်ဖြာချမ်းသာရ၏။
၃၀။ကိုယ့်အကျိုး သူ့အကျိုး မျှမျှတတဆောင်ရွက်ငြားက မိတ်ကောင်းသဟာပေါကြွယ်ပါ၏။

ပိုက်ဆံ ဘယ်လောက်သုံးလိုက်တယ်ဆိုတာ ယောက်ျား မသိအောင် ပစ္စည်းပေါ်မှာ ကပ်ထားတဲ့ ဈေးနှုန်းစက္ကူကိုများ ခွာဖူးကြပါသလား။ ဒါမှမဟုတ်၊ ကလေးတွေရဲ့ ကိစ္စတစ်ခုခုကို ဖအေကြီး မသိအောင် ဖုံးထားတာမျိုးရော ရှိလား။ ဒါမှမဟုတ်ရင်လည်း တခြားတစ်ယောက်ယောက်ကို ဖျိုးခနဲ၊ ဖျတ်ခနဲ စိတ်ကစားမိသွားတာကို ခပ်မဆိတ် နေလိုက်ဖူးသလား။

အဲသလိုဆိုရင် အားတက်စရာ စကားလေးတစ်ခွန်း ပြောလိုက်ချင်စမ်းတယ်။ “အဲဒါ ခင်ဗျားတစ်ယောက်တည်း မဟုတ်ဘူးဗျို့”လို့။

အဲ… ဒါပေမယ့် သက်တမ်းကလေး အထိုက်အလျောက် ရင့်မာလာတဲ့ ကျွန်တော့် လူမှုရေး အတိုင်ပင်ခံ သက်တမ်းမှာတော့ ပြဿနာ တက်နေတဲ့ အိမ်ထောင်ရေးတွေရဲ့ အဓိက အကြောင်းရင်းခံဟာ ရိုးသား ပွင့်လင်းမှု နည်းပါးလွန်းလို့ ဖြစ်နေရတာချည်း တွေ့ရပါတယ်။ ကျွန်တော်ကိုယ်တိုင်ရဲ့ အိမ်ထောင်ရေးမှာကျတော့ အတော့်ကို ခိုင်မာတယ်လို့ ဆိုနိုင်တယ်။ တကယ့် ရေစိမ်ခံ အကြမ်းခံ အိမ်ထောင်ရေးဘဝလို့ ဆိုနိုင်တယ်။ သည်အခါ ကျွန်တော့်ကို အောင်မြင်တဲ့ အိမ်ထောင်ရေးရဲ့ သော့ချက်က ဘာလဲလို့ မေးလာမယ်ဆိုရင် ရိုးသား ပွင့်လင်းမှုလို့သာ တန်းဖြေမှာပါ။ ဒါက အတွေ့အကြုံအရ ပြောလိုက်တာဖြစ်ပါတယ်။

တစ်ဖက်ကလည်း ဖတ်မှတ် လေ့လာထားသမျှ စာသိနဲ့ ပြောရရင်လည်း အိမ်ထောင်ရေး အတိုင်ပင်ခံတိုင်းကလည်း ကျွန်တော့်လိုပဲ ရိုးသား ပွင့်လင်းမှုကသာ အခရာဆိုတဲ့ အဖြေကို တစ်ညီတစ်ညွတ်တည်း ပြောကြတာ တွေ့ရ ပါတယ်။

ဒါပေမယ့်လည်း လက်တွေ့ဘဝထဲက အိမ်ထောင်ရေး ၁၀ဝ မှာ ၉၀ လောက်က အိမ်ထောင်ဖက်ချင်း မရိုးသားကြ၊ မပွင့်လင်းကြ၊ မြုံစိစိနိုင်နေကြ၊ မအုံမနွေး လုပ်နေကြ၊ ဖုံးကွယ် သိုဝှက်ထားကြတာတွေက များပါ တယ်။ သည်အခါမှာ ဘာတွေကို မြုံထား၊ ဖုံးထားတတ်ကြပြီး ဘာတွေကိုကျတော့ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောတတ်ကြသလဲဆိုတာကို စူးစမ်းကြည့်တဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်မိရပြန်တဲ့အခါ စာဖတ်သူများကို မျှဝေပေးချင်လာရပြန်တယ်။

ယောက်ျားနဲ့မိန်းမ၊ ဘယ်သူက ပိုပွင့်လင်းသလဲ?

အခြေခံက စပြောမယ်ဆိုရင် အိမ်ထောင်ရေးမှာ စကားအပြောဆုံး လူသားတွေက မိန်းမသားတွေပါ။ အထူးသဖြင့် ကိုယ့် အိမ်ထောင်ရေး အကြောင်းများ ပြောကြစတမ်းဆိုရင် အမျိုးသမီးတွေက ရှေ့တန်းကနေ ကရားရေလွှတ် ပြောတတ်ကြပါတယ်။ စစ်တမ်းတစ်ခုအရဆိုရင် အမျိုးသမီး ၈၃ရာခိုင်နှုန်းက “ကျွန်မတို့အိမ်ထောင်အကြောင်း ပြောရအောင်နော်…” ဆိုတဲ့စကားမျိုးနဲ့ အစချီပြီး ကိုယ့်အိမ်ထောင်ရေး အခြေအနေကို ကိုယ့်လင်သားနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေး တိုင်ပင်ဖို့ ဆောင်ရွက်ကြတယ်လို့ တွေ့ရပါတယ်။


အဲ… သို့ပေမယ့်လည်း အမျိုးသား ၅၇ ရာခိုင်နှုန်းကသာ သူတို့ မိန်းမတွေက သည်ကိစ္စကို ပြောဖို့ အစချီတတ်ကြတယ်လို့ ယူဆပါသတဲ့။
ဘာကြောင့် ကိန်းဂဏန်းတွေက အဲသလောက်ကြီး ကွာခြားနေတာလဲ။

“ကိုယ်လိုချင်တဲ့အချစ်ကိုရယူခြင်း - စုံတွဲများအတွက် လမ်းညွှန်”ဆိုတဲ့ စာအုပ်ကို ရေးသားတဲ့ အိမ်ထောင်ရေးပါရဂူ ဟာဗှစ်လ် ဟဲန်ဒြစ်ခ်စ်က ဖြေပါတယ်။ “ယောက်ျားတွေဟာ သူတို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ ဖော်ပြတတ်ကြတယ်။ အဲသလို ပြတတ်တဲ့ အတွက် အိမ်ထောင်ရေး ပြဿနာတွေ ရှိနေတဲ့အခါမှာလည်း ဆွေးနွေးဖို့ အစဖော်သူလို့ သူတို့ကိုယ်သူတို့တော့ ထင်ကုန်တတ်ကြတာပါပဲ။ တကယ်တမ်းကျတော့ ယောက်ျားတွေအတွက်က ကိုယ့်ခံစားချက်ကို စကားလုံးတွေနဲ့ ဖော်ကျူးဖို့ မိန်းမတွေထက် အပုံကြီး ပိုခက်တာလည်း အမှန်ပဲ”တဲ့။


စစ်တမ်းအရတော့ ပြဿနာတွေကို ဆွေးနွေးဖြစ်တဲ့ဆီအထိ သယ်ဖြစ်လာဖို့ တွန့်ဆုတ်နေတတ်တာဟာ ယောက်ျားတွေ၊ မိန်းမတွေရဲ့ အသက် အရွယ်နဲ့ သိပ်မဆိုင်လှတာကို တွေ့ရပါတယ်။

“စကားပြောတယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် အရာရာကို ပြောဖို့ဆိုတာကကျတော့ဗျာ…။ ဘာပဲဖြစ်ဖြစ်လေ၊ သူနဲ့ ကိုယ်နဲ့ကြားမှာ ကိုယ်ပိုင်ဘဝဆိုတာတော့ ရှိသင့်ပါတယ်”လို့ အိမ်ထောင်သက် ၁၆ နှစ် ရှိတဲ့ လင်သားတစ်ယောက်က ဆိုပါတယ်။


အိမ်ထောင်သက် ၃၃ နှစ် ရှိပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ကတော့ “ကျွန်မတို့ အိမ်ထောင်ရေးမှာ ပြဿနာတွေကို ကွေ့ကွေ့ကောက်ကောက် လိမ်လိမ်ဖယ်ဖယ်နည်းနဲ့ ရင်ဆိုင်ဖြစ်တတ်ကြပါတယ်။ ဆိုလိုတာ ပြဿနာအကြောင်းကို တိုက်ရိုက် မဆွေးနွေးဖြစ်ဘဲ ဝေ့လည်လည် လုပ်ဖြစ်နေတယ်ပေါ့။ ကျွန်မ မိဘတွေလောက်တော့လည်း မပွင့်လင်းကြဘူးပေါ့ရှင်”တဲ့။

“ကျွန်တော့်မိန်းမကပဲ နေရာတကာမှာ ပြောတာပါဗျာ။ သူပြောလို့ ဝတော့မှ ကျွန်တော်က ပြောတာပါ”လို့ အိမ်ထောင်သက် ၄၃ နှစ် ရှိတဲ့ အမျိုးသားတစ်ယောက်က ပြောပြန်တယ်။

အိမ်ထောင်ဖက်တွေ ပြောမပြနိုင်တာတွေက ဘာတွေလဲ?

အဲဒီ့စစ်တမ်းမှာ အံ့ဩစရာကောင်းသွားတာက “ပြောဖြစ်ခဲ့ရင် သိပ်ကောင်းမှာ”လို့ အိမ်ထောင်သည် အတော်များများ၊ အထူးသဖြင့် ယောက်ျားတွေက တဖွဖွ ပြောကြတာပါပဲ။ ယောက်ျားတွေ သိပ်မြုံစိစိ လုပ်တတ်တာပဲလို့ အမျိုးသမီး အစဉ်အဆက်က ညည်းညူတတ်တဲ့ကြားကပဲ စစ်တမ်းအရ တွေ့ရှိရချက်ကတော့ ယောက်ျားတွေလည်း ဘောလုံးပွဲ အကြောင်း၊ ပိုက်ဆံရှာတဲ့အကြောင်းထက်တောင် ကိုယ့်အိမ်ထောင်ရေး အကြောင်းကို ပိုလို့ နက်နက်နဲနဲ ပြောချင်တာကို တွေ့ရပါတယ်။ အဲ… ပြဿနာက သူတို့ ဘယ်လို ပြောရမှန်း မသိကြတာပါပဲ။


စစ်တမ်းအရ အကြီးမားဆုံး အုပ်စုလို့ ပြောနိုင်တဲ့ ၃၈ရာခိုင်နှုန်းသော ယောက်ျားများဟာ သူတို့ရဲ့ ဇနီးမယားတွေက သူတို့ကို အခုထက် ပိုပြီး ယုယုယယ ကြင်ကြင်နာနာ ရှိစေချင်တယ်လို့ ဆိုပါတယ်။ အဲသလို ကြင်နာ ယုယမှုပေးဖို့ကိုလည်း သူတို့ နှုတ်က ရဲရဲရင့်ရင့် ထွက်ဖြစ်ခဲ့ရင် သိပ်ကောင်းမှာလို့လည်း ပြောကြပါတယ်။ သည်နေရာမှာ ကြင်နာယုယမှုဆိုတာဟာ ဖိုမဆက်ဆံရေးကိစ္စနဲ့ မဆိုင်ပါဘူး။


ခင်ပွန်းသည် ပါမောက္ခ ဂျောန် ဂေါ့ထ်မယ်န်နဲ့ တွဲဖက်ပြီး ဆီယက်တယ်လ် ဂေါ့တ်မယ်န် တက္ကသိုလ်နဲ့ အိမ်ထောင်ရေးဆေးခန်း တည်ထောင်ခဲ့တဲ့ စိတ်ပညာ ပါမောက္ခ ဂျူလီ ဂေါ့တ်မယ်န်ကတော့ “ယောက်ျားတွေဟာ ယုယ ကြင်နာမှုကို လိုချင်တယ်လို့ ပြောရမယ့် လူစားတွေ မဟုတ်ဘူးလို့ တစ်သက်လုံး စွဲမှတ်ထားကြပါတယ်။ ထွေးပိုက်တာ၊ ယုယကြင်နာတာကို ခံချင်တယ်လို့ ပြောတာဟာ ပျော့နွဲ့နွဲ့ယောက်ျားတွေမှ ပြောတတ်တဲ့ စကားမျိုးလို့ စွဲနေကြတာကလား။ အဲတော့ ယုယပါ၊ ကြင်နာပါလို့ ပါးစပ်က ပြောထွက်တဲ့ ယောကျာ်းက လက်တွေ့မှာ ဘယ်နှယောက်ရှိမှာလဲ”လို့ ပြောပါတယ်။


သည်နေရာမှာ အိမ်ထောင်သည် ယောက်ျားတွေကို ဆိုလိုတာပါ။ အိမ်ထောင်မကျခင်မှာတော့ ယောက်ျားတွေဟာ ကိုယ့်ကို ကြင်နာပါလှည့်၊ ယုယပါလှည့်၊ သနားပါလှည့်နဲ့ တစာစာ အော်ဟစ် မြည်တမ်းဖို့၊ မျက်ရည်ကျပြဖို့ ဝန်မလေးတတ်ကြပေမယ့် တကယ်တမ်း အိမ်ထောင်ရေးတစ်ရပ်ကို တည်ဆောက်ပြီးချိန်မှာတော့ အဲသလို စကားမျိုးတွေ ပြောလိုက်၊ မျက်ရည်လေး ဝဲပြလိုက်ရင်ပဲ မဟာယောက်ျားမာန မြေသို့ ခတော့မယ့်အတိုင်း ဖြစ်ကုန်တတ်ပါတယ်။ ဒါကို ပြောတာပါ။

၂၆ရာခိုင်နှုန်းသော ယောက်ျား မိန်းမများကတော့ “ကိုယ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေ၊ ကိုယ့်အကြောင်းတွေကို သူက ကိုယ့်ကို ဖွင့်မေးစေချင်တယ်”လို့ ပြောပါတယ်။ ဒါဟာ လင်နဲ့ မယားကြားမှာ ဆက်ဆံရေး ပိုမို ပွင့်လင်းလာအောင် လုပ်ဆောင်ရာမှာ အင်မတန် အကျိုးများစေနိုင်တဲ့ နည်းပါ ပဲ။ “မသိ မေး၊ မစင် ဆေး”လို့ ဆိုတဲ့ စကားအတိုင်းပါပဲ။ တစ်ယောက်အကြောင်း တစ်ယောက် ပိုသိချင်ရင် များများ မေးနိုင်မှ တန်ကာကျမှာပါ။


အဲ… အိမ်ထောင်ရေးတွေမှာ တချို့ကိစ္စတွေကို ဗြောင် ဖွင့် ဆွေးနွေးရ တာခက်လှပေမယ့် တချို့ကိစ္စတွေကျတော့လည်း တစ်ချိန်လုံးကို ပြောဖြစ်နေ တတ်ပြန်ရော။ ၄၁ ရာခိုင်နှုန်းသော မိန်းမတွေနဲ့ ၂၉ ရာခိုင်နှုန်းသော ယောက်ျားတွေ ဂျီကျတတ်တာကတော့ ဖရိုဖရဲနဲ့ ရှုပ်ပွနေအောင် ကပျစ်ကညစ် နေတတ်တဲ့ကိစ္စဟာ အဓိကဖြစ်နေတာကို တွေ့ရပြန်ပါတယ်။ ဒုတိယ ဂျီကျတတ်တဲ့ ကိစ္စကတော့ “သိပ်ဝလာပြီ၊ ပိန်အောင်လုပ်စမ်းပါ”ဆိုတာနဲ့ “မင်း ငါ့ကို မဝေဖန်နဲ့”/“တော် ကျုပ်ကို မဝေဖန်နဲ့”ဆိုတဲ့ စကားများပါပဲတဲ့။

“လျှို့ဝှက်တတ်တဲ့ ယောက်ျားနဲ့ ကျွန်မ ညားခဲ့တာပါပဲရှင်၊ ကျွန်မတို့ အိမ်ထောင်ရေးလည်း သူ့လျှို့ဝှက်ချက်တွေနဲ့ပဲ နလံမထူတော့ပါဘူး”လို့ အိမ်ထောင်သက် ဆယ်နှစ် ရှိသူ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

အိမ်ထောင်သက် ၃၇ နှစ် ရှိသူ အမျိုးသမီးတစ်ဦးကတော့ “ကျွန်မတို့ လင်မယား အတူနေဖြစ်တဲ့ အချိန်က တော်တော် များပါတယ်။ ကျွန်မ ထင်တယ်လေ၊ အခုခေတ်မှာ လင်မယား တော်တော်များများက ကျွန်မတို့လို အတူနေဖြစ်တဲ့အချိန် သိပ်မရှိကြဘူးလား မသိ…”တဲ့။

ဘာတွေကို အများဆုံး လျှို့ဝှက်ထားဖြစ်တတ်ကြလဲ?

စစ်တမ်းမှာ ပါဝင်ခဲ့ကြသူတွေထဲမှာ ကိုယ့်အိမ်ထောင်ဖက် မသိအောင် လျှို့ဝှက် ဖုံးကွယ်ထားတာတွေ ရှိလားလို့ မေးကြည့်ပြန်တဲ့အခါ ယောက်ျား ၄၂ ရာခိုင်နှုန်းနဲ့ မိန်းမ ၃၆ ရာခိုင်နှုန်းက သိပ်ရှိတာပေါ့လို့ ဖြေကြပါတယ်။


အထူးသဖြင့်ကတော့ ရာထူးရာခံ ကြီးကြီးသမားတွေနဲ့ ဝင်ငွေ တအားကောင်းသူတွေရဲ့ အိမ်ထောင်ရေးတွေမှာဆို ပိုတောင်ဆိုးသေးတယ်လို့ ဆိုပါတယ်။ “တိုးတိုးဖော်အဖြစ် နေခွင့်ရတဲ့ အချိန် နည်းသွားလေလေ၊ ယုံကြည် ကိုးစားမှုလည်း လျော့ပါးလေလေဖြစ်ကုန်ပါတယ်။ လူတွေမှာ ဗာဟီရတွေ သိပ်များလာ၊ စားလည်း အလုပ်၊ သွားလည်း အလုပ်နဲ့ အလုပ် တအား များလာတဲ့အခါ လင်နဲ့မယား အေးအေးလူလူ မနေဖြစ်၊ မတွေ့ဖြစ်၊ မပြောဖြစ်ကြတော့ဘူး။ အဲဒီ့အခါကျတော့ တစ်ယောက်နဲ့ တစ်ယောက်လည်း ယုံကြည်ကိုးစားမှုတွေ လျော့လာတော့တာပါပဲ”လို့ ဂျူလီ ဂေါ့တ်မယ်န်က ပြောပါတယ်။


အိမ်ထောင်သက် အကြာဆုံး အဖိုးကြီး၊ အမယ်ကြီး စုံတွဲတွေမှာက အဲသလို တစ်ယောက်နဲ့ တစ်ယောက် ဖုံးထားတာက သာတောင် များသေးတယ်လို့ ဆိုပါတယ်။ ဒါကတော့လည်း ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေး လုပ်တာ ခေတ်မစားသေးခင်ကာလမှာ လူလားမြောက်လာတာနဲ့ တစ်နည်းတစ်ဖုံ သက်ဆိုင်နေနိုင်ပါတယ်။

အဲ… အိမ်ထောင်ရေးတွေမှာ အဖုံးကွယ်ဆုံး၊ အမှန်မပြောဆုံး ကိစ္စက ဘာလဲဆိုတော့ ဝယ်လာတဲ့ ပစ္စည်းကို ဘယ်လောက် ပေးခဲ့ရတယ် ဆိုတာပါပဲတဲ့ ခင်ဗျား။ အဲဒီ့ မုသာဝါဒကံကိုတော့ ယောကျာ်းမိန်းမ ထက်ဝက် နီးပါး (၄၈ရာခိုင်နှုန်းက) ကျူးလွန်ဖြစ်နေတယ်လို့ ဝန်ခံကြပါတယ်။
ဒါဟာ အနီကတ်ပြလောက်အောင် အင်မတန့်ကို အံ့ဩစရာကောင်းတဲ့ ကိန်းဂဏန်းပါပဲလို့ ဂျော်န် ဂေါ့တ်မယ်န်က ပြောပါတယ်။ “သည်နေရာမှာ ရိုးသားဖြောင့်မတ်မှုနဲ့ ယုံကြည်ကိုးစားမှုက အတော် စကားပြောသွားပြီ။ ငွေဆိုတာ လွတ်လပ်မှု၊ ငွေဆိုတာ ဩဇာအာဏာပါ။ သည်ကြားထဲကပဲ၊ ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် ယောက်ျားတွေရော၊ မိန်းမတွေပါ လိမ်ဖို့ ဝန်မလေးတာဟာ တော်တော့်ကို စိတ်ဝင်စားစရာကောင်းတယ်”လို့ သူက ဆိုပါတယ်။

ဒုတိယ အလုပ်ဖြစ်ဆုံး လျှို့ဝှက်ချက်ကတော့ ကလေးရဲ့ အမူအကျင့်၊ ဒါမှမဟုတ် ရမှတ်တွေနဲ့ ပတ်သက်လာရင်လည်း ဖုံးကွယ် လိမ်ညာတတ် ကြတာကို တွေ့ရပြန်တယ်။ ဒါကတော့ အိမ်ထောင်ရှင်အမျိုးသမီးတွေ (၁၈ ရာခိုင်နှုန်း)က သူတို့ ခင်ပွန်းသည်တွေ မသိအောင် အများဆုံး ဖုံးထားတဲ့ ကိစ္စပါပဲ။


စစ်တမ်းမှာတွေ့ရတဲ့အထဲက ဝမ်းနည်းစရာ အကောင်းဆုံး အချက်တစ်ချက်ကတော့ ၂၀ ရာခိုင်နှုန်းသော ယောက်ျားတွေဟာ မိမိတို့ရဲ့ လုပ်ငန်းခွင်မှာ ရင်ဆိုင်ရတဲ့ ကျဆုံးမှုများကို ကိုယ့်ဇနီးသည်ကို ပြောမပြဘဲ ဖုံးထားတတ်ကြပါပဲ။ “သည်နေရာမှာ ယောက်ျားတွေရဲ့ ဘဝင်က အခရာပါပဲ”လို့ ”ကိုယ်လား၊ မင်းလား”ဆိုတဲ့ စာအုပ်ကို ရေးခဲ့သူ နယူးယောက် မြို့က စိတ်ပညာရှင် “စကော့တ် ဝက်တ်ဇလာ”က ပြောပါတယ်။
ယောက်ျား ၆ ရာခိုင်နှုန်းနဲ့ မိန်းမ ၃ ရာခိုင်နှုန်းကကျတော့ အစားအသောက် ပျက်နေတာ၊ ဒါမှမဟုတ်လည်း တရားလွန် စားဖြစ် သောက်ဖြစ် နေတာကို မပြောဘဲ ဖုံးထားကြပြန်သတဲ့။ တစ်မျိုးကြီးပဲနော်။

ကိုယ့်ရဲ့ အဆက်ဟောင်းအကြောင်းကို ကိုယ့်အိမ်ထောင်ဖက်က သိရဲလား?

တကယ်တော့ ကိုယ့်အိမ်ထောင်ဖက်ရဲ့ အတိတ်ဇာတ်လမ်းကို စပ်စုချင်တတ်တာဟာ လူ့သဘာဝပါပဲ။ ဒါပေမယ့် အိမ်ထောင်ဖက်တွေအနေနဲ့ကျ သည်ကိစ္စကို ဘယ်လောက် ပြောဖြစ်ကြလဲဆိုတာ စဉ်းစားစရာပါ။

အဆက်ဟောင်းတွေအကြောင်း ယောက်ျားတွေ သိရဲ့လားလို့ မေးတဲ့အခါ အိမ်ထောင်ရှင်အမျိုးသမီး ၆၂% က “ဒါတွေကို ကျွန်မယောက်ျား အကုန် သိပြီးသားပါ”လို့ ပြောကြပေမယ့် အဲသလို အိပ်သွန်ဖာမှောက် ပြောပြီးသားပါလို့ ဖြေတဲ့ ယောက်ျားကျ ၅၂% သာ ရှိပါတယ်။ နောက်ထပ် ၃၈%သော ယောက်ျားတွေကတော့ သူတို့ဇနီးတွေဟာ သူတို့ရဲ့ အတိတ်ဇာတ်လမ်းတွေနဲ့ ပတ်သက်လို့ အနည်းအကျဉ်းတော့ သိတယ်လို့ ဆိုပါတယ်။ တချို့ (၂၂%)ရဲ့အလိုအရ အဲသလို နည်းနည်းပဲ သိကြတာဟာ ဇနီးသည်တွေကိုယ်၌က နှိုက်နှိုက်ချွတ်ချွတ် မမေးကြလို့လို့ ဆိုပါတယ်။ အဲ… ၁၇%သော ယောကျာ်းတွေကတော့ သူတို့ ကိုယ်တိုင်က အကုန် ပြောပြဖို့ ရည်ရွယ်ရင်း မရှိဘူးလို့ ဆိုပြန်တယ်။

သည်အထဲမှာ ယောကျာ်း ၁၀ ရာခိုင်နှုန်းနဲ့ မိန်းမ ၅ ရာခိုင်နှုန်းကသာ သူတို့ရဲ့ အဆက်ဟောင်းတွေအကြောင်းကို ကိုယ့်အိမ်ထောင်ဖက်ကို လုံးလုံး ပြောမပြခဲ့ဘူးလို့ ဖြေပါတယ်။


ဒါတွေကို ပြောခြင်း၊ မပြောခြင်း၊ သိခြင်း၊ မသိခြင်းဟာ အရေးကြီးသလားလို့ မေးစရာရှိပါတယ်။ အတိတ်က အဖြစ်မှန်တွေ သိရခြင်း၊ မသိရခြင်းနဲ့ အောင်မြင်တဲ့ အိမ်ထောင်ရေးနဲ့ ဘာမှ မဆိုင်ပါဘူးလို့ ဝက်ထ်ဇလာ ကတော့ ဆိုပါတယ်။ “လူတစ်ယောက်ကို ယုံကြည် ကိုးစားဖို့အတွက် အဲဒီ့ လူတစ်ယောက်ရဲ့အကြောင်းကို အူမချေးခါး မကျန် သိထားမှ ဆိုတဲ့ ခံစားချက်မျိုးကတော့ လူတိုင်းမှာ ရှိတတ်စမြဲပါပဲ။ အိမ်ထောင်ရေးမှာ ကျတော့ ကိုယ်အကုန်သိတယ်လို့ ကိုယ့်ဘာသာကိုယ် ယုံကြည်နေရင် ပြီးသွားတာပါပဲ”လို့လည်း သူက ပြောပါတယ်။

ဆိုလိုတာက အိပ်သွန်ဖာမှောက်ပဲ ပြောပြထားထား၊ ဘာမှ မပြောဘဲ ထားထား၊ တစ်ချို့တစ်ဝက်ပဲ ပြောထားထား၊ ကြားရတဲ့ သူအဖို့ သူ ကြားလိုက်ရသလောက်က အကုန်လို့ ယုံမှတ်နေသမျှ အဟောဝတဆိုတဲ့ သဘောပါပဲ။

အိမ်ထောင်ကျတယ်ဆိုတာ အသက်ဝိဉာဉ်ကင်းမဲ့သွားတာမဟုတ်ပါ ဘူး။ ဒါကြောင့် အိမ်ထောင်သည်တွေမှာလည်း သူ့ဟာလေးနဲ့သူ ကြိတ် ဖြစ်နေတဲ့ အဆိုးအပြစ်လေးတွေ ရှိကြစမြဲပါပဲ။ စစ်တမ်းရ ယောကျာ်း ၁၉ ရာခိုင်နှုန်းနဲ့ မိန်းမ ၁၀ ရာခိုင်နှုန်းဟာ ကိုယ့်အိမ်ထောင်ဖက် မဟုတ်တဲ့ တခြားသူ တစ်ယောက်ယောက်အပေါ်မှာ ဖျိုးခနဲ ဖျတ်ခနဲလောက်လေးပဲ ဖြစ် ဖြစ်၊ လှစ်ခနဲ စိတ်ကစားလိုက်တာလေးကို ဖုံးကွယ်ထားတယ်လို့ ပြောကြပါတယ်။ ဒါ့အပြင် အဖော်အချွတ်တွေပါတဲ့ မီဒီယာတွေကို ကြည့်ဖြစ်မှန်း၊ ကြည့်ရတာ ဝါသနာပါမှန်း ကိုယ့်အိမ်ထောင်ဖက်ကို ဖွင့်မပြောတဲ့ ယောက်ျား ကလည်း ရှစ်ရာခိုင်နှုန်းရှိတယ်လို့ သိရပြန်တယ်။

အိမ်ထောင်ရှင်တွေဟာ ကိုယ့်စိတ်ကူးယဉ်အိပ်မက်တွေကိုရော ပြောပြတတ် ကြသလား?

စိတ်ကူးယဉ်တာတွေ၊ စိတ်ကူးဉာဏ်ကွန့်မြုးတာတွေကို ကိုယ့် အိမ်ထောင်ဖက်ကို ပြောပြဖူးပါသလားလို့ မေးတဲ့အခါ စစ်တမ်းမှာပါတဲ့ ကျားမ ငါးယောက်မှာ တစ်ယောက်ကတော့ ကိုယ့်စိတ်ကူး အိပ်မက်ကလေးကို ကိုယ့်ဘာသာ တိတ်တိတ်ကလေးပဲ ဝှက်ထားတယ်လို့ ဖြေကြပြန်တယ်။
ဒါ ကိုယ့်အိမ်ထောင်ဖက် သိစရာမှ မလိုတာလေတဲ့။ သုတေသီတွေထဲက ဂျူလီ ဂေါ့တ်မယ်န်ကတော့ သည်အဖြေကြောင့် တော်တော့်ကို စိတ်ပျက် လက်ပျက် ဖြစ်ရကြောင်း ပြောပါတယ်။ “စိတ်ကူးယဉ်အိပ်မက်ဆိုတာဟာ လူတစ်ယောက်ရဲ့ အနက်ရှိုင်းဆုံး အပိုင်းပါပဲ။ အိမ်ထောင်ရှင်တွေအနေနဲ့ တစ်ယောက်ကိုတစ်ယောက် အဲဒီ့ စိတ်ကူးအိပ်မက်တွေကို ဖွင့်ပြောဖြစ်ဖို့ အတွက် တစ်ယောက်ကို တစ်ယောက် စိတ်ချနေမှ ဖြစ်မှာပါ။ အခု ရလာဒ်အရ ဆိုရင်တော့ အိမ်ထောင်ရှင် ငါးစုံမှာ တစ်စုံကတော့ တစ်ယောက်ကို တစ်ယောက် စိတ်မချနိုင်၊ မယုံကြည်နိုင်ဘူးလို့ ပြောရမလို ဖြစ်နေတယ်”လို့ သူက ပြောပါတယ်။

စစ်တမ်းမှာ ပါဝင်သူများအနက် ထက်ဝက်ထက် ပိုတဲ့ အရေအတွက် (၅၆%)က တိတ်တိတ်ကလေး ကြိတ်ပြီး စိတ်ကူးယဉ်နေသူတွေ ဖြစ်နေကြပါတယ်။ အထူးသဖြင့် အိမ်ထောင်သက် ငါးနှစ်ထက် နည်းသူတွေမှာ ဆိုရင် ကိုယ့်အိမ်ထောင်ဖက်နဲ့ အတူ ခရီးယာယီ သွားလိုက်ချင်ပေမယ့် အဲဒီ့ကိစ္စကို လေသံတောင် မသလပ်ဖြစ်ဘူးတဲ့။ တချို့ (၅၃%)ဆိုရင် တစ်ရပ်တစ်ကျေးကို ပြောင်းနေချင်တာ၊ တချို့ (၄၂%)က တစ်ယောက်တည်း ခရီးသွားချင်တာ၊ တချို့ (၄၁%)က အလုပ်အကိုင် ပြောင်းချင်တာ၊ တချို့ (၂၁%)က ခဏလောက် တစ်ယောက်တည်း နေချင်တာ၊ တချို့ (၁၄%)က အိမ်ထောင်ရေး ဖောက်ပြန်မှု ကျူးလွန်ချင်တာတွေကို စိတ်ထဲမှာပဲ တနုံ့နုံ့နဲ့ ကြိတ်ပြီး အိပ်မက်မက်နေကြပါသတဲ့။ အဲ… တချို့(၁၀%)ဆို ခွေးမွေးချင်တာတောင် အိမ်ထောင်ဖက်ကို ပြောမထွက်ဘူးလို့ ဆိုပါတယ်။

ဘာကြောင့် အဲသလို ကိုယ့်စိတ်ကူး၊ ကိုယ့်အိပ်မက်ကို ပြောမထွက်ကြတာလဲ။

“သည်လို စိတ်ကူးအိပ်မက်တွေကို ပြောလိုက်တာဟာ ပိုနေမြဲ ကျားနေမြဲ အနေအထားအတွက် အင်မတန် အန္တရာယ် များလို့ပါ။ စိတ်ကူးအိပ်မက်ကို ပြောလိုက်တာနဲ့ လက်ရှိ အနေအထားကို သိပ်မနှစ်မြို့တော့တဲ့ သဘောက အလိုလို သက်ရောက်သွားနိုင်တယ်။ တချို့ကိစ္စတွေမှာဖြင့် ကိုယ့်စိတ်ကူးထဲမှာ ဘယ်ကဲ့သို့ ဘယ်ချမ်းသာ ဖြစ်နေတယ်၊ ဒါပေမယ့် အဲဒါတွေကို ပြောပြလိုက်ရင် ကြားရသူမှာ ရင်သပ်ရှုမောနဲ့ မတ်တတ်က လဲသွားနိုင်တယ်လို့ လူအတော်များများက ထင်ကြတယ်”လို့ ဂျော်န် ဂေါ့ထ် မယ်န်က ဆိုပါတယ်။


သည်တွေ့ရှိချက်တွေပေါ်မှာ အခြေခံပြီး ရို့ဒ်ကျွန်းက စိတ္တဗေဒ ပါရဂူ ဆရာဝန်ကြီး “ပီတာ ခရာမာ”က အိမ်ထောင်ရေးကို စဉ်းစားတဲ့အခါ အခုထက် ပိုပြီး ပျော့ပျော့ပြောင်းပြောင်း စဉ်းစားသင့်တယ်လို့ အကြံပေးပါတယ်။ “လူတွေအနေနဲ့ ခဏတဖြုတ်လေးလောက် ယာယီ ထွက်ပေါက်၊ ယာယီ ထွက်ပြေး လွတ်မြောက်ချင်ကြတဲ့အခါမှာ အဲဒါလေးကြောင့် တစ်ဘဝလုံးစာ ရည်မှန်းထားတဲ့ အိမ်ထောင်ရေး ဘဝကြီးကို အစွန်းအထင်း မခံသင့်ဘူးဗျ။ ကျွန်တော့်မှာ မိတ်ဆွေ တစ်ယောက်ရှိတယ်။ ကော်လာဖြူ (ရုံးဝန်ထမ်း) တစ်ယောက်ပေါ့။ သူက တစ်နှစ် တစ်ခါတော့ ပင်လယ်ကူး သင်္ဘောနဲ့ တစ်ယောက်တည်း တစ်လလောက် ပျောက်ပျောက်သွားတတ်တယ်။ ဒါပေမယ့် သူ့အိမ်ထောင်ရေးလည်း အဆင်ပြေနေတာပါပဲ။ ဆိုလို တာက အိမ်ထောင်ရေးမှာ တစ်ယောက်နဲ့ တစ်ယောက် ညှိယူလို့ ရတာတွေ အများကြီးပါဗျာ“လို့ သူကပြောပါတယ်။

အလွယ်ဆုံး နည်းက ဘာလဲ?

စစ်တမ်းမှာ အိမ်ထောင်သည်တွေကို တစ်ခု ထပ်မေးကြည့်ကြပါသေးတယ်။ မနက်အိပ်ရာက နိုးလာတဲ့အခါမှာ ရုတ်တရက် ချက်ချင်း ကိုယ်ဟာ အိမ်ထောင်သည်တစ်ယောက် မဟုတ်တော့ဘူးလို့များ မခံစားချင်ကြဘူးလား၊ အမှန်အတိုင်း ဝန်ခံကြစမ်းပါလို့ ပြောတဲ့အခါမှာ ၁၆ရာခိုင်နှုန်းသော ယောကျာ်းများရော၊ မိန်းမများပါ ဟုတ်တယ်၊ အဲသလို သိပ်ဖြစ်ချင်တာပဲလို့ ပြောကြပါတယ်။

“သည်အဖြေရဲ့ အဓိပ္ပာယ်ကတော့ လူတွေဟာ ကိုယ်ရောက်နေတဲ့ အိမ်ထောင်ရေးထဲကနေ ရုန်းထွက်ဖို့ ခက်နေတဲ့အခါ ကိုယ့်ဘဝကိုယ် မကျေမနပ် ဖြစ်နေကြတယ်။ အဲသလို မကျေမနပ် ဖြစ်နေတာကိုကျတော့ ဝန်မခံ ချင်ကြပြန်ဘူး”လို့ ဝက်ထ်ဇလာက ဆိုပါတယ်။

ဒါပေမယ့် ဝက်ထ်ဇလာ့အဆိုကို ဒေါက်တာ ခရာမာက သဘောမတူ ပါဘူး။ “သည်လို စိတ်ကူးယဉ်တာမို့ အိမ်ထောင်ရေးမှာ ပြဿနာ ရှိနေတယ်လို့ သွား အနက်ကောက်မယ်ဆိုရင် တက်တက်စင် မှားသွားမှာပါ။ အိမ်ထောင်ရေးခရီးဆိုတာ တကယ့်ကို အားကြိုးမာန်တက်နဲ့ ဝါယမ စိုက်ရတာမျိုးမို့ မောပန်းနွမ်းလျနေလို့ ပြောတဲ့စကားတွေပါ”လို့ သူက ဆိုပါတယ်။

ဆိုတော့ အကုန်လုံး အိပ်သွန်ဖာမှောက် ပြောပြဖို့ အရေးကြီးသလားလို့ မေးကြည့်ပြန်တဲ့အခါ အောင်မြင်တဲ့ အိမ်ထောင်ရေးကို နှစ်ပေါင်း လေးဆယ်တိတိ ဖြတ်သန်းခဲ့ဖူးတဲ့ အမျိုးသားကြီးကတော့ “သိပ်ပြောသင့်တာပေါ့ဗျာ။ ဘာမှ မချန်ကြေး၊ ကောင်းတာရော၊ ဆိုးတာရော၊ အကုန်သာပြော။ အဲဒါဆို အဲသည့် အိမ်ထောင်ရေး ခိုင်ပြီသာ မှတ်”လို့ ဖြေပါတယ်။

အိမ်ထောင်သက် ၃၃ နှစ် ရှိခဲ့ပြီဖြစ်တဲ့ အမျိုးသမီးကြီးကလည်း “တစ်ဖက်သားက ဆက်မကြားချင်တော့တဲ့ အရိပ်အရောင် မပြမချင်းတော့ အိပ်သွန် ဖာမှောက် ပြောနိုင်သမျှ ပြောသင့်တယ်”လို့ ဆိုလိုက်ပြန်တယ်။ ဒါပေမယ့် နောက်တစ်ယောက်ကကျပြန်တော့ “အဲသလို ပြောလိုက်ရင် ကိုယ့်လည်ပင်း ကိုယ် အရှင်လတ်လတ် ကြိုးကွင်းစွပ်သလို ဖြစ်သွားမှာပေါ့”ဆိုတဲ့ စကားနဲ့ ပြောရေးဖက်က အဆိုကို ကန့်ကွက်ပြန်တယ်။

ကိုင်း… အိမ်ထောင်ရေး ပုံစံ သုံးမျိုး ထွက်မလာပေဘူးလား။ အမြင်ကလည်း သည်မှာတင် သုံးမျိုးကွဲနေတယ်။ အိမ်ထောင်ရှင်တွေထဲမှာတင် အကုန်လုံး ပြောသင့်တယ်ဆိုတဲ့သူက တစ်ယောက်၊ တစ်ဖက်သား နားခံနိုင်တဲ့အတိုင်းအတာအထိ ပြောသင့်တယ်ဆိုတဲ့သူက တစ်ယောက်၊ မပြောသင့်ဘူးဆိုတဲ့ သူက တစ်ယောက် ဆိုပြီး သုံးစား ကွဲနေတယ်။

ပညာရှင်တွေကရော ဘယ်လို ပြောကြတယ် မှတ်လဲ။


ဒေါက်တာ ခရာမာကတော့ “သာယာတဲ့ အိမ်ထောင်ရေးဆိုတာဟာ အားလုံး ဖွင့်ပြောခြင်း မပြောခြင်းအပေါ်မှာ မတည်ပါဘူးဗျာ။ တစ်ခါ တစ်ခါကျတော့ ပြောလိုက်တော့မှ တစ်ဖက်လူမှာ စိတ်အနှောင့်အယှက်တွေ ဖြစ်ပြီး ဆောက်တည်ရာမရတွေလည်း ဖြစ်ကုန်နိုင်သေးတယ် မဟုတ်လား”လို့ ပြောပါတယ်။

ပါမောက္ခဂေါ့ထ်မယ်န်တို့ ဇနီးမောင်နှံကတော့ နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်းမှာ အိမ်ထောင်ရှင် စုံတွဲပေါင်း ၃၀ဝ၀ ကျော်ကို လေ့လာစူးစမ်း မှတ်သားခဲ့ကြသူများပါပဲ။ သူတို့ကလည်း ရက်စက်တဲ့ ရိုးသားဖြောင့်မတ်မှုဟာ အခါခပ်သိမ်းတော့ မသင့်တင့် မလျောက်ပတ်လှဘူးလို့ ဆိုတဲ့စကားနဲ့ ဒေါက်တာခရာမာရဲ့အဆိုကို သဘောတူကြပါတယ်။


လေးနက်ခက်ခဲတဲ့ အကြောင်းရပ် တွေကို ပြောနိုင်ဖို့အတွက် ရင်းနှီး ကျွမ်းဝင်မှုဆိုတဲ့ အုတ်မြစ်အပေါ်မှာ အခြေခံရမယ်လို့လည်း ဆိုပါတယ်။ “တော်တော်ကြီးကို အကဲဆတ်တဲ့ ကိစ္စတစ်ခုခုကို ပြောချင်တဲ့အခါမှာ အရေးမပါလှတာကနေ မစဘဲ စိတ်ထိခိုက်စရာ အကောင်းဆုံးနေရာက စ ပြောတာ ပိုကောင်းတယ်”လို့ ဂျော်န် ဂေါ့ထ်မယ်န်က ပြောပါတယ်။

ပထမဆုံးအဆင့်အနေနဲ့ကတော့ ကိုယ့်အိမ်ထောင်ဖက် ဘာတွေ တွေးနေလဲဆိုတာ အမှန်အတိုင်း သိအောင် အရင် လုပ်သင့်တယ်လို့လည်း သူက အကြံပေးပါတယ်။


အထက်မှာ တစ်လျှောက်လုံး ကိုးကားခဲ့တဲ့ စစ်တမ်းကို ၂၀ဝ၁ခုနှစ် မတ်လ ၁၉ ရက်မှ မတ်လ ၃၁ ရက်အတွင်းမှာ တယ်လီဖုန်းနဲ့ လုပ်ခဲ့တာပါ။ ဖြေကြားသူတွေကတော့ အသက် ၁၈ နှစ် အထက် အိမ်ထောင်ရှင်ပေါင်း ၁၀ဝ၀ ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ရှင်တွေကို အတူယှဉ်တွဲပြီး မေးခဲ့တာ မဟုတ်သလို ကိုယ့်ပြောစကားကို ကိုယ့်အိမ်သူအိမ်သား မကြားစေရအောင် စီစဉ်ပြီးမှ မေးမြန်းခဲ့တာလို့ သိရပါတယ်။

ဒါတွေကိုဖတ်ပြီး စာဖတ်သူများကို ပြန်ပြောပြဖြစ်နေတဲ့ ကျွန်တော်ကတော့ အိမ်ထောင်ရှင်တစ်ယောက်လည်းဖြစ်၊ သူများတကာရဲ့ အိမ်ထောင်ရေး ကိစ္စတွေမှာလည်း အတတ်နိုင်ဆုံး အကျိုးဆောင်ပေးနေသူလည်း ဖြစ်တဲ့အပြင် ကျွန်တော်ကိုယ်၌က အလုံးစုံ ရိုးသား ပွင့်လင်းရေးမူကို စွဲမြဲ လက်ခံ ကျင့်သုံးနေတာမို့ အိမ်ထောင်ရေး အပါအဝင် ဘယ်ဆက်ဆံရေးမှာဖြစ်ဖြစ် ပွင့်လင်းရိုးသား တည်ကြည် ဖြောင့်မတ်လေ၊ နေရထိုင်ရတာ လိပ်ပြာ သန့်လေ၊ ဆက်ဆံရေးလည်း ပိုမို တိုးတက် ဖြစ်ထွန်းလေလို့သာ ယုံကြည် ပါတယ်။

ဒါပေမယ့် အဲဒါ ကျွန်တော့် တစ်ဦးတည်းရဲ့ ပုဂ္ဂလိက အယူအဆပါ။ စာဖတ်သူလူကြီးမင်းများ အားလုံးမှာလည်း ကိုယ်ပိုင် ဆင်ခြင်ဉာဏ်များ အသက အသကနဲ့ ဖြစ်ကြတာမို့ ကျွန်တော် ပြောတာကို ယတိပြတ် လက်ခံရမယ်လို့ မပြောဝံ့ပါဘူး။ မိမိတို့ ကိုယ်ပိုင်ဉာဏ်နဲ့ ချင့်ချိန် စဉ်းစားကြပြီး အကောင်းဆုံးလမ်းကို ရွေးချယ်နိုင်ကြအောင် ကျွန်တော် ဖတ်မိလိုက်သမျှ ပြန်လည် ဖောက်သည်ချပေးလိုက်တာသာ ဖြစ်ပါတယ်။
လူတွေဟာဘယ်သူမှအနိမ့်မှာမနေလို
တက်ကြပါဘူး.....။နိမ့်ကြမှာကိုကြောက်ကြတယ် ။
အနှိမ်ချခံရမှာကိုမလိုလားကြဘူး ။အောက်တန်းကျမှာကိုတော့အစိုးရိ
မ်ဆုံးပေါ့ ။
ဒါပေမယ့် အဲဒီလိုမဖြစ်အောင်ကြိုးစားကာကွ
ယ်ဖို့တော့လက်နှေးတတ်ကြတယ် ။

သည့်ထက်ပိုပြီးဝန်လေးတက်ကြတာတော
့မြှင့်တင်ဖို့ပါပဲ ။ဒါကြောင့်လည်းလောကကြီးမှာ
လူတွေဟာအဆင့်အတန်းမမျိုးမျိုးမှ
ာကျင်လည်နေကြတာပေါ့ ။ လူတိုင်းကသာ ကိုယ့်ဘဝ
ကိုယ်မြင့်မားတိုးတက်အောင်ကြံေ
ဆာင်အားထုတ်ကြမယ်ဆိုရင်လှေကားထစ်တွေရဲ့အပေါ်
မှာလူတွေအများကြီးဖြစ်နေမှာတွေ့
ရမှာပဲ ။

လူစွမ်းအားအရင်းအမြစ်တွေသာဖွံြ့
ဖိုးတိုးတက်မှုများပြားလာရင်အဲ့ဒီလူ့အဖွဲ့အစည်း ၊အဲဒီ
နိုင်ငံဟာလည်းတိုးတက်ဖွံ့ဖြိုး
လာမှာပဲ ။တိုင်းပြည်မြင့်မားတိုးတက်လာတဲ့အခါကမ္ဘာကြီးကို
ပါရင်ပေါင်တန်းလာနိုင်မှာဖြစ်
တယ် ။

ဒီတော့ဝေးဝေးကိုမြင်နိုင်ဖိြု့
မင့်မြင့်ပျံသန်းရမယ်ဆိုတဲ့စကားလေးကိုအမြဲလက်ကိုင်ထားကြပါ
ဗျာ ။စာပေရှာဖွေရာမှာလည်းအဲဒီနည်းဟာ
အဖိုးတန်လှပါတယ် ။ ဒီနေ့ခေတ်မှာစာတက်ရင်ပြီး
ရောလို့တင်းတိမ်နေလို့မဖြစ်တော့
ဘူးနော် ။ ပညာခေတ်ကိုရောက်နေပါပြီ။

အဲဒီလို စီးပွားရှာရာမှာလည်း စားလောက်ရုံနဲ့ပြီးရောဆိုပြီး ရောင့်ရဲနေလို့မရတော့ပါဘူး ။

ဈေးကွက် စီပွားရေးစနစ် ဆိုတာ ခေတ်စားလာပြီ ။ ဒါကြောင့်နေရာတိုင်းမှာ ပေါ့ပေါ့လေး ၊
ပါးပါးလေး ၊ နိမ့်နိမ့်လေး ၊ တွေးလုပ်နေလို့မဖြစ်တော့ဘူး ။ မြန်မြန်ပြေး ၊ ဝေးဝေးပစ် ၊
မြင့်မြင့်ခုန်ကြရင်းအစွမ်းပြချ
ိန်ရောက်ပြီ ။ တွေဝေနေလို့မဖြစ်ဘူး ။ ရပ်နားနေလို့မဖြစ်ဘူး ။
စဉ်းစားနေလို့မဖြစ်ဘူး ။ စတင်ပျံသန်းကြပါတော့ ။

အမြင့်ကိုရောက်လေ အဝေးကိုမြင်ရလေဆိုပေမယ့် အမြင့်ကိုရောက်လေ ၊ဆွဲငင်ထိန်းချုပ်အား
လျော့သွားလေလေဖြစ်တက်ပါတယ်။ကို
ယ့်ကိုကိုယ်
မထိန်းနိုင်ရင်ကျွမ်းထိုးမှောက်
ခုံပြန်ကျလာ
လိမ့်မယ် ။ အဲဒီလိုပဲ အမြင့်ကိုရောက်လေလေ အရှိန်လျော့သွားလေလေဖြစ်တက်တယ် ။

နောက်ပြီးအမြင့်ကိုရောက်လေလေ ၊ လေတိုက်ခံရလေလေပါပဲ ။ လေနှင်ရာကိုလွင့်မသွားစေနဲ့ ။
ဦးတည်ချက် လွဲသွားလိမ့်မယ် ။ ဒါကြောင့် ဝေးဝေးကိုမြင်နိုင်ဖို့ မြင့်မြင့်ပျံရာမှာ သတိ ၊ အသိ ၊
ဆင်ခြင်မှုတွေကိုဖက်တွယ်ထားဖို့ မမေ့ကြပါနဲ့လို့ဆုတောင်းပေးလို
က်ပါတယ် ........။


ရပ်ဝေးမြေခြားမှာရောက်ရှိနေတဲ့သူငယ်ချင်းများနဲ့
အမိရင်ခွင်ထဲကညီကိုမောင်နှမများအားလုံး........
အောင်မြင်မှုပန်းတိုင်များ ထာဝရဆုပ်ကိုင်နိုင်ပါစေ

လို့ဆုမွန်ကောင်းတောင်းပေးရင်း....................

၁) စကားနည်းခြင်း
အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။




၂) စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှုမရှိခြင်း
စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဦးနှောက်ကို
တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံ့စေပါတယ်။





၃) ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း
ကျန်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာလုပ်တာမျိုး၊ စာကျက်
စာဖတ်တာမျိုးတွေဟာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို လျော့ကျစေသလို
ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။





၎) အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း
ခေါင်းကိုဖုံးအုပ်ပြီး (ခေါင်းမြီးခြုံပြီး) အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှုကို တိုးလာစေပြီး
အောက်ဆီဂျင်စုစည်းမှုကိုတော့ လျော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးစေတဲ့
အကျိုးဆက်ကို ရစေပါတယ်။





၅) အိပ်ချိန်မလုံလောက်ခြင်း
အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်တာမျိုး ရေရှည်ဖြစ်လာတဲ့အခါမှာ ဦးနှောက်ရဲ့ဆဲလ်တွေ သေဆုံးတဲ့နှုန်း
မြင့်မားလာစေပါတယ်။





၆) လေထုညစ်ညမ်းခြင်း
ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံးအသုံးပြုတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေကို ရှုသွင်းခြင်းအားဖြင့် ဦးနှောက်ကို အောက်ဆီဂျင်ထောက်ပံ့မှု
လျော့နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။





၇) အချိုများလွန်ကဲစွာစားခြင်
အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကို အဟန့်အတားဖြစ်စေပြီး
အာဟာရချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ အနှောင့်အယှက်
ဖြစ်စေပါတယ်။






၈) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့ မှတ်ဥာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါ) ပါ ဖြစ်လာနိုင်ပါတယ်။






၉) လွန်ကဲစွာစားသောက်ခြင်း
လိုအပ်တာထက် ပိုစားသောက်ခြင်းအားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ
ကျဆင်းစေပါတယ်။






၁၀) မနက်စာမစားခြင်း
မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားဓာတ် ပိုနည်းတတ်ပါတယ်။ အဲဒါရဲ့ အကျိုးဆက်အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့အာဟာရ မရတော့ဘဲ ဦးနှောက်ရဲ့ စွမ်းရည်ကို
ကျဆင်းစေပါတယ်။



ဗုဒ္ဓဘာသာဝင်တို့အတွက် သိသင့်သိထိုက်တဲ့ ဗုဒ္ဓ၀င်အကျဉ်း (သို့)
ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာအကျဉ်းလေးပါ။ သိလိုသူများအတွက် ရည်ရွယ်ကာ
ရေးသား ပူဇော်လိုက်ပါသည်။

ဘုရားအလောင်းတော်သည် -၆၂၄-ဘီစီတွင် (မြန်မာလလို-၀ါဆိုလပြည့်၊

ကြာသာပတေးနေ့တွင်) မယ်တော်မာယာဝမ်းကြာ တိုက်တွင် သန္ဓေယူပါသည်။
ဘုရားလောင်းသည် -၆၂၃-ဘီစီ၊ (မြန်မာလလို ကဆုန်လပြည့်၊ သောကြာနေ့)တွင်
နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်၌ မယ်တော်မာယာဒေ၀ီ၊
ခမည်းတော်သုဒ္ဓေါဒနမင်းကြီးတို့
မှ မွေးဖွားခဲ့ပါသည်။ ဘုရားလောင်း နာမည်မှာ
သိဒ္ဓတ္ထဖြစ်ပါသည်။
(၁၆-နှစ်မှ ၂၉)နှစ်အထိ နန်းစည်းစိမ်းကို ခံစားပါသည်။)

ဘီစီ-၅၉၄-(ျမန္မာလလုိ-၀ါဆုိလျ
ပည့်၊ တနင်္လာနေ့)တွင် အိမ်ရာတည်ထောင်
လူ့ဘောင်ခွါကာ တောထွက်တော်မူပါသည်။ (သက်တော် ၂၉-နှစ် အရွယ် ဖြစ်ပါသည်။)

၂၉-နှစ်မှ ၃၅-နှစ်အထိ ဒုက္ကရစရိယာ-ပင်ပန်းသောအကျင့် ကျင့်ခဲ့ရပါသည်။)

ဘီစီ-၅၈၈-(ျမန္မာလလုိ-ကဆုန္လျ
ပည့်၊ ဗုဒ္ဓဟူးနေ့)တွင် သဗ္ဗညုတဉာဏ်တော်ကို
ရရှိတော်မူပါသည်။ (သက်တော် ၃၅-နှစ် အရွယ်ဖြစ်ပါသည်။)
၎င်းဘီစီ-၅၈၈-(မြန်မာလလို-၀ါဆို
လပြည့် စနေနေ့)တွင် ပထမဆုံးသော
ဓမ္မစကြာသုတ်တော်ကို ဗာရာဏသီမြို့အနီး မိဂဒါဝုန် တောမှာ ဟောတော်မူပါသည်။

မှတ်ချက်။ ။ဗုဒ္ဓဂယာနှင့် မိဂဒါဝုန်တောသည် -၁၈-ယူဇနာ/ မိုင်အားဖြင့်

-၁၄၄-မိုင် ဝေးပါသည်။

ဓမ္မစကြာတရားပွဲမှာ လူသားအနေနဲ့ ပဉ္စ၀ဂ္ဂီငါးဦးသာ ပါဝင်ပါသည်။

၎င်းတရားပွဲမှာ အရှင်ကောဏ္ဍညသည် အရုဏ်မတက်မီ သောတာပန်တည်ပါသည်။
နောက်ဆက်လက်ပြီး ဘုရားရှင်က-အနတ္တလက္ခဏသုတ်ကို ဟောသောအခါ ပဉ္စ၀ဂ္ဂီရဟန်းတော်
ငါးဦးစလုံး ရဟန္တာ ဖြစ်တော်မူကြပါသည်။

ဘီစီ-၅၈၈-တွင် ဘုရားရှင်သည် ပထမဆုံးသာသနာပြုခရီးစဉ်ကို စတင် လုပ်ခဲ့ပါသည်။


ဘီစီ-၅၄၃-(ျမန္မာလလုိ-ကဆုန္လျ
ပည့်၊ အင်္ဂါနေ့)တွင် ဘုရားရှင် သက်တော်(၈၀)၊
ဝါတော် (၄၅)တွင် ကုသိနာရုံ၊ အင်ကြင်းတော၌ ပရိနိဗ္ဗာန်ပြုတော်မူပါသည်။
ကဆုန်လဆုပ်(၅)ရက်၊ တနင်္ဂနွေနေ့တွင် အလောင်းတော်ကို မီးပူဇော်ပါသည်။

ပထမသင်္ဂါယနာ-

ဘုရားရှင် သက်တော်(၃၅-မှ-၈၀)အတွင်း၊ ၀ါတော်အနေအားဖြင့်(၄၅)၀ါအတွင်း
ဟောကြားခဲ့သော ပိဋကတ်တော်များကို တစ်စုတစ်ဝေးတည်း စီးစဉ်ဖို့ရန်
ဘုရားရှင် ပရိနိဗ္ဗာန်ပြု ပြီး တစ်လအကြာ--

ဘီစီ-၅၄၃-မှာ ပထမဆုံး သင်္ဂါယနာကို ရာဇဂြိုလ်မြို့၊ သတ္တပဏ္ဏိလှိုဏ်ဂူ၌

ပိဋကတ်တော်များကို စုပေါင်းရွတ်ဆိုခြင်းဟူသော သင်္ဂါယနာတင်ကြပါသည်။
ပထမ သင်္ဂါယတင်ပွဲမှာ ဦးဆောင်ဆရာတော်သည် အရှင်မဟာကဿပ ဖြစ်၍ အရှင်ဥပါလိမထေရ်က
ဝိနည်းအရာတာဝန်ယူ၍၊ အရှင်အာနန္ဒာက သုတ္တန်အရာတာဝန်ယူပါသည်၊
အဖွဲ့ဝင်သံဃာတော် (၅၀၀) ဖြစ်ပါသည်။ ၀ါခေါင်လဆုပ် (၅)က စတင်ကျင်းပကာ
(၇)လကြာပါသည်။ အထောက်အပံ့ဒကာတော်သည် အဇာတသတ်မင်း ဖြစ်ပါသည်။

မှတ်ချက်။ ။ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး ပထမသင်္ဂါယနာတင်ချိန်က စတင်၍

(အင်္ဂလိပ်လို-B.E) သုန်းကာ ဗုဒ္ဓသာသနာနှစ်ကို စတင်ရေတွက်ပါသည်။
“သင်္ဂါယနာ”ဟူသည် စုပေါင်းရွတ်ဆိုခြင်းဟု အဓိပ္ပါယ်ရပါသည်။

ဘုရားရှင်ဟောကြားခဲ့သော ပိဋကတ်တော်တို့ကို အရှင်မဟာကဿပ စသော

မထေရ်အဆက်ဆက်တို့ ဆက်ကာဆက်ကာ ဆောင်ယူထိန်းသိမ်းခဲ့တဲ့ အစဉ်အလာကို
အစွဲပြု၍ “ထေရိက” ၊ နောက် မထေရ်အစဉ်အဆက်တို့ ထိန်းသိမ်းခဲ့သော
ဗုဒ္ဓအယူဝါဒအနေအားဖြင့် “ထေရ၀ါဒသာသနာ”အဖြစ် အမည်တွင်ခဲ့ပါသည်။

ဒုတိယသင်္ဂါယနာ-

(BC -443/B.E-100) သာသနှစ် (၁၀၀)အရောက်မှာ ဝေသာလီမြို့၊
ဝါဠုကာရုံကျောင်းမှာ ဒုတိယသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်သည်
အရှင်ယသဖြစ်ပါသည်။ အရှင်သဗ္ဗမိမထေရ်နှင့် အရှင်ရေ၀တမထေရ်တို့က
အဓိကတာဝန်ယူကာ ပိဋကတ်တော်များကို ရွတ်ဆိုကြပါသည်။ အဖွဲ့ဝင် သံဃာတော်
(၇၀၀) ဖြစ်ပါသည်။ (၈)လ ကြာပါသည်။ အထောက်အပံ့ ပေးသောဒကာသည်
ကာလာသောကမင်းဖြစ်ပါသည်။

တတိယသင်္ဂါယနာ-

(BC-249/B.E-300) သာသနာနှစ် (၃၀၀)အရောက်မှာ ပါဋလိပုတ်မြို့တော်၊
အသောကာရုံကျောင်း၌ တတိယသင်္ဂါယနာ တင်ပါသည်။ ဦးဆောင်ဆရာတော်မှာ
အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်ဖြစ်၍ အရှင်မဟာကဿပမထေရ်နှင့် ကာကဏ္ဍ၏သားဖြစ်သော
အရှင်ယသမထေရ်တို့ က အဓိက တာဝန်ယူဆောင်ရွက်ပါသည်။
အဖွဲ့ဝင်သံဃာတော်အရေအတွက်မှာ (၁၀၀၀) ဖြစ်ပါသည်။ ဤသံင်္ဂါယနာတင်ပွဲ၌
ဝိနည်းရေးရာများကို အဓိကထားကာ ဆွေးနွေးခြင်း ပြုလုပ်ကြပါသည်။
အထောက်အပံ့မင်းမှာ အသောကမင်းကြီးဖြစ်ပါသည်။ ဤတတိယသင်္ဂါယနာသည် (၉)လ
ကြာပါသည်။

တတိယသင်္ဂါယနာ တင်ပြီးချိန်ကစပြီး (၉)တိုင်း (၉)ဌာနတို့သို့

အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်နှင့် အသောကမင်းကြီးတို့ တာဝန်ယူကာ သာသနာပြု
စေလွှတ်တော်မူပါသည်။

(၉)တိုင်း (၉)ဌာနနှင့် သာသနာပြုမထေရ်များ-

၁။ ကသ္မီရနှင့်ဂန္ဓာရအရပ်=အရှင်မဇ္ဈန
္တိကမထေရ် ဦးဆောင်ကာကြွ။
၂။ မဟိံသကအရပ်=အရှင်မဟာဒေ၀မထေရ် ဦးဆောင်ကာကြွ။
၃။ ၀န၀ါသိအရပ်= အရှင်ရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၎။ အပရန္တအရပ်=အရှင်ယောနကဓမ္မရက္ခိတမေ
ထရ် ဦးဆောင်ကာကြွ။
၅။ မဟာရဋ္ဌအရပ်= အရှင်မဟာဓမ္မရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၆။ ယောနကအရပ်=အရှင်မဟာရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၇။ ဟိမ၀န္တာအရပ်= အရှင်မဇ္ဈိမမထေရ် ဦးဆောင်ကာကြွ။
၈။ သုဝဏ္ဏဘူမိအရပ်= အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်တို့ ဦးဆောင်ကာကြွ။
၉။ တမ္ဗပဏ္ဏိ (သီဟိုဠ်)အရပ်=အရှင်မဟိန္ဒမထေရ် ဦးဆောင်ကာကြွ။

စတုတ္ထသင်္ဂါယနာ-

(B.C 94/ B.E 450) သာသနာတော်သက္ကရဇ် (၄၅၀)-အရောက်တွင် သီဟိုဠ်၊ မလယဇနပုဒ်၊
အာလောကလှိုဏ်တွင် စတုတ္ထသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ
မဟာဓမ္မရက္ခိတမထေရ်ဖြစ်၍ အဖွဲ့ဝင်ဆရာတော်အရေအတွက်သည် (၅၀၀) ဖြစ်ပါသည်။
-၁-နှစ်အချိန်ယူကာ သင်္ဂါယနာတင်ခဲ့ကြပါသည်။ အထောက်အပံ့ပေးသောဒကာသည်
ဝဋ္ဋဂါမဏိမင်း ဖြစ်ပါသည်။ ဤစတုတ္ထသင်္ဂါယနာတွင် ပိဋကတ်တော်များကို ပေရွက်တွင်
အက္ခရာရေးခြင်းဖြင့် သင်္ဂါယနာတင်ခဲ့ကြပါသည်။

နိုင်ငံများနှင့် ဗုဒ္ဓသာသနာရောက်ရှိပုံ-


ဗုဒ္ဓဘာသာနှင့်မြန်မာနိုင်ငံ-

မြန်မာနိုင်ငံမှာ 3rd Century A.D-တွင် ဗုဒ္ဓသာသနာ စတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနဲ့တရုတ်နိုင်ငံ-

တရုတ်နိုင်ငံမှာ 1st Century A.D-တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနဲ့ ဗီယက်နမ်နိုင်ငံ-

ဗီယက်နမ်နိုင်ငံမှာ A.D 189-တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။ တရုတ်မှ
တဆင့်ရောက်ရှိခြင်း ဖြစ်ပါသည်။

ဗုဒ္ဓဘာသာနှင့် ကိုရီးယားနိုင်ငံ-

ကိုရီးယားနိုင်ငံမှာ A.D 372-နှစ်တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ဂျပန်နိုင်ငံ-

ဂျပန်နိုင်ငံသို့ A.D ၅၅၂၊ သာသနာတော်နှစ် -၁၀၉၅-တွင်
ဗုဒ္ဓသာသနာ စတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ကမ္ဘောဒီယားနိုင်ငံ-

ကမ္ဘောဒီးယားနိုင်ငံသို့ A.D -၅-ရာစုတွင် ဗုဒ္ဓဘာသာ စတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ထိုင်းနိုင်ငံ-

ထိုင်းနိုင်ငံသို့ A.D -၆-ရာစု၊ သာသနာတော်နှစ် -၁၃၀၀-တွင်
ဗုဒ္ဓသာသနာ စတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် အင်ဒိုနီးရှားနိုင်ငံ-

အင်ဒိုနီးရှားနိုင်ငံသို့ A.D -၆-ရာစုတွင် ဗုဒ္ဓသာသနာရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် တိဗက်နိုင်ငံ-

တိဗက်နိုင်ငံသို့ A.D -၇-ရာစုတွင် ဗုဒ္ဓသာသနာ စတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ရုရှားနိုင်ငံ-

ရုရှားနိုင်ငံသို့ A.D -၁၇-ရာစုတွင် ဗုဒ္ဓသာသနာ စတင်ရောက်ရှိပါသည်။

အိန္ဒိယနိုင်ငံနှင့် ဗုဒ္ဓသာသနာ-

အိန္ဒိယနိုင်ငံတွင် A.D -၆-ရာစုလောက်ကစပြီး ဗုဒ္ဓသာသနာ တဖြေးဖြေး
ကွယ်ပျောက်သွားခဲ့ပါသည်။

မြန်မာနိုင်ငံ ပုဂံဗုဒ္ဓသာသနာ-

မြန်မာနိုင်ငံ ပုဂံသို့ A.D -၁၁-ရာစုလောက်တွင် ဗုဒ္ဓသာသနာရောက်ရှိပါသည်။
အရှင်အရဟံနှင့် အနောရထာမင်းကြီးတို့ ဦးစီးကာ မြန်မာပြည်ဗုဒ္ဓသာသနာ
ပိုမိုစည်ပင်ပြန့်ပွားအောင် လုပ်ဆောင်ခဲ့ကြပါသည်။

ပဉ္စမသင်္ဂါယနာ-

A.D -၁၈၇၁/ ဗုဒ္ဓသာသနာတော်နှစ် -၂၄၁၅-ခု/ မြန်မာသက္ကရစ် -၁၂၃၂-ခုနှစ်၊
တန်ဆောင်မုန်းလတွင် မြန်မာနိုင်ငံ၊ မန္တလေးတောင်ခြေတွင်
ပဉ္စမသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ မန္တလေး၊
ဒက္ခိဏာရာမ ကျောင်းတိုက်ဆရာတော် အရှင်ဇာဂရာဘိဝံသ မထေရ်ဖြစ်၍၊
အဖွဲ့ဝင်ဆရာတော်အရေအတွက်မှာ ၂၄၀၀-ဖြစ်ပါသည်။ အထောက်အပံ့ဒကာမှာ
မင်းတုန်းမင်းကြီး ဖြစ်ပါသည်။
ဤ ပဉ္စမသင်္ဂါယနာတွင် ပိဋကတ်တော်များကို ကျောက်ထက်အက္ခရာတင်ခြင်းဖြင့်
သင်္ဂါယနာ တင်ခဲ့ကြပါသည်။ ကျောက်ချပ်ရေ-၇၂၉-ချပ်ရှိပါသည်။
ကျောက်ထက်အက္ခရာတင်ရာ၌ ကြာချိန်မှာ (၇)နှစ်၊ (၆)လနှင့် (၁၄) ရက်ကြာပါသည်။

ဗုဒ္ဓသာသနာတော်အလံနှင့် သမိုင်း-

A.D -၁၈၈၀-ခုနှစ်တွင် ဗုဒ္ဓသာသနာ့ အလံကို အမေရိကန်နိုင်ငံသား စစ်ဗိုလ်ကြီး
-Henry Steel Olcott-က စတင် တီထွင်ခဲ့ ခြင်းဖြစ်ပါသည်။

အင်္ဂလန်နိုင်ငံ၌ ပထမဆုံးသော ဗုဒ္ဓသာသနာ့အဖွဲ့အစည်း-

A.D -၁၈၈၁-ခုနှစ်တွင် အင်္ဂလန်နိုင်ငံတွင်-ပါဠိကျမ်းစာ
အဖွဲ့အစည်း-ဆိုပြီး
ပထမဆုံးသော ပိဋကတ်အဖွဲ့အစည်း အင်္ဂလန်နိုင်ငံတွင် စတင်ပေါ်ပေါက်ခဲ့ပါသည်။
တည်ထောင်သူမှာ -T.W. Rhys Davids- ဖြစ်ပါသည်။ သူသည် မူရင်း
ခရစ်စ်ယာန်ဘာသာဝင်ဖြစ်ပါသည်။

ဗုဒ္ဓဘာသာ အိန္ဒိယနိုင်ငံတွင်ပြန်လည်မွေးဖွ
ားခြင်း-
A.D -၁၈၉၁-ခုနှစ်တွင် သီရိလင်္ကာနိုင်ငံမှ
အနာဂါရိကဓမ္မပါလ သူတောင်စင်ကြီးဦးဆောင်ကာ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာမှာ
မဟာဗောဓိအဖွဲ့အစည်းဆိုပြီး ဗုဒ္ဓဘာသာ ပြန်လည်တည်ထောင်ပါသည်။
A.D -၁၉၅၆-ခုတွင် အိန္ဒိယနိုင်ငံသား Dr. B.R Ambedkar-ဦးဆောင်ပြီး
အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓသာသနာပိုမို ပြန့်ပွားအောင် လုပ်ဆောင်ခဲ့ပါသည်။
၁၉၅၆-ခု၊ အောက်တိုဘာ -၁၄-ရက်တွင် အိန္ဒိယနိုင်ငံသား (၁)သန်းခန့်
ဗုဒ္ဓဘာသာအဖြစ်သို့ ကူးပြောင်းကြပါသည်။

ဆဋ္ဌသင်္ဂါယနာ-

A.D ၁၉၅၄-၅၆/ ဗုဒ္ဓသာသနာတော်နှစ် ၂၄၉၈-ခု၊ မြန်မာသက္ကရဇ် ၁၃၁၆-ခု၊
ကဆုန်လပြည့်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေး၊
မဟာပါသာဏလှိုဏ်ဂူ၌ ဆဋ္ဌသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ
ညောင်ရမ်းဆရာတော် အရှင်ရေ၀တမထေရ်ဖြစ်၍၊ အဓိကတာဝန်ယူ
ရွတ်ဖတ်သရဇ္ဈာယ်သော မထေရ်များမှာ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်တို့
ဖြစ်ပါသည်။

အဖွဲ့ဝင်ဆရာတော်အရေအတွက်မှာ ထေရ၀ါဒ (၅)နိုင်ငံ (သီရိလင်္ကလာ၊ မြန်မာ၊

ထိုင်း၊ လော၊ ကမ္ဘောဒီယား)တို့မှ (၂၅၀၀)သော မထေရ်တို့ဖြစ်ပါသည်။ အခြားသော
နိုင်ငံ (၂၄)နိုင်ငံတို့မှလည်း အကူအညီများ ပေးကြပါသည်။ အထောက်အပံ့ဒကာမှာ
ဝန်ကြီးချုပ် ဦးနုနှင့် မြန်မာပြည်သူ၊ ပြည်သားများ ဖြစ်ပါသည်။

မှတ်ချက်။ ။ဤဆဋ္ဌသင်္ဂါယနာတင်ပွဲမှာ ပါဠိတော်တင်မက အဋ္ဌကထာ၊ ဋီကာများကိုပါ

ပြန်လည် စစ်ဆေးဆုံးဖြတ်ခြင်းဖြင့် သင်္ဂါယနာတင်ခြင်းဖြစ်ပါသည်။

အိန္ဒိယနိုင်ငံနှင့် ၀ိပဿနာ-

A.D -၁၉၆၅၊ ဗုဒ္ဓသာသနာတော်နှစ် -၂၅၁၂-ခုနှစ်တွင်
ဆရာကြီး ဦးဂိုအင်ကာဦးဆောင်ပြီး အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာ ၀ိပဿနာတရား
ပြန်လည် အမြစ်တွယ်အောင် လုပ်ဆောင်ပါသည်။

ပထမဆုံးသော ဗုဒ္ဓဘာသာဝက်ဘ်ဆိုက်-

A.D -၁၉၉၈-မေလတွင် Nibbana.com-ဟူသော ပထမဆုံးဗုဒ္ဓဘာသာဝက်ဘ်ဆိုက်ကို
အင်္ဂလန်နိုင်ငံ ကနေ ဖန်တီးနိုင်ခဲ့ပါသည်။

အာဖစ်ဂန်နစ်တန်မှ (Bamiyan)ဗမီယန်ဗုဒ္ဓဆင်းတုတော်-

A.D-၂၀၀၁၊ မတ်လတွင် အာဖဂန်နစ်စတန်မှ ကမ္ဘာ့အံဖွယ်ရပ်တော်မူ
ဗုဒ္ဓဆင်းတုတော်ကို တာလီဘမ်တို့၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပါသည်။

မှာပါရစေ။ ။အထက်ပါဗုဒ္ဓ၀င်(သို့) ဗုဒ္ဓဘာသာအကြောင်းသိကောင်းစရာအကျ
ဉ်းသည်
မေမေ့လပြည့်ဝန်းလေး စုစည်းထားသော ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ အချက်အလက်များကို
တင်ပြခြင်းဖြစ်ပါသည်။ တချို့နေရာများမှာ မူကွဲ စသည်အားဖြင့်
ကွဲလွဲနေခြင်း ရှိကောင်း ရှိနိုင်ပါသည်။ အခုမေမေ့လပြည့်ဝန်းလေး
တင်ပြတဲ့ မူသည် ထေရ၀ါဒမထေရ်များ လက်ခံထားသော ဘီစီ၊ အေဒီနှစ်များဖြစ်ပါသည်။

ကိုးကား--

ဝိနည်းစူဠ၀ါပါဠိတော်
ပါရာဇိကဏ္ဍအဋ္ဌကထာ
မဟာဝံသ
စူဠ၀ံသ



သူငယ်ချင်း -

မင်းတို့တည်ထောင်ထားတယ်ဆိုတဲ့ Web Portal ကို လာလည်ပါဦးဆိုလို့

ငါလာသွားတယ်။ ဒါပေမယ့် ဝင်ဝင်ချင်းပဲ Home Page မှာရေးထားတဲ့
စည်းကမ်းချက်ကို တွေ့တာနဲ့ ငါလှည့်ပြန်ခဲ့တယ်ကွာ။ မင်းတို့ရဲ့
“နိုင်ငံရေးလုံးဝမရေးရ” ဆိုတဲ့ စည်းကမ်းချက်ကြီးလေ။ အဲဒါနဲ့ ပတ်သတ်ပြီး
ဆွေးနွေးချင်လို့ ငါ ဒီစာလေးရေးလိုက်တာပါ သူငယ်ချင်းရေ။


ဒီလိုရေးထားတာကိုတွေ့တော့ ငါ ခံစားမိလိုက်တာက မင်းတို့ဟာ အဲဒီ

“နိုင်ငံရေး” ဆိုတဲ့စကားလုံးကို အတိအကျ နားမလည်နိုင်သေးဘူး ဆိုတာပါပဲ။
ငါသိသလောက်တော့ မင်းတို့ပြောချင်တဲ့ နိုင်ငံရေးဆိုတာတွေက အစိုးရကို
ဝေဖန်တာ၊ အတိုက်အခံကို ထောက်ခံတာ၊ ပါတီထောင်တာ၊ ဆန္ဒပြတာတွေကို
ဆိုလိုတာမဟုတ်လား။ ဒါဆိုလည်း နိုင်ငံရေးမရေးရ ဆိုတဲ့နေရာမှာ
အစိုးရကိုမဝေဖန်ရ လို့ပဲရေးသင့်တာပေါ့ကွာ။ တကယ်တော့ နိုင်ငံရေးဆိုတာ
နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စ၊ တတိုင်းပြည်လုံး
အတိုင်းအတာနဲ့ လုပ်ရမယ့် အရေးကိစ္စတွေကိုခေါ်တဲ့ နိုင်ငံ့အရေး
ကိုပြောတာပါသူငယ်ချင်းရေ။ အစိုးရကိုဖြုတ်ချဖို့၊ အတိုက်အခံကို
အားပေးဖို့ဆိုတာထက် ကိုယ်ပါဝင်နိုင်တဲ့ နေရာတစ်ခုကနေ တိုင်းပြည်နဲ့
လူမျိုး အကျိုးရှိမယ့် နိုင်ငံ့အရေးကို တတ်နိုင်သလောက် လုပ်ကြရလိမ့်မယ်၊
ပြောကြရလိမ့်မယ်၊ နောက်ပြီး ရေးကြရလိမ့်မယ်သူငယ်ချင်း။


လူတွေက ဒီမိုကရေစီ လိုချင်တယ်၊ ဒီမိုကရေစီရရင် ချမ်းသာပြီ၊

လူစဉ်မီပြီလို့ ထင်နေကြတယ်။ လူ့အခွင့်အရေးတွေ အပြည့်အဝရလာတာနဲ့
မနက်ဖြန်တော့ ထိုင်း၊ စင်္ကာပူကိုမီပြီ၊ သန်ဘက်ခါတော့ ဂျပန်ကိုမီပြီ၊
နောက်တစ်ရက်ကျ အမေရိကန်ကိုမီမယ်လို့ ယုံကြည်နေကြတယ်။ ကမ္ဘာမှာ ဆင်းရဲနေတဲ့
ဒီမိုကရေစီနိုင်ငံတွေ အများကြီးဆိုတာ သတိထားမိစေချင်တယ်ကွာ။ ငါတို့
အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်ဟာ ဒီမိုကရေစီနိုင်ငံတော်ကြီးပေါ့။
ဒီနေ့အစိုးရပြောင်း၊ နောက်နေ့ ဒီမိုကရေစီနိုင်ငံလို့ ကြေညာတာနဲ့
ငါတို့နိုင်ငံ နတ်ရေကန်ထဲကျသလို ဖြစ်မလာသေးပါဘူး။ ငါတို့ မြန်မာလည်း
ဒီမိုကရေစီဖွံ့ဖြိုးလာတဲ့အခါ ဘင်္ဂလားဒေ့ရှ်လို ဖြစ်ချင်လား၊
ဂျပန်လိုဖြစ်ချင်လား။ ဒါ ငါတို့ရွေးရလိမ့် သူငယ်ချင်း။ ဒီမိုကရေစီကို
မင်းလည်းလိုချင်တယ်၊ ငါလည်းချစ်တယ်။ ဒါပေမယ့် သူများတွေလို ပါတီထဲလည်း
မပါရဲဘူး။ လမ်းပေါ်လည်း မထွက်ရဲဘူးမဟုတ်လား။ ဒီတော့ ငါတို့တွေလုပ်သင့်တာက
အစိုးရအပြောင်းအလဲကို ရည်ညွှန်းတာမဟုတ်တဲ့ နိုင်ငံရေးပဲ သူငယ်ချင်း။
ဒီလိုပြောလို့ ငါတာဝန်မဲ့တာမဟုတ်ဘူးနော်။ တာဝန်ခွဲယူတာပါ။
ဒီနေ့ခေတ်ကြီးမှာ အစိုးရကို အတိုက်အခံလုပ်နေတဲ့ အဖွဲ့တွေဟာ လက်ဆယ်ချောင်း
ဘယ်ကမလဲ။ သံဃာတွေချည်းပဲကိုက ၂ ဖွဲ့ ၃ ဖွဲ့၊ ကျောင်းသားအဖွဲ့ကချည်းပဲ ၅
ဖွဲ့လောက်၊ ပြည်ပရောက် အစိုးရက ၂ ဖွဲ့လောက်၊ ပြည်တွင်းမှာ UG
ဆန်ဆန်လုပ်နေကြတာက ၅ ဖွဲ့လောက်၊ လက်နက်ကိုင်ထားတာ၊
တိုင်းရင်းသားအဖွဲ့အစည်းဆိုတာတွေနဲ့ ပေါင်းလိုက်ရင် ... သူငယ်ချင်းရေ -
တနေ့နေ့များ ဒီမိုကရေစီရခဲ့ရင် အားလုံးညီညီညွတ်ညွတ်
ပြန်ပေါင်းထုပ်နိုင်ကြပါတော့မလာ
းပဲ။ ကဲ ဒီလူတွေက အစိုးရပြောင်းဖို့၊
စနစ်ပြောင်းဖို့ လုပ်နေကြပြီဆိုတော့ ငါတို့ကလည်း ကိုယ်တတ်နိုင်တဲ့ဘက်က
လုပ်နိုင်တဲ့ နိုင်ငံရေးကို လုပ်ကြရလိမ့်မယ်။ ပြည်တွင်းက
နာမည်ကြီးမဂ္ဂဇင်းတစ်ခုက အယ်ဒီတာချုပ်တစ်ယောက်ပြောတာလေး သတိရတယ်။
လုပ်ချင်တာတွေ လုပ်ခွင့်မရသေးခင်မှာ လုပ်သင့်တာလုပ်ကြရတယ်ဆိုတာ
မှန်ပေမယ့် လုပ်နိုင်တာလည်း လုပ်ထားကြရမယ်တဲ့လေ။ သူငယ်ချင်း ငါတို့
ဘာလုပ်ထားနိုင်မလဲ။ ဒီမိုကရေစီရလာရင် အဆင်သင့်ဖြစ်နေအောင် ငါတို့
ဘာတွေပြင်ဆင်ထားကြမလဲ။ ငါတော့ အဲဒီနိုင်ငံရေး လုပ်ချင်တယ်ကွာ။
နိုင်ငံ့အရေးပေါ့။
ငါတို့တွေ အဖွဲ့အစည်းတစ်ခုအနေနဲ့ မဟုတ်ဘဲ တစ်ဦးချင်းလုပ်ထားနိုင်တာတွေမှာ
လူတစ်ဦးချင်းစီရဲ့ စည်းကမ်းနဲ့ ကိုယ်ကျင့်တရားတွေ ပြန်ကောင်းမွန်လာအောင်၊
အကျင့်ပျက်လာဘ်စားမှုတွေကို အားမပေးမိအောင်၊ အားကစား၊ ပညာရေးနဲ့
ကျန်းမာရေး ဆုတ်ယုတ်နေမှုတွေကို ပြန်တိုးတက်လာအောင် တဘက်တလမ်းက
ဝင်ကူကြဖို့တွေဟာ ထိပ်ဆုံးက ဦးစားပေးရမယ့် အလုပ်တွေပေါ့သူငယ်ချင်း။
ဒါတွေဟာ ဒီမိုကရေစီမှ မဟုတ်ပါဘူးကွာ။ ဘယ်စနစ်၊ ဘယ်တိုင်းပြည်အတွက်မဆို
လိုအပ်လှတဲ့ အခြေခံအုတ်မြစ် စစ်စစ်တွေပါပဲ။ စိတ်မကောင်းစရာက
ငါတို့နိုင်ငံမှာ ဒါတွေဟာ ဆိုးဆိုးရွားရွားပျက်စီးနေတာပါ
ပဲ။

သူငယ်ချင်း - မင်း သတိထားမိလားတော့ မသိဘူး။ ငါတို့နိုင်ငံမှာက လူတွေကို

စည်းကမ်းလိုက်နာစေချင်ရင် ဒဏ်ငွေကောက်တဲ့ နည်းလမ်းကို သုံးတယ်နော်။
တိတိကျကျလိုက်ပြီး ဒဏ်ငွေကောက်နိုင်သလားဆိုတော့ မကောက်နိုင်ပါဘူး။
ဒဏ်ငွေတွေ၊ ထောင်ဒဏ်တွေနဲ့သာ ခြိမ်းခြောက်နေတာ - ဘာဖြစ်လို့
ဒီစည်းကမ်းတစ်ခုခုကို လူတွေ လိုက်နာသင့်သလဲ ဆိုတာမျိုးကို တာဝန်ရှိသူတွေက
လူတွေနားဝင်အောင်တော့ ဘယ်တုန်းကမှ ရှင်းမပြခဲ့ဘူး။ မလုပ်နဲ့ လုပ်ရင်
ဒဏ်ငွေဆိုတာပဲ ထပ်ခါတလဲလဲ ကြေညာနေတာမဟုတ်လား။ ဒီတော့ လူလစ်ရင်၊
စောင့်ဖမ်းမယ့်လူ မရှိရင် လုပ်ချင်တာတွေ လုပ်လာကြရော။
ဒီလိုစည်းကမ်းဖောက်လိုက်လို့ ဘာအကျိုးအပြစ်တွေ ဖြစ်လာသလဲ
မတွေးကြတော့ဘူးလေ။ ဥပမာ - အစိုးရရုံး အဆောက်အဦးက လှေခါးကွေ့လေးတွေမှာ
ကွမ်းတံတွေးတွေ ထွေးကြတယ်။ မထွေးရ၊ ဒဏ်ငွေ ဆိုတာကြီးလည်း ရေးထားတယ်။
ဒါပေမယ့် ရုံးကလူကလည်း ထွေးတယ်။ အလုပ်ကိစ္စလာတဲ့ အပြင်လူကလည်း ထွေးတယ်။
အဖမ်းခံရတဲ့ လူရှိတယ်လို့လည်း တခါမှ မကြားမိပါဘူးကွာ။ တကယ်တော့ ဒဏ်ငွေတွေ
ဘာတွေ ရေးနေစရာကို မလိုပါဘူး။ အဆောက်အဦးရဲ့ လှေခါးထစ်ဟာ ကွမ်းတံတွေး
ထွေးရမယ့်နေရာ မဟုတ်ဘူးဆိုတာ လူတိုင်းသိနေတာပဲ မဟုတ်လား။ အဲဒီလို
စည်းကမ်းမဲ့ တံတွေးထွေးတဲ့ လူတွေဟာ သူတို့အိမ်က အိမ်ထောင့်လေးတွေ၊
အဝတ်ဘီရိုနားတွေ၊ သောက်ရေအိုးစဉ်နားတွေမှာရော ကွမ်းတံတွေး
ထွေးနေကြမယ်ထင်လား။ မလုပ်ပါဘူး သူငယ်ချင်းရေ။ ကိုယ့်အိမ်လေကွာ။
ကိုယ့်အိမ်ညစ်ပတ်မှာ၊ ရောဂါပိုးမွှားရှိလာမှာ၊ အမြင်မတော် စိုးရိမ်တယ်လေ။
လူတစ်ဦးချင်းစီရဲ့ စည်းကမ်းနဲ့ ကိုယ်ကျင့်တရားဆိုတာ အဲဒါပါပဲ။ ဒါလေးက
သိပ်သေးလွန်းတဲ့ ဥပမာပါ။ ငါတို့ဟာ သမိုင်းကြောင်းကောင်းတဲ့နိုင်ငံ

ယဉ်ကျေးမှုမြင့်မားတဲ့နိုင်ငံ၊ နိုင်ငံကြီးသားတွေ နေတဲ့နိုင်ငံဆို
ဘယ်အစိုးရပဲ အုပ်ချုပ်နေပါစေ - လူတစ်ဦးချင်းစီဟာ အောက်တန်းကျတဲ့
စိတ်ညစ်တွေ ရှိမနေသင့်ဘူး။ ဒါဟာ ပညာမတတ်တာနဲ့လည်း မဆိုင်ဘူး။ သူတို့မှာ
ပင်ကိုရှိပြီးသား အသိဥာဏ်တစ်ခုပါပဲ။ နည်းနည်းလောက် သတိပြန်ပေးလိုက်တာနဲ့
ဆင်ခြင်သွားနိုင်တဲ့ ကိစ္စမျိုးပါ။

စီးပွားရေးချွတ်ခြုံကျမှုရဲ့ အကျိုးဆက်တွေအနေနဲ့ ငွေကို

ဘယ်လိုနည်းနဲ့မဆိုရဖို့ ကြိုးစားလာတဲ့အချိန်မှာ လာဘ်ပေး၊
လာဘ်ယူဇာတ်လမ်းတွေဟာလည်း ပေါများသထက် ပေါများလာဦးမှာပါ။ လူတစ်ယောက်ရဲ့
အခက်အခဲ တစ်ခုကို ကူညီနိုင်ပါရဲ့နဲ့ တရားမဝင် လာဘ်ငွေပေးမှ
လုပ်ပေးမယ်ဆိုတဲ့ စိတ်ဓါတ်ဟာ သိပ်စိတ်ပျက်စရာပါပဲ။ မရှိလို့
အကြံအဖန်တောင်းစားရတယ်ဆိုတာကို နားလည်ပေးနိုင်ပေမယ့် ဒါဟာ သူလုပ်ပေးရမယ့်
တာဝန်တစ်ခု (Responsibility) ဖြစ်ပြီး တဘက်လူရဲ့ အခက်အခဲကိုလည်း
ကြည့်ရမယ်မဟုတ်လား။ ဒီတော့ ခုနပြောတဲ့ ကိုယ်ကျင့်တရား ကောင်းမွန်လာတဲ့အခါ
လာဘ်စားမှုတွေလည်း လျော့ပါးလာမယ်လို့ ငါတော့ယုံတယ်သူငယ်ချင်း။

သူငယ်ချင်းရေ - ပြောလက်စနဲ့ ဆက်ပြောဦးမယ်ကွာ။ ငါတို့နိုင်ငံမှာ

အားကစားအကြောင်းပြောကြဟေ့ဆို “တချိန်က” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ဗဟာဒူးတို့ကဘယ်လို၊ ရှင်ဗွေဂန်း၊ မီတုန်းနော်ကဘယ်လိုဆိုပြီး အတိတ်ကို
စလွမ်းကြရတော့တာပဲ။ ပညာရေးဆိုလည်း “အရင်ကရန်ကုန်တက္ကသိုလ်ဟာ
အရှေ့တောင်အာရှမှာ...” ဆိုပြီး ပြန်တမ်းတကြရပြန်တော့ပဲမဟုတ်လား

သူငယ်ချင်းရေ - ပညာရေးပဲဖြစ်ဖြစ်၊ အားကစားပဲဖြစ်ဖြစ် တနိုင်ငံလုံး
အတိုင်းအတာနဲ့ နိုင်ငံတကာအဆင့်ရောက်အောင်တော့ ငါတို့ဟာ အစိုးရအကူအညီမပါဘဲ
မရနိုင်ပါဘူး။ ဒါပေမယ့် အစိုးရလုပ်ပေးလိမ့်မယ်ဆိုပြီး စောင့်နေတာထက်
ငါတို့တွေအနေနဲ့ ကလေးနဲ့ လူငယ်တွေရဲ့ ပညာရေးကို ဘယ်လိုများ
ထောက်ပံ့အားပေးနိုင်မလဲဆိုတာ နည်းလမ်းရှာထားသင့်တယ်။ မင်းတို့လို IT
ပညာရှင်တွေက အလယ်တန်းအဆင့်လောက် ကျောင်းသားတွေကစပြီး ကွန်ပျူတာနဲ့
အင်တာနက်ကို မိတ်ဆက်ပေးကြမယ်၊ အားကစားမှာ ထွန်းပေါက်တဲ့လူတွေကလည်း
ကျောင်းသားတွေကစလို့ အားကစားအခြေခံလေးတွေကို ကိုယ်ကျိုးမရှာဘဲ
သင်ပေးကြမယ်၊ အကြားအမြင်ဗဟုသုတရှိတဲ့ ပညာတတ်တွေကလည်း
ဟောပြောပွဲတွေလုပ်လို့ ကလေးနဲ့ လူငယ်တွေကို လိမ္မာလာအောင်၊
ကိုယ်ရည်ကိုယ်သွေးမြင့်မားလာအော
င် နားချကြမယ်ဆို ငါတို့ဟာ
ငါတို့လုပ်နိုင်တဲ့ တာဝန်တစ်ခုကို ကျေပွန်အောင် လုပ်နိုင်ကြပြီလို့
ခံယူရမှာပါပဲကွာ။ ဒီလူငယ်တွေကို ဒီမိုကရေစီတွေ၊ စစ်အစိုးရတွေ ဘာမှ
မသင်ပေးပါနဲ့ဦး။ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တတ်အောင်၊ မနက်တိုင်း
ရွတ်ဆိုနေတဲ့ ကမ္ဘာမကြေသီချင်းဟာ ဘာအတွက်ဆိုကြရတယ်ဆိုတာသိအောင်၊
ယူနီဖောင်းဘာလို့ ဝတ်ကြတယ်ဆိုတာလောက်ပဲ အရင်သိအောင် လုပ်ပေးနိုင်ရင်ပဲ
တော်လှပါပြီ။ ဒီကလေးတွေနဲ့ လူငယ်တွေဟာ ငါတို့တိုင်းပြည်ရဲ့
အနာဂတ်တွေပဲမဟုတ်လား။

သူငယ်ချင်းရေ - မိချောင်းမင်း ရေကင်းပြသလိုများ ဖြစ်နေသလားကွာ။ ငါအပေါ်မှာ

ရေးထားခဲ့တာတွေဟာ နိုင်ငံရေးတွေပေါ့။ ဒါပေမယ့် ငါ အစိုးရဖြုတ်ချဖို့၊
ဆန္ဒပြဖို့ တစ်လုံးမှ မရေးထားဘူးနော်။ ဒီလိုနိုင်ငံရေးမျိုး
ငါတို့လုပ်ကြရမယ်သူငယ်ချင်း။ ရေးကြရမယ်။ တနည်းအားဖြင့် ဆွေးနွေးကြရမယ်။
ငါတို့အနာဂတ်ဟာ အစိုးရပြောင်းမှပဲ တောက်ပလာမယ်ဆိုတာကို ခေါင်းထဲက
ခဏထုတ်လို့ အဖြစ်နိုင်ဆုံးနည်းလမ်းတွေနဲ့ တိုင်းပြည်ကို ကူညီကြရမယ်။
ငါတို့တောင့်တတဲ့ ဒီမိုကရေစီထွန်းကားလာတဲ့အခါ ငါတို့ပြည်သူတွေဟာ
ဒီမိုကရေစီနဲ့အညီ နေထိုင်တတ်တဲ့ ပြည်သူတွေ ဖြစ်နေမယ်ဆို
ဘယ်လောက်ကောင်းလိမ့်မလဲကွာ။ ကြားဖူးတဲ့ ဆိုရိုးစကားလေး တစ်ခုရှိတယ်။
တိုင်းပြည်တစ်ခုကပြည်သူတွေဟာ သူတို့နဲ့တန်တဲ့ အစိုးရပဲ ရတတ်တယ်တဲ့။
ဒီဆိုရိုးလေးမှန်မယ်ဆိုရင် ငါတို့စည်းကမ်းပြည့်ဝပြီး
ကိုယ်ကျင့်တရားကောင်းလာတဲ့အခါ ငါတို့အစိုးရလည်း မင်းကောင်းမင်းမြတ်တွေ
ဖြစ်လာမှာပေါ့။ မကောင်းတဲ့လူတွေ ဘေးဖယ်သွားကြရပါလိမ့်မယ်။

မင်းလည်း မြန်မာ၊ ငါလည်း မြန်မာ - မြန်မာတွေ ဖြစ်ပါရက်နဲ့

မြန်မာ့နိုင်ငံရေးကို မရေးရ၊ စိတ်မဝင်စားရဆိုတော့ - သူငယ်ချင်း
မင်းတို့လုပ်ထားတဲ့ Portal က ဘယ်သူတွေ အတွက်တုန်း။ ငါပြောတာတွေ
မင်းနားလည်မယ်ဆို နိုင်ငံရေးလုပ်ကြစမ်းပါလို့ မင်းသူငယ်ချင်းတွေကို
ထပ်ပြောပေးပါကွာ။ သိပ်နောက်မကျခင် နိုင်ငံရေးလုပ်ကြစို့လို့။


PS. လူတိုင်းနိုင်ငံရေးဆိုတဲ့ဝေါဟာ
ရကိုဒီလိုနားလည်နိုင်ရင်
ကျွန်မတို့မြန်မာပြည်လည်း နိုင်ငံတကာကို ရင်ဘောင်တန်းနိုင်မယ်
လို့ယုံကြည်ပါတယ်။
ကျွန်မတို့လည်း နောက်မကျသေးခင် ကိုယ်တတ်နိုင်တဲ့နိုင်ငံရေးကို လုပ်ဆောင်ကြရအောင်။
၁။ စက္ကန့်တိုင်းလျှင် အမေရိကန် ၂၅၀ ဒေါ်လာဝင်ငွေရှိပြီး တစ်ရက်တာကာလအတွက်
ဒေါ်လာသန်း ၂၀ ၀င်ငွေရှိ၍ တစ်နှစ်ဝင်ငွေ ၇.၈ ဘီလီယံရှိသည်။

၂။ အကယ်၍ သူသည် ဒေါ်လာတစ်ထောင်ပြုတ်ကျသွားခဲ့သည်
ဆိုပါလျှင်
ဘယ်တော့မှပြန်ကောက်လိမ့်မည်မဟု
တ်ပါ။ အဘယ်ကြောင့်ဆိုသော်
အဆိုပါပြန်လည်ကောက်ယူမည့်အချိန် ၄ စက္ကန့်တွင်ပင် သူသည် ဒေါ်လာတစ်ထောင်
ပြန်လည်ရရှိခဲ့ပြီးဖြစ်သောကြော
င့်တည်း။

၃။ အမေရိကန် ဖက်ဒရယ် အစိုးရ၏ ပြင်ပကြွေးမြီသည် ၅.၆၂ ထရီလီယံမျှရှိသည်။
အကယ်၍ ဘီလ်ဂိတ်သာ အဆိုပါ အကြွေးကို ပေးဆပ်ရမည်ဆိုပါက ၁၀
နှစ်မပြည့်မီကာလတွင်ပင် အကြွေးကျေသွားလိမ့်မည်။

၎။ ကမ္ဘာပေါ်ရှိလူတိုင်းကို ၁၅ ဒေါ်လာစီ အလှူဒါနပြုခဲ့သည်ဆိုသော်
၎င်းအိတ်ကပ်ထဲတွင် ဒေါ်လာ ၅ သန်းခန့် ကျန်ရှိနေဦးမည် ဖြစ်သည်။


၅။ အမေရိကန်အားကစားလောကတွင် အချမ်းသာဆုံးစာရင်းဝင်ဖြစ်သော
မိုက်ကယ်ဂျော်ဒန် ၂၂၇ နှစ်ခန့် မစားမသောက်ဘဲစုမှ ရရှိမည့် ၀င်ငွေသည်
ဘီလ်ဂိတ်၏ လက်ရှိပိုင်ဆိုင်မှုကိုမှီနိုင်
မည်။

၆။ ဘီလ်ဂိတ်တွင် တိုင်းပြည်တစ်ခုရှိသည် ဆိုပါလျှင် ကမ္ဘာပေါ်တွင် ၃၇
ယောက်မြောက်အချမ်းသာဆုံးပုဂ္ဂို
လ်ဖြစ်လိမ့်မည်။

၇။ ဘီလ်ဂိတ်၏ ပိုင်ဆိုင်မှုကို တစ်ဒေါ်လာတန်များဖြင့် စီတန်းလိုက်မည်ဆိုပါက
ကမ္ဘာမှ လကမ္ဘာအထိ စီတန်းနိုင်ပြီး အသွားအပြန် ၁၄ ကြိမ် စီတန်းနိုင်မည်။
ထိုသို့ပြုလုပ်ရန် နှစ်ပေါင်း ၁၄၀၀ ကြာမြင့်မည်ဖြစ်ပြီး ဘိုးအင်း ၇၄၇
လေယာဉ်ဖြင့် ဆိုပါက ၇၁၃ ခေါက်တိတိ သယ်ယူပို့ဆောင်ပေးရမည်ဖြစ်သည်။

၈။ အသက် ၉၀ ပျမ်းမျှနှုန်းအရ တွက်ချက်မည်ဆိုပါက ယခု ဘီလ်ဂိတ်၌ ရှိနေသော
အသက်အရွယ်မှ မသေဆုံးခင်အချိန်အထိ သူ၏ စည်းစိမ်ဥစ္စာများကို တစ်နေ့လျှင်
၆.၇၈ သန်း သုံးဖြုန်းပစ်မှသာ ကုန်ဆုံးနိုင်ပေမည်။

၉။ သို့ရာတွင် ကျွန်ုပ်တို့ကွန်ပျူတာသုံးစွဲေ
နကြသော Windows သမားများသည်
Microsoft Windows Error တက်စဉ်တိုင်း ( သို့မဟုတ် )
Hang သွားသည့်အချိန်တိုင်းတွင် အမေရိကန်တစ်ဒေါ်လာနှုန်းမျှသာ ဘီလ်ဂိတ်ကို
တောင်းခံရမည်ဆိုပါက သူသည် သုံးရက်အတွင်း ဒေ၀ါလီခံသွားရနိုင်ပေသည်။
:D
1.                    DON'T SLEEP WITH WATCH

Watches can emit a certain level of radioactivity.
Though small, but if you wear your watch to bed
for a long time, it might have adverse effects on your health.

၁.       နာရီဝတ်ပြီးမအိပ်ပါနဲ့..

နာရီဟာရေဒီယိုသတ္တိကြွထုတ်လွှင့်
မှုအတော်မြင့်မားပါတယ်...နာရီဟာသေးငယ်တယ်လို့ထင်ရပေမဲ့ ၀တ်ဆင်ပြီး အချိန်ကြာကြာအိပ်ခဲ့ရင် သင့်ရဲ့ကျန်းမာရေးကို ဆိုးကျိုးတွေအများကြီးဖြစ်လာစေနိုင်ပါတယ်တဲ့....ဒါကြောင့်အိပ်တဲ့အခါနာရီကို ချွတ်ပြီးအိပ်ကြပါ..

2.  DON'T SLEEP WITH BRA

Scientists in America have discovered those that
wear bras for more than 12 hours have
a higher risk of getting breast cancer.
So go to bed without it.

၂.     အမျိုးသမီးများ ဘရာဝတ်ပြီးမအိပ်ပါနဲ့

အမေရိကားမှ ပညာရှင်များလေ့လာတွေ့ရှိချက်
အရအမျိုးသမီးများ ၁၂နာရီထက်ကျော်လွန်ပြီး အတွင်းခံ(ဘရာ)ကိုဝတ်ဆင်ပါက ရင်သားကင်ဆာဖြစ်နိုင်ချေ အလွန်မြင့်မားကြောင်းသိရပါတယ်...ဒါကြောင့် ညအိပ်ရာဝင်ချိန်မှာတော့ Pls sleep without bra,ok?
3.    DON'T SLEEP WITH PHONE

Putting the phone beside your bed or anywhere near you is not encouraged.
Though some of us will use phones as alarm clocks,but please put the phone as far as possible.
Scientists have proved that electrical items including mobile phone and television sets emit magnetic waves when used.
These waves can cause disruptions to our nervous system.Therefore if you need to put your mobile phone near you, switch it off first.

၃. ဖုန်းနဲ့အတူတူမအိပ်ပါနဲ့

မိမိလက်ကိုင်ဖုန်းကိုမိမိရဲ့အိ
ပ်ရာဘေး ဒါမှမဟုတ် အနီးအနားမှာထားခြင်းကို အားမပေးပါဘူး..တစ်ချို့က ဖုန်းကို နိုးစက်အနေနဲ့ အသုံးပြုတတ်ကြပါတယ်....အဲလိုသုံးရင်လည်းဖုန်းကို မိမိနဲ့ဝေးနိုင်သမျှဝေးဝေးမှာ
ထားသင့်ပါတယ်.ံ......ပညာရှင်မျာ
းက လျှပ်စစ်ပစ္စည်းများဖြစ်တဲ့ လက်ကိုင်ဖုန်းအပါအ၀င်
တယ်လီဗေးရှင်းစက်များဟာ အသုံးပြုနေတဲ့အခါမှာ သံလိုက်လှိုင်းများကိုထုတ်လွှင့်ေ
နကြကြောင်း သက်သေပြခဲ့ကြပါတယ်..အဲဒီသံလိုက်လှိုင်းများဟာ ကျွန်မတိုရဲ့ အာရုံကြောအဖွဲ့အစည်းကို အနှောက်အယှက်ပေးစေနိုင်ပါတယ်..ဒါကြောင့် ဖုန်းကို အိပ်ရာဘေးမှာ ထားအိပ်မယ်ဆိုရင်တောင် ဖုန်းကိုပိတ်ထားသင့်ပါတယ်.....
4.    DON'T SLEEP WITH MAKE UP

People who sleep with make up might have skin problems in the long run.
Sleeping with make up will cause the skin to have difficulty in breathing and problem in perspiring. You will also need a much longer time to go into deep sleep.

၎.မိပ်ကပ်လိမ်းပြီးမအိပ်ပါနဲ့..


 ညအိပ်ရာဝင်တဲ့အခါလိမ်းထားတဲ့မိ
တ်ကပ်များကိုမဖျက်ဘဲအိပ်တတ်သူများဟာ ရေရှည်မှာ အရေပြားကိုဆိုးကျိုးဖြစ်စေနိုင်ပါတယ်...မိပ်ကပ်လိမ်းပြီး အိပ်ခြင်းအားဖြင့်အရေပြားပေါ်ရှိချွေးပေါက်များကို ပိတ်ဆို့စေပြီး
ဝက်ခြံတင်းတိပ် အစရှိတဲ့ အရေပြားပြသာနာမျိုးစုံကို ဖြစ်ပေါ်စေနိုင်ပါတယ်....အိပ်ချိ
န်ကို ပြည့်ပြည့်၀၀နဲ့နှစ်နှစ်ခြိုက်ခြိုက်ရရှိဖို့လဲလိုအပ်ပါတယ်...ဒါကြောင့် ညအိပ်ရာဝင်ရင် မျက်နှာကို သန့်စင်ပြီးမှအိပ်စက်ကြပါ...

Lastly.....
5.    DON'T SLEEP WITH OTHERS' WIFE / HUSBAND

You may never wake up again.


 ၅.  သူတစ်ပါးရဲ့ယောင်္ကျား မိန်းများနဲ့အတူတူမအိပ်ပါနဲ့
နောက်ဆုံးတစ်ခုအတူတူမအိပ်သင့်တဲ
့အရာကတော့  သူတစ်ပါးရဲ့ကာမပိုင်ရှိပြီးသူ လင်သား..သူတစ်ပါးရဲ့မိန်းမ များနဲ့အတူတူ မအိပ်စက်သင့်ပါဘူးတဲ့... ဘယ်သောခါမှပြန်လည်နိုးထမှာမဟုတ်တော့လို့ပါ....

မိဘဂုဏ်(၁၂)ပါး
ဂုဏ်တွေသိတော့ပိုပြီးလေးစားတက်
လာတာပေါ့။
မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး။
၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။
၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။
၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။
၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။
မိဘတို့သည် သားသမီးအပေါ်တွင် မည်မျှကောင်းကြောင်းကို ထင်ရှားစေသော စာသားများဖြစ်သည်။အချို့သော သားသမီးတို့သည် မိဘကို ပစ်ပယ်၍ ဘိုးဘွားရိပ်သာ သို့ပို့ထားကြသည်။အချို့ သော သားသမီးများက မိဘတို့ကို စော်ကားကြသည်၊ ထိုသို့သာ သားသမီးများက မိဘကိုစော်ကားနေလျှင် ငရဲရောက်မည်မှာ ဧကန်ဖြစ်သည်။ ထိုသို့ မဖြစ်ရလေအောင် လူတိုင်းသိရှိပြီး လိုက်နာနိုင်ရန်ရေးသားလိုက်ရပါ
သည်။ အထက်ပါစာသားများ၏ အကျယ်ရှင်းလင်းချက်မှာ
၁။ သားသမီးအပေါ်တွင် ထာဝစဉ် မေတ္တာထားသောကြောင့် ဗြဟ္မာ ဖြစ်ပါသည်.
၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍ သင်ကြားပြသပေးသောကြောင့်လက်ဦး
ဆရာ ဖြစ်သည်။
၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။သားသမီး
ကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျ ပုဂ္ဂိုလ် ဖြစ်သည်။
၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။
၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒ ဟုမည်သည်။
၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။
၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။
၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။
၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့် အာပါဒက ဟုမည်သည်။
၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိ
ဘများ သိသမျှ သားသမီးများသိရအောင် ပြောပြသောကြောင့် ဒေဿတာရ ဟုခေါ်သည်။
၁၁။ သားသမီးများကို ချော့ပြော၊နားဝင်အောင် ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။
၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို ကိုယ် ကိုယ်တိုင်မသုံးရက် ၊မစားရက်အောင် သားသမီး အတွက် ချန်ထားသောကြောင့် ရသော ဂုဏ်ကို ဂေါပယန္တိ ဟုခေါ်သည်။
စကားချပ်။ ။ ပါဠိစာပေကို များစွာ ကျွမ်းကျင်မှု မရှိသောကြောင့် အချို့ သော ပါဠိစာသားများမှားယွင်းမှု ရှိခဲ့သော် ကျွန်ုပ်၏ အမှားပင်ဖြစ်ကြောင်းဝန်ခံအပ်ပါသည်။ ဘာသာရေးစာအုပ်တစ်အုပ်မှ ပြန်လည် ကောက်နှုတ် ဖော်ပြ ခြင်း ဖြစ်ပါသည်။


ကွန်ပျူတာကို အသုံးပြုခြင်း၊ စာအုပ်ကြည့်ခြင်း နှင့် တီဗွီကြည့်ချိန်တိုင်းတွင်
၊သင်သည် မျက်လုံးခြောက်သွေ့ပြီးခိုလို့
ခုလုဖြစ်ခြင်း၊
ကိုက်ခဲခြင်း၊ပင်ပန်းနွမ်းနယ်ြ
ခင်းတို့ကို အမြဲတမ်း ခံစားရပါသလား။
ထိုကဲ့သို့ဖြစ်ရသည်မှာ မျက်စိကို အချိန်အကြာကြီး အလွန်အကျွံ
အသုံးပြုခြင်းကြောင့် ဖြစ်သည်။မျက်စိပင်ပန်းနွမ်းနယ်ြ
ခင်း၏ အဓိကအကြောင်းအရာလည်း
ဖြစ်ပေသည်။ရောဂါလက္ခဏမှာ အရာဝတ္တု များကို ကြည့်ချိန်ကြာမြင်လာလျှင်
ဝိုးတိုးဝါးတာဖြစ်လာခြင်း၊ တချို့မှာ စာရေးခြင်း (သို့မဟုတ်
)စာဖတ်ခြင်းတို့ကိုပင် မလုပ်နိုင်ခြင်းတို့ပင် ရှိသည်။မျက်လုံးခြောက်သွေ့၍
ခိုလို့ခုလုဖြစ်ခြင်း၊ခေါင်းမူး
ခြင်းများ ပြင်းထန်လာချိန်တွင်
အော့အန်စိတ်များဖြစ်လာပြီး ၊အန်ထွက်ခြင်းများ
အစရှိသည်တို့ဖြစ်လာသည်။အခြားတစ်
ခုမှာ ပင်ပန်းနွမ်းနယ်မှုကြောင့်
လူငယ်ပိုင်းများတွင် အဝေးမှုန်ခြင်း (သို့မဟုတ်) အနီးမှုန်ခြင်းများ ၊တိမ်ကျခြင်း
အစရှိသည့် မျက်စိနှင့်ပက်သက်သည့် ရောဂါများဖြစ်ပွားလာသည်မှာ
မျက်စိကိုအချိန်ကြာမြင်စွာ အသုံးပြုခြင်းကြောင့်ဖြစ်သည်။
မျက်စိကိုကာကွယ်ခြင်း ၊ အမြင်အာရုံထိခိုက်မှုများကို
တားမြစ်နိုင်ခြင်း၊မျက်စိပင်ပန်
းနွမ်းနယ်မှု့ကို လျော့နည်းသွားစေရန်
အလင်းရောင်ကို အသင့်အတင့်ဖြစ်အောင် အသုံးပြုခြင်းတို့အပြင်၊ မှန်ကန်သော
ကိုယ်နေဟန်ထားများကို လည်း ထိန်းသိမ်းရမည်ဖြစ်သည်။အနားယြူ
ခင်းနှင့်
မျက်စိလေ့ကျင့်ခန်းများ ပြုလုပ်ပေးရမည့်အပြင် အလွန်အင်မတန်မှ အရေးကြီးသော
အချက်မှာ မျက်လုံးကို အာဟာရဖြည့်ဆည်းပေးခြင်းပင်ဖြစ်
သည်။
ယနေ့ခေတ် ဆေးပညာလေ့လာမှု့များ၏ ဖော်ပြချက်များမှာ၊ ဗီတာမင်နှင့်
မျက်စိရောဂါဖြစ်ပွားမှု၊ အမြင်အာရုံ ကောင်းမှု ၊မကောင်းမှုမှာ အလွန်အင်မတန်မှ
နီးစပ်သော ပက်သက်မှုများပင်ဖြစ်သည်။မျက်စိ
ကို ကြာရှည်အသုံးပြုသူများမှာ
ဗီတာမင်ဓာတ်နှင့် သတ္တုဓာတ်များလိုအပ်ပေသည်။မျက်စိ
အတွက်လိုအပ်သော
အာဟာရဓာတ်များကို သင့်လျော်စွာဖြည့်ဆည်းပေးခြင်ြး
ဖင့် မျက်စိကို
ကာကွယ်နိုင်ပြီး၊ အမြင်အာရုံထိခိုက်ခြင်းမှလည်း
တားမြစ်ပေးနိုင်သည်။မျက်စိရောဂါ
ကာကွယ်ရန်အတွက် အမြင်အာရုံကို မြှင့်တင်ပေးမှုမှာ
အလွန်အင်မတန်မှ အရေးပါလှပေသည်။
ယခု အခါတွင် မျက်စိပင်ပန်းနွမ်းနယ်မှုကို အစားအစာဖြင့်ထိန်းသိမ်းပေးသော နည်း၂
မျိုးကို လေ့လာနိုင်ပါသည်။
၁။ ပဲနက်သစ်ကြားနွားနို့။ ။ ပဲနက်အမှုန့် တစ်ဇွန်း ၊ သစ်ကြားသီးအဆံမှုန့်
တစ်ဇွန်း၊ နွားနို့တစ်ထုပ်၊ပျားရည်တစ်ဇွန်
း။
ပဲနက် ၅၀၀ ဂရမ်ကို လှော်ပြီးအအေးခံပြီးနောက် အမှုန့်ဖြစ်အောင်
ပြုလုပ်ရမည်။သစ်ကြားသီး ၅၀၀ ဂရမ်ကို တူးအောင်လှော်ပြိးနောက် အဆံပေါ်မှ
အရည်ခွံကို ချွတ်ပေးရမည်။ထို့နောက် အအေးခံပြီးအမှုန့် ဖြစ်အောင်
ထောင်းရမည်။အထက်ဖော်ပြပါ အစားအစာနှစ်မျိုးမှ အသီးသီးကို တစ်ဇွန်းဆီယူပြီး
ပွက်ပွက်ဆူနေသော နွားနို့တစ်ခွက်ထဲသို့လောင်းထည်
့ပြီးနောက် ပျားရည်တစ်ဇွန်းကို
ထပ်မံပေါင်းစပ်ပေးရမည်။နံနက်ခင်
းတိုင်း (သို့မဟုတ်) နံနက်စားသုံးဆောင်ပြီးနောက်
မှီဝဲရပါမည်။သို့မဟုတ်ပါက နံနက်စာနှင့်လည်း တွဲဖက်၍လည်း
အသုံးပြုနိုင်သည်။ပဲနက်ကလေးတွင် ပြည့်ဝသော ပရိုတင်းဓာတ်နှင့် ဗီတာမင်
အစရှိသည်တို့ ပါဝင်သည်။အာဟာရဓတ်ကိုလည်း ပိုမိုမြှင့်တင်ပေးနိုင်သည်။
အနက်ရောင်
အစားအစာဖြစ်သောကြောင့် ကျောက်ကပ်ကို ကောင်းမွန်စေသည်။သစ်ကြားသီးနှင်
့ တွဲဖက်ပါက
ကျောက်ကပ်အားကို လည်း ပိုမို တိုးပွားစေနိုင်သည်။နွားနို့နှ
င့် ပျားရည်ကို
ထပ်မံပေါင်းစပ်လိုက်ပါက ပိုမိုကောင်းမွန်သော ဗီတာမင် b1 ၊ ကယ်စီယမ်
၊မီးစုန်းဓာတ်များ ပါဝင်သောကြောင့် မျက်စိကြွက်သားအားကို တိုးပွားစေပြီး
၊မျက်စိစွမ်းအားကိုလည်း ညှိနှိုင်းပေးသည်။မျက်စိပင်ပန်း
နွမ်းနယ်ခြင်း၏
လက္ခဏများကိုလည်း ပြန်လည်ကောင်းမွန်စေသည်။
၂။ ကုန့်ကျိကျစ်ပိုးစားသီးဆန်ပြုတ်
။ ။ကုန့်ကျိကျစ်၅ဂရမ် ၊ ပိုးစားသီး ၅ ဂရမ်
၊ကန်ဇွန်းဥ ၅ဂရမ် ၊တရုတ်ဆီးသီး ၅လုံး ၊ဆန်ကျော် ၁၀၀ ဂရမ် ။
အထက်ပါ အရာများကို ဆန်ပြုတ်အဖြစ် ကြိုချက်၍
အသုံးပြုရမည်ဖြစ်သည်။ဤဆေးညွှန်း
အတွင်းတွင် ပါဝင်သော ကုန့်ကျိကျစ်
၊ပိုးစားသီးများမှာ အသည်းနှင့် ကျောက်ကပ်ကို အားဖြည့်စေပြီး ၊ကန်ဇွန်ဥမှာ
သရက်ရွက်နှင့် အစာအိမ်ကို ကျန်းမားစေသည်။အမြင်အာရုံ ပင်ပန်းနွမ်းနယ်သူများမှာ
မနက် ၊ည နှစ်နှပ်စာ သုံးဆောင်သကဲ့သို့ပင်
ရက်ရှည်မှီဝဲရမည်ဖြစ်သည်။မျက်စိ
ပင်ပန်းနွမ်းနယ်မှုကို ပျောက်ကင်းစေပြီး
၊ကိုယ်ခံအားကို လည်းတိုးပွားစေသည်။
ထို့ကြောင့် မျက်စိပင်ပန်းနွမ်းနယ်သူများမှာ အစားအသောက်နှင့် အာဟာရဓာတ်ကို
ညီမျှစွာ အသုံးပြုရမည် ဖြစ်သည်။ပုံမှန်အချိန်တိုင်းတွ
င် ဆန်ကြမ်း
၊ပြောင်းပဲလူးဆပ်များ၊ အနီရောင် အစိမ်းရောင် ဟင်းသီးဟင်းရွက်များ ၊ပဲများ
၊အသီးအနှံများ အစရှိသည့် ဗီတာမင်ဓာတ် ၊ပရိုတင်းဓာတ်နှင့် အမျှင်ဓာတ်ပါသော
အစားအစာများကို လည်းများများစားသုံးသင့်ပေသည်။

အနိုင်ရသူ ဆိုတာ အဖြေတစ်ခုရဲ့ တစ်စိတ်တစ်ဒေသ။
ကျရှုံးသူ ဆိုတာ ပြသနာ တစ်ခုရဲ့ အပိုင်းအစ။

အနိုင်ရသူမှာ ဘယ်လိုလုပ်မလဲ ဆိုတဲ့ အစီအစဉ် တစ်ခုရှိတယ်။
ကျရှုံးသူ မှာတော့ ဆင်ခြေဆင်လက် အပြည့်နဲ့။

အနိုင်ရသူဟာ ပြသနာတိုင်းရဲ့ သော့ချက်ကို အဖြေမှာ ရှာဖွေတွေ့တယ်။
ရှုံးနိမ့်သူ ကတော့ အဖြေတစ်ခုစီတိုင်း အတွက် ပြသနာကို အမြဲမြင်တယ်။

အနိုင်ရသူက ပြောတယ် " ဒါဟာ ခက်ခဲတယ်။ ဒါပေမယ့် ဖြစ်နိုင်ချေ ရှိတယ်"။
ရှုံးနိမ့်သူက ပြောတယ် " ဒါဟာ ဖြစ်နိုင်ချေ တော့ရှိတယ်။ ဒါပေမယ့် ခက်ခဲလွန်းတယ်"၊

အနိုင်ရသူ----- အောင်မြင်မှု ရလေ ချိုးနှိမ်စိတ် ပိုများလာလေ။
ကျရှုံးသူ----- အနည်းအကျဉ်းသော အောင်မြင်မှုတိုင်းအတွက် မောက်မာ ခက်ထန်သူ။

အနိုင်ရသူ----- အခြားသောသူများ အိပ်စက် အနားယူ နေချိန်တွင် အပတ်တကုတ် ကြိုးစားသူ။
ကျရှုံးသူ----- ကြိုးစားနိုင်သော အခွင့်အရေး များစွာကို ကြိုးစားခွင့် ရှိနေချိန်တွင် ဖြုန်းတီးသူ။

အနိုင်ရသူ----- လုံ့လ ၀ီရိယကို ပွေ့ပိုက်၍ ခရီးဆက်သူ။
ကျရှုံးသူ---- အချိန်ဆွဲခြင်း များဖြင့် ကိစ္စရပ်များကို နှောင့်နှေး ကြန့်ကြာစေ၍ လိုရာ ခရီးသို့ မရောက်သောသူ။

အနိုင်ရသူ----- တစ်စိုက်မတ်မတ်ဖြင့် ပန်းတိုင်အရောက် မကြောက်မရွံ့ ရည်မှန်းချက်ကို ဆွတ်ခူးသူ။
ကျရှုံးသူ----- အနည်းအကျဉ်းမျှသော အခက်အခဲတွေ့ရုံမျှဖြင့် အရာအားလုံးကို လက်မြောက် အရှုံးပေးလိုက်သူ။
စိတ်ကြည်လင်ချမ်းမြေ့စွာဖြင့် အဆုံးထိဖတ်ပါ။ သင့်အတွက်ဖြစ်ပါသည်။

(1)The most selfish one-letter world is' I' . Avoid it.
အက္ခရာတစ်လုံးတည်းရှိတဲ့ တကိုယ်ကောင်းအဆန်ဆုံးစကားလုံးကေ
တာ့
ငါ´ ပါ။ အဲဒါကို ရှောင်ကျဉ်ပါ ... တဲ့။
(2)The most satisfying two-letter world is' We ' . Use it.
အက္ခရာ နှစ်လုံးပါတဲ့ စိတ်ကျေနပ်စရာအကောင်းဆုံး စကားလုံးကတော့ `ငါတို့´ ပါ။ အဲဒါကို အသုံးပြုပါ တဲ့။

(3)The most poisonous three-letter world is' Ego ' . Kill it.
အက္ခရာသုံးလုံးနဲ့ဖွဲ့စည်းထားတဲ့ အဆိပ်အပြင်းဆုံးစကားလုံးဟာ `အတ္တ´ ပါ။ အဲဒါကို သတ်ပစ်ပါ။

(4)The most used four-letter world is' Love ' . Value it.
အက္ခရာလေးလုံးပါတဲ့ လူသုံးအများဆုံးစကားလုံးကတော့ `ချစ်ခြင်းမေတ္တာ´
ပါ။ အဲဒါကို တန်ဖိုးထားပါ။

(5)The most pleasing five-letter world is' Smile '. Keep it.
အက္ခရာငါးလုံးပါတဲ့ ကြည်နူးစရာအကောင်းဆုံးစကားလုံး
ကတော့ `အပြုံး´ ပါ။
အဲဒါကို ဆောင်ထားပါ တဲ့။

(6)The fastest spreading six-letter world is' Rumor '. Ignore it.
အက္ခရာခြောက်လုံးပါပြီး အလျင်မြန်ဆုံးပျံ့နှံ့လွယ်တဲ့
စကားလုံးကတော့
`ကောလဟာလ´ ပါ။ အဲဒါကို လျစ်လျှူရှုပါ တဲ့။

(7)The hardest working seven-letter world is' Success'. Achieve it.
အက္ခရာခုနှစ်လုံးနဲ့ဖွဲ့စည်းထာြး
ပီး
အပြင်းထန်ဆုံးကြိုးစားရယူရတဲ့
စကားလုံးကတော့ `အောင်မြင်မှု´ ပါ။ အဲဒါကို
အရယူပါ တဲ့။

(8)The most troublesome eight-letter world is ' Jealousy'. Distance it.
အက္ခရာရှစ်လုံးနဲ့ဖွဲ့စည်းထားတဲ့ ဒုက္ခအပေးဆုံးစကားလုံးကတော့
`မနာလိုဝန်တိုမှု´ ပါ။ အဲဒါကို ဝေးဝေးရှောင်ပါ တဲ့။

(9)The most powerful nine-letter world is ' Knowledge'. Acquire it.
အက္ခရာကိုးလုံးနဲ့တည်ဆောက်ထားတဲ့ အင်အားအရှိဆုံးစကားလုံးကတော့
`အသိပညာဗဟုသုတ´ ပါ။ အဲဒါကို ကြိုးစားရယူပါ တဲ့။

(10)The most essential ten-letter world is ' Confidence'. Build it.
အက္ခရာဆယ်လုံးနဲ့ဖွဲ့စည်းထားတဲ့ မရှိမဖြစ်အလိုအပ်ဆုံးစကားလုံးကေ
တာ့
`ယုံကြည်မှု´ ပါ။ အဲဒါကို တည်ဆောက်ယူပါ တဲ့။
 

တစ်ခါတုန်းက တစ်မိသားစု တစ်ခုတည်းကနေ ပေါက်ဖွားလာတဲ့ ညီအစ်ကို နှစ်ဦးရှိပါတယ်… ညီအစ်ကိုရင်း ဖြစ်သော်လည်း ဆန့်ကျင်ဘက် စရိုက်နဲ့၊ ဆန့်ကျင်ဘက် အခြေအနေ ရှိသူများ ဖြစ်ကြပါတယ်… တစ်ဦးက မူးယစ်ဆေးဝါးစွဲနေပြီး အရက်ကို အလွန်အကျွံ သောက်စားသူ ဖြစ်ကာ မိသားစုကိုလည်း ညှင်းပန်းနှိပ်စက်သူ ဖြစ်သောကြောင့် လူတိုင်းက ပေါင်းသင်းဆက်ဆံခြင်း ပြုလုပ်ဖို့ ရှောင်ရှားခံရသူ ဖြစ်ပါတယ်…

 နောက် တစ်ဦးကတော့ သူနဲ့ ဆန့်ကျင်စွာဘဲ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းကို ပိုင်ဆိုင်ထားသူ၊ လူမှုအသိုင်းအ၀ိုင်းမှာ နေရာ ၀င်ဆန့်သူ၊ လူအများက လေးစားရသူ  ဖြစ်ပါတယ်… ပျော်ရွှင်သာယာတဲ့ မိသားစု ဘ၀ကို ပိုင်ဆိုင်ထားသူလဲ ဖြစ်ပါတယ်…   တစ်မိသားစုတည်းက ဆင်းသက် လာတဲ့ ညီအစ်ကိုရင်း ဖြစ်ပြီး၊ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း တစ်ခုတည်းမှာ ကြီးပြင်းလာကြသော်လည်း ယခုလိုဆန့်ကျင် ကွဲပြား လွန်းတဲ့ အနေအထားကြောင့် လူတွေက သူတို့ညီအစ်ကို နှစ်ယောက် အကြောင်းကို အလွန်ဘဲ စိတ်ဝင်စားကြပါတယ်..

 ဒါကြောင့်မို့ အရက်သမားဖြစ်နေတဲ့ အစ်ကို ဖြစ်သူထံ သွားရောက်ကြပြီး      ”ခင်ဗျား ဘာကြောင့်မို့ ခုလို မူးယစ်ဆေးဝါးသုံးစွဲပြီး ၊ အရက် သမား ဖြစ်ရတာလဲ.. ကိုယ့်မိသားစုအပေါ်မှာ မကြင်နာဘဲ ဘာကြောင့်များ ညှင်းပန်းနှိပ်စက် ရတာလဲဗျာ..  ခင်ဗျားကို ဒီလို ဖြစ်အောင် ဘယ်လို အရာတွေကများ တွန်းအားပေးလို့လဲ  ” လို့ မေးခွန်း မေးကြပါတယ်..   ဒီတော့ အရက်သမားက ပြန်ဖြေတယ်  ကျွန်တော့်အဖေကြောင့် ခုလိုဖြစ်တာ   ပါ လို့ပြန်ဖြေပါတယ်…

 ခင်ဗျားအဖေက ဘာများဖြစ်လို့လဲ ”  မေးတော့   ကျွန်တော့်အဖေလဲ ကျွန်တော် ငယ်စဉ်ကတည်းက မူးယစ်ဆေးသုံးတယ်… အရက်သောက်တယ်.. မိသားစုကို နှိပ်စက်တယ်..  ကဲ..  ဒီတော့ ကျွန်တော်ကရော ဘာကောင်များ ဖြစ်လာဦးမှာလဲ.. အဖေရဲ့ အကျင့် စရိုက် အတိုင်းဘဲ လာမှာပေါ့..  ဘယ်လိုလုပ် လူကောင်းဖြစ်နိုင်တော့မလဲ…  ကျွန်တော့် အဖေ ကိုယ်တိုင်ကမှ မကောင်းတာ ”    လို့ ပြန်ဖြေပါတယ်…

ဒါနဲ့ လူတွေက ချမ်းသာနေတဲ့ ညီဖြစ်သူထံ သွားရောက်ပြီး ခုလိုဘဲ မေးခွန်းများကို မေးပါတယ်..   “ ခင်ဗျားက စီးပွားရေးမှာလဲ အောင်မြင်တယ်..အကျင့် သိက္ခာနဲ့လည်း ပြည့်စုံတယ်.. မိသားစုကိုလည်း ချစ်ခင် ကြင်နာတယ်… ဒီလိုဖြစ်ဖို့ ဘယ်လို အကြောင်း တရားတွေက ခင်ဗျားကို တွန်းအား ပေးခဲ့ပါသလဲ   ဒီတော့ အဲဒီ ညီဖြစ်သူ က ပြန်ပြောပါတယ်..   “ ကျွန်တော် အခုလို ဖြစ်လာရတာ ကျွန်တော့် အဖေကြောင့်ပါဘဲ ”   တဲ့…..   ကျွန်တော် ငယ်ငယ်ကလေးတည်းက ကျွန်တော့်အဖေဟာ အရက်သောက်တယ် ..မူးယစ် ဆေးဝါး သုံးတယ်…မိသားစုကို နှိပ်စက်တယ်…  အဲဒီချိန် ကတည်းက အဖေ့ကို ကြည့်ပြီး  ကျွန်တော့်စိတ်ထဲမှာ   အခုလို အဖေလုပ်နေတဲ့ အမှားမျိုး ဘယ်တော့မှ ကျွန်တော် မဖြစ်စေရဘူးလို့ ဆုံးဖြတ်ခဲ့တယ်…..  သင်ခန်းစာယူခဲ့တယ်.. ဟူ၍ ဖြစ်ပါတယ်.. လို့မေးပါတယ်.. 

အစ်ကိုဖြစ်သူကတော့ ဖခင်၏ အပြုအမူ အကျင့်စရိုက်သည် အတုခိုးစရာ ဟူ၍ ရှုမြင်လက်ခံပြီး၊ ညီဖြစ်သူမှာတော့ ဖခင်အပြုအမူသည် အတုခိုးရန်မဟုတ်၊ ရှောင်ကျဉ်ရန်သာ ဖြစ်သည်ဟူ၍ နားလည်လက်ခံသူ ဖြစ်ပါသည်။ သူတို့နှစ်ဦးစလုံး ယခုကဲ့သို့ ကွဲပြား ခြားနားသော အခြေအနေ၊ အကျင့်စရိုက်များ  ဖြစ်ပေါ်လာဖို့ ဖန်တီးလာခြင်းသည် အကြောင်းတရား ရင်းမြစ် တစ်ခုတည်းပေါ်တွင် အခြေခံသော်လည်း နားလည်လက်ခံပုံ၊ ရှုမြင်သုံးသပ်ပုံ၊ သင်ခန်းစာယူပုံခြင်း ကွဲပြားတဲ့ အတွက် ကြီးပြင်းလာသောအချိန်တွင် ခြားနားသော ဘ၀ကိုယ်စီကို ပိုင်ဆိုင်ရခြင်း ဖြစ်လေသည်။

 ——————————————————————————————————————————–
Story လေးထဲက ပေးချင်တဲ့ သင်ခန်းစာသည် လူတစ်ဦး၏ မကောင်းသော အကျင့်စရိုက်သည် အတုခိုးရန်မဟုတ်.. သင်ခန်းစာယူရန်သာ ဖြစ်သည်.. အဖေ အရက်သမားဖြစ်၍ သားလည်း အရက်သမား ဖြစ်လာရမည်၊ အမေ နှစ်လုံးထီ၊ ချဲထီထိုးတိုင်း သားသမီးများလည်း ထိုကဲ့သို့ ဖြစ်လာရမည်    ဟူသော သတ်မှတ်ချက်၊ ခံယူချက်သည် အလွန် မှားယွင်းမှုသာ ဖြစ်လေသည်။ မိမိပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွင် မကောင်းမှု ကျူးလွန်သူများ၊ ဒုစရိုက် အမှုကို မွေ့လျော်သူများ ရှိပါက ထိုသူများကို ကြည့်၍ သင်ခန်းစာ ယူတတ်ရမည်….. သင်ခန်းစာ ယူ၍ ရှောင်ကျဉ်ရန် သာ ဖြစ်ပါသည်။ မိမိဘ၀တွင် မိမိ ကိုယ်တိုင်သာလျှင် ပဲ့ကိုင်ရှင် ဖြစ်ပါသည်။ အကောင်းအဆိုး ဖြစ်လာဖို့ မိမိကိုယ်တိုင်သာ ဖန်တီးနိုင်ပါသည်။ မျိုးရိုး ဗီဇ အကျင့်စရိုက် ဟူသည် မိမိ အသိဥာဏ်၏ ထိန်းချုပ်မှု အောက်တွင်သာ ရှိသင့်ပါသည်။  မိမိ ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသော အကောင်းအဆိုး၊ အကြောင်းအကျိုးကို သေချာလေ့လာ၍  အတုခိုးသင့်သည်၊ မခိုးသင့်သည်ကို ဦးနှောက်ဖြင့် ချင့်ချိန် ဆုံးဖြတ်သင့်လှပါ သည်။ ပါတ်ဝန်းကျင်နှင့် မျိုးရိုး၏ လွှမ်းမိုးမှုကို မခံယူသင့်ပါ၊ သင်ကိုယ်တိုင်သာ သင့်ဘ၀ကို စီရင် ဆုံးဖြတ်ပိုင်ခွင့် ရှိသူဖြစ်ပါသည် ။
နိဒါန်း
ကျွန်တော်တို့တတွေ ကွန်ပျူတာချိတ်ဆက်မှုတွေ အကြောင်းမလေ့လာသေးခင် ကွန်ပျူတာတွေအချင်း ချင်းချိတ်ဆက်လို့ရအောင် ၊ Internet ဆိုတာကြီးဖြစ်ပေါ်လာအောင်လူသားတွေ ဘယ်လိုဖန်တီးတည်ဆောက်ခဲ့ရတယ်၊ ကြိုးစားခဲ့ရတယ် ဆိုတာသိရအောင်ကျွန်တော် ရှာဖွေရသမျှရေးသားထားပါသည်။ သမိုင်းဆရာ ကြီးဒေါက်တာသန်းထွန်းပြောသလို ပြောရရင်တော့ သမိုင်းသင်တယ်ဆိုတာ “မအအောင် လူလိမ်မခံရအောင် သင်တာ” အဲဒီလိုပဲ ကွန်ပျုတာချိက်ဆက်မှု အကြောင်းလေ့လာမည့် လူတစ်ယောက်အတွက် အင်တာနက်ပေါ် ပေါက်လာမှုသမိုင်းကြောင်း ကိုသိရှိစေရန် ရေးသားခြင်းဖြစ်ပါသည်။
အင်တာနက်ပေါ်ပေါက်လာပုံ သမိုင်းကြောင်း....
(၁)အင်တာနက်မတိုင်မီကာလ
အင်တာနက်ကွန်ရက် မပေါ်ပေါက်သေးမီ ၁၉၅၀ ပြည့်လွန်နှစ် တွေနဲ့ ၁၉၆၀ ပြည့်အစောပိုင်း ကာလ တွေမှာ ကွန်ရက်ချိတ်ဆက်မှုစနစ်တွေဟာ အကန့်အ သတ်နဲ့ပဲ ရှိနေခဲ့တာကို တွေ့ရပါသည်။ တချို့ကွန်ရက် တွေမှာ Gateway နဲ့ bridge တွေ ကြားခံအသုံးပြု ထားကြပေမယ့် ကျယ်ပြန့်မှုမရှိသေးဘဲ အများ အားဖြင့် mainframe ကွန်ပျူတာ ဗဟိုပြုကွန် ရက်တွေကိုပဲ အသုံးပြုခဲ့ကြပါ သည်။ ဥပမာအားဖြင့် ပြရရင် ဒီစနစ်ကို ပင်ဆယ်လ်ဗေးနီးယား ပြည်နယ် Pittsburgh နဲ့ အီလီ နွိုက်ပြည်နယ် Sullivan တို့ရှိ ကွန်ပျူတာတွေကို ချိတ်ဆက်ကာ သုတေသနပညာရှင်တွေ အလိုအလျောက် သီအိုရမ်သက်သေပြမှုနဲ့ ဉာဏ်ရည်တုစမ်းသပ် မှုတွေ ပြုလုပ်နိုင်မယ့် Project RAND အတွက် အသုံးပြုခဲ့တာဖြစ်ပါ သည်။ Packet switching မတူညီ တဲ့ကွန်ရက်တွေ တစ်ခုနဲ့ တစ်ခုကြား ချိတ်ဆက်ပေးနိုင်ဖို့ လုပ်ဆောင်တဲ့ ကြိုးပမ်းမှုတွေဟာ ၁၉၆၀ ပြည့်လွန် နှစ်တွေမှာ အစပြုခဲ့တာဖြစ်ပါသည်။
အင်တာနက် မတိုင်မီအချိန်တုန်းက (mainframe)ဗဟိုကွန်ပျူတာကို ဗဟိုပြုထားတဲ့ကွန်ရက်စနစ်အ ငယ်စားတွေသာ ရှိခဲ့ပြီး ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ကွန်ပျူတာသုတေသနပညာရှင်တွေဖြစ်ကြတဲ့ Levi C. Finch နဲ့ Robert .W. Taylor တို့ အပါအ၀င် ပညာရှင်အတော်များများကနေ Packet Switching လို့ခေါ်တဲ့ စနစ်တစ်ရပ်ကို အကောင်အထည်ဖော်ကာ တစ်စစီပြန့်ကြဲနေတဲ့ ကွန်ရက်တွေကို ချိတ်ဆက်မှုပြုနိုင်ဖို့ ကြိုး စားခဲ့ကြပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီ (ISP) တွေပေါ်ပေါက် လာခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေအရောက်မှာတော့ အင်တာနက်က ယဉ်ကျေးမှုနဲ့ စီးပွားရေးနယ်ပယ်တွေ အထိပါ လွှမ်းမိုးခြေဆန့်လာတာကို တွေ့ရပါသည်။
တစ်ကမ္ဘာလုံး လွှမ်းခြုံချိတ် ဆက်ပေးနိုင်မယ့် ကွန်ရက် တစ်ခု အကောင်အထည်ဖော်ဖို့အတွက် ပထမ ဦးဆုံးသော စိတ်ကူးကို J.C.R Licklider ဆိုသူက စတင်စိတ် ကူးမိခဲ့တာဖြစ်ပြီး “ကွန်ပျူတာ အများအပြားအား တစ်ကမ္ဘာလုံးအနှံ့ ချိတ်ဆက်ပေးထားနိုင်မည့် wide-band communication line များ အသုံးပြု လာနိုင်ပါက လက်ရှိစာကြည့်တိုက်များအတိုင်း လိုရာအချက်အလက်များ ကို အလွယ်တကူရှာဖွေရ ယူရေးအတွက် အသုံးပြု နိုင်မည်ဖြစ်သည့်အပြင် အခြားသတင်းအချက် အလက်များ သိမ်းဆည်းခြင်းနှင့် ပြန်လည်ရယူ ခြင်းတို့အတွက် လည်း ပိုမိုအဆင် ပြေလာနိုင်မည်” ဆိုပြီး ၁၉၆၀ ပြည့်နှစ် ဇန်န၀ါရီလတွင်း ရေးသားခဲ့သော ၎င်း၏ Man-Computer Symbiosis စာတမ်း၌ ရေးသား ဖော်ပြထားတာကို တွေ့ရပါတယ်။ ပထမဆုံး ARPANET ချိတ် ဆက်မှုကို လော့စ်အိန်ဂျလိစ်ရှိ ကာလီဖိုးနီးယားတက္ကသိုလ်နဲ့ စတန်းဖို့ဒ်သုတေသနဌာနတို့ အကြား ၁၉၆၉ ခု နှစ် အောက်တိုဘာလ ၂၉ ရက်နေ့ ည ၁၀ နာရီ မိနစ် ၃၀ မှာ စတင်နိုင်ခဲ့ပြီး ၁၉၆၉ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ အရောက်မှာ Santa Barbara ရှိ ကာလီဖိုးနီးယားတက္ကသိုလ် ကိုပါထပ်မံချိတ် ဆက်လာနိုင်ခဲ့ပါသည်။
၁၉၇၈ ခုနှစ်မှာ ဗြိတိသျှစာတိုက် (British Post Office), Western Union International နဲ့ Tymnet တို့ ပူးပေါင်းပြီး International Packet Switched Service (IPSS) လို့ခေါ်တဲ့ ပထမဆုံးသော နိုင်ငံတကာ packet switch ကွန်ရက်တစ်ခုကိုတည်ထောင်ခဲ့ပါတယ်။၁၉၇၉ ခုနှစ်မှာတော့ Compu-Serve ကနေ ပီစီကွန်ပျူတာအသုံးပြုသူတွေအတွက် ပထမဆုံးသော အီလက်ထရောနစ်စာပို့ဝန်ဆောင်မှုကို ပေးနိုင်ခဲ့ပါတယ်။၁၉၈၁ ခုနှစ်ရောက်တဲ့အခါ ဒီကွန်ရက် ဟာဥရောပနဲ့ အမေရိကတို့အပြင် ကနေဒါ၊ ဟောင် ကောင်၊ သြစတြေးလျ၊ စတဲ့နိုင်ငံတွေအထိကျယ်ပြန့်လာခဲ့ ပြီး ၁၉၉၀ ပြည့်နှစ်အရောက်မှာတော့ ကမ္ဘာ လုံးဆိုင် ရာကွန်ရက် ချိတ်ဆက်မှုစနစ်အတွက် အခြေခံဖြစ်လာခဲ့ပါ သည်။
(၂)အင်တာနက်ကွန်ရက်ဆီသို့ အကူးအပြောင်း
ကွန်ရက်စနစ်တွေ ကျယ်ပြန့်လာပေမယ့် အသုံးပြုတဲ့နည်းစနစ်တွေက တစ်ခုနဲ့တစ်ခုကွာခြားတာ ကြောင့် အားလုံးချိတ်ဆက် အသုံးပြုနိုင်ဖို့ဆိုတာကတော့ မလွယ်ကူသေးပါဘူး။ ဒါကြောင့် DARPA နဲ့ ARPANET က ပညာရှင် Robert E.Kahn နဲ့ Stanford တက္ကသိုလ်က Vinton တို့ပူးပေါင်းပြီး ကွန် ရက်အား လုံးကို စုစည်းချိတ်ဆက်ပေးနိုင်မယ့် စနစ်တစ်ရပ်ကို အကောင်အထည်ဖော်ခဲ့ကြပါတယ်။ 1973 ခုနှစ်မှာ ကွဲပြားတဲ့ကွန်ရက်စနစ်တွေအကြား internetwork protocol(IP) ကို အသုံးပြုခဲ့ကြပါသည်။ ဒီစနစ် ဟာ ကွန်ရက်တွေကို အဓိကမထားတော့ဘဲ host တွေကိုပဲ အဓိကထားလုပ်ဆောင် ပေးတာဖြစ်ပါသည်။ တစ်နေရာနဲ့ တစ်နေရာချိတ်ဆက်မှုမှာ ကွန်ရက်တွေရဲ့အမျိုးအစားက အဓိကမဟုတ်တော့တာကြောင့် ဘယ်ကွန်ရက်မျိုးကိုမဆို တစ်ခုနဲ့တစ်ခု အလွယ်တကူချိတ်ဆက်မှုပြုလာနိုင်ကြပါသည်။ ၁၉၇၄ ခုနှစ်မှာ ပေါ်ပေါက်လာခဲ့ တဲ့ TCP စံညွှန်းဟာ ၁၉၇၈ ခုနှစ် မှာ TCP/IP အဖြစ်ရောက်ရှိလာ ကာ ၁၉၈၁ ခုနှစ် အရောက်မှာ တော့ သက်ဆိုင်ရာစံညွှန်းအားလုံး ကို စုပေါင်းပြီး RFC 791, 792 နဲ့ 793 တို့အဖြစ် တရားဝင်အတည် ပြု သတ်မှတ်နိုင်ခဲ့ပါသည်။
အင်တာနက်ဆိုတဲ့စကားလုံးကို TCP Protocol နဲ့ ပတ်သက်ပြီး ပထမဆုံးထုတ်ပြန်တဲ့ RFC မှာစတင် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ARPANET နဲ့ NSFNet တို့ ချိတ်ဆက်မိတဲ့အချိန်လောက် မှာဖြစ်ပြီး TCP/IP ကို အသုံးပြုထားတဲ့ ကွန်ရက်တွေကို ယေဘုယျ ခေါ်ဆိုသုံးနှုန်းတဲ့စကားလုံး တစ်ခုအဖြစ် တွင်ကျယ်လာခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းကာလ တွေမှာ Internet နဲ့ Internet-work တို့ကို အပြန်အလှန်ဖလှယ် အသုံးပြုခဲ့ ကြပြီး Xerox Network Services လိုမျိုး ကွန်ရက် စနစ်တွေကိုတော့ Internet protocol လို့ ခေါ်ဆိုကြပါ တယ်။ ကွန်ရက်ချိတ်ဆက်အသုံးပြုမှု နဲ့ ပတ်သက်ပြီး လူအများက စိတ် ၀င်တစားရှိလာကြတဲ့အပြင် application အသစ်တွေလည်း ပေါ်ထွက်လာခဲ့တာကြောင့် အင်တာနက် နည်းပညာဟာ တစ်ကမ္ဘာလုံး ပျံ့နှံ့လာခဲ့ပါတယ်။ TCP/IP ကြောင့် IPSS X.25 ကွန်ရက်တွေ ကနေ အင်တာနက်ကွန်ရက်ထဲ ချိတ်ဆက်ဝင် ရောက် အသုံးပြုနိုင်ပြီး ၁၉၈၄ ခုနှစ်မှာတော့ University College London ကနေ ၎င်းရဲ့ အတ္တလန္တိတ်သမုဒ္ဒ ရာဖြတ်ဂြိုဟ်တု ဆက်ကြောင်းကို IPSS ကနေ တစ်ဆင့် TCP/IP စနစ်နဲ့ ပြောင်းလဲ ချိတ်ဆက်ပေးလ နိုင်ခဲ့ ပါတယ်။ အစောပိုင်းမှာတော့ e-mail လိုမျိုး အများသုံး application တွေကို အင်တာနက်နဲ့ တိုက်ရိုက် ချိတ်ဆက်ပေးနိုင်ခြင်းမရှိဘဲ UUCP နဲ့ FidoNet တို့ရဲ့ gateway တွေကို ကြားခံအဖြစ် အသုံးပြုခဲ့ကြရ ပါတယ်။ တချို့ gateway ၀န်ဆောင်မှုတွေကတော့ ရိုးရိုး e-mail သာမက UUCP နဲ့ e-mail တို့ကို ကြားခံသုံးကာ FTP ၀က်ဘ်ဆိုက်တွေဆီ သွားရောက်ချိတ်ဆက်နိုင်အောင် လုပ်ဆောင် ပေးနိုင်ခဲ့ပါသည်။
Network များချိတ်ဆက်ရာတွင်protocols ၊port ၊socket များအားသိရှိထားရမည်ဖြစ်သည်။ထိုအရာများ သည် Physical မဟုတ်ပဲ Logical များသာဖြစ်သည်။
(၁)Protocol
Protocol ဆိုသည်မှာ Language တစ်မျိုးဖြစ်သည်။အမျိုးမျိုးသော files system များ၊ Windows(OS) အမျိုးမျိုး အသုံးပြုထားသည့်ကွန်ပျုတာများ အချင်းချင်း ချိတ်ဆက်နားလည်နိုင်အောင်ရေးသားထားသော language ဖြစ်သည်။protocol သည်ရုပ်သဘောမဆောင်သည့် rule များ၊ specification များဖြစ်ပြီး ချိတ်ဆက်မှုနယ်ပယ် အလိုက် protocol အမျိုးအစား များစွာရှိသည်။
အောက်ပါတို့သည် Computer Internet Communication Field တွင် အသုံးများသော Protocol များဖြစ်သည်။
(က)TCP/IP

Transport Control Protocol/Internet Protocol အင်တာနက်ကြီးတစ်ခုလုံးကို မောင်းနှင်ထိန်းချုပ်နေသော protocol ဖြစ်သည်။Network ချိတ်ဆက်ရာတွင်သုံးစွဲသော Protocol လည်းဖြစ်သည်။
(ခ)SMTP
Simple Mail Transport Protocol သည်မေးလ်များပို့လွတ်ရာတွင် အသုံးပြုသော Protocol ဖြစ်သည်။
(ဂ)POP
Post Office Protocol သည် မေးလ်များလက်ခံရာတွင် အသုံးပြုသည်။
(ဃ)HTTP
World Wide Web(www) အတွက် web browser များတွင်အသုံးပြုသော Hyper Text Transport Protocol ဖြစ်သည်။ HTTP မပေါ်ခင်က IPX (Internet Packet Protocol)များကို လည်းအသုံးပြုခဲ့ကြသည်။
(င)FTP
File Transfer Protocol သည် ဖိုင်များကို transfer ပြုလုပ်ရာတွင်အသုံးပြုသော Protocol ဖြစ်သည်။
(၂)Port
ကိုင်တွယ်လို့ မရသော Logical ကိန်းဂဏန်းများဖြစ်သည်။Port number သည် 16 bits ရှိသည့်အတွက် Port အရေအတွက် နှစ် တစ်ဆယ့်ခြောက်ထပ် (၀ မှ ၆၅၅၃၆)ရှိသည်။Port Number (0 to 1024) ကို အသုံးများသောport များအဖြစ် IANA(Internet Assigned Numbers Authority)မှသတ်မှတ်ပေးထားသည်။အသုံးများသော well know port များ
Service Port
FTP 21
SMTP 23
DNS 53
WWW 80
POP3 110
Proxy 8080
IRC 6667
စံသတ်မှတ်ထားသော Port Number များကိုအသုံးမပြုပဲ မိမိနှစ်သက်ရာ
Port Number မှ Serviceပေးလိုလျှင်လည်းရသည်။
(၃)Socket
Communication Devices နှစ်ခု ချိတ်ဆက်မိတိုင်း socket ဖြစ်သည်။

၁၉၈၄ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အကြားမှာ CERN က ၎င်းရဲ့ အဓိက ကွန်ပျူတာစနစ်တွေ၊ workstation တွေ၊ ပီစီတွေနဲ့ accelerator control စနစ်တို့ကို TCP/IP အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒီအတောအတွင်း CERN အနေနဲ့ ၎င်းရဲ့ကိုယ်ပိုင် network protocol သုံးထားတဲ့ ကွန်ရက်တစ်ခုကို ဆက်လက် အသုံးပြုနေခဲ့ပါတယ်။ ဥရောပနိုင်ငံတွေအနေနဲ့ အဲဒီတုန်းက TCP/IP က စနစ်ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုဖို့ တွန့်ဆုတ်နေခဲ့ကြတာကြောင့် CERN TCP/IP intranet ဟာ ၁၉၈၉ ခုနှစ်အထိ အင်တာနက်ကွန်ရက်ကြီးနဲ့ ချိတ်ဆက်မမိနိုင်သေးဘဲ သီးခြားတည်ရှိနေခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စု ပြင်ပက ပထမဆုံး ARPANET ချိတ်ဆက်မှုကို ၁၉၇၃ ခုနှစ်မှာ နော်ဝေးနိုင်ငံ NORSAR ကွန်ရက်နဲ့ ပြုလုပ် ခဲ့တာဖြစ်ပြီး များမကြာမီမှာပဲ ဗြိတိန်နိုင်ငံနဲ့ ဆက်လက်ချိတ် ဆက်မှုပြုခဲ့ပါတယ်။ ၁၉၈၂ ခုနှစ် အရောက်မှာ တော့ ဒီကွန်ရက်ဆက်ကြောင်းတွေကို တခြား ARPANET ကွန်ရက်တွေ အားလုံးနဲ့အတူပဲ TCP/IP အဖြစ် ပြောင်းလဲခဲ့ကြပါသည်။
အာရှတိုက်အတွင်းကိုတော့ ၁၉၈၀ ပြည့်လွန်နှစ်နှောင်းပိုင်းမှာမှ အင်တာနက်ကွန်ရက်ရောက်ရှိလာ ခဲ့တာဖြစ်ပါသည်။ ၁၉၈၄ ခုနှစ် ကတည်းက UUCPက အခြေပြု ဂျပန်နိုင်ငံရဲ့ JUNET ဟာ ၁၉၈၉ ခုနှစ်မှာ NSFNet နဲ့ ၀င်ရောက် ချိတ်ဆက်လာခဲ့ပါတယ်။ စင်ကာပူ နိုင်ငံကတော့ ၁၉၉၀ ပြည့်နှစ်မှာ TECHNET ကွန်ရက်ကို ဖန်တီးခဲ့ ကာ ၁၉၉၂ ခုနှစ်မှာ ထိုင်းနိုင်ငံက ၎င်းရဲ့ချူလာလောင်ကွန်တက္ကသိုလ် နဲ့ UNNET တို့အကြား ကွန်ရက် ချိတ်ဆက်ပြီး အင်တာနက်ကွန် ရက်ကြီးနဲ့ စတင်ချိတ်ဆက်လာနိုင် ခဲ့ပါသည်။
(၃)အင်တာနက်ကို စီးပွားရေးလုပ်ငန်းသုံးအဖြစ် ဖွင့်ပေးလိုက်ခြင်း
အစောပိုင်းကာလတွေမှာ အင်တာနက်ကို စီးပွားရေးလုပ်ငန်းအနေနဲ့ အသုံးမပြုဖို့ တားမြစ်ထားပေမယ့် အဓိပ္ပာယ်အတိအကျနဲ့ တားမြစ်ထားမှုမရှိတဲ့အပြင် အများအားဖြင့် ကိုယ်ပိုင်သဘောဆန္ဒနဲ့ပဲ အသုံးမပြုဘဲနေ ကြတာကိုတွေ့ရ ပါသည်။ ၁၉၈၀ ပြည့် နှောင်းပိုင်း ကာလတွေမှာတော့ ပထမဆုံးသော အင်တာနက် ၀န်ဆောင်မှုကုမ္ပဏီ (Internet Service Provider) တွေ ပေါ်ပေါက်လာပါတယ်။ ဒီအထဲက PSINet, UUNET, Netcom, Portal Software တွေဆိုရင် ဒေသတွင်း သုတေသန ကွန်ရက်တွေအတွက်သာမက UUCP အခြေပြု e-mail နဲ့ Usenet News စတဲ့ အများပြည်သူတွေအတွက် ၀န်ဆောင်မှုတွေကိုပါပေးလာတာကြပါ သည်။ အမေရိကန်အနောက်ဘက်ကမ်းခြေအတွက် အခုအခါ Verio လို့လူသိများနေတဲ့ Best Internet ကို ၁၉၈၆ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး အရှေ့ဘက်ကမ်းခြေဒေသအတွက် ပထမဆုံး dial-up ကုမ္ပဏီ world.std.com ကို ၁၉၈၉ ခုနှစ် မှာ ဖွင့်လှစ်ခဲ့ပါသည်။
(၄)စံချိန်၊စံညွှန်းများအတွက် စံညွှန်းသတ်မှတ်ချက်
အင်တာနက်ကွန်ရက်ကြီးဟာ ဘယ်သူတစ်ဦးတစ်ယောက်၊ ဘယ်ကုမ္ပဏီ၊ ဘယ်အဖွဲ့အစည်းကမှပိုင် ဆိုင်ထိန်းချုပ်ထားတာမျိုးမရှိဘဲ အလျင်အမြန်ကြီးထွားလာခဲ့ပေမယ့် ကွန်ရက်ကြီး ပြဿနာတစ်စုံတစ်ရာ မပေါ် ပေါက်ဘဲ လည်ပတ် လုပ်ဆောင်နိုင်ဖို့အတွက် အများလက်ခံသဘောထူထားတဲ့ စံညွှန်းတစ်ခု လိုအပ်နေ တယ် ဆိုတာ သိမြင်လာကြပါသည်။ အင်တာနက်စံညွှန်းသတ် မှတ်ဖို့အတွက် RFC (Request for Comments) က နေ စတင် ကြိုးပမ်းလုပ်ဆောင်ခဲ့ပါတယ်။ ၁၉၈၅ ခုနှစ် ဇန်န၀ါရီလမှာ အမေရိကန် အစိုးရရဲ့ ငွေကြေးအ ထောက်အပံ့နဲ့ သုတေသနပညာရှင်တွေကနေ IETF ကို စတင်ဖွဲ့စည်းခဲ့ပါ တယ်။ IETF အစည်း အဝေးကို သုံးလတစ်ကြိမ် ပုံမှန်ကျင်းပပြီး စတုတ္ထမြောက်အစည်းအဝေးမှာတော့ အစိုးရမဟုတ်တဲ့ ကုမ္ပဏီတွေကနေ ပညာရှင်တွေ ပါဝင်တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ အဲဒီ နောက် IETF အစည်းအဝေးတွေကနေ လက်ခံတဲ့ စံညွှန်းတွေကို STD အဖြစ် အများက အသုံးပြုလာခဲ့ပါတယ်။ ၁၉၉၂ ခုနှစ် အရောက်မှာတော့ IETF ဟာ Internet Society ရဲ့ အောက်ကို ရောက်ရှိပြီး နိုင်ငံတကာစံညွှန်း သတ်မှတ်မှုများဆိုင်ရာ လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်လာခဲ့ပါသည်။
(၅)NIC, InterNIC, IANA နဲ့ ICANN ဆိုတာ
အင်တာနက်ကွန်ရက်ကြီးတစ်ခုလုံးကို စီမံခန့်ခွဲဖို့အတွက် Network Information Centre (NIC) ကို ကာလီဖိုးနီးယားပြည်နယ် Menlo Park ရှိ Stanford သုတေသနဌာနမှာ ဖွင့်လှစ်ခဲ့ပါ တယ်။ ၁၉၇၂ ခုနှစ်အ ရောက်မှာ NIC ရဲ့ စီမံခန့်ခွဲမှုကို Internet Assigned Numbers Authority (IANA) က လွှဲပြောင်းယူခဲ့ပါ သည်။Paul Mockapetris က ဒိုမိန်း အမည်ပေးစနစ် (Domain Name System) ကို ဖန်တီးခဲ့ပါတယ်။ အစော ပိုင်းမှာ Stanford သုတေသနဌာနရှိ Defense Data Network- Network Information Centre (DDN-NIC) ကနေ .mil, .gov, .edu, .org, .net, .com, .us စတဲ့ top-level domain (TLD) တွေနဲ့ root nameserver စီမံခန့်ခွဲမှုတွေ၊ အင်တာနက် အမည်ပေးစနစ်တွေအားလုံးကို တာဝန်ယူခဲ့ပါတယ်။
၁၉၉၁ ခုနှစ် အရောက်မှာ ကာကွယ်ရေး သတင်းအချက်အလက်စနစ် အေဂျင်စီ (DISA) ကနေ DDNNIC ကို Government Systems Inc ဆီ လွှဲပြောင်းပေးခဲ့ပါသည်။ ၁၉၉၃ ခုနှစ်မှာ အမေရိကန် အမျိုးသား သိပ္ပံဖောင် ဒေးရှင်းက InterNIC ကို တည်ထောင်ပြီး ကုမ္ပဏီ ၃ ခုကို လုပ်ငန်းတွေ ခွဲဝေပေးခဲ့ပါတယ်။ ဒီစနစ် အရ Network Solutions ဟာ ဒိုမိန်းမှတ်ပုံတင်ဝန်ဆောင်မှုကို တာဝန်ယူပြီး AT&T u directory နဲ့ database ၀န်ဆောင်မှုကို တာဝန်ယူရကာ General Atomics ကနေ သတင်းအချက်အလက်စနစ်အတွက် တာဝန်ယူခဲ့ပါ တယ်။ ၁၉၉၈ ခုနှစ်အရောက်မှာတော့ IANA နဲ့ InterNIC နှစ်ခုစလုံးဟာ ကာလီဖိုးနီးယားမှာ အခြေစိုက်တဲ့ အင်တာနက်ဒိုမိန်း မှတ်ပုံတင်ရေးအဖွဲ့ကြီး (ICANN) ရဲ့ လက်အောက်ကို ရောက်ရှိခဲ့ပါ တယ်။ အဲဒီနောက် ပိုင်းမှာ DNS စနစ်ကို ပုဂ္ဂလိကကုမ္ပဏီတွေဆီ လွှဲပြောင်းပေးခဲ့ပြီး အင်တာနက်အမည်များ စီမံခန့်ခွဲမှုကိုလည်း ကန်ထရိုက်စနစ်နဲ့ ကုမ္ပဏီတွေဆီ ချပေးခဲ့ပါတယ်။

(၆)မြန်မာနိုင်ငံနှင့်အင်တာနက်
ကျွန်တော်တို့မြန်မာနိုင်ငံတွင် ၁၉၉၆ ခုနှစ်မှာ Myanmar Computer Science Development Concil ကိုဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။၁၉၉၇ အစောပိုင်းတွင် Eagle Group Company မှ နိုင်ငံခြားသားများအတွက် “datserco.com.mm” ဖြင့်အီးမေလ်ဝန်ဆောင်မှုကိုစတင်နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် x.400 protocol ဖြင့် အီးမေးလ် စနစ်ကို ၁၉၉၈ ခုနှစ် ဝန်းကျင်မှာ စတင်အသုံးပြုခဲ့ပါသည်။မြန်မာနိုင်ငံတွင် အင်တာနက်ဝန်ဆောင်မှု ပေးနေသော ISP လက်ရှိနှစ်ခုရှိပါသည်။Myanmar Post and Telecoms(MPT) နှင့် ယခု MTP (ယခင် Bagan Cybertech(BCT) )တို့ဖြစ်ပါသည်။ မြန်မာနိုင်ငံ ၏ Country domain name မှာ .mm ဖြစ်ပါသည်။နိုင်ငံတကာ ရေအောက် ကေဘယ်လ်ဆက်ကြောင်း SEA – ME – WE3 (2.5 Gbps)ဖြင့်နိုင်ငံတကာ အင်တာနက်ဆက်သွယ်မှုပြုလုပ်ပါသည်။၂၀၀၆ ခုနှစ်စာရင်များအရ ADSL အသုံးပြုသူ ၉၀၀ ကျော်၊ BWLL အသုံးပြုသူ ၁၃၀၀ ကျော် ၊ Dail Up အသုံးပြုသူ ၆၅၀၀ ကျော် ၊ iPSTAR အသုံးပြုသူ ၁၀၀၀ ကျော်ရှိပါသည်။ယခု အခါမှာတော့ အင်တာနက် ကဖေးဆိုင်များနေရာအနှံ့ ပေါ်ပေါက်လာပြီး လူတိုင်းအင်တာနက်ကိုအလွယ်တစ်ကူ သုံးစွဲနိုင်နေပြီဖြစ်ပါသည်။ကျွန်တော်တို့ နိုင်ငံတွင် အင်တာနက် ရယူသုံးစွဲမှပုံစံများကတော့ အမျိုအစား(၆)မျိုးဖြင့် ဆက်သွယ်သုံးစွဲနေကြပါသည်။ ထိုအမျိုးအစားများမှာ-
၁။Dail up
၂။ADSL
၃။BWLL(Broadband wireless local)
၎။iPSTAR Satellite Broadband
၅။Fibre links
၆။Wi Max

(၁)ADSL & Dial-up

ရန်ကုန်မှာဆိုရင် အရင်တုန်းက ဒီ service က နေရာတိုင်း မရပါဘူး ဘာလိုလည်းဆိုရင် သက်ဆိုင်ရာ မြို့နယ်အိတ်ချိန်းရုံးတွေမှာ ADSL server စက်တွေမရှိသေးလို့ဖြစ်ပါသည်။ အခုနေရာတိုင်းရနေပြီဖြစ်ပါသည် ။ MPT ကနေပြီး သက်ဆိုင်ရာ အိတ်ချိန်းတွေကို Cable နဲ့သွားတာဖြစ်ပါသည် ။ ဒီနည်းပညာမှာတော ဖုန်းလိုင်းနဲ့ဆက်သွယ်တာ ဖြစ်ပါသည်။


(၂)iPstar

သူကတော သက်ဆိုင်ရာစက်ကနေပြီး ဂြိုလ်တုကိုသွားပြီး တိုးကြောင်လေး မြေပြင်ဝေဟင်ဆက်သွယ်ရေးစခန်းက တဆင့်သုံးရတာဖြစ်ပါသည်။


(၃)Broad Band

အရင်တုန်းကသုံးတဲ့ပုံစံကတော့ သူက wimax လိုပဖြစ်ပဲ ဖြစ်ပါသည်။ အရင်တုန်းကတော့ Bagan က ရန်ကုန်မြို့နဲ့ အချက်အချာကျတဲ့နေရာ ၂ ခုမှာ တပ်ဆင်ထားပါတယ်။ တစ်ခုကတော Trader Hotel အပေါ်မှာနဲ့ နောက်တစ်ခုက ရွေဂုံတိုင်မှာ ဖြစ်ပါသည်။ အဲဒီကနေမှတစ်ဆင့်ဆိုင်ရာ outdoor receiver တွေဆီကို လွင့်ပေးတာဖြစ်ပါသည်။


ပုံ(၆) မြန်မာနိုင်ငံ ဖျာပုံမြို့ နိုင်ငံတကာရေအောက်ကေဘလ်ဆက်ကြောင်း SEA – ME – WE3 (2.5 Gbps) ဆက်ကြောင်းပြမြေပုံ
ယခုလက်ရှိတွင် ရန်ကုန်နှင့်မန္တလေး မြို့ကြီးနှစ်မြို့ကို Fiber Optic backbone ဖြင့်ချိတ်ဆက်ထားပြီဖြစ်ပါသည်။ယခုအခါ အင်တာနက်ဆက်ကြောင်းများကို နိုင်ငံအနှံ့ တိုးချဲ့ဖောက်လုပ်နေပြီ နိုင်ငံတကာနှင့်လည်း အင်တာနက်ဆက်ကြောင်းသစ်များဖောက်လုပ်ဆက်သွယ်နေပြီဖြစ်ပါသည်။



ကိုးကားအရင်းအမြစ်များ
(၁) Internet Journal
(၂)အွန်လိုင်းစွယ်စုံကျမ်း