ကျွန်တော်တို့တတွေ ကွန်ပျူတာချိတ်ဆက်မှုတွေ အကြောင်းမလေ့လာသေးခင် ကွန်ပျူတာတွေအချင်း ချင်းချိတ်ဆက်လို့ရအောင် ၊ Internet ဆိုတာကြီးဖြစ်ပေါ်လာအောင်လူသားေ
အင်တာနက်ပေါ်ပေါက်လာပုံ သမိုင်းကြောင်း....
(၁)အင်တာနက်မတိုင်မီကာလ
အင်တာနက်ကွန်ရက် မပေါ်ပေါက်သေးမီ ၁၉၅၀ ပြည့်လွန်နှစ် တွေနဲ့ ၁၉၆၀ ပြည့်အစောပိုင်း ကာလ တွေမှာ ကွန်ရက်ချိတ်ဆက်မှုစနစ်တွေဟာ အကန့်အ သတ်နဲ့ပဲ ရှိနေခဲ့တာကို တွေ့ရပါသည်။ တချို့ကွန်ရက် တွေမှာ Gateway နဲ့ bridge တွေ ကြားခံအသုံးပြု ထားကြပေမယ့် ကျယ်ပြန့်မှုမရှိသေးဘဲ အများ အားဖြင့် mainframe ကွန်ပျူတာ ဗဟိုပြုကွန် ရက်တွေကိုပဲ အသုံးပြုခဲ့ကြပါ သည်။ ဥပမာအားဖြင့် ပြရရင် ဒီစနစ်ကို ပင်ဆယ်လ်ဗေးနီးယား ပြည်နယ် Pittsburgh နဲ့ အီလီ နွိုက်ပြည်နယ် Sullivan တို့ရှိ ကွန်ပျူတာတွေကို ချိတ်ဆက်ကာ သုတေသနပညာရှင်တွေ အလိုအလျောက် သီအိုရမ်သက်သေပြမှုနဲ့ ဉာဏ်ရည်တုစမ်းသပ် မှုတွေ ပြုလုပ်နိုင်မယ့် Project RAND အတွက် အသုံးပြုခဲ့တာဖြစ်ပါ သည်။ Packet switching မတူညီ တဲ့ကွန်ရက်တွေ တစ်ခုနဲ့ တစ်ခုကြား ချိတ်ဆက်ပေးနိုင်ဖို့ လုပ်ဆောင်တဲ့ ကြိုးပမ်းမှုတွေဟာ ၁၉၆၀ ပြည့်လွန် နှစ်တွေမှာ အစပြုခဲ့တာဖြစ်ပါသည်။
အင်တာနက် မတိုင်မီအချိန်တုန်းက (mainframe)ဗဟိုကွန်ပျူတာကို ဗဟိုပြုထားတဲ့ကွန်ရက်စနစ်အ ငယ်စားတွေသာ ရှိခဲ့ပြီး ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ကွန်ပျူတာသုတေသနပညာရှင်တွေဖြစ်ြ
တစ်ကမ္ဘာလုံး လွှမ်းခြုံချိတ် ဆက်ပေးနိုင်မယ့် ကွန်ရက် တစ်ခု အကောင်အထည်ဖော်ဖို့အတွက် ပထမ ဦးဆုံးသော စိတ်ကူးကို J.C.R Licklider ဆိုသူက စတင်စိတ် ကူးမိခဲ့တာဖြစ်ပြီး “ကွန်ပျူတာ အများအပြားအား တစ်ကမ္ဘာလုံးအနှံ့ ချိတ်ဆက်ပေးထားနိုင်မည့် wide-band communication line များ အသုံးပြု လာနိုင်ပါက လက်ရှိစာကြည့်တိုက်များအတိုင်း လိုရာအချက်အလက်များ ကို အလွယ်တကူရှာဖွေရ ယူရေးအတွက် အသုံးပြု နိုင်မည်ဖြစ်သည့်အပြင် အခြားသတင်းအချက် အလက်များ သိမ်းဆည်းခြင်းနှင့် ပြန်လည်ရယူ ခြင်းတို့အတွက် လည်း ပိုမိုအဆင် ပြေလာနိုင်မည်” ဆိုပြီး ၁၉၆၀ ပြည့်နှစ် ဇန်န၀ါရီလတွင်း ရေးသားခဲ့သော ၎င်း၏ Man-Computer Symbiosis စာတမ်း၌ ရေးသား ဖော်ပြထားတာကို တွေ့ရပါတယ်။ ပထမဆုံး ARPANET ချိတ် ဆက်မှုကို လော့စ်အိန်ဂျလိစ်ရှိ ကာလီဖိုးနီးယားတက္ကသိုလ်နဲ့ စတန်းဖို့ဒ်သုတေသနဌာနတို့ အကြား ၁၉၆၉ ခု နှစ် အောက်တိုဘာလ ၂၉ ရက်နေ့ ည ၁၀ နာရီ မိနစ် ၃၀ မှာ စတင်နိုင်ခဲ့ပြီး ၁၉၆၉ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ အရောက်မှာ Santa Barbara ရှိ ကာလီဖိုးနီးယားတက္ကသိုလ် ကိုပါထပ်မံချိတ် ဆက်လာနိုင်ခဲ့ပါသည်။
၁၉၇၈ ခုနှစ်မှာ ဗြိတိသျှစာတိုက် (British Post Office), Western Union International နဲ့ Tymnet တို့ ပူးပေါင်းပြီး International Packet Switched Service (IPSS) လို့ခေါ်တဲ့ ပထမဆုံးသော နိုင်ငံတကာ packet switch ကွန်ရက်တစ်ခုကိုတည်ထောင်ခဲ့ပါ
(၂)အင်တာနက်ကွန်ရက်ဆီသို့ အကူးအပြောင်း
ကွန်ရက်စနစ်တွေ ကျယ်ပြန့်လာပေမယ့် အသုံးပြုတဲ့နည်းစနစ်တွေက တစ်ခုနဲ့တစ်ခုကွာခြားတာ ကြောင့် အားလုံးချိတ်ဆက် အသုံးပြုနိုင်ဖို့ဆိုတာကတော့ မလွယ်ကူသေးပါဘူး။ ဒါကြောင့် DARPA နဲ့ ARPANET က ပညာရှင် Robert E.Kahn နဲ့ Stanford တက္ကသိုလ်က Vinton တို့ပူးပေါင်းပြီး ကွန် ရက်အား လုံးကို စုစည်းချိတ်ဆက်ပေးနိုင်မယ့် စနစ်တစ်ရပ်ကို အကောင်အထည်ဖော်ခဲ့ကြပါတယ်။ 1973 ခုနှစ်မှာ ကွဲပြားတဲ့ကွန်ရက်စနစ်တွေအကြား internetwork protocol(IP) ကို အသုံးပြုခဲ့ကြပါသည်။ ဒီစနစ် ဟာ ကွန်ရက်တွေကို အဓိကမထားတော့ဘဲ host တွေကိုပဲ အဓိကထားလုပ်ဆောင် ပေးတာဖြစ်ပါသည်။ တစ်နေရာနဲ့ တစ်နေရာချိတ်ဆက်မှုမှာ ကွန်ရက်တွေရဲ့အမျိုးအစားက အဓိကမဟုတ်တော့တာကြောင့် ဘယ်ကွန်ရက်မျိုးကိုမဆို တစ်ခုနဲ့တစ်ခု အလွယ်တကူချိတ်ဆက်မှုပြုလာနိုင်ြ
အင်တာနက်ဆိုတဲ့စကားလုံးကို TCP Protocol နဲ့ ပတ်သက်ပြီး ပထမဆုံးထုတ်ပြန်တဲ့ RFC မှာစတင် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ARPANET နဲ့ NSFNet တို့ ချိတ်ဆက်မိတဲ့အချိန်လောက် မှာဖြစ်ပြီး TCP/IP ကို အသုံးပြုထားတဲ့ ကွန်ရက်တွေကို ယေဘုယျ ခေါ်ဆိုသုံးနှုန်းတဲ့စကားလုံး တစ်ခုအဖြစ် တွင်ကျယ်လာခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းကာလ တွေမှာ Internet နဲ့ Internet-work တို့ကို အပြန်အလှန်ဖလှယ် အသုံးပြုခဲ့ ကြပြီး Xerox Network Services လိုမျိုး ကွန်ရက် စနစ်တွေကိုတော့ Internet protocol လို့ ခေါ်ဆိုကြပါ တယ်။ ကွန်ရက်ချိတ်ဆက်အသုံးပြုမှု နဲ့ ပတ်သက်ပြီး လူအများက စိတ် ၀င်တစားရှိလာကြတဲ့အပြင် application အသစ်တွေလည်း ပေါ်ထွက်လာခဲ့တာကြောင့် အင်တာနက် နည်းပညာဟာ တစ်ကမ္ဘာလုံး ပျံ့နှံ့လာခဲ့ပါတယ်။ TCP/IP ကြောင့် IPSS X.25 ကွန်ရက်တွေ ကနေ အင်တာနက်ကွန်ရက်ထဲ ချိတ်ဆက်ဝင် ရောက် အသုံးပြုနိုင်ပြီး ၁၉၈၄ ခုနှစ်မှာတော့ University College London ကနေ ၎င်းရဲ့ အတ္တလန္တိတ်သမုဒ္ဒ ရာဖြတ်ဂြိုဟ်တု ဆက်ကြောင်းကို IPSS ကနေ တစ်ဆင့် TCP/IP စနစ်နဲ့ ပြောင်းလဲ ချိတ်ဆက်ပေးလ နိုင်ခဲ့ ပါတယ်။ အစောပိုင်းမှာတော့ e-mail လိုမျိုး အများသုံး application တွေကို အင်တာနက်နဲ့ တိုက်ရိုက် ချိတ်ဆက်ပေးနိုင်ခြင်းမရှိဘဲ UUCP နဲ့ FidoNet တို့ရဲ့ gateway တွေကို ကြားခံအဖြစ် အသုံးပြုခဲ့ကြရ ပါတယ်။ တချို့ gateway ၀န်ဆောင်မှုတွေကတော့ ရိုးရိုး e-mail သာမက UUCP နဲ့ e-mail တို့ကို ကြားခံသုံးကာ FTP ၀က်ဘ်ဆိုက်တွေဆီ သွားရောက်ချိတ်ဆက်နိုင်အောင် လုပ်ဆောင် ပေးနိုင်ခဲ့ပါသည်။
Network များချိတ်ဆက်ရာတွင်protocols ၊port ၊socket များအားသိရှိထားရမည်ဖြစ်သည်။ထို
(၁)Protocol
Protocol ဆိုသည်မှာ Language တစ်မျိုးဖြစ်သည်။အမျိုးမျိုးသော files system များ၊ Windows(OS) အမျိုးမျိုး အသုံးပြုထားသည့်ကွန်ပျုတာများ အချင်းချင်း ချိတ်ဆက်နားလည်နိုင်အောင်ရေးသား
အောက်ပါတို့သည် Computer Internet Communication Field တွင် အသုံးများသော Protocol များဖြစ်သည်။
(က)TCP/IP
Transport Control Protocol/Internet Protocol အင်တာနက်ကြီးတစ်ခုလုံးကို မောင်းနှင်ထိန်းချုပ်နေသော protocol ဖြစ်သည်။Network ချိတ်ဆက်ရာတွင်သုံးစွဲသော Protocol လည်းဖြစ်သည်။
(ခ)SMTP
Simple Mail Transport Protocol သည်မေးလ်များပို့လွတ်ရာတွင် အသုံးပြုသော Protocol ဖြစ်သည်။
(ဂ)POP
Post Office Protocol သည် မေးလ်များလက်ခံရာတွင် အသုံးပြုသည်။
(ဃ)HTTP
World Wide Web(www) အတွက် web browser များတွင်အသုံးပြုသော Hyper Text Transport Protocol ဖြစ်သည်။ HTTP မပေါ်ခင်က IPX (Internet Packet Protocol)များကို လည်းအသုံးပြုခဲ့ကြသည်။
(င)FTP
File Transfer Protocol သည် ဖိုင်များကို transfer ပြုလုပ်ရာတွင်အသုံးပြုသော Protocol ဖြစ်သည်။
(၂)Port
ကိုင်တွယ်လို့ မရသော Logical ကိန်းဂဏန်းများဖြစ်သည်။Port number သည် 16 bits ရှိသည့်အတွက် Port အရေအတွက် နှစ် တစ်ဆယ့်ခြောက်ထပ် (၀ မှ ၆၅၅၃၆)ရှိသည်။Port Number (0 to 1024) ကို အသုံးများသောport များအဖြစ် IANA(Internet Assigned Numbers Authority)မှသတ်မှတ်ပေးထားသည်။
Service Port
FTP 21
SMTP 23
DNS 53
WWW 80
POP3 110
Proxy 8080
IRC 6667
စံသတ်မှတ်ထားသော Port Number များကိုအသုံးမပြုပဲ မိမိနှစ်သက်ရာ
Port Number မှ Serviceပေးလိုလျှင်လည်းရသည်။
(၃)Socket
Communication Devices နှစ်ခု ချိတ်ဆက်မိတိုင်း socket ဖြစ်သည်။
၁၉၈၄ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အကြားမှာ CERN က ၎င်းရဲ့ အဓိက ကွန်ပျူတာစနစ်တွေ၊ workstation တွေ၊ ပီစီတွေနဲ့ accelerator control စနစ်တို့ကို TCP/IP အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒီအတောအတွင်း CERN အနေနဲ့ ၎င်းရဲ့ကိုယ်ပိုင် network protocol သုံးထားတဲ့ ကွန်ရက်တစ်ခုကို ဆက်လက် အသုံးပြုနေခဲ့ပါတယ်။ ဥရောပနိုင်ငံတွေအနေနဲ့ အဲဒီတုန်းက TCP/IP က စနစ်ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုဖို့ တွန့်ဆုတ်နေခဲ့ကြတာကြောင့် CERN TCP/IP intranet ဟာ ၁၉၈၉ ခုနှစ်အထိ အင်တာနက်ကွန်ရက်ကြီးနဲ့ ချိတ်ဆက်မမိနိုင်သေးဘဲ သီးခြားတည်ရှိနေခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စု ပြင်ပက ပထမဆုံး ARPANET ချိတ်ဆက်မှုကို ၁၉၇၃ ခုနှစ်မှာ နော်ဝေးနိုင်ငံ NORSAR ကွန်ရက်နဲ့ ပြုလုပ် ခဲ့တာဖြစ်ပြီး များမကြာမီမှာပဲ ဗြိတိန်နိုင်ငံနဲ့ ဆက်လက်ချိတ် ဆက်မှုပြုခဲ့ပါတယ်။ ၁၉၈၂ ခုနှစ် အရောက်မှာ တော့ ဒီကွန်ရက်ဆက်ကြောင်းတွေကို တခြား ARPANET ကွန်ရက်တွေ အားလုံးနဲ့အတူပဲ TCP/IP အဖြစ် ပြောင်းလဲခဲ့ကြပါသည်။
အာရှတိုက်အတွင်းကိုတော့ ၁၉၈၀ ပြည့်လွန်နှစ်နှောင်းပိုင်းမှာ
(၃)အင်တာနက်ကို စီးပွားရေးလုပ်ငန်းသုံးအဖြစ် ဖွင့်ပေးလိုက်ခြင်း
အစောပိုင်းကာလတွေမှာ အင်တာနက်ကို စီးပွားရေးလုပ်ငန်းအနေနဲ့ အသုံးမပြုဖို့ တားမြစ်ထားပေမယ့် အဓိပ္ပာယ်အတိအကျနဲ့ တားမြစ်ထားမှုမရှိတဲ့အပြင် အများအားဖြင့် ကိုယ်ပိုင်သဘောဆန္ဒနဲ့ပဲ အသုံးမပြုဘဲနေ ကြတာကိုတွေ့ရ ပါသည်။ ၁၉၈၀ ပြည့် နှောင်းပိုင်း ကာလတွေမှာတော့ ပထမဆုံးသော အင်တာနက် ၀န်ဆောင်မှုကုမ္ပဏီ (Internet Service Provider) တွေ ပေါ်ပေါက်လာပါတယ်။ ဒီအထဲက PSINet, UUNET, Netcom, Portal Software တွေဆိုရင် ဒေသတွင်း သုတေသန ကွန်ရက်တွေအတွက်သာမက UUCP အခြေပြု e-mail နဲ့ Usenet News စတဲ့ အများပြည်သူတွေအတွက် ၀န်ဆောင်မှုတွေကိုပါပေးလာတာကြပါ သည်။ အမေရိကန်အနောက်ဘက်ကမ်းခြေအတွက် အခုအခါ Verio လို့လူသိများနေတဲ့ Best Internet ကို ၁၉၈၆ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး အရှေ့ဘက်ကမ်းခြေဒေသအတွက် ပထမဆုံး dial-up ကုမ္ပဏီ world.std.com ကို ၁၉၈၉ ခုနှစ် မှာ ဖွင့်လှစ်ခဲ့ပါသည်။
(၄)စံချိန်၊စံညွှန်းများအတွက် စံညွှန်းသတ်မှတ်ချက်
အင်တာနက်ကွန်ရက်ကြီးဟာ ဘယ်သူတစ်ဦးတစ်ယောက်၊ ဘယ်ကုမ္ပဏီ၊ ဘယ်အဖွဲ့အစည်းကမှပိုင် ဆိုင်ထိန်းချုပ်ထားတာမျိုးမရှိ
(၅)NIC, InterNIC, IANA နဲ့ ICANN ဆိုတာ
အင်တာနက်ကွန်ရက်ကြီးတစ်ခုလုံးကိ
၁၉၉၁ ခုနှစ် အရောက်မှာ ကာကွယ်ရေး သတင်းအချက်အလက်စနစ် အေဂျင်စီ (DISA) ကနေ DDNNIC ကို Government Systems Inc ဆီ လွှဲပြောင်းပေးခဲ့ပါသည်။ ၁၉၉၃ ခုနှစ်မှာ အမေရိကန် အမျိုးသား သိပ္ပံဖောင် ဒေးရှင်းက InterNIC ကို တည်ထောင်ပြီး ကုမ္ပဏီ ၃ ခုကို လုပ်ငန်းတွေ ခွဲဝေပေးခဲ့ပါတယ်။ ဒီစနစ် အရ Network Solutions ဟာ ဒိုမိန်းမှတ်ပုံတင်ဝန်ဆောင်မှုကိ
(၆)မြန်မာနိုင်ငံနှင့်အင်တာနက်
ကျွန်တော်တို့မြန်မာနိုင်ငံတွင် ၁၉၉၆ ခုနှစ်မှာ Myanmar Computer Science Development Concil ကိုဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
၁။Dail up
၂။ADSL
၃။BWLL(Broadband wireless local)
၎။iPSTAR Satellite Broadband
၅။Fibre links
၆။Wi Max
(၁)ADSL & Dial-up
ရန်ကုန်မှာဆိုရင် အရင်တုန်းက ဒီ service က နေရာတိုင်း မရပါဘူး ဘာလိုလည်းဆိုရင် သက်ဆိုင်ရာ မြို့နယ်အိတ်ချိန်းရုံးတွေမှာ ADSL server စက်တွေမရှိသေးလို့ဖြစ်ပါသည်။ အခုနေရာတိုင်းရနေပြီဖြစ်ပါသည် ။ MPT ကနေပြီး သက်ဆိုင်ရာ အိတ်ချိန်းတွေကို Cable နဲ့သွားတာဖြစ်ပါသည် ။ ဒီနည်းပညာမှာတော ဖုန်းလိုင်းနဲ့ဆက်သွယ်တာ ဖြစ်ပါသည်။
(၂)iPstar
သူကတော သက်ဆိုင်ရာစက်ကနေပြီး ဂြိုလ်တုကိုသွားပြီး တိုးကြောင်လေး မြေပြင်ဝေဟင်ဆက်သွယ်ရေးစခန်းက တဆင့်သုံးရတာဖြစ်ပါသည်။
(၃)Broad Band
အရင်တုန်းကသုံးတဲ့ပုံစံကတော့ သူက wimax လိုပဖြစ်ပဲ ဖြစ်ပါသည်။ အရင်တုန်းကတော့ Bagan က ရန်ကုန်မြို့နဲ့ အချက်အချာကျတဲ့နေရာ ၂ ခုမှာ တပ်ဆင်ထားပါတယ်။ တစ်ခုကတော Trader Hotel အပေါ်မှာနဲ့ နောက်တစ်ခုက ရွေဂုံတိုင်မှာ ဖြစ်ပါသည်။ အဲဒီကနေမှတစ်ဆင့်ဆိုင်ရာ outdoor receiver တွေဆီကို လွင့်ပေးတာဖြစ်ပါသည်။
ပုံ(၆) မြန်မာနိုင်ငံ ဖျာပုံမြို့ နိုင်ငံတကာရေအောက်ကေဘလ်ဆက်ကြော
ယခုလက်ရှိတွင် ရန်ကုန်နှင့်မန္တလေး မြို့ကြီးနှစ်မြို့ကို Fiber Optic backbone ဖြင့်ချိတ်ဆက်ထားပြီဖြစ်ပါသည်။
ကိုးကားအရင်းအမြစ်များ
(၁) Internet Journal
(၂)အွန်လိုင်းစွယ်စုံကျမ်း
0 comments:
Post a Comment
thank you for your comment